သူ မမိုက္ေတာ့ပါ
#Zawgyi
ေျမာက္ဥကၠလာ ေဝဘာဂီရွိ ကူးစက္ေရာဂါအထူးကုေဆး႐ုံႀကီးမွ သံခုတင္ေလး တစ္ခုေပၚတြင္ ထိုင္ရင္း ေသရမည့္ေန႔ကို သူ ေစာင့္ေနသည္။
ေဆး႐ုံရွိ ဝန္ထမ္းမ်ားႏွင့္ အျခား လူနာမ်ားကလည္း သူ႔ကို ေသလူအျဖစ္ သတ္မွတ္ ထားလိုက္ၾကၿပီ။
ေဆြမ်ဳိးသားခ်င္း မရွိ၊ လာေရာက္ ေတြ႔ဆုံအားေပးမည့္ မိတ္ေဆြရင္းခ်ာ မရွိ၊ ယုယေထြးေပြ႔ ေပးမည့္ ခ်စ္သူ မရွိ။ သူ႔ အတြက္ အသက္ရွင္ေန၍ ဘာမွ် မထူးေတာ့။
“အဲဒီအခ်ိန္တုန္းက ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ ေသလူလို႔ပဲ သတ္မွတ္ထားလိုက္တာ။ ရွင္ေနလည္း ဘဝက ဘာမွ မထူးဘူး မဟုတ္လား”ဟု တစ္ခ်ိန္က ဘဝကို အ႐ႈံးေပး လက္နက္ခ်ခဲ့ဖူးသည့္ ဝိုင္းစုဟု အမည္တြင္သူက ဆိုသည္။
အသားအေရက မြဲေျခာက္ေျခာက္၊ ခႏၶာကိုယ္က အ႐ိုးေပၚ အေရတင္၊ တစ္ကိုယ္လုံးမွာ အနာမ်ားႏွင့္ HIV ေဝဒနာရွင္ ဝိုင္းစု။
ဝိုင္းစုသည္ တစ္ခ်ိန္က ရွည္လ်ားလွေသာ ဆံပင္၊ ညိဳစိုတင္းရင္းေသာ အသားအေရတို႔ကို ပိုင္ဆိုင္ခဲ့ဖူးၿပီး ဇာတ္သဘင္ စင္ျမင့္ထက္ မီးေရာင္စုံေတြ ေရွ႕တြင္ အလွဘုရင္မ တစ္ပါးအျဖစ္လည္းေကာင္း၊ ရန္ကုန္ၿမဳိ႕၏ ပလက္ေဖာင္း ေမွာင္ရိပ္မ်ားတြင္ Offer ေခၚ ေယာက်္ား ျပည့္တန္ဆာတစ္ဦး အျဖစ္လည္းေကာင္း ရပ္တည္ခဲ့သည္ဟု ဆိုပါလွ်င္ ယုံႏိုင္ဖြယ္ မရွိ။
“ကြၽန္ေတာ္က မိုးႀကိဳးငွက္ငယ္ ဇာတ္အဖြဲ႔မွာ ကခဲ့ဖူးတယ္။ အဲဒီတုန္းက ကြၽန္ေတာ္က ဒီလိုပုံ ဘယ္ဟုတ္မလဲ။ မိန္းမအစစ္လိုမ်ဳိးပဲ ... လွတာ”
မွန္ပါသည္။
ဝိုင္းစုဆိုေသာ သူသည္ အမ်ဳိးသမီး တစ္ေယာက္ မဟုတ္ဘဲ အသက္ ၂၄ ႏွစ္ အရြယ္ မိန္းမစိတ္ ေပါက္ေနေသာ မိန္းမလ်ာ တစ္ေယာက္ပင္။
ဝိုင္းစုက မႏၲေလးသား စစ္စစ္။ ဝိုင္းစု တစ္ႏွစ္ခြဲ အရြယ္တြင္ ဖခင္ ဆုံးပါးသြားခဲ့သည္။
သား သုံးေယာက္ႏွင့္ က်န္ရစ္ေသာ ဝိုင္းစု၏ အေမသည္ မိသားစု စားဝတ္ေနေရးအတြက္ ေငြတိုး ေပးစားျခင္းျဖင့္ ႐ုန္းကန္ခဲ့ရသည္။
“ညီအစ္ကို သုံးေယာက္ထဲမွာ ကြၽန္ေတာ္က အငယ္ဆုံး။ ကြၽန္ေတာ္တစ္ေယာက္ပဲ ေမြးကတည္းက မိန္းမစိတ္ ေပါက္ေနတာ”ဟု သူက ရယ္သြမ္းေသြးရင္း ေျပာျပသည္။
အသက္ေလးငါးႏွစ္အရြယ္မွ စတင္ကာ သူသည္ အမ်ဳိးသမီး တစ္ေယာက္အျဖစ္ ေနထိုင္ရသည္ကိုသာ ႏွစ္သက္ခဲ့သည္။
ထို႔ေၾကာင့္ သနပ္ခါး ပါးကြက္ၾကားႏွင့္ ပုဆိုးကို ထဘီလို ဝတ္ဆင္ခဲ့သည္။ ေက်ာင္းေနအရြယ္ ေရာက္သည့္ အခါတြင္လည္း ေယာက်္ားေလးမ်ားႏွင့္ အေပါင္းအသင္း မလုပ္၊ မိန္းကေလး သူငယ္ခ်င္းမ်ားႏွင့္သာ ကစားခဲ့သည္။
တျဖည္းျဖည္းႏွင့္ မိန္းမဆန္ဆန္ ျဖစ္လာေသာ သူ႔ကို ေျခာက္တန္း ေက်ာင္းသားဘဝတြင္ အေမက ေက်ာင္းမွထုတ္ကာ ကိုရင္ ဝတ္ေပးခဲ့သည္။
“ကြၽန္ေတာ္ တကယ္ ေျခာက္ေနတယ္ဆိုတာ အေမက ရိပ္မိသြားတယ္ ထင္တယ္။ ေက်ာင္းဆက္မထားဘဲ သကၤန္း ဆည္းေပးလိုက္တယ္။ ကြၽန္ေတာ္က ရဟန္း ေဘာင္မွာ မေပ်ာ္ပါဘူး။ သုံးဝါေလာက္ ကိုရင္ ဝတ္ၿပီးေတာ့ ေနာက္ဆုံး လူထြက္ လိုက္တယ္”ဟု သူကဆိုသည္။
လူထြက္ၿပီးခ်ိန္တြင္ အသက္ ၁၅ ႏွစ္ အရြယ္ပင္ ရွိေနၿပီျဖစ္သည္။ အစ္ကိုျဖစ္သူမ်ားကလည္း အလုပ္အကိုင္မ်ား ကိုယ္စီ ျဖစ္ေနၾကၿပီ။
အရြယ္ ေရာက္လာၿပီျဖစ္ေသာ သူက ရပ္ကြက္ အနီးအနားရွိ ဘဝတူ သူငယ္ခ်င္း မိန္းမလ်ာမ်ားႏွင့္ အေပါင္းအသင္း ျဖစ္လာသည္။
ထိုသူငယ္ခ်င္းမ်ားက ငါးေျခာက္ ပြဲ႐ုံမ်ားတြင္ အလုပ္ လုပ္ကာ အေဆာင္တြင္ စုေနၾကသည္။
သူတို႔ႏွင့္ ေပါင္းသင္းမိေသာအခါ သူသည္ မိန္းမ တစ္ဦးကဲ့သို႔ ေနထိုင္ ျပင္ဆင္သြားလာ ျဖစ္ခဲ့ေတာ့သည္။
တစ္ခါတစ္ရံ သူငယ္ဟုေခၚေသာ ေယာက်္ားပ်ဳိမ်ားႏွင့္ ေနထိုင္ ဆက္ဆံသည္အထိ ျဖစ္လာသည္။
“အဲဒီလို အပြင့္ပုံစံ၊ မိန္းမ ပုံစံနဲ႔ သြားလာေနတာကို အစ္ကိုေတြက မႀကဳိက္ဘူး။ ေတြ႔ရင္ ႐ိုက္တယ္၊ ခဲနဲ႔ထုတယ္၊ ၾကာလာေတာ့ ကြၽန္ေတာ္လည္း လူၾကားထဲ သူတို႔ အဲဒီလို လုပ္တာကို ရွက္လာတယ္”ဟု ဝိုင္းစုက ဆိုသည္။
သူက အိမ္မွ မသိေအာင္ ထြက္ေျပးၿပီး သူငယ္ခ်င္း မိန္းမလ်ာမ်ား၏ အေဆာင္တြင္ သြားေနသည္။
သူ၏ သူငယ္ခ်င္းမ်ားက ပြင့္လင္း ရာသီမ်ားတြင္ အထက္ျမန္မာျပည္မွ မိန္းမလ်ာ ဇာတ္အဖြဲ႔မ်ားႏွင့္အတူ ပြဲလိုက္ ကသည္။
ဒီေတာ့ သူလည္း ဝင္ေငြရွာသည့္ သေဘာျဖင့္ ပြဲလိုက္ကသည္။
ထိုသို႔ ဇာတ္ကသည့္အခါတြင္မွ နာမည္ႀကီး အဆိုေတာ္ မင္းသမီး ဝိုင္းစုခိုင္သိန္းႏွင့္ တူသည္ဟုဆိုကာ ဝိုင္းစု ဟူေသာ အမည္တြင္ခဲ့ျခင္းပင္။
ဇာတ္ပြဲဆိုသည္က ဆယ့္ႏွစ္ရာသီ ပတ္လုံး ရွိေနသည္ မဟုတ္။
ထို႔ေၾကာင့္ ညေၾကး သုံးေထာင္သာ ရေသာ ဝိုင္းစုအဖို႔ ပြဲမရွိသည့္ အခ်ိန္မ်ားတြင္ ဝင္ေငြမရွိ ျဖစ္လာသည္။
“ေနာက္ပိုင္း သူငယ္ခ်င္းေတြက မႏၲေလး က်ဳံးေဘးမွာ Offer သြားလုပ္ရင္း ဝင္ေငြ ရွာၾကတယ္ဆိုတာ သိလာတယ္။ အဲဒါနဲ႔ကိုယ္လည္း သူတို႔နဲ႔ ခ်ိတ္ဆက္ၿပီး Offer ဘဝကို ေရာက္ေတာ့တာပဲ”ဟု သူက ဆိုသည္။
Offer ဆိုသည္မွာ အမ်ဳိးသား ျပည့္တန္ဆာမ်ားကို ရည္ညႊန္းေသာ စကားလုံး ျဖစ္သည္။
မိန္းမလ်ာ လူတန္းစားမ်ားထဲတြင္ မိတ္ကပ္ ပညာရွင္မ်ား၊ ဒီဇိုင္နာမ်ားႏွင့္ အျခား အသက္ေမြးဝမ္းေက်ာင္း မ်ားစြာတြင္ ေအာင္ျမင္သူ ပညာတတ္ မ်ားစြာ ရွိသည္။
သို႔ေသာ္ သူကဲ့သို႔ ပညာ တစ္ပိုင္း တစ္စႏွင့္ အသိပညာ နည္းေသာ မိန္းမလ်ာမ်ားအတြက္မူ မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ ျဖစ္ခဲ့ရသည္။
“Offer မွာ တီ၊ ဘီ၊ ဗီ ဆိုၿပီး သုံးမ်ဳိး ရွိတယ္။ တီဆိုတာကေတာ့ ေယာက်္ား ေနရာကေန ေပးတဲ့သူ၊ ဘီ ဆိုတာက မိန္းမ ေနရာကပဲေနေပးတဲ့သူ၊ ဗီကေတာ့ ႏွစ္မ်ဳိး လုံးေနေပးရတာ၊ ကြၽန္ေတာ္က ဘီသက္သက္ပဲ လုပ္ပါတယ္”ဟု သူက ရွင္းျပသည္။
မႏၲေလးတြင္ အေန ၾကာလာသည့္အခါ ပိုမို ေစ်းရသည္ဆိုသည့္ ရန္ကုန္သို႔ နယ္ေျမခ်ဲ႕ရန္ ဝိုင္းစုတို႔ သူငယ္ခ်င္း တစ္သိုက္ စဥ္းစားလာၾကသည္။
ေနာက္ဆုံး သူငယ္ခ်င္းမ်ား စုၿပီး ရန္ကုန္သို႔ ဆင္းလာကာ ရန္ကုန္ေစ်းကြက္ထဲ ဝင္တိုးေတာ့သည္။
“ရန္ကုန္ေရာက္ေတာ့ ပထမ မိုးႀကဳိး ငွက္ငယ္ထဲမွာ လိုက္ကေသးတယ္။ ေနာက္ပိုင္းပြဲကတာ သိပ္မကိုက္ေတာ့ဘူး။ အဲဒါနဲ႔ ဆီဒိုးနား ဟိုတယ္ေရွ႕၊ ျမကြၽန္းသာနားက ေမွာင္ရိပ္ေတြ၊ ကန္ေတာ္ႀကီး ပတ္လမ္းေတြမွာ အေျခခ်ၿပီး Offer ပဲ ျပန္လုပ္ၾကတယ္။ ေစ်းကေတာ့ မႏၲေလးထက္ ႏွစ္ဆေလာက္ ပိုရတယ္။ တစ္ Section ကို ခုနစ္ေထာင္ရတယ္။ တစ္ညလုံးဆို ႏွစ္ေသာင္း ရတယ္။ တခ်ဳိ႕ မ႐ိုးမသား လုပ္စားတဲ့ အေျခာက္မေတြကေတာ့ အခ်ီႀကီး ရတာ ရွိတာေပါ့”ဟု ဝိုင္းစုက ဆိုသည္။
မ႐ိုးမသား လုပ္စားသည္ ဆိုသည္မွာ မိမိကိုေခၚယူသူ ေဖာက္သည္ထံမွ ပစၥည္းမ်ား ခိုးျခင္း၊ ဓားေထာက္ လုျခင္း စသည္တို႔ကို လုပ္သည့္ မိန္းမလ်ာအခ်ဳိ႕ကို ဆိုလိုေၾကာင္း ဝိုင္းစုထံမွ သိရသည္။
သူသည္ Offer ဘဝအျဖစ္ ရပ္တည္ေနသည့္ ကာလတစ္ေလွ်ာက္ ေယာက်္ားေပါင္း မ်ားစြာႏွင့္ ေနထိုင္ခဲ့ရာ တြင္ အကာအကြယ္ ပစၥည္းကို လုံးဝ အသုံး မျပဳခဲ့။
“သူတို႔က မူးမူး႐ူး႐ူးနဲ႔ ကြၽန္ေတာ္တို႔ကို လာေခၚၾကတာဆိုေတာ့ အဲဒါသုံးဖို႔ တစ္ခါမွ သတိ မေပးခဲ့ၾကဘူး။ ကြၽန္ေတာ္ကလည္း ကြန္ဒုံးဆိုတာ ရွိတာသိတယ္။ ဒါေပမဲ့ မသုံးရင္ ဘယ္လို ဆိုးက်ဳိးရွိလဲဆိုတာ တကယ္ မသိခဲ့ဘူး။ ေဂးေတြစုေနတတ္တဲ့ Top စင္တာေတြကို သြားခဲ့ေပမယ့္ အဲဒီမွာ သူငယ္ခ်င္းေတြနဲ႔ ေဟးလား ဝါးလားပဲေနၿပီး သူတို႔ ပညာေပး စာေစာင္ေတြကိုလည္း ဂ႐ုတစိုက္ မဖတ္ျဖစ္ခဲ့ပါဘူး”ဟု ဝိုင္းစုကဆိုသည္။
ထိုအေျခအေနမ်ားသည္ မၾကာေသးမီကာလ ၂ဝ၁၂ ခုႏွစ္ခန္႔က အေျခအေန ျဖစ္သျဖင့္ ျမန္မာျပည္တြင္း HIV ပညာေပးလုပ္ငန္း ေဆာင္ရြက္ေနသူ NGO မ်ားအတြက္ သတိခ်ပ္ဖြယ္ အေနအထား ျဖစ္သည္။
Offer ဘဝႏွင့္ ေပ်ာ္ေမြ႔ေနေသာ သူသည္ ဘုရားပြဲေစ်းတြင္ ခင္မင္မိေသာ ဆယ္ေက်ာ္သက္အရြယ္ လူငယ္ တစ္ဦးႏွင့္ အိမ္ေထာင္ျပဳကာ တစ္ႏွစ္နီးပါး ေပါင္းသင္းခဲ့ေသးသည္။
ထိုသို႔ ေပါင္းသင္းစဥ္အတြင္း Offer အလုပ္ျဖင့္ပင္ ထိုလူငယ္၏ မိသားစုကို ရွာေဖြေကြၽးေမြး ခဲ့ရသည္။
“ေနာက္ေတာ့ သူက မိန္းမ ခိုးလာတယ္ေလ။ ကြၽန္ေတာ့္မွာ ငိုလိုက္ရတာ။ သူ႔အိမ္က ဆင္းၿပီး ကြၽန္ေတာ္ ေနခဲ့တဲ့ အေဆာင္မွာပဲ ျပန္ေနတယ္။ Offer ဘဝနဲ႔ ဆက္ေနရင္း ေနာက္ထပ္ အိမ္ေထာင္ ထပ္က်တယ္”ဟု သူက ေျပာျပသည္။
ဝိုင္းစု ဒုတိယအႀကိမ္ ယူလိုက္သည့္ အမ်ဳိးသားမွာ ဝိုင္းစုထက္ ၂ ႏွစ္ႀကီးၿပီး ပန္းရံလုပ္ကိုင္သူ တစ္ဦး ျဖစ္သည္။
ထိုအမ်ဳိးသားႏွင့္အတူ လိုက္ေနခ်ိန္တြင္ သူက ဝိုင္းစုကို Offer အလုပ္ကို စြန္႔လႊတ္ေစၿပီး ေျမာက္ဒဂုံရွိ သူငွားထားေသာ ေနအိမ္ေအာက္ထပ္ေလးတြင္သာ အိမ္ရွင္ထီးအျဖစ္ ေနခိုင္းေတာ့သည္။
“သူက ကြၽန္ေတာ့္ကို ဟိုအလုပ္ မလုပ္ခိုင္းဘူး။ သူပဲ လုပ္ေကြၽးပါတယ္။ ဖုန္းေလးေတြ ဆင္တူ ဝယ္ကိုင္ၾကတယ္။ အက်ႌေလးေတြ ဆင္တူ ဝယ္ဝတ္ၾကတယ္။ ကြၽန္ေတာ္ အရမ္း ေပ်ာ္ခဲ့ရတဲ့ အခ်ိန္ေတြေပါ့”ဟု ဝိုင္းစုက ျပန္ေျပာင္း ေျပာျပသည္။
သူ႔အတြက္ ေပ်ာ္ရႊင္ဖြယ္အခ်ိန္ ကာလမ်ားက တစ္ႏွစ္ေက်ာ္သာ။
ဝမ္းမ်ား မၾကာခဏ ေလွ်ာလာသည္။ ေခ်ာင္းေတြဆိုးကာ လူက ပိန္က်လာသည္။ ပါးစပ္တြင္လည္း မိႈမ်ား စြဲလာသည္။
ေတာင္ဒဂုံရွိ မဂၤလာေတာင္ညႊန္႔ၿမဳိ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚျဖဴျဖဴသင္းတို႔၏ ပရဟိတ ေဆးခန္းတြင္ ဝိုင္းစု ေသြးသြားစစ္ၾကည့္သည္။
ေသြးအေျဖရလဒ္အရ ဝိုင္းစု၏ အေျခအေန မေကာင္း။
HIV ေရာဂါပိုးက ပ်ံ႕ႏွံ႔ေနၿပီ။ ဆရာဝန္က ခ်က္ခ်င္း ေဆး႐ုံတက္ရမည္ဟု ဆိုသည္။
ေဒၚျဖဴျဖဴသင္းတို႔၏ အကူအညီျဖင့္ ဝိုင္းစုကို ေျမာက္ဥကၠလာရွိ ေဝဘာဂီ အထူးကု ေဆး႐ုံသို႔ ခ်က္ခ်င္း တင္လိုက္သည္။
ဝိုင္းစု၏ ခင္ပြန္းက ဝိုင္းစုထံ တစ္ပတ္တစ္ခါ လာၾကည့္သည္။
ေရာဂါ အေျခအေနက တျဖည္းျဖည္း ဆိုးလာသည္။ တီဘီေရာဂါပါ ဝင္လာသျဖင့္ လူက ပိန္လွီလာသည္။ ေက်ာက္ကပ္ကလည္း မေကာင္း။
သူခ်စ္ေသာ ခင္ပြန္းကလည္း တျဖည္းျဖည္း အလာက်ဲရာမွ ေနာက္ဆုံး လုံးဝ လာမေတြ႔ေတာ့။
ေနာက္ပိုင္းတြင္ သူ၏ အမ်ဳိးသားသည္ အျခား အမ်ဳိးသမီး တစ္ေယာက္ႏွင့္ အိမ္ေထာင္ျပဳသြားၿပီ ျဖစ္သည္ဟု ဝိုင္းစု သိခဲ့ရသည္။
HIV ေရာဂါပိုး ကူးစက္ခံထားရေသာ မိန္းမလ်ာ တစ္ဦးႏွင့္ ေပါင္းသင္း ေနထိုင္ခဲ့သူ တစ္ဦးသည္ ေသြးစစ္ျခင္းပင္ မျပဳလုပ္ဘဲ အျခား မိန္းမ တစ္ေယာက္ ထပ္မံ ေပါင္းသင္းသည္ ဆိုသည္ကို ၾကားရသည့္အတြက္ စိတ္မေကာင္း ျဖစ္ရသည္ဟုလည္း ဝိုင္းစုက ဆိုပါသည္။
“ကြၽန္ေတာ့္ ေနာက္ဆုံးအခ်ိန္ ေရာက္ေနၿပီ။ ထိုင္ေတာင္ မထိုင္ႏိုင္ေတာ့တဲ့ အေျခအေန။ ကြၽန္ေတာ္ အရမ္း အားငယ္တာပဲ။ ကြၽန္ေတာ့္မွာ ေမြးခ်င္းလည္း မရွိဘူး။ မိဘလည္း ေဘးနား မရွိဘူး။ ကြၽန္ေတာ့္ ေယာက်္ားကလည္း ပစ္သြားၿပီ။ ပရဟိတအဖြဲ႔က ငွားေပးထားတဲ့ လူနာေစာင့္ေတြ ဆိုတာလည္း ကြၽန္ေတာ့္လို မထႏိုင္ မသြားႏိုင္ အညစ္အေၾကးေတြနဲ႔ ဒီေရာဂါႀကီးနဲ႔ လူကို ဘယ္ေသခ်ာ ကူလုပ္ေပးခ်င္ပါ့မလဲ။ ကြၽန္ေတာ္က ေသဖို႔ပဲ ေစာင့္ေနမိခဲ့တာ”ဟု ဝိုင္းစုက ဆိုသည္။
ဝိုင္းစုသည္ ကိုယ့္ကိုယ္ကိုယ္ လက္ေလွ်ာ့ခဲ့ေသာ္လည္း ေဆး႐ုံရွိ ဆရာဝန္မ်ားက လုံးဝ လက္မေလွ်ာ့ခဲ့ၾက။
HIV စီဒီအဆင့္ ျပန္တက္လာေအာင္ ႀကဳိးစား ကုသကာ ဝိုင္းစု အသက္ကို ကယ္တင္ခဲ့ၾကသည္။
“ကြၽန္ေတာ္ကသာ ေသခ်င္ေနတာ။ ဆရာဝန္ႀကီးေတြ၊ ဆရာမေတြက ကြၽန္ေတာ့္ကို မေသဖို႔ ကုေနၾကတယ္၊ ဒါနဲ႔ ကြၽန္ေတာ္လည္း အားတင္းတယ္။ ငါက ဘာလို႔ ေသရမွာလဲ ဆိုၿပီး။ အဲဒီလိုနဲ႔ စိတ္ကို မာေအာင္ ထားတယ္။ တီဘီေဆးကို မွန္မွန္ေသာက္တယ္။ တီဘီေဆး ေသာက္ၿပီး ေအအာတီ ေဆးဆက္ ေသာက္ရတယ္။ အေျခအေနက သိသိသာသာ ျပန္ေကာင္းလာတယ္”ဟု ဝိုင္းစုက ဆိုသည္။
မၾကာမီ ကာလတြင္ပင္ ဝိုင္းစုသည္ ေဆး႐ုံမွ ဆင္းႏိုင္ခဲ့သည္။
ေဆး႐ုံမွ ဆင္းၿပီးေနာက္ ေဒၚျဖဴျဖဴသင္း ဖြင့္လွစ္ထားေသာ ေျမာက္ဒဂုံရွိ ပရဟိတ ေဂဟာတြင္ ေနထိုင္သည္။
ေဂဟာ၏ အစီအစဥ္ျဖင့္ပင္ ဝိုင္းစုသည္ ပင္နီ တိုက္ပုံမ်ား ခ်ဳပ္ရာတြင္ ဝင္ေရာက္ လုပ္ကိုင္သည္။
“ပင္နီခ်ဳပ္တာ လစာလည္း ရတယ္။ စိတ္ဓာတ္လည္း မက်ေတာ့ဘူး။ အခု စက္ခ်ဳပ္ သင္ေနတယ္။ ဘဝကို ေကာင္းေကာင္းမြန္မြန္နဲ႔ပဲ လုပ္ကိုင္ စားသြားေတာ့မယ္”ဟု ဝိုင္းစုက ဆိုသည္။
ဟိုမုန္း မညီမွ်မႈမ်ားမွ ျဖစ္ေပၚလာသည့္ သဘာဝ စံလြဲမႈတြင္ ဝိုင္းစုသည္ မိဘ၊ ေမာင္ႏွမမ်ား၏ က႐ုဏာ စိတ္ျဖင့္ ဖိႏွိပ္ခဲ့မႈေၾကာင့္ ဆယ္ေက်ာ္သက္ အရြယ္တြင္ အိမ္ေျပး ျဖစ္ခဲ့ရသည္။
ကိုယ့္ဝမ္း ကိုယ္ေက်ာင္းရာမွ မိန္းမလ်ာ ျပည့္တန္ဆာ ဘဝ ေရာက္သြားခဲ့သည္။
ပညာေရး စနစ္၏ လိင္ပိုင္းဆိုင္ရာ ပညာေပးမႈ အားနည္းျခင္း၊ ကိုယ္တိုင္ အသိပညာ ဗဟုသုတ မရွိခဲ့ျခင္းတို႔ေၾကာင့္ ကူးစက္ေရာဂါဆိုးႀကီး၏ အႏၲရာယ္မ်ားကို သူ မေရွာင္ႏိုင္ခဲ့။
သူတင္မဟုတ္။ သူႏွင့္ ပတ္သက္ခဲ့သူ ေယာက္်ားသားမ်ား၊ ထိုေယာက္်ားသားမ်ားမွ ထပ္မံ ပတ္သက္ဦးမည့္ မိန္းမသားမ်ား။
အားလုံးသည္ HIV ဗိုင္းရပ္စ္ သားေကာင္မ်ား ျဖစ္ၾကရဦးမည္။
ဆံပင္တိုတို၊ စြပ္က်ယ္လက္ျပတ္ျဖင့္ ေယာက္်ား တစ္ေယာက္ ပုံစံျဖင့္ ေနထိုင္ေနၿပီျဖစ္သည့္ ဝိုင္းစုကေတာ့ မမိုက္ေတာ့ပါ။ ယခု အေျခအေနကိုမူ စိတ္မေလွ်ာ့။
“ကြၽန္ေတာ္ အခု ေဖ့စ္ဘြတ္ သုံးေနတယ္။ ရည္းစားလည္း ထားတယ္။ ဒါေပမဲ့ အရင္လို မမိုက္ေတာ့ဘူး။ အေဖာ္ ေဆာင္ထားတယ္”ဟု တိုက္ပုံ အက်ႌခ်ဳပ္ေနရင္းကပင္ ရယ္ရယ္ေမာေမာ ေျပာႏိုင္ပါေသးသည္။
_________________________________________________________________________
#Unicode
မြောက်ဥက္ကလာ ဝေဘာဂီရှိ ကူးစက်ရောဂါအထူးကုဆေးရုံကြီးမှ သံခုတင်လေး တစ်ခုပေါ်တွင် ထိုင်ရင်း သေရမည့်နေ့ကို သူ စောင့်နေသည်။
ဆေးရုံရှိ ဝန်ထမ်းများနှင့် အခြား လူနာများကလည်း သူ့ကို သေလူအဖြစ် သတ်မှတ် ထားလိုက်ကြပြီ။
ဆွေမျိုးသားချင်း မရှိ၊ လာရောက် တွေ့ဆုံအားပေးမည့် မိတ်ဆွေရင်းချာ မရှိ၊ ယုယထွေးပွေ့ ပေးမည့် ချစ်သူ မရှိ။ သူ့ အတွက် အသက်ရှင်နေ၍ ဘာမျှ မထူးတော့။
“အဲဒီအချိန်တုန်းက ကျွန်တော့်ကိုယ် ကျွန်တော် သေလူလို့ပဲ သတ်မှတ်ထားလိုက်တာ။ ရှင်နေလည်း ဘဝက ဘာမှ မထူးဘူး မဟုတ်လား”ဟု တစ်ချိန်က ဘဝကို အရှုံးပေး လက်နက်ချခဲ့ဖူးသည့် ဝိုင်းစုဟု အမည်တွင်သူက ဆိုသည်။
အသားအရေက မွဲခြောက်ခြောက်၊ ခန္ဓာကိုယ်က အရိုးပေါ် အရေတင်၊ တစ်ကိုယ်လုံးမှာ အနာများနှင့် HIV ဝေဒနာရှင် ဝိုင်းစု။
ဝိုင်းစုသည် တစ်ချိန်က ရှည်လျားလှသော ဆံပင်၊ ညိုစိုတင်းရင်းသော အသားအရေတို့ကို ပိုင်ဆိုင်ခဲ့ဖူးပြီး ဇာတ်သဘင် စင်မြင့်ထက် မီးရောင်စုံတွေ ရှေ့တွင် အလှဘုရင်မ တစ်ပါးအဖြစ်လည်းကောင်း၊ ရန်ကုန်မြို့၏ ပလက်ဖောင်း မှောင်ရိပ်များတွင် Offer ခေါ် ယောကျ်ား ပြည့်တန်ဆာတစ်ဦး အဖြစ်လည်းကောင်း ရပ်တည်ခဲ့သည်ဟု ဆိုပါလျှင် ယုံနိုင်ဖွယ် မရှိ။
“ကျွန်တော်က မိုးကြိုးငှက်ငယ် ဇာတ်အဖွဲ့မှာ ကခဲ့ဖူးတယ်။ အဲဒီတုန်းက ကျွန်တော်က ဒီလိုပုံ ဘယ်ဟုတ်မလဲ။ မိန်းမအစစ်လိုမျိုးပဲ ... လှတာ”
မှန်ပါသည်။
ဝိုင်းစုဆိုသော သူသည် အမျိုးသမီး တစ်ယောက် မဟုတ်ဘဲ အသက် ၂၄ နှစ် အရွယ် မိန်းမစိတ် ပေါက်နေသော မိန်းမလျာ တစ်ယောက်ပင်။
ဝိုင်းစုက မန္တလေးသား စစ်စစ်။ ဝိုင်းစု တစ်နှစ်ခွဲ အရွယ်တွင် ဖခင် ဆုံးပါးသွားခဲ့သည်။
သား သုံးယောက်နှင့် ကျန်ရစ်သော ဝိုင်းစု၏ အမေသည် မိသားစု စားဝတ်နေရေးအတွက် ငွေတိုး ပေးစားခြင်းဖြင့် ရုန်းကန်ခဲ့ရသည်။
“ညီအစ်ကို သုံးယောက်ထဲမှာ ကျွန်တော်က အငယ်ဆုံး။ ကျွန်တော်တစ်ယောက်ပဲ မွေးကတည်းက မိန်းမစိတ် ပေါက်နေတာ”ဟု သူက ရယ်သွမ်းသွေးရင်း ပြောပြသည်။
အသက်လေးငါးနှစ်အရွယ်မှ စတင်ကာ သူသည် အမျိုးသမီး တစ်ယောက်အဖြစ် နေထိုင်ရသည်ကိုသာ နှစ်သက်ခဲ့သည်။
ထို့ကြောင့် သနပ်ခါး ပါးကွက်ကြားနှင့် ပုဆိုးကို ထဘီလို ဝတ်ဆင်ခဲ့သည်။ ကျောင်းနေအရွယ် ရောက်သည့် အခါတွင်လည်း ယောကျ်ားလေးများနှင့် အပေါင်းအသင်း မလုပ်၊ မိန်းကလေး သူငယ်ချင်းများနှင့်သာ ကစားခဲ့သည်။
တဖြည်းဖြည်းနှင့် မိန်းမဆန်ဆန် ဖြစ်လာသော သူ့ကို ခြောက်တန်း ကျောင်းသားဘဝတွင် အမေက ကျောင်းမှထုတ်ကာ ကိုရင် ဝတ်ပေးခဲ့သည်။
“ကျွန်တော် တကယ် ခြောက်နေတယ်ဆိုတာ အမေက ရိပ်မိသွားတယ် ထင်တယ်။ ကျောင်းဆက်မထားဘဲ သင်္ကန်း ဆည်းပေးလိုက်တယ်။ ကျွန်တော်က ရဟန်း ဘောင်မှာ မပျော်ပါဘူး။ သုံးဝါလောက် ကိုရင် ဝတ်ပြီးတော့ နောက်ဆုံး လူထွက် လိုက်တယ်”ဟု သူကဆိုသည်။
လူထွက်ပြီးချိန်တွင် အသက် ၁၅ နှစ် အရွယ်ပင် ရှိနေပြီဖြစ်သည်။ အစ်ကိုဖြစ်သူများကလည်း အလုပ်အကိုင်များ ကိုယ်စီ ဖြစ်နေကြပြီ။
အရွယ် ရောက်လာပြီဖြစ်သော သူက ရပ်ကွက် အနီးအနားရှိ ဘဝတူ သူငယ်ချင်း မိန်းမလျာများနှင့် အပေါင်းအသင်း ဖြစ်လာသည်။
ထိုသူငယ်ချင်းများက ငါးခြောက် ပွဲရုံများတွင် အလုပ် လုပ်ကာ အဆောင်တွင် စုနေကြသည်။
သူတို့နှင့် ပေါင်းသင်းမိသောအခါ သူသည် မိန်းမ တစ်ဦးကဲ့သို့ နေထိုင် ပြင်ဆင်သွားလာ ဖြစ်ခဲ့တော့သည်။
တစ်ခါတစ်ရံ သူငယ်ဟုခေါ်သော ယောကျ်ားပျိုများနှင့် နေထိုင် ဆက်ဆံသည်အထိ ဖြစ်လာသည်။
“အဲဒီလို အပွင့်ပုံစံ၊ မိန်းမ ပုံစံနဲ့ သွားလာနေတာကို အစ်ကိုတွေက မကြိုက်ဘူး။ တွေ့ရင် ရိုက်တယ်၊ ခဲနဲ့ထုတယ်၊ ကြာလာတော့ ကျွန်တော်လည်း လူကြားထဲ သူတို့ အဲဒီလို လုပ်တာကို ရှက်လာတယ်”ဟု ဝိုင်းစုက ဆိုသည်။
သူက အိမ်မှ မသိအောင် ထွက်ပြေးပြီး သူငယ်ချင်း မိန်းမလျာများ၏ အဆောင်တွင် သွားနေသည်။
သူ၏ သူငယ်ချင်းများက ပွင့်လင်း ရာသီများတွင် အထက်မြန်မာပြည်မှ မိန်းမလျာ ဇာတ်အဖွဲ့များနှင့်အတူ ပွဲလိုက် ကသည်။
ဒီတော့ သူလည်း ဝင်ငွေရှာသည့် သဘောဖြင့် ပွဲလိုက်ကသည်။
ထိုသို့ ဇာတ်ကသည့်အခါတွင်မှ နာမည်ကြီး အဆိုတော် မင်းသမီး ဝိုင်းစုခိုင်သိန်းနှင့် တူသည်ဟုဆိုကာ ဝိုင်းစု ဟူသော အမည်တွင်ခဲ့ခြင်းပင်။
ဇာတ်ပွဲဆိုသည်က ဆယ့်နှစ်ရာသီ ပတ်လုံး ရှိနေသည် မဟုတ်။
ထို့ကြောင့် ညကြေး သုံးထောင်သာ ရသော ဝိုင်းစုအဖို့ ပွဲမရှိသည့် အချိန်များတွင် ဝင်ငွေမရှိ ဖြစ်လာသည်။
“နောက်ပိုင်း သူငယ်ချင်းတွေက မန္တလေး ကျုံးဘေးမှာ Offer သွားလုပ်ရင်း ဝင်ငွေ ရှာကြတယ်ဆိုတာ သိလာတယ်။ အဲဒါနဲ့ကိုယ်လည်း သူတို့နဲ့ ချိတ်ဆက်ပြီး Offer ဘဝကို ရောက်တော့တာပဲ”ဟု သူက ဆိုသည်။
Offer ဆိုသည်မှာ အမျိုးသား ပြည့်တန်ဆာများကို ရည်ညွှန်းသော စကားလုံး ဖြစ်သည်။
မိန်းမလျာ လူတန်းစားများထဲတွင် မိတ်ကပ် ပညာရှင်များ၊ ဒီဇိုင်နာများနှင့် အခြား အသက်မွေးဝမ်းကျောင်း များစွာတွင် အောင်မြင်သူ ပညာတတ် များစွာ ရှိသည်။
သို့သော် သူကဲ့သို့ ပညာ တစ်ပိုင်း တစ်စနှင့် အသိပညာ နည်းသော မိန်းမလျာများအတွက်မူ မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ ဖြစ်ခဲ့ရသည်။
“Offer မှာ တီ၊ ဘီ၊ ဗီ ဆိုပြီး သုံးမျိုး ရှိတယ်။ တီဆိုတာကတော့ ယောကျ်ား နေရာကနေ ပေးတဲ့သူ၊ ဘီ ဆိုတာက မိန်းမ နေရာကပဲနေပေးတဲ့သူ၊ ဗီကတော့ နှစ်မျိုး လုံးနေပေးရတာ၊ ကျွန်တော်က ဘီသက်သက်ပဲ လုပ်ပါတယ်”ဟု သူက ရှင်းပြသည်။
မန္တလေးတွင် အနေ ကြာလာသည့်အခါ ပိုမို စျေးရသည်ဆိုသည့် ရန်ကုန်သို့ နယ်မြေချဲ့ရန် ဝိုင်းစုတို့ သူငယ်ချင်း တစ်သိုက် စဉ်းစားလာကြသည်။
နောက်ဆုံး သူငယ်ချင်းများ စုပြီး ရန်ကုန်သို့ ဆင်းလာကာ ရန်ကုန်စျေးကွက်ထဲ ဝင်တိုးတော့သည်။
“ရန်ကုန်ရောက်တော့ ပထမ မိုးကြိုး ငှက်ငယ်ထဲမှာ လိုက်ကသေးတယ်။ နောက်ပိုင်းပွဲကတာ သိပ်မကိုက်တော့ဘူး။ အဲဒါနဲ့ ဆီဒိုးနား ဟိုတယ်ရှေ့၊ မြကျွန်းသာနားက မှောင်ရိပ်တွေ၊ ကန်တော်ကြီး ပတ်လမ်းတွေမှာ အခြေချပြီး Offer ပဲ ပြန်လုပ်ကြတယ်။ စျေးကတော့ မန္တလေးထက် နှစ်ဆလောက် ပိုရတယ်။ တစ် Section ကို ခုနစ်ထောင်ရတယ်။ တစ်ညလုံးဆို နှစ်သောင်း ရတယ်။ တချို့ မရိုးမသား လုပ်စားတဲ့ အခြောက်မတွေကတော့ အချီကြီး ရတာ ရှိတာပေါ့”ဟု ဝိုင်းစုက ဆိုသည်။
မရိုးမသား လုပ်စားသည် ဆိုသည်မှာ မိမိကိုခေါ်ယူသူ ဖောက်သည်ထံမှ ပစ္စည်းများ ခိုးခြင်း၊ ဓားထောက် လုခြင်း စသည်တို့ကို လုပ်သည့် မိန်းမလျာအချို့ကို ဆိုလိုကြောင်း ဝိုင်းစုထံမှ သိရသည်။
သူသည် Offer ဘဝအဖြစ် ရပ်တည်နေသည့် ကာလတစ်လျှောက် ယောကျ်ားပေါင်း များစွာနှင့် နေထိုင်ခဲ့ရာ တွင် အကာအကွယ် ပစ္စည်းကို လုံးဝ အသုံး မပြုခဲ့။
“သူတို့က မူးမူးရူးရူးနဲ့ ကျွန်တော်တို့ကို လာခေါ်ကြတာဆိုတော့ အဲဒါသုံးဖို့ တစ်ခါမှ သတိ မပေးခဲ့ကြဘူး။ ကျွန်တော်ကလည်း ကွန်ဒုံးဆိုတာ ရှိတာသိတယ်။ ဒါပေမဲ့ မသုံးရင် ဘယ်လို ဆိုးကျိုးရှိလဲဆိုတာ တကယ် မသိခဲ့ဘူး။ ဂေးတွေစုနေတတ်တဲ့ Top စင်တာတွေကို သွားခဲ့ပေမယ့် အဲဒီမှာ သူငယ်ချင်းတွေနဲ့ ဟေးလား ဝါးလားပဲနေပြီး သူတို့ ပညာပေး စာစောင်တွေကိုလည်း ဂရုတစိုက် မဖတ်ဖြစ်ခဲ့ပါဘူး”ဟု ဝိုင်းစုကဆိုသည်။
ထိုအခြေအနေများသည် မကြာသေးမီကာလ ၂ဝ၁၂ ခုနှစ်ခန့်က အခြေအနေ ဖြစ်သဖြင့် မြန်မာပြည်တွင်း HIV ပညာပေးလုပ်ငန်း ဆောင်ရွက်နေသူ NGO များအတွက် သတိချပ်ဖွယ် အနေအထား ဖြစ်သည်။
Offer ဘဝနှင့် ပျော်မွေ့နေသော သူသည် ဘုရားပွဲစျေးတွင် ခင်မင်မိသော ဆယ်ကျော်သက်အရွယ် လူငယ် တစ်ဦးနှင့် အိမ်ထောင်ပြုကာ တစ်နှစ်နီးပါး ပေါင်းသင်းခဲ့သေးသည်။
ထိုသို့ ပေါင်းသင်းစဉ်အတွင်း Offer အလုပ်ဖြင့်ပင် ထိုလူငယ်၏ မိသားစုကို ရှာဖွေကျွေးမွေး ခဲ့ရသည်။
“နောက်တော့ သူက မိန်းမ ခိုးလာတယ်လေ။ ကျွန်တော့်မှာ ငိုလိုက်ရတာ။ သူ့အိမ်က ဆင်းပြီး ကျွန်တော် နေခဲ့တဲ့ အဆောင်မှာပဲ ပြန်နေတယ်။ Offer ဘဝနဲ့ ဆက်နေရင်း နောက်ထပ် အိမ်ထောင် ထပ်ကျတယ်”ဟု သူက ပြောပြသည်။
ဝိုင်းစု ဒုတိယအကြိမ် ယူလိုက်သည့် အမျိုးသားမှာ ဝိုင်းစုထက် ၂ နှစ်ကြီးပြီး ပန်းရံလုပ်ကိုင်သူ တစ်ဦး ဖြစ်သည်။
ထိုအမျိုးသားနှင့်အတူ လိုက်နေချိန်တွင် သူက ဝိုင်းစုကို Offer အလုပ်ကို စွန့်လွှတ်စေပြီး မြောက်ဒဂုံရှိ သူငှားထားသော နေအိမ်အောက်ထပ်လေးတွင်သာ အိမ်ရှင်ထီးအဖြစ် နေခိုင်းတော့သည်။
“သူက ကျွန်တော့်ကို ဟိုအလုပ် မလုပ်ခိုင်းဘူး။ သူပဲ လုပ်ကျွေးပါတယ်။ ဖုန်းလေးတွေ ဆင်တူ ဝယ်ကိုင်ကြတယ်။ အကျႌလေးတွေ ဆင်တူ ဝယ်ဝတ်ကြတယ်။ ကျွန်တော် အရမ်း ပျော်ခဲ့ရတဲ့ အချိန်တွေပေါ့”ဟု ဝိုင်းစုက ပြန်ပြောင်း ပြောပြသည်။
သူ့အတွက် ပျော်ရွှင်ဖွယ်အချိန် ကာလများက တစ်နှစ်ကျော်သာ။
ဝမ်းများ မကြာခဏ လျှောလာသည်။ ချောင်းတွေဆိုးကာ လူက ပိန်ကျလာသည်။ ပါးစပ်တွင်လည်း မှိုများ စွဲလာသည်။
တောင်ဒဂုံရှိ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းတို့၏ ပရဟိတ ဆေးခန်းတွင် ဝိုင်းစု သွေးသွားစစ်ကြည့်သည်။
သွေးအဖြေရလဒ်အရ ဝိုင်းစု၏ အခြေအနေ မကောင်း။
HIV ရောဂါပိုးက ပျံ့နှံ့နေပြီ။ ဆရာဝန်က ချက်ချင်း ဆေးရုံတက်ရမည်ဟု ဆိုသည်။
ဒေါ်ဖြူဖြူသင်းတို့၏ အကူအညီဖြင့် ဝိုင်းစုကို မြောက်ဥက္ကလာရှိ ဝေဘာဂီ အထူးကု ဆေးရုံသို့ ချက်ချင်း တင်လိုက်သည်။
ဝိုင်းစု၏ ခင်ပွန်းက ဝိုင်းစုထံ တစ်ပတ်တစ်ခါ လာကြည့်သည်။
ရောဂါ အခြေအနေက တဖြည်းဖြည်း ဆိုးလာသည်။ တီဘီရောဂါပါ ဝင်လာသဖြင့် လူက ပိန်လှီလာသည်။ ကျောက်ကပ်ကလည်း မကောင်း။
သူချစ်သော ခင်ပွန်းကလည်း တဖြည်းဖြည်း အလာကျဲရာမှ နောက်ဆုံး လုံးဝ လာမတွေ့တော့။
နောက်ပိုင်းတွင် သူ၏ အမျိုးသားသည် အခြား အမျိုးသမီး တစ်ယောက်နှင့် အိမ်ထောင်ပြုသွားပြီ ဖြစ်သည်ဟု ဝိုင်းစု သိခဲ့ရသည်။
HIV ရောဂါပိုး ကူးစက်ခံထားရသော မိန်းမလျာ တစ်ဦးနှင့် ပေါင်းသင်း နေထိုင်ခဲ့သူ တစ်ဦးသည် သွေးစစ်ခြင်းပင် မပြုလုပ်ဘဲ အခြား မိန်းမ တစ်ယောက် ထပ်မံ ပေါင်းသင်းသည် ဆိုသည်ကို ကြားရသည့်အတွက် စိတ်မကောင်း ဖြစ်ရသည်ဟုလည်း ဝိုင်းစုက ဆိုပါသည်။
“ကျွန်တော့် နောက်ဆုံးအချိန် ရောက်နေပြီ။ ထိုင်တောင် မထိုင်နိုင်တော့တဲ့ အခြေအနေ။ ကျွန်တော် အရမ်း အားငယ်တာပဲ။ ကျွန်တော့်မှာ မွေးချင်းလည်း မရှိဘူး။ မိဘလည်း ဘေးနား မရှိဘူး။ ကျွန်တော့် ယောကျ်ားကလည်း ပစ်သွားပြီ။ ပရဟိတအဖွဲ့က ငှားပေးထားတဲ့ လူနာစောင့်တွေ ဆိုတာလည်း ကျွန်တော့်လို မထနိုင် မသွားနိုင် အညစ်အကြေးတွေနဲ့ ဒီရောဂါကြီးနဲ့ လူကို ဘယ်သေချာ ကူလုပ်ပေးချင်ပါ့မလဲ။ ကျွန်တော်က သေဖို့ပဲ စောင့်နေမိခဲ့တာ”ဟု ဝိုင်းစုက ဆိုသည်။
ဝိုင်းစုသည် ကိုယ့်ကိုယ်ကိုယ် လက်လျှော့ခဲ့သော်လည်း ဆေးရုံရှိ ဆရာဝန်များက လုံးဝ လက်မလျှော့ခဲ့ကြ။
HIV စီဒီအဆင့် ပြန်တက်လာအောင် ကြိုးစား ကုသကာ ဝိုင်းစု အသက်ကို ကယ်တင်ခဲ့ကြသည်။
“ကျွန်တော်ကသာ သေချင်နေတာ။ ဆရာဝန်ကြီးတွေ၊ ဆရာမတွေက ကျွန်တော့်ကို မသေဖို့ ကုနေကြတယ်၊ ဒါနဲ့ ကျွန်တော်လည်း အားတင်းတယ်။ ငါက ဘာလို့ သေရမှာလဲ ဆိုပြီး။ အဲဒီလိုနဲ့ စိတ်ကို မာအောင် ထားတယ်။ တီဘီဆေးကို မှန်မှန်သောက်တယ်။ တီဘီဆေး သောက်ပြီး အေအာတီ ဆေးဆက် သောက်ရတယ်။ အခြေအနေက သိသိသာသာ ပြန်ကောင်းလာတယ်”ဟု ဝိုင်းစုက ဆိုသည်။
မကြာမီ ကာလတွင်ပင် ဝိုင်းစုသည် ဆေးရုံမှ ဆင်းနိုင်ခဲ့သည်။
ဆေးရုံမှ ဆင်းပြီးနောက် ဒေါ်ဖြူဖြူသင်း ဖွင့်လှစ်ထားသော မြောက်ဒဂုံရှိ ပရဟိတ ဂေဟာတွင် နေထိုင်သည်။
ဂေဟာ၏ အစီအစဉ်ဖြင့်ပင် ဝိုင်းစုသည် ပင်နီ တိုက်ပုံများ ချုပ်ရာတွင် ဝင်ရောက် လုပ်ကိုင်သည်။
“ပင်နီချုပ်တာ လစာလည်း ရတယ်။ စိတ်ဓာတ်လည်း မကျတော့ဘူး။ အခု စက်ချုပ် သင်နေတယ်။ ဘဝကို ကောင်းကောင်းမွန်မွန်နဲ့ပဲ လုပ်ကိုင် စားသွားတော့မယ်”ဟု ဝိုင်းစုက ဆိုသည်။
ဟိုမုန်း မညီမျှမှုများမှ ဖြစ်ပေါ်လာသည့် သဘာဝ စံလွဲမှုတွင် ဝိုင်းစုသည် မိဘ၊ မောင်နှမများ၏ ကရုဏာ စိတ်ဖြင့် ဖိနှိပ်ခဲ့မှုကြောင့် ဆယ်ကျော်သက် အရွယ်တွင် အိမ်ပြေး ဖြစ်ခဲ့ရသည်။
ကိုယ့်ဝမ်း ကိုယ်ကျောင်းရာမှ မိန်းမလျာ ပြည့်တန်ဆာ ဘဝ ရောက်သွားခဲ့သည်။
ပညာရေး စနစ်၏ လိင်ပိုင်းဆိုင်ရာ ပညာပေးမှု အားနည်းခြင်း၊ ကိုယ်တိုင် အသိပညာ ဗဟုသုတ မရှိခဲ့ခြင်းတို့ကြောင့် ကူးစက်ရောဂါဆိုးကြီး၏ အန္တရာယ်များကို သူ မရှောင်နိုင်ခဲ့။
သူတင်မဟုတ်။ သူနှင့် ပတ်သက်ခဲ့သူ ယောက်ျားသားများ၊ ထိုယောက်ျားသားများမှ ထပ်မံ ပတ်သက်ဦးမည့် မိန်းမသားများ။
အားလုံးသည် HIV ဗိုင်းရပ်စ် သားကောင်များ ဖြစ်ကြရဦးမည်။
ဆံပင်တိုတို၊ စွပ်ကျယ်လက်ပြတ်ဖြင့် ယောက်ျား တစ်ယောက် ပုံစံဖြင့် နေထိုင်နေပြီဖြစ်သည့် ဝိုင်းစုကတော့ မမိုက်တော့ပါ။ ယခု အခြေအနေကိုမူ စိတ်မလျှော့။
“ကျွန်တော် အခု ဖေ့စ်ဘွတ် သုံးနေတယ်။ ရည်းစားလည်း ထားတယ်။ ဒါပေမဲ့ အရင်လို မမိုက်တော့ဘူး။ အဖော် ဆောင်ထားတယ်”ဟု တိုက်ပုံ အကျႌချုပ်နေရင်းကပင် ရယ်ရယ်မောမော ပြောနိုင်ပါသေးသည်။
#Credit The Voice