Update News
recent

မင္းတုန္းမင္း


#Zawgyi
မင္းတုန္းမင္းတရားႀကီး(၁၈၅၃-၁၈၇၈)သည္ ျမန္မာႏိုင္ငံႏွင့္ ကုန္းေဘာင္မင္းဆက္၏ ဒုတိယ ေနာက္ဆံုး ဘုရင္ျဖစ္ၿပီး နန္းတက္ဘြဲ႔မွာ သိရီပ၀ရ ၀ိဇယာနႏၱ ယသပ႑ိတ ႀတိဘာ၀နာဓိတ်ာဓိပတိ မဟာဓမၼ ရာဇာဓိရာဇာျဖစ္သည္။ ၁၂၁၄-ခုႏွစ္ နန္းတက္ေတာ္မူ၍ နန္းစည္းစိမ္၂၆-ႏွစ္၊ အိမ္နိမ့္စံ ၃၈-ႏွစ္၊ သက္ေတာ္ ၆၄-ႏွစ္၌ နတ္ရြာစံသည္။
၁၈၀၈ ခုႏွစ္ ၊ ဇူလိုင္လ (၈) ရက္ေန႔တြင္ အမရပူရ၌ ေမြးဖြားခဲ့သည္။ နံေတာ္ အဂၤါသား၊ ငယ္မည္မွာ ေမာင္လြင္ျဖစ္သည္။
ေနာင္ေတာ္ပုဂံမင္းနန္းတက္လာၿပီးေနာက္တြင္ မင္းတုန္းႏွင့္ ကေနာင္မင္းသားႏွစ္ပါးကို လႊတ္တက္မင္းသားႀကီးမ်ားအျဖစ္ ထားခဲ့သည္။ သို႔ေသာ္ ပုဂံမင္း၏ ေယာက္ဖေတာ္ ဦးပြားႏွင့္ အေပါင္းအပါမ်ားက လုပ္ၾကံရန္ ၾကံစည္သည့္အတြက္ ညီေတာ္ ကေနာင္မင္းသားႏွင့္အတူ ေရႊဘိုသို႔သြားကာ ေနာင္ေတာ္ ပုဂံမင္းအား ပုန္ကန္ၾကသည္။
ပုန္ကန္သည့္အစီအစဥ္ ေအာင္ျမင္ကာ ကုန္းေဘာင္မင္းဆက္၏ ၁၀ ပါးေျမာက္ ဘုရင္ျဖစ္လာသည္။ ဘုရင္ ျဖစ္လာၿပီးေနာက္ ေနျပည္ေတာ္ကို မႏၲေလးသို႔ ၁၈၅၄ တြင္ ေျပာင္းေရႊ႔နန္းစိုက္ခဲ့ၿပီး ညီေတာ္ ကေနာင္မင္းသားႀကီး ကို အိမ္ေရွ့စံ အျဖစ္ အပ္ႏွင္းခဲ့သည္။
မင္းတုန္းမင္းတရားႀကီး လက္ထက္တြင္ ကေနာင္မင္းသားႀကီး၏ စီမံခန္႔ခြဲမႈျဖင့္ ၿဗိတိန္ ၊ ျပင္သစ္ ၊ အီတလီႏွင့္ အေမရိကန္ ႏိုင္ငံမ်ားသို႔ ပညာေတာ္သင္မ်ား ေစလႊတ္ခဲ့ၿပီး စက္မႈ လုပ္ငန္းမ်ား တည္ေထာင္ခဲ့သည္။ ၁၈၆၆တြင္ သားေတာ္ျပည္မင္းသား ပုန္ကန္သည္ကို ႏွိမ္ႏွင္းရသည္။
၁၈၆၈ တြင္ ကုသိုလ္ေတာ္ ဘုရားကို တည္ထားကိုးကြယ္ခဲ့ၿပီး ကမၻာ့အႀကီးဆံုး စာအုပ္ႀကီးဟု မွတ္တမ္း၀င္သည့္ ဗုဒၶ ျမတ္စြာ၏ ပိဋကတ္ သံုးပံုကို ေက်ာက္စာျဖင့္ ထြင္းထု ပူေဇာ္ခဲ့သည္။ ၁၈၇၁ တြင္ ေရႊတိဂံုေစတီေတာ္ ကို ထီးေတာ္အသစ္ တင္လွဴခဲ့သည္။ ၁၈၇၁ တြင္ပင္ ပဥၥမသဂၤါယနာ တင္ႏိုင္ခဲ့သည္။
၁၈၆၆ ဇြန္လ (၁၈) တြင္ ျမင္ကြန္း ျမင္းခုန္တိုင္ အေရးအခင္း ျဖစ္ပြားခဲ့ၿပီး ညီေတာ္ ကေနာင္မင္းသားႀကီး လုပ္ႀကံခံခဲ့ရသည္။ မင္းတုန္းမင္းႀကီးမွာမူ လက္မတင္ေလး လြတ္ေျမာက္သြားခဲ့သည္။
ကေနာင္မင္းသားႀကီး လုပ္ႀကံခံရၿပီးေနာက္ မင္းတုန္းမင္းႀကီးသည္ မကၡရာမင္းသား၊ ပင္လယ္မင္းသားႏွင့္ သံုးဆယ္မင္းသား စသည့္ အရည္အခ်င္းရွိ သားေတာ္မင္းသားမ်ားရွိေသာ္လည္း ထီးနန္းဆက္ခံရန္ အိမ္ေရွ႕စံ အပ္ႏွင္းျခင္း မရွိခဲ့ေပ။
မင္းတုန္းမင္းႀကီး မက်န္းမမာ ျဖစ္လာေသာအခါ မိဖုရားေခါင္ ျဖစ္ေသာ ဆင္ျဖဴမရွင္မိဖုရားႀကီး (နန္းမေတာ္မယ္ႏု၏ သမီး)က နန္းတြင္းေရးမ်ားကို ျခယ္လွယ္လာခဲ့သည္။ ထို႔ေနာက္ ဆင္ျဖဴမရွင္ မိဖုရားႀကီး၏ အႀကံျဖင့္ စြမ္းရည္ရွိေသာ မင္းသား(မင္းေသြး-၄၀)ကို ကြပ္မ်က္ သုတ္သင္ကာ မိမိတို႔ ႀကိဳးဆြဲရာ ကမည့္သီေပါမင္းကို နန္းတင္ခဲ့သည္။
မင္းတုန္းမင္းတရားႀကီး
မင္းတုန္းမင္းတရားႀကီး၌ မိဖုရားငါးက်ိပ္၊ သားေတာ္ ငါးက်ိပ္ႏွစ္ပါး၊ သမီးေတာ္ ငါးက်ိပ္ ေျခာက္ပါး၊ ေျမးေတာ္ ေယာက္်ား ေလးက်ိပ္တပါး၊ ေျမးေတာ္မိန္းမ ေလးက်ိပ္ႏွစ္ပါး၊ မင္းမိဖု၇ား၊ သားေတာ္၊ သမီးေတာ္၊ ေျမးေတာ္ေယာက္်ား၊ ေျမးေတာ္မိန္းမ စုစုေပါင္း ႏွစ္ဆယ့္ေလးက်ိပ္တပါး ရွိသည္ဟု သိရသည္။
_________________________________________________________________________
#Unicode
မင်းတုန်းမင်းတရားကြီး(၁၈၅၃-၁၈၇၈)သည် မြန်မာနိုင်ငံနှင့် ကုန်းဘောင်မင်းဆက်၏ ဒုတိယ နောက်ဆုံး ဘုရင်ဖြစ်ပြီး နန်းတက်ဘွဲ့မှာ သိရီပဝရ ၀ိဇယာနန္တ ယသပဏ္ဍိတ တြိဘာဝနာဓိတျာဓိပတိ မဟာဓမ္မ ရာဇာဓိရာဇာဖြစ်သည်။ ၁၂၁၄-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ်၂၆-နှစ်၊ အိမ်နိမ့်စံ ၃၈-နှစ်၊ သက်တော် ၆၄-နှစ်၌ နတ်ရွာစံသည်။
၁၈၀၈ ခုနှစ် ၊ ဇူလိုင်လ (၈) ရက်နေ့တွင် အမရပူရ၌ မွေးဖွားခဲ့သည်။ နံတော် အင်္ဂါသား၊ ငယ်မည်မှာ မောင်လွင်ဖြစ်သည်။
နောင်တော်ပုဂံမင်းနန်းတက်လာပြီးနောက်တွင် မင်းတုန်းနှင့် ကနောင်မင်းသားနှစ်ပါးကို လွှတ်တက်မင်းသားကြီးများအဖြစ် ထားခဲ့သည်။ သို့သော် ပုဂံမင်း၏ ယောက်ဖတော် ဦးပွားနှင့် အပေါင်းအပါများက လုပ်ကြံရန် ကြံစည်သည့်အတွက် ညီတော် ကနောင်မင်းသားနှင့်အတူ ရွှေဘိုသို့သွားကာ နောင်တော် ပုဂံမင်းအား ပုန်ကန်ကြသည်။
ပုန်ကန်သည့်အစီအစဉ် အောင်မြင်ကာ ကုန်းဘောင်မင်းဆက်၏ ၁၀ ပါးမြောက် ဘုရင်ဖြစ်လာသည်။ ဘုရင် ဖြစ်လာပြီးနောက် နေပြည်တော်ကို မန္တလေးသို့ ၁၈၅၄ တွင် ပြောင်းရွှေ့နန်းစိုက်ခဲ့ပြီး ညီတော် ကနောင်မင်းသားကြီး ကို အိမ်ရှေ့စံ အဖြစ် အပ်နှင်းခဲ့သည်။
မင်းတုန်းမင်းတရားကြီး လက်ထက်တွင် ကနောင်မင်းသားကြီး၏ စီမံခန့်ခွဲမှုဖြင့် ဗြိတိန် ၊ ပြင်သစ် ၊ အီတလီနှင့် အမေရိကန် နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်ခဲ့ပြီး စက်မှု လုပ်ငန်းများ တည်ထောင်ခဲ့သည်။ ၁၈၆၆တွင် သားတော်ပြည်မင်းသား ပုန်ကန်သည်ကို နှိမ်နှင်းရသည်။
၁၈၆၈ တွင် ကုသိုလ်တော် ဘုရားကို တည်ထားကိုးကွယ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးဟု မှတ်တမ်းဝင်သည့် ဗုဒ္ဓ မြတ်စွာ၏ ပိဋကတ် သုံးပုံကို ကျောက်စာဖြင့် ထွင်းထု ပူဇော်ခဲ့သည်။ ၁၈၇၁ တွင် ရွှေတိဂုံစေတီတော် ကို ထီးတော်အသစ် တင်လှူခဲ့သည်။ ၁၈၇၁ တွင်ပင် ပဥ္စမသင်္ဂါယနာ တင်နိုင်ခဲ့သည်။
၁၈၆၆ ဇွန်လ (၁၈) တွင် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း ဖြစ်ပွားခဲ့ပြီး ညီတော် ကနောင်မင်းသားကြီး လုပ်ကြံခံခဲ့ရသည်။ မင်းတုန်းမင်းကြီးမှာမူ လက်မတင်လေး လွတ်မြောက်သွားခဲ့သည်။
ကနောင်မင်းသားကြီး လုပ်ကြံခံရပြီးနောက် မင်းတုန်းမင်းကြီးသည် မက္ခရာမင်းသား၊ ပင်လယ်မင်းသားနှင့် သုံးဆယ်မင်းသား စသည့် အရည်အချင်းရှိ သားတော်မင်းသားများရှိသော်လည်း ထီးနန်းဆက်ခံရန် အိမ်ရှေ့စံ အပ်နှင်းခြင်း မရှိခဲ့ပေ။
မင်းတုန်းမင်းကြီး မကျန်းမမာ ဖြစ်လာသောအခါ မိဖုရားခေါင် ဖြစ်သော ဆင်ဖြူမရှင်မိဖုရားကြီး (နန်းမတော်မယ်နု၏ သမီး)က နန်းတွင်းရေးများကို ခြယ်လှယ်လာခဲ့သည်။ ထို့နောက် ဆင်ဖြူမရှင် မိဖုရားကြီး၏ အကြံဖြင့် စွမ်းရည်ရှိသော မင်းသား(မင်းသွေး-၄၀)ကို ကွပ်မျက် သုတ်သင်ကာ မိမိတို့ ကြိုးဆွဲရာ ကမည့်သီပေါမင်းကို နန်းတင်ခဲ့သည်။
မင်းတုန်းမင်းတရားကြီး
မင်းတုန်းမင်းတရားကြီး၌ မိဖုရားငါးကျိပ်၊ သားတော် ငါးကျိပ်နှစ်ပါး၊ သမီးတော် ငါးကျိပ် ခြောက်ပါး၊ မြေးတော် ယောက်ျား လေးကျိပ်တပါး၊ မြေးတော်မိန်းမ လေးကျိပ်နှစ်ပါး၊ မင်းမိဖုရား၊ သားတော်၊ သမီးတော်၊ မြေးတော်ယောက်ျား၊ မြေးတော်မိန်းမ စုစုပေါင်း နှစ်ဆယ့်လေးကျိပ်တပါး ရှိသည်ဟု သိရသည်။
#Credit ပန္းခ်ီတင္ေမာင္လိႈင္
aung  yein chan

aung yein chan

Powered by Blogger.