Update News
recent

၂၀၁၆ ခုႏွစ္အတြက္ လူသားခ်င္း စာနာေထာက္ထားမႈ သူရဲေကာင္းဆု ရရွိခဲ့တဲ့ ေဒါက္တာစင္သီယာေမာင္


#Zawgyi
AidEx ရဲ႕ Flagship Conference and Exhibition မွာ ခ်ီးျမႇင့္ခဲ့တာပါ။ႏုိင္ငံတကာအကူအညီေပးေရးအဖြဲ႕ႀကီးတစ္ခုျဖစ္တဲ့ AidEx အဖြဲ႕က ျမန္မာႏုိင္ငံမွ ေဒါက္တာစင္သီယာေမာင္ကို ၂၀၁၆ ခုႏွစ္အတြက္ လူသားခ်င္းစာနာ ေထာက္ထားမႈ သူရဲေကာင္းဆုကို ခ်ီးျမႇင့္ခဲ့တယ္လို႔ သိရပါတယ္။
ျမန္မာ - ထိုင္းနယ္စပ္ မဲေဆာက္ၿမိဳ႕မွာ ႏွစ္ေပါင္း ၂၀ ေက်ာ္ၾကာ ျမန္မာဒုကၡသည္ေတြကုိ က်န္းမာေရး ေစာင့္ေရွာက္မႈေပးေနတဲ့ မယ္ေတာ္ေဆးခန္း တည္ေထာင္သူ ေဒါက္တာစင္သီယာေမာင္က ဒီဆုမတုိင္ခင္ကလည္း ၿငိမ္းခ်မ္းေရးဆု၊ ဒီမိုကေရစီဆု၊ လူ႔အခြင့္အေရးဆု၊ လြတ္ေျမာက္ေရးဆု စတဲ့ ႏိုင္ငံတကာဆုေပါင္း ၂၄ ဆု ခ်ီးျမႇင့္ခံထားရတယ္လုိ႔ သိရပါတယ္။ဒီဆုကို လာမယ့္ ႏိုဝင္ဘာ ၁၆ ရက္နဲ႔ ၁၇ ရက္မွာ ဘယ္လ္ဂ်ီယံႏုိင္ငံ  ဘရပ္ဆဲလ္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ AidEx ရဲ႕ Flagship Conference and  Exhibition မွာ ခ်ီးျမႇင့္ခဲ့တယ္လုိ႔ သိရပါတယ္။
စာရင္းေတြအရ  မယ္ေတာ္ေဆးခန္းကို လာေရာက္ေဆးကုသမႈခံယူတဲ့ လူနာေတြရဲ႕ ၄၅ ရာခိုင္ႏႈန္းက ျမန္မာႏုိင္ငံကေန က်န္းမာေရးေစာင့္ေရွာက္မႈ လာယူၾကတာျဖစ္ၿပီး ၅၅ ရာခိုင္ႏႈန္းရဲ႕အမ်ားစုက ထုိင္းက်န္းမာေရးေစာင့္ေရွာက္မႈစနစ္ကို ရယူဖုိ႔အကန္႔သတ္ရွိေနတဲ့ ထုိင္းႏိုင္ငံေရာက္ လက္မွတ္မဲ့ေရႊ႕ေျပာင္း  အလုပ္သမားေတြ ျဖစ္တယ္လုိ႔ ဆိုပါတယ္။
__________________________________________________________________________
#Unicode
AidEx ရဲ့ Flagship Conference and Exhibition မှာ ချီးမြှင့်ခဲ့တာပါ။နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ကြီးတစ်ခုဖြစ်တဲ့ AidEx အဖွဲ့က မြန်မာနိုင်ငံမှ ဒေါက်တာစင်သီယာမောင်ကို ၂၀၁၆ ခုနှစ်အတွက် လူသားချင်းစာနာ ထောက်ထားမှု သူရဲကောင်းဆုကို ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာ - ထိုင်းနယ်စပ် မဲဆောက်မြို့မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ မြန်မာဒုက္ခသည်တွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်က ဒီဆုမတိုင်ခင်ကလည်း ငြိမ်းချမ်းရေးဆု၊ ဒီမိုကရေစီဆု၊ လူ့အခွင့်အရေးဆု၊ လွတ်မြောက်ရေးဆု စတဲ့ နိုင်ငံတကာဆုပေါင်း ၂၄ ဆု ချီးမြှင့်ခံထားရတယ်လို့ သိရပါတယ်။ဒီဆုကို လာမယ့် နိုဝင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်မှာ ဘယ်လ်ဂျီယံနိုင်ငံ  ဘရပ်ဆဲလ်မြို့မှာ ကျင်းပခဲ့တဲ့ AidEx ရဲ့ Flagship Conference and  Exhibition မှာ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
စာရင်းတွေအရ  မယ်တော်ဆေးခန်းကို လာရောက်ဆေးကုသမှုခံယူတဲ့ လူနာတွေရဲ့ ၄၅ ရာခိုင်နှုန်းက မြန်မာနိုင်ငံကနေ ကျန်းမာရေးစောင့်ရှောက်မှု လာယူကြတာဖြစ်ပြီး ၅၅ ရာခိုင်နှုန်းရဲ့အများစုက ထိုင်းကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ရယူဖို့အကန့်သတ်ရှိနေတဲ့ ထိုင်းနိုင်ငံရောက် လက်မှတ်မဲ့ရွှေ့ပြောင်း  အလုပ်သမားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
#Credit Duwun
aung  yein chan

aung yein chan

Powered by Blogger.