အသက္ရွင္ဖို႔အေရး ၀န္ပိေနၾကသူမ်ား
#Zawgyi
ျမန္မာႏုိင္ငံတြင္ ႏုိင္ငံ့ဘ႑ာႏွင့္ လူမႈက်န္းမာေရး အာမခံပူးေပါင္းသည့္ က်န္းမာေရး အာမခံစနစ္ အားနည္းျခင္းေၾကာင့္ က်န္းမာေရးေစာင့္ေရွာက္မႈအတြက္ လူနာမွစိုက္ထုတ္ ကုန္က်ရသည့္ အသံုးစရိတ္မွာ ျမင့္မားလ်က္ရွိသည္။ အေျခခံလူတန္းစား မ်ားျပားသည့္ ျမန္မာႏုိင္ငံတြင္ စား၀တ္ေနေရးအတြက္ပင္ အလ်ဥ္မီရန္ပင္ ႀကိဳးစား႐ုန္းကန္ေနၾကရသည္။ လူအမ်ားက ၀င္ေငြ၏ ရာခိုင္ႏႈန္းအမ်ားစုကို ေနထိုင္စရိတ္၊ စားစရိတ္တြင္ အမ်ားစု အသံုးျပဳၾကရသည့္အတြက္ ေနာင္ေရးအတြက္ စုေဆာင္း ေငြ၊ က်န္းမာေရးအတြက္ စုေဆာင္းေငြဆိုသည္မွာ ေ၀၀ါးဆဲ။
အိမ္ေထာင္စုတစ္စုတြင္ မိသားစု၀င္တစ္ဦး မက်န္းမာပါက ေငြေၾကး၊ အခ်ိန္ကအစ အခက္အခဲ ေပါင္းေျမာက္ျမားစြာရွိလွသည္။ ယေန႔ေခတ္ရဲ႕ က်န္းမာေရး ၀န္ေဆာင္မႈမ်ားမွာ ေငြေၾကးရွိသူမ်ား အတြက္ဆိုလွ်င္ေတာ့ မပူမပင္ သက္ေသာင့္သက္သာ ရွိလွေသာ္လည္း အမ်ားစုမွာေတာ့ အသက္ဆက္ဖို႔အေရး ၀န္ပိေနၾကသူမ်ားသာ ျဖစ္သည္။ ေဆးကုသစရိတ္မတတ္ႏုိင္၍ ေဆးမကုသူမ်ား၊ ေဆးကုသမႈ ခံယူရန္ လက္လွမ္းမမီသူမ်ား၊ စား၀တ္ေနေရးထက္ က်န္းမာေရးဆိုတာကို မ်က္ကြယ္ျပဳထားရသူမ်ား ျမန္မာႏုိင္ငံမွာ ဒုနဲ႔ေဒး။ နာတာရွည္ ေရာဂါမဆိုထားႏွင့္ ဖ်ားနာမႈကိုပင္ ေဆးၿမီးတို၊ စပ္ေဆးဆိုတာႏွင့္ ေျဖရွင္းေနၾကသည္။ ဒါေတြက ဘာေၾကာင့္ပါလဲ။
ဥပမာတစ္ခုနဲ႔ ေျပာၾကရေအာင္။ ဇနီးေမာင္ႏွံႏွစ္ဦး၊ ႏွစ္ဦးလံုး ၀င္ေငြ အသင့္အတင့္ရွိတယ္။ တစ္လကို အနည္းဆံုးငါးသိန္းနဲ႔ ရွစ္သိန္းၾကား ၀င္တယ္ဆိုပါစို႔။ သူတို႔မွာ အနာဂတ္ မိသားစုကေလး ရွိလာတယ္။ ဒီေတာ့ ကိုယ္၀န္ေဆာင္ ေစာင့္ေရွာက္မႈအတြက္ ကိုယ္၀န္အပ္ရပါၿပီ။ ၿမိဳ႕နယ္အတြင္းထဲမွာဖြင့္ထားတဲ့ ပုဂၢလိကေဆးခန္းမွာ သြားျပရင္ေတာင္ တစ္ႀကိမ္ ေဆးခန္းျပရင္ ဆရာ၀န္စမ္းသပ္ခ အပါအ၀င္ ေဆးကုသစရိတ္ က်ပ္တစ္ေသာင္းခြဲမွ ႏွစ္ေသာင္း၀န္းက်င္ အနည္းဆံုး ကုန္က်ပါတယ္။ ဒါဟာ တစ္ႀကိမ္ျပသစရိတ္ပါ။ ကိုယ္၀န္ရင့္လာသည္ႏွင့္အမွ် (သို႔) ကိုယ္၀န္ေဆာင္မိခင္၏ က်န္းမာေရးအေျခအေနအရ တစ္ပတ္ျခား၊ ႏွစ္ပတ္ျခား၊ တစ္လတစ္ႀကိမ္ မေမြးဖြားမီအထိ စဥ္ဆက္မျပတ္ က်န္းမာေရးေစာင့္ေရွာက္မႈ ခံယူရပါတယ္။ ဒါေတြတင္မၿပီးပါ။ မိခင္နဲ႔ကေလးအတြက္ လိုအပ္တဲ့ ျဖည့္စြက္အာဟာရ၊ ကိုယ္၀န္ေဆာင္ ႏို႔မႈန္႔၊အားေဆး၊ မိခင္ႏွင့္ ကေလးအတြက္ လိုအပ္တဲ့ တစ္ကိုယ္ေရသံုး ပစၥည္းမွအစ ျပင္ဆင္ထားရေသးသည္။ ကေလးမီးဖြားရင္ ေဆး႐ံုစရိတ္၊ ဆရာ၀န္စရိတ္ မပါေသး။ ကိုယ္၀န္ေဆာင္စဥ္ကာလမွာပင္ သူမ၏က်န္းမာေရး အသံုးစရိတ္မွာ အနည္းဆုံး ပ်မ္းမွ် တစ္လက်ပ္တစ္သိန္းခြဲမွ ႏွစ္သိန္းၾကား သံုးစြဲရသည္။ ယေန႔ေခတ္ ပုဂၢလိကေဆး႐ံု တစ္ခုတြင္ ကေလးမီးဖြားပါက အနည္းဆံုး ကုန္က်စရိတ္ က်ပ္ ၁၀ သိန္းမွ ၁၅ သိန္း၀န္းက်င္ ကုန္က်မည္ျဖစ္သည္။ ပံုမွန္၀င္ေငြရွိသည့္ မိသားစုအတြက္ဆိုလွ်င္ ဒီပမာဏသည္ တတ္ႏုိင္သည့္အဆင့္ ျဖစ္ေသာ္ျငားလည္း ၀င္ေငြနည္းပါးသူမ်ားအတြက္ ဆိုလွ်င္ေတာ့ ဒီပမာဏသည္ ေခါင္းမီးေတာက္ ၀န္ပိစရာပင္။
ယေန႔ေခတ္ က်န္းမာေရး ကုန္က်စရိတ္မ်ားမွာ ျမင့္မားလွသည္။ ‘ေငြရွိမွ အသက္ရွင္မယ့္ေခတ္’ လို႔လည္း လူအမ်ားက ခိုင္းႏႈိင္းေျပာဆိုရေအာင္ ေငြမရွိရင္ ေဆးကုသမႈ မခံယူႏုိင္ပါ။ ၀င္ေငြနည္း မိသားစုမ်ား မဆိုထားႏွင့္ မရွိမရွားဆိုသည့္ လူလတ္တန္းစားမ်ား၊ ပံုမွန္၀င္ေငြျဖင့္ အသင့္အတင့္ ေနထိုင္ႏုိင္သူမ်ား၊ ပံုမွန္၀င္ေငြ နည္းေသာ္ျငားလည္း စုမိေဆာင္းမိ ရွိထားၿပီးသူမ်ားပင္ နာတာရွည္ လူနာတစ္ဦးအတြက္ ေရရွည္ ေဆးကုသစရိတ္ အသံုးျပဳေနရလွ်င္ပင္ အခက္အခဲႏွင့္ရင္ဆိုင္ရသည္။
ခြဲစိတ္ကုသမႈတစ္ခုအတြက္ အိမ္ေရာင္း၊ ကားေရာင္း၊ ပိုင္ဆိုင္မႈတခ်ဳိ႕ ထုတ္သံုးရသူ မ်ားစြာရွိသည္။ မိသားစု၀င္တစ္ဦး ေဆးကုဖို႔အတြက္ ေမာင္ႏွမ၊ သားသမီး၊ ေဆြမ်ဳိးသားခ်င္းမ်ားက စရိတ္မွ်ခံ ကုသေနရသည္မ်ားလည္း ရွိေနသည္။
ျပည္တြင္းက ပုဂၢလိကေဆး႐ံုတစ္ခုမွာ ႏွလံုးခြဲစိတ္ကုသမႈတစ္ခုအတြက္ လူနာရဲ႕ေရာဂါအေျခအေန ေပၚမူတည္ၿပီး က်ပ္သိန္း ၅၀ မွ ၁၀၀ ၾကား ကုန္က်မည္။ ႏွလံုးေသြးေၾကာ အစားထိုးကုသမႈအတြက္ က်ပ္သိန္း ၃၀ မွ ၅၀ ၾကား ကုန္က်မည္။ နာတာရွည္ ေရာဂါတစ္မ်ဳိးမ်ဳိးျဖင့္ ပုဂၢလိကေဆး႐ံုတစ္႐ံုတြင္ တစ္ႀကိမ္ျပသမည္ဆိုပါက အထူးကု ဆရာ၀န္ စမ္းသပ္စရိတ္ က်ပ္တစ္ေသာင္း၊ ေဆးဖိုးကုန္က်စရိတ္ အပါအ၀င္ က်ပ္တစ္ေသာင္းခြဲမွ သံုးေသာင္းၾကားမွာ ပ်မ္းမွ်အားျဖင့္ ကုန္က်စရိတ္ရွိသည္။
ေက်ာက္ကပ္ေဆးေနရသည့္ ေက်ာက္ကပ္လူနာ တစ္ဦးအတြက္ ပ်မ္းမွ် က်န္းမာေရးကုန္က်စရိတ္မွာ အထူးကုဆရာ၀န္ စမ္းသပ္ၾကည့္႐ႈခ က်ပ္တစ္ေသာင္း၊ ေက်ာက္ကပ္ေဆးပါက ေက်ာက္ကပ္ေဆးခ၊ ေဆးသြင္းခ က်ပ္ငါးေသာင္း အပါအ၀င္ တစ္ႀကိမ္ ေက်ာက္ကပ္ေဆးမည္ဆိုပါက က်ပ္ခုနစ္ေသာင္းမွ ရွစ္ေသာင္းၾကား ကုန္က်သည္။တစ္ပတ္လွ်င္ ႏွစ္ႀကိမ္ တစ္လလွ်င္ ရွစ္ႀကိမ္ ေဆးရသည္ဟု သိရသည္။ ဒါတင္မကေသး လူနာအတြက္ ျဖည့္စြက္စာ၊ ေသာက္ေဆးမ်ားပါ ပါ၀င္မည္ဆိုပါက ေက်ာက္ကပ္ေဆးလူနာတစ္ဦး၏ တစ္လအတြက္ က်န္းမာေရးကုန္က်စရိတ္ က်ပ္ ခုနစ္သိန္းမွ ရွစ္သိန္းၾကား ကုန္က်ျမဲျဖစ္သည္။
ေက်ာက္ကပ္ အစားထိုးမည္ဆိုလွ်င္ ယခုထက္ ပိုမိုကုန္က်ႏုိင္ၿပီး အစိုးရေဆး႐ံုတြင္ပင္ က်ပ္ သိန္း ၅၀ မွ ၇၀ ၀န္းက်င္ ကုန္က်သည္ဟုဆိုသည္။ ဒါကိုၾကည့္ရင္ နာတာရွည္ လူနာတစ္ဦးအတြက္ မိသားစုက အသံုးျပဳရသည့္ က်န္းမာေရး ကုန္က်စရိတ္မွာ မသက္သာလွေပ။
လူအမ်ားစုမွာ ေဆးကုရမည္၊ ေဆး႐ံုတက္ရမည္ဆိုလွ်င္ အခ်ိန္ကုန္၊ ေငြကုန္၊ လူပင္ပန္းသည့္အတြက္ အလြန္ေၾကာက္တတ္ၾကသည္။ ေတာ္႐ံုေရာဂါေလာက္ျဖင့္ ေဆး႐ံုေဆးခန္း မသြားတတ္ၾက။ ထိုကဲ့သို႔ အမူအက်င့္မ်ားေၾကာင့္လည္း ေရာဂါအဆင့္လြန္မွသိၿပီး ေဆးကုသမႈ ခံယူရသူမ်ားစြာ ရွိေနျခင္းျဖစ္သည္။
ဒါဆို ပုဂၢလိကေဆး႐ံုေတြမွာမကုဘဲ အစိုးရျပည္သူ႔ေဆး႐ံုမွာပဲ ကုေပါ့လို႔ေျပာမယ္ဆိုလည္း အစိုးရေဆး႐ံုမွာလည္း ၀န္နဲ႔အားႏွင့္မမွ်။ လူနာ ၁၀၀၀ သာ လက္ခံႏုိင္သည့္ ေဆး႐ံုက လူနာ ၁၀၀၀၀ ေလာက္ ကုသေပးေနရသည္။ ၂၀၁၀ ျပည့္ႏွစ္ ေနာက္ပိုင္း အစိုးရက ႏိုင္ငံသားမ်ား က်န္းမာေရးစရိတ္ စိုက္ထုတ္ကုန္က်ေငြ သက္သာေစေရးအတြက္ အခ်ဳိ႕ေဆး၀ါးမ်ား၊ ေဆးကုသမႈအစီအစဥ္မ်ားကို အခမဲ့ လုပ္ေဆာင္ေပးခဲ့ၿပီး ေနာက္လူနာမ်ား အဆမတန္ မ်ားျပားလာသည္။ လူနာဦးေရႏွင့္ က်န္းမာေရး၀န္ထမ္း မမွ်ျခင္းေၾကာင့္ ေန႔စဥ္ႏွင့္အမွ် ရင္ဆိုင္ေနသည့္ ျပႆနာမွာ မ႐ိုးႏုိင္။ လူနာဦးေရ မ်ားျပားလွသည့္ အစိုးရေဆး႐ံုတြင္ ေက်ာက္ကပ္ တစ္ႀကိမ္ေဆးရန္ပင္ အခ်ိန္လႏွင့္ခ်ီ ေစာင့္ရသည္။ အလ်ဥ္းလို၍မရ ကိုယ့္လို ေစာင့္ေနရသူေပါင္း မ်ားစြာ။
အခ်ိန္ေစာင့္မကုႏုိင္သူမ်ား၊ အခ်ိန္မေပးႏုိင္သူမ်ားအတြက္ကေတာ့ ပုဂၢလိကေဆး႐ံုႀကီးမ်ားကိုသာ မျဖစ္မေန သြားေနၾကရဆဲ။ ပုဂၢလိကေဆး႐ံုေဆးခန္းမ်ား၏ ေဆးကုသစရိတ္မ်ားမွာလည္း အခ်ိန္ႏွင့္အမွ် ေျပာင္းလဲေနသည္။ လြန္ခဲ့ေသာႏွစ္မ်ားက ဆရာ၀န္ႀကီးမ်ား၏စမ္းသပ္ခမွာ က်ပ္ငါးေထာင္ ၀န္းက်င္သာ ရွိခဲ့ေသာ္လည္း ယေန႔အခ်ိန္မွာေတာ့ က်ပ္တစ္ေသာင္းပါ။ အရင္က ဆီးခ်ဳိေသြးခ်ဳိ လူနာတစ္ဦး ပံုမွန္ေဆးခန္းျပရင္ က်ပ္တစ္ေသာင္းမွ တစ္ေသာင္းခြဲ၀န္းက်င္သာ ကုန္က်ခဲ့ၿပီး ဒီေန႔လို အခ်ိန္မ်ဳိးမွာေတာ့ က်ပ္ႏွစ္ေသာင္းနဲ႔သံုးေသာင္းၾကား ကုန္ပါသည္။ စမ္းသပ္ခေတြ ေစ်းတက္သလို က်န္းမာေရး၀န္ေဆာင္ခေတြ၊ ေဆးေတြလည္း ေစ်းတက္ပါသည္။ ပုဂၢလိကေဆး႐ံုမွာ ေသြးတစ္ပုလင္းကို က်ပ္ေလးေသာင္း ေပးရပါတယ္။ ဒါဟာ ေသြးလွဴရွင္က ေသြးလွဴဖိုးမပါ ေသြးစစ္ေဆးခခ်ည္း သက္သက္သာျဖစ္ပါသည္။ လွဴတဲ့သူက လွဴတာေတာင္ ဘာေၾကာင့္ ၄၀၀၀၀ ယူသလဲဆို သည့္ေမးခြန္း လူေတြက ေမးၾကသည္။ ေသြးစစ္ေဆးခဆိုသည္မွာ ေသြးတြင္ အသည္းေရာင္အသား၀ါပိုး၊ အိပ္ခ်္အိုင္ဗြီပိုး၊ ငွက္ဖ်ားပိုး၊ ကာလသားေရာဂါမ်ား ပါ၀င္မႈ ရွိ မ ရွိ ဓာတ္ခြဲခန္းတြင္ စစ္ေဆးခ်က္၊ ေသြးအိတ္ဖိုး၊ ပိုက္ဖိုး စသည္တို႔ကို စစ္ေဆးျခင္းအတြက္ ယူျခင္းျဖစ္သည္ဟု ဆိုသည္။
ပုဂၢလိကေဆး႐ံုတြင္ မည္သည့္အရာမွ် အခမဲ့မရွိပါ။ လူနာရွင္ကသာ အလံုးစံု အကုန္အက်ခံရသည္။ အခ်ဳိ႕ေသာ ခြဲစိတ္ကုသမႈမ်ဳိးဆိုလွ်င္ ျပည္တြင္း၌ကုသလွ်င္ ကုန္က်မည့္ ကုန္က်စရိတ္ႏွင့္ အိမ္နီးခ်င္းႏုိင္ငံမ်ားတြင္ကုသလွ်င္ ကုန္က်မည့္ ကုန္က်စရိတ္ သိပ္မကြာသည့္အတြက္ ေငြေၾကးတတ္ႏုိင္သူမ်ားက ျပည္ပထြက္ ကုသမႈမ်ားလည္းရွိလာသည္။ ေစ်းႏႈန္းတူလွ်င္ ၀န္ေဆာင္မႈ အယွဥ္ခံရမည္။ ျပည္တြင္းမွာရမည့္ ၀န္ေဆာင္မႈႏွင့္ ျပည္ပေဆး႐ံုမ်ားက ေပးမည့္ ၀န္ေဆာင္မႈ ယွဥ္လာၾကသည္။ ျပည္တြင္းရွိ ပုဂၢလိကေဆး႐ံုမ်ား၏ ေစ်းႏႈန္းမ်ားမွာလည္း ႏွစ္အလိုက္ ေျပာင္းလဲမႈမ်ားရွိလာၿပီး ပုဂၢလိကေဆး႐ံု လုပ္ငန္းရွင္မ်ားဘက္ကေတာ့ လူ႔စြမ္းအား အရင္းအျမစ္ရွားပါးမႈ၊ ကြၽမ္းက်င္၀န္ထမ္း ရွားပါးမႈ၊ ေဆးေစ်းႏႈန္းမ်ားျမင့္ တက္လာမႈ ၊ေဆးကုသရာတြင္ အသံုးျပဳရသည့္ စက္ပစၥည္းမ်ားတိုးခ်ဲ႕ ၀ယ္ယူအသံုးျပဳရမႈ၊ အခြန္အခႏႈန္းထားမ်ား ေျပာင္းလဲလာမႈ စသည္မ်ားေၾကာင့္ ေစ်းႏႈန္းမ်ား ေျပာင္းလဲရျခင္းျဖစ္သည္ဟု ေျပာၾကားၾကသည္။ ပုဂၢလိကေဆး႐ံုတြင္ တာ၀န္ထမ္းေဆာင္ေနသည့္ သူနာျပဳတစ္ဦး၏ လစာမွာ လြန္ခဲ့ေသာငါးႏွစ္က ႏွစ္သိန္းမွ သံုးသိန္းၾကားေပး၍ရေသာ္လည္း ယခုလို အခ်ိန္တြင္ ေလးသိန္းမွ ငါးသိန္းၾကား ေပးေနရသည္ဟုဆိုသည္။ ယင္းကုန္က်စရိတ္မ်ားကို တစ္နည္းအားျဖင့္ လူနာမ်ားကသာ က်ခံေပးေနရျခင္းျဖစ္သည္။
ပုဂၢလိကက်န္းမာေရးလုပ္ငန္းမ်ားသည္ ျပည္သူမ်ားအတြက္ မွ်တေသာစရိတ္ျဖင့္ အရည္အေသြး ေကာင္းမြန္ေသာ ၀န္ေဆာင္မႈမ်ားကို ေပးႏုိင္ရန္ လိုအပ္ပါသည္။ ျပည္တြင္းတြင္ ပုဂၢလိကေဆး႐ံု စုစုေပါင္း ၂၀၀ ေက်ာ္ရွိၿပီး အထူးကုေဆးခန္းေပါင္း ၅၀၀ ေက်ာ္ရွိပါသည္။ လက္ရွိ အစိုးရအေနျဖင့္ ႏုိင္ငံတစ္ႏုိင္ငံ၏ က်န္းမာေရး အဆင့္အတန္းကို ဆံုးျဖတ္ေပးႏုိင္သည့္ ဆင္းရဲခ်မ္းသာမေရြး ႏုိင္ငံသားတုိင္း လက္လွမ္းမီႏုိင္ေသာ က်န္းမာေရးစနစ္ကိုရရွိရန္ ဦးတည္လုပ္ေဆာင္လ်က္ရွိၿပီး ထိုသို႔လုပ္ေဆာင္ရာတြင္ ပုဂၢလိက က်န္းမာေရး က႑သည္လည္း အဓိက အခန္းက႑တြင္ ပါ၀င္ပါသည္။ ျပည္သူမ်ားအေနျဖင့္လည္း လူတိုင္းလက္လွမ္းမီေသာ က်န္းမာေရးစနစ္ကို လိုလားေတာင့္တေနၾကသည္။ က်န္းမာေရး ကုန္က်စရိတ္ႀကီးမားမႈဒဏ္ကို ျပည္သူမ်ားက ခံစားေနၾကရၿပီး အသက္ရွင္သန္ေရးအတြက္ ေငြေၾကးႏွင့္အသက္ ေလာင္းေၾကးထပ္ေနရသည့္ ဘ၀မ်ားမွလြတ္ေျမာက္ခ်င္ေနၾကၿပီ။
__________________________________________________________________________
#Unicode
မြန်မာနိုင်ငံတွင် နိုင်ငံ့ဘဏ္ဍာနှင့် လူမှုကျန်းမာရေး အာမခံပူးပေါင်းသည့် ကျန်းမာရေး အာမခံစနစ် အားနည်းခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူနာမှစိုက်ထုတ် ကုန်ကျရသည့် အသုံးစရိတ်မှာ မြင့်မားလျက်ရှိသည်။ အခြေခံလူတန်းစား များပြားသည့် မြန်မာနိုင်ငံတွင် စားဝတ်နေရေးအတွက်ပင် အလျဉ်မီရန်ပင် ကြိုးစားရုန်းကန်နေကြရသည်။ လူအများက ၀င်ငွေ၏ ရာခိုင်နှုန်းအများစုကို နေထိုင်စရိတ်၊ စားစရိတ်တွင် အများစု အသုံးပြုကြရသည့်အတွက် နောင်ရေးအတွက် စုဆောင်း ငွေ၊ ကျန်းမာရေးအတွက် စုဆောင်းငွေဆိုသည်မှာ ဝေဝါးဆဲ။
အိမ်ထောင်စုတစ်စုတွင် မိသားစုဝင်တစ်ဦး မကျန်းမာပါက ငွေကြေး၊ အချိန်ကအစ အခက်အခဲ ပေါင်းမြောက်မြားစွာရှိလှသည်။ ယနေ့ခေတ်ရဲ့ ကျန်းမာရေး ၀န်ဆောင်မှုများမှာ ငွေကြေးရှိသူများ အတွက်ဆိုလျှင်တော့ မပူမပင် သက်သောင့်သက်သာ ရှိလှသော်လည်း အများစုမှာတော့ အသက်ဆက်ဖို့အရေး ၀န်ပိနေကြသူများသာ ဖြစ်သည်။ ဆေးကုသစရိတ်မတတ်နိုင်၍ ဆေးမကုသူများ၊ ဆေးကုသမှု ခံယူရန် လက်လှမ်းမမီသူများ၊ စားဝတ်နေရေးထက် ကျန်းမာရေးဆိုတာကို မျက်ကွယ်ပြုထားရသူများ မြန်မာနိုင်ငံမှာ ဒုနဲ့ဒေး။ နာတာရှည် ရောဂါမဆိုထားနှင့် ဖျားနာမှုကိုပင် ဆေးမြီးတို၊ စပ်ဆေးဆိုတာနှင့် ဖြေရှင်းနေကြသည်။ ဒါတွေက ဘာကြောင့်ပါလဲ။
ဥပမာတစ်ခုနဲ့ ပြောကြရအောင်။ ဇနီးမောင်နှံနှစ်ဦး၊ နှစ်ဦးလုံး ၀င်ငွေ အသင့်အတင့်ရှိတယ်။ တစ်လကို အနည်းဆုံးငါးသိန်းနဲ့ ရှစ်သိန်းကြား ၀င်တယ်ဆိုပါစို့။ သူတို့မှာ အနာဂတ် မိသားစုကလေး ရှိလာတယ်။ ဒီတော့ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုအတွက် ကိုယ်ဝန်အပ်ရပါပြီ။ မြို့နယ်အတွင်းထဲမှာဖွင့်ထားတဲ့ ပုဂ္ဂလိကဆေးခန်းမှာ သွားပြရင်တောင် တစ်ကြိမ် ဆေးခန်းပြရင် ဆရာဝန်စမ်းသပ်ခ အပါအဝင် ဆေးကုသစရိတ် ကျပ်တစ်သောင်းခွဲမှ နှစ်သောင်းဝန်းကျင် အနည်းဆုံး ကုန်ကျပါတယ်။ ဒါဟာ တစ်ကြိမ်ပြသစရိတ်ပါ။ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ (သို့) ကိုယ်ဝန်ဆောင်မိခင်၏ ကျန်းမာရေးအခြေအနေအရ တစ်ပတ်ခြား၊ နှစ်ပတ်ခြား၊ တစ်လတစ်ကြိမ် မမွေးဖွားမီအထိ စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရပါတယ်။ ဒါတွေတင်မပြီးပါ။ မိခင်နဲ့ကလေးအတွက် လိုအပ်တဲ့ ဖြည့်စွက်အာဟာရ၊ ကိုယ်ဝန်ဆောင် နို့မှုန့်၊အားဆေး၊ မိခင်နှင့် ကလေးအတွက် လိုအပ်တဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းမှအစ ပြင်ဆင်ထားရသေးသည်။ ကလေးမီးဖွားရင် ဆေးရုံစရိတ်၊ ဆရာဝန်စရိတ် မပါသေး။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာပင် သူမ၏ကျန်းမာရေး အသုံးစရိတ်မှာ အနည်းဆုံး ပျမ်းမျှ တစ်လကျပ်တစ်သိန်းခွဲမှ နှစ်သိန်းကြား သုံးစွဲရသည်။ ယနေ့ခေတ် ပုဂ္ဂလိကဆေးရုံ တစ်ခုတွင် ကလေးမီးဖွားပါက အနည်းဆုံး ကုန်ကျစရိတ် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းဝန်းကျင် ကုန်ကျမည်ဖြစ်သည်။ ပုံမှန်ဝင်ငွေရှိသည့် မိသားစုအတွက်ဆိုလျှင် ဒီပမာဏသည် တတ်နိုင်သည့်အဆင့် ဖြစ်သော်ငြားလည်း ၀င်ငွေနည်းပါးသူများအတွက် ဆိုလျှင်တော့ ဒီပမာဏသည် ခေါင်းမီးတောက် ၀န်ပိစရာပင်။
ယနေ့ခေတ် ကျန်းမာရေး ကုန်ကျစရိတ်များမှာ မြင့်မားလှသည်။ ‘ငွေရှိမှ အသက်ရှင်မယ့်ခေတ်’ လို့လည်း လူအများက ခိုင်းနှိုင်းပြောဆိုရအောင် ငွေမရှိရင် ဆေးကုသမှု မခံယူနိုင်ပါ။ ၀င်ငွေနည်း မိသားစုများ မဆိုထားနှင့် မရှိမရှားဆိုသည့် လူလတ်တန်းစားများ၊ ပုံမှန်ဝင်ငွေဖြင့် အသင့်အတင့် နေထိုင်နိုင်သူများ၊ ပုံမှန်ဝင်ငွေ နည်းသော်ငြားလည်း စုမိဆောင်းမိ ရှိထားပြီးသူများပင် နာတာရှည် လူနာတစ်ဦးအတွက် ရေရှည် ဆေးကုသစရိတ် အသုံးပြုနေရလျှင်ပင် အခက်အခဲနှင့်ရင်ဆိုင်ရသည်။
ခွဲစိတ်ကုသမှုတစ်ခုအတွက် အိမ်ရောင်း၊ ကားရောင်း၊ ပိုင်ဆိုင်မှုတချို့ ထုတ်သုံးရသူ များစွာရှိသည်။ မိသားစုဝင်တစ်ဦး ဆေးကုဖို့အတွက် မောင်နှမ၊ သားသမီး၊ ဆွေမျိုးသားချင်းများက စရိတ်မျှခံ ကုသနေရသည်များလည်း ရှိနေသည်။
ပြည်တွင်းက ပုဂ္ဂလိကဆေးရုံတစ်ခုမှာ နှလုံးခွဲစိတ်ကုသမှုတစ်ခုအတွက် လူနာရဲ့ရောဂါအခြေအနေ ပေါ်မူတည်ပြီး ကျပ်သိန်း ၅၀ မှ ၁၀၀ ကြား ကုန်ကျမည်။ နှလုံးသွေးကြော အစားထိုးကုသမှုအတွက် ကျပ်သိန်း ၃၀ မှ ၅၀ ကြား ကုန်ကျမည်။ နာတာရှည် ရောဂါတစ်မျိုးမျိုးဖြင့် ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် တစ်ကြိမ်ပြသမည်ဆိုပါက အထူးကု ဆရာဝန် စမ်းသပ်စရိတ် ကျပ်တစ်သောင်း၊ ဆေးဖိုးကုန်ကျစရိတ် အပါအဝင် ကျပ်တစ်သောင်းခွဲမှ သုံးသောင်းကြားမှာ ပျမ်းမျှအားဖြင့် ကုန်ကျစရိတ်ရှိသည်။
ကျောက်ကပ်ဆေးနေရသည့် ကျောက်ကပ်လူနာ တစ်ဦးအတွက် ပျမ်းမျှ ကျန်းမာရေးကုန်ကျစရိတ်မှာ အထူးကုဆရာဝန် စမ်းသပ်ကြည့်ရှုခ ကျပ်တစ်သောင်း၊ ကျောက်ကပ်ဆေးပါက ကျောက်ကပ်ဆေးခ၊ ဆေးသွင်းခ ကျပ်ငါးသောင်း အပါအဝင် တစ်ကြိမ် ကျောက်ကပ်ဆေးမည်ဆိုပါက ကျပ်ခုနစ်သောင်းမှ ရှစ်သောင်းကြား ကုန်ကျသည်။တစ်ပတ်လျှင် နှစ်ကြိမ် တစ်လလျှင် ရှစ်ကြိမ် ဆေးရသည်ဟု သိရသည်။ ဒါတင်မကသေး လူနာအတွက် ဖြည့်စွက်စာ၊ သောက်ဆေးများပါ ပါ၀င်မည်ဆိုပါက ကျောက်ကပ်ဆေးလူနာတစ်ဦး၏ တစ်လအတွက် ကျန်းမာရေးကုန်ကျစရိတ် ကျပ် ခုနစ်သိန်းမှ ရှစ်သိန်းကြား ကုန်ကျမြဲဖြစ်သည်။
ကျောက်ကပ် အစားထိုးမည်ဆိုလျှင် ယခုထက် ပိုမိုကုန်ကျနိုင်ပြီး အစိုးရဆေးရုံတွင်ပင် ကျပ် သိန်း ၅၀ မှ ရ၀ ၀န်းကျင် ကုန်ကျသည်ဟုဆိုသည်။ ဒါကိုကြည့်ရင် နာတာရှည် လူနာတစ်ဦးအတွက် မိသားစုက အသုံးပြုရသည့် ကျန်းမာရေး ကုန်ကျစရိတ်မှာ မသက်သာလှပေ။
လူအများစုမှာ ဆေးကုရမည်၊ ဆေးရုံတက်ရမည်ဆိုလျှင် အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းသည့်အတွက် အလွန်ကြောက်တတ်ကြသည်။ တော်ရုံရောဂါလောက်ဖြင့် ဆေးရုံဆေးခန်း မသွားတတ်ကြ။ ထိုကဲ့သို့ အမူအကျင့်များကြောင့်လည်း ရောဂါအဆင့်လွန်မှသိပြီး ဆေးကုသမှု ခံယူရသူများစွာ ရှိနေခြင်းဖြစ်သည်။
ဒါဆို ပုဂ္ဂလိကဆေးရုံတွေမှာမကုဘဲ အစိုးရပြည်သူ့ဆေးရုံမှာပဲ ကုပေါ့လို့ပြောမယ်ဆိုလည်း အစိုးရဆေးရုံမှာလည်း ၀န်နဲ့အားနှင့်မမျှ။ လူနာ ၁၀၀၀ သာ လက်ခံနိုင်သည့် ဆေးရုံက လူနာ ၁၀၀၀၀ လောက် ကုသပေးနေရသည်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း အစိုးရက နိုင်ငံသားများ ကျန်းမာရေးစရိတ် စိုက်ထုတ်ကုန်ကျငွေ သက်သာစေရေးအတွက် အချို့ဆေးဝါးများ၊ ဆေးကုသမှုအစီအစဉ်များကို အခမဲ့ လုပ်ဆောင်ပေးခဲ့ပြီး နောက်လူနာများ အဆမတန် များပြားလာသည်။ လူနာဦးရေနှင့် ကျန်းမာရေးဝန်ထမ်း မမျှခြင်းကြောင့် နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေသည့် ပြဿနာမှာ မရိုးနိုင်။ လူနာဦးရေ များပြားလှသည့် အစိုးရဆေးရုံတွင် ကျောက်ကပ် တစ်ကြိမ်ဆေးရန်ပင် အချိန်လနှင့်ချီ စောင့်ရသည်။ အလျဉ်းလို၍မရ ကိုယ့်လို စောင့်နေရသူပေါင်း များစွာ။
အချိန်စောင့်မကုနိုင်သူများ၊ အချိန်မပေးနိုင်သူများအတွက်ကတော့ ပုဂ္ဂလိကဆေးရုံကြီးများကိုသာ မဖြစ်မနေ သွားနေကြရဆဲ။ ပုဂ္ဂလိကဆေးရုံဆေးခန်းများ၏ ဆေးကုသစရိတ်များမှာလည်း အချိန်နှင့်အမျှ ပြောင်းလဲနေသည်။ လွန်ခဲ့သောနှစ်များက ဆရာဝန်ကြီးများ၏စမ်းသပ်ခမှာ ကျပ်ငါးထောင် ၀န်းကျင်သာ ရှိခဲ့သော်လည်း ယနေ့အချိန်မှာတော့ ကျပ်တစ်သောင်းပါ။ အရင်က ဆီးချိုသွေးချို လူနာတစ်ဦး ပုံမှန်ဆေးခန်းပြရင် ကျပ်တစ်သောင်းမှ တစ်သောင်းခွဲဝန်းကျင်သာ ကုန်ကျခဲ့ပြီး ဒီနေ့လို အချိန်မျိုးမှာတော့ ကျပ်နှစ်သောင်းနဲ့သုံးသောင်းကြား ကုန်ပါသည်။ စမ်းသပ်ခတွေ စျေးတက်သလို ကျန်းမာရေးဝန်ဆောင်ခတွေ၊ ဆေးတွေလည်း စျေးတက်ပါသည်။ ပုဂ္ဂလိကဆေးရုံမှာ သွေးတစ်ပုလင်းကို ကျပ်လေးသောင်း ပေးရပါတယ်။ ဒါဟာ သွေးလှူရှင်က သွေးလှူဖိုးမပါ သွေးစစ်ဆေးခချည်း သက်သက်သာဖြစ်ပါသည်။ လှူတဲ့သူက လှူတာတောင် ဘာကြောင့် ၄၀၀၀၀ ယူသလဲဆို သည့်မေးခွန်း လူတွေက မေးကြသည်။ သွေးစစ်ဆေးခဆိုသည်မှာ သွေးတွင် အသည်းရောင်အသားဝါပိုး၊ အိပ်ချ်အိုင်ဗွီပိုး၊ ငှက်ဖျားပိုး၊ ကာလသားရောဂါများ ပါ၀င်မှု ရှိ မ ရှိ ဓာတ်ခွဲခန်းတွင် စစ်ဆေးချက်၊ သွေးအိတ်ဖိုး၊ ပိုက်ဖိုး စသည်တို့ကို စစ်ဆေးခြင်းအတွက် ယူခြင်းဖြစ်သည်ဟု ဆိုသည်။
ပုဂ္ဂလိကဆေးရုံတွင် မည်သည့်အရာမျှ အခမဲ့မရှိပါ။ လူနာရှင်ကသာ အလုံးစုံ အကုန်အကျခံရသည်။ အချို့သော ခွဲစိတ်ကုသမှုမျိုးဆိုလျှင် ပြည်တွင်း၌ကုသလျှင် ကုန်ကျမည့် ကုန်ကျစရိတ်နှင့် အိမ်နီးချင်းနိုင်ငံများတွင်ကုသလျှင် ကုန်ကျမည့် ကုန်ကျစရိတ် သိပ်မကွာသည့်အတွက် ငွေကြေးတတ်နိုင်သူများက ပြည်ပထွက် ကုသမှုများလည်းရှိလာသည်။ စျေးနှုန်းတူလျှင် ၀န်ဆောင်မှု အယှဉ်ခံရမည်။ ပြည်တွင်းမှာရမည့် ၀န်ဆောင်မှုနှင့် ပြည်ပဆေးရုံများက ပေးမည့် ၀န်ဆောင်မှု ယှဉ်လာကြသည်။ ပြည်တွင်းရှိ ပုဂ္ဂလိကဆေးရုံများ၏ စျေးနှုန်းများမှာလည်း နှစ်အလိုက် ပြောင်းလဲမှုများရှိလာပြီး ပုဂ္ဂလိကဆေးရုံ လုပ်ငန်းရှင်များဘက်ကတော့ လူ့စွမ်းအား အရင်းအမြစ်ရှားပါးမှု၊ ကျွမ်းကျင်ဝန်ထမ်း ရှားပါးမှု၊ ဆေးစျေးနှုန်းများမြင့် တက်လာမှု ၊ဆေးကုသရာတွင် အသုံးပြုရသည့် စက်ပစ္စည်းများတိုးချဲ့ ၀ယ်ယူအသုံးပြုရမှု၊ အခွန်အခနှုန်းထားများ ပြောင်းလဲလာမှု စသည်များကြောင့် စျေးနှုန်းများ ပြောင်းလဲရခြင်းဖြစ်သည်ဟု ပြောကြားကြသည်။ ပုဂ္ဂလိကဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် သူနာပြုတစ်ဦး၏ လစာမှာ လွန်ခဲ့သောငါးနှစ်က နှစ်သိန်းမှ သုံးသိန်းကြားပေး၍ရသော်လည်း ယခုလို အချိန်တွင် လေးသိန်းမှ ငါးသိန်းကြား ပေးနေရသည်ဟုဆိုသည်။ ယင်းကုန်ကျစရိတ်များကို တစ်နည်းအားဖြင့် လူနာများကသာ ကျခံပေးနေရခြင်းဖြစ်သည်။
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများသည် ပြည်သူများအတွက် မျှတသောစရိတ်ဖြင့် အရည်အသွေး ကောင်းမွန်သော ၀န်ဆောင်မှုများကို ပေးနိုင်ရန် လိုအပ်ပါသည်။ ပြည်တွင်းတွင် ပုဂ္ဂလိကဆေးရုံ စုစုပေါင်း ၂၀၀ ကျော်ရှိပြီး အထူးကုဆေးခန်းပေါင်း ၅၀၀ ကျော်ရှိပါသည်။ လက်ရှိ အစိုးရအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ ကျန်းမာရေး အဆင့်အတန်းကို ဆုံးဖြတ်ပေးနိုင်သည့် ဆင်းရဲချမ်းသာမရွေး နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်သော ကျန်းမာရေးစနစ်ကိုရရှိရန် ဦးတည်လုပ်ဆောင်လျက်ရှိပြီး ထိုသို့လုပ်ဆောင်ရာတွင် ပုဂ္ဂလိက ကျန်းမာရေး ကဏ္ဍသည်လည်း အဓိက အခန်းကဏ္ဍတွင် ပါ၀င်ပါသည်။ ပြည်သူများအနေဖြင့်လည်း လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစနစ်ကို လိုလားတောင့်တနေကြသည်။ ကျန်းမာရေး ကုန်ကျစရိတ်ကြီးမားမှုဒဏ်ကို ပြည်သူများက ခံစားနေကြရပြီး အသက်ရှင်သန်ရေးအတွက် ငွေကြေးနှင့်အသက် လောင်းကြေးထပ်နေရသည့် ဘဝများမှလွတ်မြောက်ချင်နေကြပြီ။
#Credit News Elevens