အမ်ားျပည္သူ နားမခံႏိုင္ေအာင္ ဆူညံမႈျပဳလုပ္လွ်င္ ေထာင္ဒဏ္ ၆ လအထိ ခ်မွတ္ႏုိင္
#Zawgyi
ရပ္ကြက္အတြင္း အမ်ားျပည္သူ နားမခံႏိုင္ေလာက္တဲ့ ဆူညံသံေတြ ဖန္တီးတာဟာ ဥပေဒေၾကာင္းအရ အေရးယူႏိုင္သလို ေထာင္ ၆ လအထိ ခ်ခံရႏိုင္ပါတယ္။
ရပ္ကြက္ သို႔မဟုတ္ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးဥပေဒမွာ ရပ္ကြက္အတြင္း အသံခ်ဲ႕စက္လိုမ်ိဳး ဆူညံမႈမ်ား ျပဳလုပ္မယ္ဆိုရင္ ခြင့္ျပဳခ်က္ယူရမယ့္အျပင္ သတ္မွတ္စည္းကမ္းေတြကို မလိုက္နာပါက ေငြဒဏ္ေဆာင္ရမယ္လို႔ ေဖာ္ျပထားပါတယ္။
ဒါ့အျပင္ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးအာဏာပုိင္က တားျမစ္တာကို ဆက္လက္လုပ္မယ္ဆိုရင္ ရာဇသတ္ႀကီးပုဒ္မ ၂၉၁ အရ ေထာင္ဒဏ္ ၆ လအထိ ခ်မွတ္ခံရႏိုင္သလို ရပ္ကြက္ သို႔မဟုတ္ ေက်းရြာ အုပ္ခ်ဳပ္ေရးဥပေဒရဲ႕ နည္းဥပေဒပါ ျပ႒ာန္းခ်က္ေတြအရ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးပိုင္းကို ၃ ရက္ ႀကိဳတင္ရမယ္လို႔ ေဖာ္ျပထားပါတယ္။
“အေရးယူႏိုင္တယ္ဆိုတဲ့ ေနရာမွာ ပုဒ္မအရ ပထမတႀကိမ္မွာေတာ့ သိပ္ၿပီးေတာ့ ျပင္းျပင္းထန္ထန္ေတာ့ မရွိဘူး။ တကယ္လို႔မ်ား Public စိတ္ၿငိဳျငင္ေစတဲ့ အေျခအေနမ်ဳိး ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ သက္ဆိုင္ရာ ရပ္ကြက္၊ ေက်းရြာေကာင္စီကို သြားၿပီးေတာ့ တိုင္တန္းဖို႔ လိုတယ္။ ရဲစခန္းေတြ၊ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးေတြကို သြားတိုင္တန္းဖို႔ လိုပါတယ္။ တိုင္တန္းမယ္ဆိုရင္လည္း ဒါ ရဲအေရးပိုင္တဲ့ကိစၥရွိတယ္။ ရဲအေရးမပိုင္တဲ့ကိစၥရွိတယ္။ တားျမစ္ထားတာမွ ဆက္လုပ္မယ္ဆိုရင္ေတာ့ ရာဇသတ္ႀကီး ဥပေဒပုဒ္မ-၂၉၁ အရ ထိထိေရာက္ေရာက္ အေရးယူႏိုင္တယ္။ အလုပ္မဲ့ေထာင္ဒဏ္ ၆ လအထိ ခ်မွတ္ႏိုင္တဲ့အထိ ရွိပါတယ္” လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေမာင္ေမာင္၀င္းက ေျပာပါတယ္။
သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးပိုင္းေတြအေနနဲ႔ ရပ္ကြက္အတြင္း ဆူညံမႈေတြေၾကာင့္ ျပည္သူလူထု စိတ္အေႏွာင့္အယွက္မျဖစ္ေအာင္ ထိန္းသိမ္းထားေပမယ့္ နယ္ေက်ာ္လာတဲ့ အလႉခံေတြ မ်ားလာတာေၾကာင့္ ဆူညံမႈေတြ ပိုျဖစ္လာတယ္လို႔ တာေမြၿမိဳ႕နယ္ ေက်ာက္ေျမာင္းႀကီးရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးစုိးျမင့္က ေျပာပါတယ္။
“အရင္တုန္းနဲ႔ မတူေတာ့ဘူးဗ်။ အခုေနာက္ပိုင္း အရမ္းမ်ားလာလို႔ ဒီျပႆနာတက္တာ။ ရပ္ၿပီးေတာ့ ေအာ္ေနတယ္ဆိုရင္ ဒါကေတာ့ ထိခိုက္တာေပါ့။ အခုက မဟုတ္ဘူး၊ မ်ားလို႔။ အလႉခံအဖြဲ႔ေတြမ်ားလို႔ မခံႏိုင္တာ။ တဖြဲ႔သြားၿပီး မၾကာေသးဘူး ေနာက္တဖြဲ႔၀င္လာတယ္။ ရန္ကုန္သူ ရန္ကုန္သားဆိုတာက တခါတေလက်ေတာ့ အိပ္တာက ညဥ့္နက္တယ္။ က်ေနာ္တို႔ေဒသေတြဆို တခါတေလက်ေတာ့ မနက္အေစာႀကီး မထခ်င္ဘူး။ အဲဒီအခ်ိန္မွာ ၆ နာရီေက်ာ္ ၇ နာရီေလာက္ကတည္းက ဒီအသံေတြက စဥ္ဆက္မျပတ္လို ျဖစ္လာတယ္။ အဲလိုျပႆနာေလးေတြက ျဖစ္တာ။”
ဥပေဒပါျပ႒ာန္းခ်က္ေတြအရ ရပ္ကြက္အုပ္ခ်ဳပ္ေရးပိုင္း တာဝန္ရွိသူေတြကို ခြင့္ေတာင္းခံတာေတြ မရွိသလို ဘာသာေရးအရ နားလည္မႈေတြနဲ႔ ရပ္ကြက္ေနျပည္သူေတြ စိတ္အေႏွာင့္အယွက္မရွိေအာင္ ျပဳလုပ္တာေတြေတာ့ ရွိပါတယ္။
ဒီလို အသံခ်ဲ႕စက္ ဆူညံမႈေတြနဲ႔ ပံုမွန္ထက္ပိုတဲ့ ဆူညံမႈေတြေၾကာင့္ လူေတြရဲ႕ စိတ္ပိုင္းဆိုင္ရာေတြကို ထိခိုက္ႏိုင္တဲ့အျပင္ ေသြးတိုးေရာဂါ၊ အိပ္မေပ်ာ္တဲ့ေရာဂါေတြအထိပါ ျဖစ္ႏိုင္တယ္လို႔ ေဆးသုေတသန မွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။
________________________________________________________________________
#Unicode
ရပ်ကွက်အတွင်း အများပြည်သူ နားမခံနိုင်လောက်တဲ့ ဆူညံသံတွေ ဖန်တီးတာဟာ ဥပဒေကြောင်းအရ အရေးယူနိုင်သလို ထောင် ၆ လအထိ ချခံရနိုင်ပါတယ်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေမှာ ရပ်ကွက်အတွင်း အသံချဲ့စက်လိုမျိုး ဆူညံမှုများ ပြုလုပ်မယ်ဆိုရင် ခွင့်ပြုချက်ယူရမယ့်အပြင် သတ်မှတ်စည်းကမ်းတွေကို မလိုက်နာပါက ငွေဒဏ်ဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်က တားမြစ်တာကို ဆက်လက်လုပ်မယ်ဆိုရင် ရာဇသတ်ကြီးပုဒ်မ ၂၉၁ အရ ထောင်ဒဏ် ၆ လအထိ ချမှတ်ခံရနိုင်သလို ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးဥပဒေရဲ့ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကို ၃ ရက် ကြိုတင်ရမယ်လို့ ဖော်ပြထားပါတယ်။
“အရေးယူနိုင်တယ်ဆိုတဲ့ နေရာမှာ ပုဒ်မအရ ပထမတကြိမ်မှာတော့ သိပ်ပြီးတော့ ပြင်းပြင်းထန်ထန်တော့ မရှိဘူး။ တကယ်လို့များ Public စိတ်ငြိုငြင်စေတဲ့ အခြေအနေမျိုး ဖြစ်ခဲ့မယ်ဆိုရင်တော့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကောင်စီကို သွားပြီးတော့ တိုင်တန်းဖို့ လိုတယ်။ ရဲစခန်းတွေ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးတွေကို သွားတိုင်တန်းဖို့ လိုပါတယ်။ တိုင်တန်းမယ်ဆိုရင်လည်း ဒါ ရဲအရေးပိုင်တဲ့ကိစ္စရှိတယ်။ ရဲအရေးမပိုင်တဲ့ကိစ္စရှိတယ်။ တားမြစ်ထားတာမှ ဆက်လုပ်မယ်ဆိုရင်တော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၉၁ အရ ထိထိရောက်ရောက် အရေးယူနိုင်တယ်။ အလုပ်မဲ့ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်တဲ့အထိ ရှိပါတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက ပြောပါတယ်။
သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းတွေအနေနဲ့ ရပ်ကွက်အတွင်း ဆူညံမှုတွေကြောင့် ပြည်သူလူထု စိတ်အနှောင့်အယှက်မဖြစ်အောင် ထိန်းသိမ်းထားပေမယ့် နယ်ကျော်လာတဲ့ အလှူခံတွေ များလာတာကြောင့် ဆူညံမှုတွေ ပိုဖြစ်လာတယ်လို့ တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ပြောပါတယ်။
“အရင်တုန်းနဲ့ မတူတော့ဘူးဗျ။ အခုနောက်ပိုင်း အရမ်းများလာလို့ ဒီပြဿနာတက်တာ။ ရပ်ပြီးတော့ အော်နေတယ်ဆိုရင် ဒါကတော့ ထိခိုက်တာပေါ့။ အခုက မဟုတ်ဘူး၊ များလို့။ အလှူခံအဖွဲ့တွေများလို့ မခံနိုင်တာ။ တဖွဲ့သွားပြီး မကြာသေးဘူး နောက်တဖွဲ့ဝင်လာတယ်။ ရန်ကုန်သူ ရန်ကုန်သားဆိုတာက တခါတလေကျတော့ အိပ်တာက ညဉ့်နက်တယ်။ ကျနော်တို့ဒေသတွေဆို တခါတလေကျတော့ မနက်အစောကြီး မထချင်ဘူး။ အဲဒီအချိန်မှာ ၆ နာရီကျော် ရ နာရီလောက်ကတည်းက ဒီအသံတွေက စဉ်ဆက်မပြတ်လို ဖြစ်လာတယ်။ အဲလိုပြဿနာလေးတွေက ဖြစ်တာ။”
ဥပဒေပါပြဋ္ဌာန်းချက်တွေအရ ရပ်ကွက်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေကို ခွင့်တောင်းခံတာတွေ မရှိသလို ဘာသာရေးအရ နားလည်မှုတွေနဲ့ ရပ်ကွက်နေပြည်သူတွေ စိတ်အနှောင့်အယှက်မရှိအောင် ပြုလုပ်တာတွေတော့ ရှိပါတယ်။
ဒီလို အသံချဲ့စက် ဆူညံမှုတွေနဲ့ ပုံမှန်ထက်ပိုတဲ့ ဆူညံမှုတွေကြောင့် လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ထိခိုက်နိုင်တဲ့အပြင် သွေးတိုးရောဂါ၊ အိပ်မပျော်တဲ့ရောဂါတွေအထိပါ ဖြစ်နိုင်တယ်လို့ ဆေးသုတေသန မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
#Credit Mizzima