Update News
recent

႐ုရွားသမၼတေလယာဉ္ကို ဆြစ္ေလတပ္ အနီးကပ္ ေစာင့္ၾကည့္ပ်ံသန္း


#Zawgyi
႐ုရွားသမၼတ အသံုးျပဳသည့္ ေလယာဉ္တစ္စီးကို ဆြစ္ဇာလန္ တိုက္ေလယာဉ္မ်ားက ၿခံရံလိုက္ပါ ေစာင့္ၾကည့္ပ်ံသန္းခဲ့ေၾကာင္း သိရသည္။

႐ုရွားသမၼတ ဗလာဒီမာပူတင္ စီးနင္းအသံုးျပဳေလ့ရွိသည့္ ေလယာဉ္တစ္စီးသည္ ယခုသီတင္းပတ္အတြင္း ဆြစ္ဇာလန္ ေလပိုင္နက္ကို ျဖတ္ေက်ာ္ပ်ံသန္းေနခ်ိန္တြင္ ဆြစ္ေလတပ္က ယခုလို ေစာင့္ၾကည့္ ပ်ံသန္းခဲ့ျခင္း ျဖစ္သည္။ ပီ႐ူးသို႔ ဦးတည္သည့္ အဆိုပါ ခရီးစဉ္တြင္ ပူတင္ ပါဝင္ခဲ့ျခင္း မရွိေသာ္လည္း ႐ုရွားအစိုးရ အရာရွိမ်ားႏွင့္ ဂ်ာနယ္လစ္မ်ား လုိက္ပါလာၾကသည္။

႐ုရွားသမၼတ ေလယာဉ္ကို ဆြစ္တိုက္ေလယာဉ္မ်ားက လုိက္ပါေစာင့္ၾကည့္ျခင္းသည္ အေနာက္အုပ္စု ႏုိင္ငံမ်ားႏွင့္ ႐ုရွားတို႔ၾကား တင္းမာမႈမ်ား ရွိေနသည္ကို ပိုမို ေပၚလြင္ေစခဲ့သည္။ သမၼတ ေလယာဉ္ေပၚမွ တစ္ဦးက ေဘးဘက္ရွိ တိုက္ေလယာဉ္ကို ဗီဒီယို ႐ိုက္ယူထားရာ ဆြစ္ေလတပ္၏ အမွတ္အသားမ်ားကို ထင္ရွားစြာ ေတြ႕ျမင္ေနရသည္။

႐ုရွားမဂၢဇင္း တစ္ခုျဖစ္သည့္ Russian Pioneerမွ အယ္ဒီတာခ်ဳပ္ အန္ရီ ကိုလက္စ္နီေကာ့ဗ္က “ကၽြန္ေတာ္တို႔က ဆြစ္ဇာလန္ကို ျဖတ္ပ်ံေနတဲ့ အခ်ိန္ပါ။ ေလယာဉ္ေပၚမွာ အစိုးရ ကိုယ္စားလွယ္ေတြနဲ႔ ဂ်ာနယ္လစ္ေတြ ပါလာပါတယ္။ အဲဒီေနာက္မွာ တိုက္ေလယာဉ္ သံုးစီးက ဝိုင္းပတ္ၿခံရံၿပီး လုိက္ပ်ံခဲ့ၾကတာ ျဖစ္ပါတယ္”ဟု ေျပာၾကားခဲ့သည္။

၎က ဆြစ္တိုက္ေလယာဉ္မ်ားမွာ နီးကပ္လြန္းသျဖင့္ တိုက္ေလယာဉ္မွဴးမ်ား၏ မ်က္ႏွာကိုပင္ လွမ္းျမင္ေနရေၾကာင္း၊ ထိုထက္ပို၍ နီးကပ္ခဲ့ပါက ေလယာဉ္ခ်င္း တိုက္မိၿပီး ပ်က္က်သြားႏုိင္ေၾကာင္းလည္း ဆိုသည္။ ဆြစ္တိုက္ေလယာဉ္မ်ားသည္ ႏုိင္ငံနယ္နိမိတ္ အစြန္ထိသာ လုိက္ပါပ်ံသန္းၿပီးေနာက္ ျပန္လည္ ထြက္ခြာသြားေၾကာင္း သိရသည္။

႐ုရွားသည္ အေ႐ွ႕ဥေရာပတြင္ စစ္ေရးလႈပ္ရွားမႈမ်ား ျမႇင့္တင္လာျခင္း၊ ဆီးရီးယားအေရးတြင္ ေပၚေပၚထင္ထင္ စြက္ဖက္လာျခင္း၊ ႏ်ဴကလီးယား တိုက္ခုိက္ေရးစြမ္းရည္ကို မြမ္းမံအားျဖည့္လာျခင္းမ်ားေၾကာင့္ အေမရိကန္ႏွင့္ အေနာက္ဥေရာပ ႏုိင္ငံမ်ားအတြက္ စိုးရိမ္စရာ ျဖစ္လာသည္။

႐ုရွားသည္ ျမန္ႏႈန္းျမင့္ စူပါေဆာနစ္ ဒံုးက်ည္တစ္စီးကိုလည္း လတ္တေလာ စမ္းသပ္ပစ္လႊတ္ထားေသးသည္။ အဆိုပါ Object 4202 ဒံုးက်ည္သည္ ႐ုရွားရွိ ယက္စ္နီ ဒံုးက်ည္ပစ္စင္မွ လႊတ္တင္လုိက္ပါက မုိင္ေထာင္ေပါင္းမ်ားစြာ ေဝးလံသည့္ ၿဗိတိန္ႏုိင္ငံသို႔ ၁၃ မိနစ္အတြင္း ေရာက္ရွိႏုိင္စြမ္း ရွိေနသည္။ ကရင္မလင္ နန္းေတာ္က အဆိုပါ ဒံုးက်ည္စမ္းသပ္မႈမွာ ေမွ်ာ္မွန္းခ်က္မ်ားႏွင့္ ကိုက္ညီစြာ ေအာင္ျမင္မႈ ရရွိခဲ့ေၾကာင္းလည္း ေၾကညာထားသည္။
__________________________________________________________________________
#Unicode
ရုရှားသမ္မတ အသုံးပြုသည့် လေယာဉ်တစ်စီးကို ဆွစ်ဇာလန် တိုက်လေယာဉ်များက ခြံရံလိုက်ပါ စောင့်ကြည့်ပျံသန်းခဲ့ကြောင်း သိရသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင် စီးနင်းအသုံးပြုလေ့ရှိသည့် လေယာဉ်တစ်စီးသည် ယခုသီတင်းပတ်အတွင်း ဆွစ်ဇာလန် လေပိုင်နက်ကို ဖြတ်ကျော်ပျံသန်းနေချိန်တွင် ဆွစ်လေတပ်က ယခုလို စောင့်ကြည့် ပျံသန်းခဲ့ခြင်း ဖြစ်သည်။ ပီရူးသို့ ဦးတည်သည့် အဆိုပါ ခရီးစဉ်တွင် ပူတင် ပါဝင်ခဲ့ခြင်း မရှိသော်လည်း ရုရှားအစိုးရ အရာရှိများနှင့် ဂျာနယ်လစ်များ လိုက်ပါလာကြသည်။

ရုရှားသမ္မတ လေယာဉ်ကို ဆွစ်တိုက်လေယာဉ်များက လိုက်ပါစောင့်ကြည့်ခြင်းသည် အနောက်အုပ်စု နိုင်ငံများနှင့် ရုရှားတို့ကြား တင်းမာမှုများ ရှိနေသည်ကို ပိုမို ပေါ်လွင်စေခဲ့သည်။ သမ္မတ လေယာဉ်ပေါ်မှ တစ်ဦးက ဘေးဘက်ရှိ တိုက်လေယာဉ်ကို ဗီဒီယို ရိုက်ယူထားရာ ဆွစ်လေတပ်၏ အမှတ်အသားများကို ထင်ရှားစွာ တွေ့မြင်နေရသည်။

ရုရှားမဂ္ဂဇင်း တစ်ခုဖြစ်သည့် Russian Pioneerမှ အယ်ဒီတာချုပ် အန်ရီ ကိုလက်စ်နီကော့ဗ်က “ကျွန်တော်တို့က ဆွစ်ဇာလန်ကို ဖြတ်ပျံနေတဲ့ အချိန်ပါ။ လေယာဉ်ပေါ်မှာ အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဂျာနယ်လစ်တွေ ပါလာပါတယ်။ အဲဒီနောက်မှာ တိုက်လေယာဉ် သုံးစီးက ဝိုင်းပတ်ခြံရံပြီး လိုက်ပျံခဲ့ကြတာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

၎င်းက ဆွစ်တိုက်လေယာဉ်များမှာ နီးကပ်လွန်းသဖြင့် တိုက်လေယာဉ်မှူးများ၏ မျက်နှာကိုပင် လှမ်းမြင်နေရကြောင်း၊ ထိုထက်ပို၍ နီးကပ်ခဲ့ပါက လေယာဉ်ချင်း တိုက်မိပြီး ပျက်ကျသွားနိုင်ကြောင်းလည်း ဆိုသည်။ ဆွစ်တိုက်လေယာဉ်များသည် နိုင်ငံနယ်နိမိတ် အစွန်ထိသာ လိုက်ပါပျံသန်းပြီးနောက် ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

ရုရှားသည် အရှေ့ဥရောပတွင် စစ်ရေးလှုပ်ရှားမှုများ မြှင့်တင်လာခြင်း၊ ဆီးရီးယားအရေးတွင် ပေါ်ပေါ်ထင်ထင် စွက်ဖက်လာခြင်း၊ နျူကလီးယား တိုက်ခိုက်ရေးစွမ်းရည်ကို မွမ်းမံအားဖြည့်လာခြင်းများကြောင့် အမေရိကန်နှင့် အနောက်ဥရောပ နိုင်ငံများအတွက် စိုးရိမ်စရာ ဖြစ်လာသည်။

ရုရှားသည် မြန်နှုန်းမြင့် စူပါဆောနစ် ဒုံးကျည်တစ်စီးကိုလည်း လတ်တလော စမ်းသပ်ပစ်လွှတ်ထားသေးသည်။ အဆိုပါ Object 4202 ဒုံးကျည်သည် ရုရှားရှိ ယက်စ်နီ ဒုံးကျည်ပစ်စင်မှ လွှတ်တင်လိုက်ပါက မိုင်ထောင်ပေါင်းများစွာ ဝေးလံသည့် ဗြိတိန်နိုင်ငံသို့ ၁၃ မိနစ်အတွင်း ရောက်ရှိနိုင်စွမ်း ရှိနေသည်။ ကရင်မလင် နန်းတော်က အဆိုပါ ဒုံးကျည်စမ်းသပ်မှုမှာ မျှော်မှန်းချက်များနှင့် ကိုက်ညီစွာ အောင်မြင်မှု ရရှိခဲ့ကြောင်းလည်း ကြေညာထားသည်။
#Credit 7days
aung  yein chan

aung yein chan

Powered by Blogger.