ေမာင္ေတာ အၾကမ္းဖက္တိုက္ခိုက္မႈ ျဖစ္စဥ္ေနာက္ခံ (ေဆာင္းပါး)
#Zawgyi
*ႏိုင္ငံတကာ မ်က္ႏွာစာ*
လက္ရွိ ျမန္မာႏုိင္ငံရဲ႕ အေျခအေနဟာ ႏိုင္ငံေတာ္အတုိင္ပင္ခံရဲ႕ အေမရိကန္နဲ႕ ကုလသမဂၢခရီးစဥ္ အျပီးမွာ အမ်ားၾကီး ေျပာင္းလဲ သြားခဲ့ပါတယ္။ ကုလသမဂၢ အေထြေထြညီလာခံရဲ႕ တတိယေကာ္မတီ အစည္းအေဝးမွာ ျမန္မာႏုိင္ငံရဲ႕ လူ႕အခြင့္အေရးဆိုင္ရာနဲ႔ ပတ္သက္လို႕ ဆုံးျဖတ္ခ်က္ မတင္သြင္းေတာ့ဘူး လို႕ အီးယူနဲ႕ OIC ဘက္က ထုတ္ေဖာ္ေျပာဆိုလာခဲ့ပါတယ္။
အေမရိကန္ျပည္ေထာင္စုရဲ႕ စီးပြားေရးပိတ္ဆို႕အေရးယူမႈေတြ ဖယ္ရွားေပးဖို႕ (အခ်ဳိ႕ က်န္ေနေသး) ထုတ္ျပန္ေၾကညာခဲ့ျပီးေနာက္ မၾကာေသးခင္ကပဲ သမၼတ အိုဘားမားက သမၼတအုပ္ခ်ဳပ္ေရးအမိန္႔နဲ႕ ဖယ္ရွားေပးလိုက္ပါတယ္။
ရခိုင္ျပည္နယ္အေရးကိစၥနဲ႕ ပတ္သက္လို႕လည္း ႏိုင္ငံေတာ္အတိုင္ပင္ခံ ဥကၠဌ အျဖစ္ ဦးေဆာင္တဲ့ ဗဟိုေက္ာမတီ၊ ေဒါက္တာကိုဖီအာနန္ ဦးေဆာင္တဲ့ အၾကံေပးေကာ္မရွင္ေတြ ဖြဲ႕စည္းျပီး ေဆာင္ရြက္လ်က္ ရွိရာမွာ အခက္အခဲ အနည္းငယ္ ရွိတာကလြဲလို႕ ထိထိေရာက္ေရာက္ ေဆာင္ရြက္ႏိုင္တဲ့ အေနအထားကို ေရာက္ရွိေနပါတယ္။*ႏိုင္ငံသား စိစစ္မႈ လုပ္ငန္းစဥ္ႏွင့္ လူ႕အခြင့္အေရး*
ႏုိင္ငံေတာ္အတိုင္ပင္ခံရဲ႕ ဦးေဆာင္မႈနဲ႔ ရခိုင္ဗဟိုေကာ္မတီဟာ ႏိုင္ငံသား စိစစ္မႈ လုပ္ငန္းေတြ အရွိန္အဟုန္ျမွင့္တင္ျပီး ေဆာင္ရြက္ခဲ့ရာမွာ ျမဳိ႕နယ္အခ်ဳိ႕မွာ ခုံခံမႈ ေတြနဲ႕ ၾကဳံေတြ႕ခဲ့ရပါတယ္။ ဒါကိုကို ဖိဖိစီးစီး အေလးထားျပီး ေဆာင္ရြက္ေပးခဲ့ပါတယ္။
အဓိက အခ်က္က ႏိုင္ငံသားအခြင့္အေရး ဆိုတာ ႏုိင္ငံသားစိစစ္မႈ လုပ္ငန္းစဥ္နဲ႕ အညီ ေဆာင္ရြက္ေပးမွ ရႏိုင္တာ ျဖစ္ပါတယ္။
လူ႕အခြင့္အေရး အျပည့္အဝ ရရွိဖို႕ အစဥ္တစိုက္ေတာင္းဆိုေနၾကတဲ့ ႏိုင္ငံသား အခြင့္အေရးဟာ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒနဲ႔ အညီ စိစစ္ျပီးမွ ရရွိႏိုင္မွာ ျဖစ္ပါတယ္။
ဒါေပမယ့္ ဒီၾကားကာလမွာ လူသားခ်င္းစာနာ ေထာက္ထားေရးဆိုင္ရာ ေထာက္ပံ့ ကူညီမႈေတြ မျပတ္ ရရွိေစေအာင္ ဂရုတစိုက္ ေဆာင္ရြက္ေပးခဲ့ပါတယ္။ ဒီလို ေဆာင္ရြက္ေပးတဲ့ အေပၚမွာ အစိုးရအေပၚ ျပစ္တင္ေဝဖန္မႈေတြ ရွိခဲ့ပါတယ္။
*ႏုိင္ငံေရးလႈပ္ရွားမႈမ်ား*
ကိုဖီအာနန္ေကာ္မရွင္ကို အေၾကာင္းျပဳျပီး ႏိုင္ငံေရးအရ ဆန္႕က်င္မႈေတြ၊ ဆႏၵေဖာ္ထုတ္မႈေတြ၊ ေတာင္းဆိုမႈေတြ ရွိခဲ့ေပမယ့္လည္း ရခိုင္ျပည္နယ္ဟာ တည္တည္ျငိမ္ျငိမ္နဲ႕ ဆက္လက္ျပီး တည္ရွိေနခဲ့ပါတယ္။
တစ္ဘက္မွာလည္း ႏိုင္ငံတကာ ဖိအားေပးမႈေတြ ေလ်ာ့ပါးသြားျပီး လူ႕အခြင့္အေရးနဲ႔ ပိတ္ဆို႕အေရးယူမႈေတြ ပါးလ်ားသြားတဲ့ အေနအထားမွာ အေျခအေနဟာ အျပဳသေဘာဘက္ကို အားေကာင္းေနပါတယ္။
*တရားမဝင္အေဆာက္အဦမ်ား ကိစၥ*
ရခုိင္ျပည္နယ္အစိုးရအေနနဲ႕ ရခိုင္ျပည္နယ္အတြင္း ဘူးသီးေတာင္ ေမာင္ေတာက တရားမဝင္ အေဆာက္အဦေတြကိစၥကို ကိုင္တြယ္ဖို႕ ၾကဳိတင္သတင္း ထုတ္ျပန္ခဲ့ပါတယ္။ တရားမ၀င္အေဆာက္အဦး ၃၀၀၀ေက်ာ္ ရွိတယ္လို႔ဆိုတယ္။
ျပီးခဲ့တဲ့လ ၂၃ ရက္ေန႔မွာ တရားမ၀င္ ဗလီေတြမဖ်က္ဖို႔ ႏိုင္ငံတကာဘဂၤလီ ၁၁ ဖြဲ႔က ေၾကျငာခ်က္ထုတ္ျပီးကန္႔ကြက္ခဲ့ပါတယ္။
တည္ျငိမ္မႈ တည္ေဆာက္ဆဲ အေျခအေနအရ ဒီလို စစ္ေဆးမယ့္ လုပ္ငန္းစဥ္ ေတြ မလုပ္ေဆာင္ဘဲ ေလာေလာဆယ္ ဆုိင္းငံ့ထားျပီး စိစစ္မႈေတြ စနစ္တက် လုပ္ေဆာင္ေစခဲ့ရပါတယ္။
*မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈ*
အစိုးရသစ္လက္ထက္ ၂၀၁၆ ခုႏွစ္အတြင္းမွာ မူးယစ္ေဆးဝါး ေရာင္းဝယ္ ေဖာက္ကားမႈေတြ တိုက္ဖ်က္ေရးကို အမ်ဳိးသားေရးတာဝန္တစ္ရပ္အေနနဲ႕ ျပည္နယ္နဲ႕ တိုင္းေဒသၾကီး အသီးသီးမွာ ေဆာင္ရြက္ခဲ့ပါတယ္။ ဒီထဲမွာ ရခိုင္ျပည္နယ္လည္း အပါအဝင္ ျဖစ္ပါတယ္။
ရခိုင္ျပည္နယ္အတြင္း ဖမ္းဆီးရမိမႈကို ၾကည့္ရင္ WY စာတမ္းပါစိတ္ၾကြရူးသြပ္ေဆးျပား ၆၂ သိန္းေက်ာ္ (ေဒသေပါက္ေစ်း က်ပ္သိန္းေပါင္း တစ္သိန္းႏွစ္ေသာင္းေက်ာ္) ဖမ္းဆီးရမိျပီး အေရးယူမႈေတြ ေဆာင္ရြက္ခဲ့ပါတယ္။ ဖမ္းဆီးရမိတဲ့အဓိက ေနရာေဒသဟာ ေမာင္ေတာတစ္ဝိုက္ ျဖစ္ေနပါတယ္။*အၾကမ္းဖက္ တိုက္ခိုက္မႈ*
နံနက္ အာရုဏ္ဦး ေဝလီေဝလင္း Dawn Attack ကို ေနရာ ၃ ေနရာမွာ တစ္ျပဳိင္နက္တည္း တိုက္ခိုက္ခဲ့တာ ျဖစ္ပါတယ္။ Planned Attack ျဖစ္ႏိုင္တယ္ လို႕ ယူဆႏိုင္ပါတယ္။
လုံျခဳံေရးတပ္ဖြဲ႕ဝင္ေတြကုိ တိုက္ခိုက္ သတ္ျဖတ္ျပီး လက္နက္ ခဲယမ္းေတြ ယူေဆာင္သြားခဲ့ၾကတာ ျဖစ္ပါတယ္။ ေဒသအေျခအေန၊ နယ္ေျမခံအေနအထား၊ တပ္ဖြဲ႕ဝင္အင္အား ဒီအခ်က္ေတြကို အခြင့္ေကာင္းယူျပီး တိုက္ခို္က္ခဲ့တာ ျဖစ္ပါတယ္။
ကုလသမဂၢ အေထြေထြညီလာခံမွာ ျမန္မာႏုိင္ငံရဲ႕ လူ႕အခြင့္အေရးဆိုင္ရာ ဆုံးျဖတ္ခ်က္ မတင္ေတာ့ဘဲ ပယ္ဖ်က္ေတာ့မယ့္ အေနအထားကို ေဆြးေႏြး ေနခ်ိန္ ျဖစ္ပါတယ္။
အေမရိကန္ရဲ႕ စီးပြားေရးပိတ္ဆို႕မႈေတြ အားလုံးနီးပါး(အခ်ဳိ႕က်န္) ဖယ္ရွားလိုက္တဲ့ အခ်ိန္ ျဖစ္ပါတယ္။
စစ္ေရးအရ ေျမာက္ပိုင္းမွာ တိုက္ပြဲေတြ ျဖစ္ပြားေနခ်ိန္ အေနာက္ဘက္ပိုင္မွာ တိုက္ခိုက္မႈေတြ ျဖစ္ပြားလာတာ ျဖစ္ပါတယ္။
* အၾကမ္းဘက္တိုက္ခိုက္မႈဇစ္ျမစ္*
အထက္မွာ တင္ျပခဲ့တဲ့ အခ်က္ေတြနဲ႕ ဆက္စပ္ျပီး စဥ္းစား သုံးသပ္ၾကည့္မယ္ ဆိုရင္ ဇစ္ျမစ္ဟာ ဘာလဲ ဖတ္ရႈသူမ်ား ေကာက္ခ်က္ ခ်ႏိုင္ပါလိမ့္မယ္။
ရဲတပ္ဖြဲ႕ဝင္ေတြ ခုလို အၾကမ္းဖက္တိုက္ခိုက္ခံရမႈနဲ႕ပတ္သက္ျပီး Security Survey ကို ေဆာင္ရြက္လ်က္ ရွိျပီး လိုအပ္သလို အျမန္ဆုံး ျဖည့္တင္းေပးဖို႕ ေဆာင္ရြက္ေနပါတယ္။
က်ဆုံးသြားတဲ့ သူေတြအတြက္၊ က်န္ရစ္သူ မိသားစုဝင္ေတြအတြက္ ထိထိေရာက္ေရာက္ ေထာက္ပံ့ကူညီေပးဖို႕ ႏိုင္ငံေတာ္ အတိုင္ပင္ခံက ညႊန္ၾကားထားပါတယ္။
ဘယ္လိုအၾကမ္းဖက္ တိုက္ခိုက္မႈကိုမဆို လက္မခံဘဲ ဥပေဒနဲ႔အညီ ထိထိေရာက္ေရာက္ အေရးယူေဆာင္ရြက္ရမွာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ အၾကမ္းဖက္တိုက္ခိုက္မႈေတြကို နွိမ္နင္းရာမွာ သတိၾကီးၾကီးထားျပီး ေဆာင္ရြက္ဖို႕ ႏိုင္ငံေတာ္ အတိုင္ပင္ခံက လမ္းညႊန္ထားပါတယ္။
အရွင္ဖမ္းမိတဲ့ အၾကမ္းဖက္တိုက္ခိုက္သူေတြကို စစ္ေၾကာေဖာ္ထုတ္ခ်က္ေတြ အရ ဆက္လက္ ေဆာင္ရြက္ရမွာပဲ ျဖစ္ပါတယ္။ ရခိုင္ျပည္နယ္အတြင္း တရားဥပေဒစိုးမိုးေရးနဲ႔ တစ္ဆက္တည္း အရွိန္ျမွင့္ျပီး ေဆာင္ရြက္မွာ ျဖစ္ပါတယ္။
လိုအပ္ရင္ အိမ္နီးခ်င္းႏိုင္ငံ ျဖစ္တဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႕ ညွိႏႈိင္း ေဆြးေႏြး ေဆာင္ရြက္သြားရမွာ ျဖစ္ပါတယ္။
ေလာေလာဆယ္ တပ္မေတာ္လုံျခဳံေရးအကူအညီအတြက္ မူလရွိျပီး နယ္ေျမခံ တပ္ေတြ အျပင္ တပ္မ တစ္မ ထပ္မံ ထည့္သြင္းထားပါတယ္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကလည္း လိုအပ္ရင္ လိုအပ္ သလို ေရယာဥ္၊ ေလယာဥ္၊ ရဟတ္ယာဥ္ေတြနဲ႕ တပ္အင္အား အသုံးျပဳခြင့္ ေပး ထားျပီး ျဖစ္ပါတယ္။
*တိုက္တြန္းခ်က္*
အေရးၾကီးတာက အခုျဖစ္စဥ္မွာ အေနာက္ဘက္ေဒသ ေမာင္ေတာေဒသမွာ ျဖစ္ပြားတဲ့ ကိစၥ သက္သက္ ျဖစ္ပါတယ္။ ဒါဟာ အစြန္းေရာက္ အၾကမ္းဖက္ လူစု ရဲ႕ ေဆာင္ရြက္ခ်က္ ျဖစ္တယ္ ဆိုတာကို သတိျပဳဖို႕ လိုပါတယ္။ ဒီလူစုကို အားလုံးက ဆန္႕က်င္ရမွာပါပဲ။ တိုက္ဖ်က္ရမွာပဲ ျဖစ္ပါတယ္။
ဒီအေပၚမွာ ျပည္သူအားလုံး(ျပည္သူအားလုံး)က အၾကမ္းဖက္ ဝါဒကို အားမေပးဖို႕၊ ဆန္႕က်င္ဖို႕ လိုပါတယ္။ အျခား မလိုလားအပ္တဲ့ ပဋိပကၡေတြ ကူးစက္ျပန္႕ပြားမႈ မျဖစ္ေစဖို႕ ႏိုင္ငံသားအားလုံးက သတိၾကီးၾကီး ထားၾကဖို႕ လိုအပ္မွာ ျဖစ္ပါတယ္။
ႏိုင္ငံေတာ္အပိုင္း၊ တပ္မေတာ္အပိုင္းကေတာ့ လုပ္သင့္လုပ္ထိုက္တာ၊ လုပ္ဖို႕ လုိအပ္တာ အားလုံးကို အရွိန္အဟုန္နဲ႕ ေဆာင္ရြက္လ်က္ ရွိပါတယ္။
အေျမာ္အျမင္ ရွိရွိ၊ သတိရွိရွိ၊ တာဝန္ သိသိ သုံးသပ္ႏိုင္ဖို႕ တင္ျပလိုက္ရျခင္းပဲ ျဖစ္ပါတယ္။
_________________________________________________________________________
#Unicode
*နိုင်ငံတကာ မျက်နှာစာ*
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ နိုင်ငံတော်အတိုင်ပင်ခံရဲ့ အမေရိကန်နဲ့ ကုလသမဂ္ဂခရီးစဉ် အပြီးမှာ အများကြီး ပြောင်းလဲ သွားခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် မတင်သွင်းတော့ဘူး လို့ အီးယူနဲ့ OIC ဘက်က ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပေးဖို့ (အချို့ ကျန်နေသေး) ထုတ်ပြန်ကြေညာခဲ့ပြီးနောက် မကြာသေးခင်ကပဲ သမ္မတ အိုဘားမားက သမ္မတအုပ်ချုပ်ရေးအမိန့်နဲ့ ဖယ်ရှားပေးလိုက်ပါတယ်။
ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံ ဥက္ကဌ အဖြစ် ဦးဆောင်တဲ့ ဗဟိုကေ်ာမတီ၊ ဒေါက်တာကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်တွေ ဖွဲ့စည်းပြီး ဆောင်ရွက်လျက် ရှိရာမှာ အခက်အခဲ အနည်းငယ် ရှိတာကလွဲလို့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ အနေအထားကို ရောက်ရှိနေပါတယ်။*နိုင်ငံသား စိစစ်မှု လုပ်ငန်းစဉ်နှင့် လူ့အခွင့်အရေး*
နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဦးဆောင်မှုနဲ့ ရခိုင်ဗဟိုကော်မတီဟာ နိုင်ငံသား စိစစ်မှု လုပ်ငန်းတွေ အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်ခဲ့ရာမှာ မြို့နယ်အချို့မှာ ခုံခံမှု တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါကိုကို ဖိဖိစီးစီး အလေးထားပြီး ဆောင်ရွက်ပေးခဲ့ပါတယ်။
အဓိက အချက်က နိုင်ငံသားအခွင့်အရေး ဆိုတာ နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်နဲ့ အညီ ဆောင်ရွက်ပေးမှ ရနိုင်တာ ဖြစ်ပါတယ်။
လူ့အခွင့်အရေး အပြည့်အဝ ရရှိဖို့ အစဉ်တစိုက်တောင်းဆိုနေကြတဲ့ နိုင်ငံသား အခွင့်အရေးဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ အညီ စိစစ်ပြီးမှ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီကြားကာလမှာ လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ ထောက်ပံ့ ကူညီမှုတွေ မပြတ် ရရှိစေအောင် ဂရုတစိုက် ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလို ဆောင်ရွက်ပေးတဲ့ အပေါ်မှာ အစိုးရအပေါ် ပြစ်တင်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
*နိုင်ငံရေးလှုပ်ရှားမှုများ*
ကိုဖီအာနန်ကော်မရှင်ကို အကြောင်းပြုပြီး နိုင်ငံရေးအရ ဆန့်ကျင်မှုတွေ၊ ဆန္ဒဖော်ထုတ်မှုတွေ၊ တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့်လည်း ရခိုင်ပြည်နယ်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်ပြီး တည်ရှိနေခဲ့ပါတယ်။
တစ်ဘက်မှာလည်း နိုင်ငံတကာ ဖိအားပေးမှုတွေ လျော့ပါးသွားပြီး လူ့အခွင့်အရေးနဲ့ ပိတ်ဆို့အရေးယူမှုတွေ ပါးလျားသွားတဲ့ အနေအထားမှာ အခြေအနေဟာ အပြုသဘောဘက်ကို အားကောင်းနေပါတယ်။
*တရားမဝင်အဆောက်အဦများ ကိစ္စ*
ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင် မောင်တောက တရားမဝင် အဆောက်အဦတွေကိစ္စကို ကိုင်တွယ်ဖို့ ကြိုတင်သတင်း ထုတ်ပြန်ခဲ့ပါတယ်။ တရားမဝင်အဆောက်အဦး ၃၀၀၀ကျော် ရှိတယ်လို့ဆိုတယ်။
ပြီးခဲ့တဲ့လ ၂၃ ရက်နေ့မှာ တရားမဝင် ဗလီတွေမဖျက်ဖို့ နိုင်ငံတကာဘင်္ဂလီ ၁၁ ဖွဲ့က ကြေငြာချက်ထုတ်ပြီးကန့်ကွက်ခဲ့ပါတယ်။
တည်ငြိမ်မှု တည်ဆောက်ဆဲ အခြေအနေအရ ဒီလို စစ်ဆေးမယ့် လုပ်ငန်းစဉ် တွေ မလုပ်ဆောင်ဘဲ လောလောဆယ် ဆိုင်းငံ့ထားပြီး စိစစ်မှုတွေ စနစ်တကျ လုပ်ဆောင်စေခဲ့ရပါတယ်။
*မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု*
အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ်အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွေ တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ ဆောင်ရွက်ခဲ့ပါတယ်။ ဒီထဲမှာ ရခိုင်ပြည်နယ်လည်း အပါအဝင် ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးရမိမှုကို ကြည့်ရင် WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား ၆၂ သိန်းကျော် (ဒေသပေါက်စျေး ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်းကျော်) ဖမ်းဆီးရမိပြီး အရေးယူမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့အဓိက နေရာဒေသဟာ မောင်တောတစ်ဝိုက် ဖြစ်နေပါတယ်။*အကြမ်းဖက် တိုက်ခိုက်မှု*
နံနက် အာရုဏ်ဦး ဝေလီဝေလင်း Dawn Attack ကို နေရာ ၃ နေရာမှာ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ Planned Attack ဖြစ်နိုင်တယ် လို့ ယူဆနိုင်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက် သတ်ဖြတ်ပြီး လက်နက် ခဲယမ်းတွေ ယူဆောင်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ဒေသအခြေအနေ၊ နယ်မြေခံအနေအထား၊ တပ်ဖွဲ့ဝင်အင်အား ဒီအချက်တွေကို အခွင့်ကောင်းယူပြီး တိုက်ခို်က်ခဲ့တာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် မတင်တော့ဘဲ ပယ်ဖျက်တော့မယ့် အနေအထားကို ဆွေးနွေး နေချိန် ဖြစ်ပါတယ်။
အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ အားလုံးနီးပါး(အချို့ကျန်) ဖယ်ရှားလိုက်တဲ့ အချိန် ဖြစ်ပါတယ်။
စစ်ရေးအရ မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေချိန် အနောက်ဘက်ပိုင်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။
* အကြမ်းဘက်တိုက်ခိုက်မှုဇစ်မြစ်*
အထက်မှာ တင်ပြခဲ့တဲ့ အချက်တွေနဲ့ ဆက်စပ်ပြီး စဉ်းစား သုံးသပ်ကြည့်မယ် ဆိုရင် ဇစ်မြစ်ဟာ ဘာလဲ ဖတ်ရှုသူများ ကောက်ချက် ချနိုင်ပါလိမ့်မယ်။
ရဲတပ်ဖွဲ့ဝင်တွေ ခုလို အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး Security Survey ကို ဆောင်ရွက်လျက် ရှိပြီး လိုအပ်သလို အမြန်ဆုံး ဖြည့်တင်းပေးဖို့ ဆောင်ရွက်နေပါတယ်။
ကျဆုံးသွားတဲ့ သူတွေအတွက်၊ ကျန်ရစ်သူ မိသားစုဝင်တွေအတွက် ထိထိရောက်ရောက် ထောက်ပံ့ကူညီပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံက ညွှန်ကြားထားပါတယ်။
ဘယ်လိုအကြမ်းဖက် တိုက်ခိုက်မှုကိုမဆို လက်မခံဘဲ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အကြမ်းဖက်တိုက်ခိုက်မှုတွေကို နှိမ်နင်းရာမှာ သတိကြီးကြီးထားပြီး ဆောင်ရွက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံက လမ်းညွှန်ထားပါတယ်။
အရှင်ဖမ်းမိတဲ့ အကြမ်းဖက်တိုက်ခိုက်သူတွေကို စစ်ကြောဖော်ထုတ်ချက်တွေ အရ ဆက်လက် ဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနဲ့ တစ်ဆက်တည်း အရှိန်မြှင့်ပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။
လိုအပ်ရင် အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
လောလောဆယ် တပ်မတော်လုံခြုံရေးအကူအညီအတွက် မူလရှိပြီး နယ်မြေခံ တပ်တွေ အပြင် တပ်မ တစ်မ ထပ်မံ ထည့်သွင်းထားပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း လိုအပ်ရင် လိုအပ် သလို ရေယာဉ်၊ လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ တပ်အင်အား အသုံးပြုခွင့် ပေး ထားပြီး ဖြစ်ပါတယ်။
*တိုက်တွန်းချက်*
အရေးကြီးတာက အခုဖြစ်စဉ်မှာ အနောက်ဘက်ဒေသ မောင်တောဒေသမှာ ဖြစ်ပွားတဲ့ ကိစ္စ သက်သက် ဖြစ်ပါတယ်။ ဒါဟာ အစွန်းရောက် အကြမ်းဖက် လူစု ရဲ့ ဆောင်ရွက်ချက် ဖြစ်တယ် ဆိုတာကို သတိပြုဖို့ လိုပါတယ်။ ဒီလူစုကို အားလုံးက ဆန့်ကျင်ရမှာပါပဲ။ တိုက်ဖျက်ရမှာပဲ ဖြစ်ပါတယ်။
ဒီအပေါ်မှာ ပြည်သူအားလုံး(ပြည်သူအားလုံး)က အကြမ်းဖက် ဝါဒကို အားမပေးဖို့၊ ဆန့်ကျင်ဖို့ လိုပါတယ်။ အခြား မလိုလားအပ်တဲ့ ပဋိပက္ခတွေ ကူးစက်ပြန့်ပွားမှု မဖြစ်စေဖို့ နိုင်ငံသားအားလုံးက သတိကြီးကြီး ထားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
နိုင်ငံတော်အပိုင်း၊ တပ်မတော်အပိုင်းကတော့ လုပ်သင့်လုပ်ထိုက်တာ၊ လုပ်ဖို့ လိုအပ်တာ အားလုံးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက် ရှိပါတယ်။
အမြော်အမြင် ရှိရှိ၊ သတိရှိရှိ၊ တာဝန် သိသိ သုံးသပ်နိုင်ဖို့ တင်ပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်။
#Credit mcntv.biz