Update News
recent

ေသမင္းေၾကးမႈံ



#Payalawka Story
#Zawgyi
ကြ်ႏု္ပ္သည္ ျမင္းၿခံေထာင္၌ရွိစဥ္ အသက္ ၃၀ ခန္႔မ်ွရွိေသးေသာ ဇာတ္လမ္းေရးဆရာ နွင့္ ေတးေရး ေမာင္စိန္ဘန္း ဆိုသူသည္ လူသတ္မႈတစ္ခုျဖင့္ေရာက္လာ၍ ကြ်ႏု္ပ္ နွင့္အေတာ္အတန္ ခင္မင္ရင္းနွီးခ့ဲေလသည္။ေမာင္စိန္ဘန္းမွာ အသားလတ္လတ္၊နွာတံေပၚေပၚနွင့္ရုပ္ရည္သနားကမားရွိၿပီးလ်ွင္ စကားေျပာရာ၌လည္းတစ္လံုးခ်င္းစဥ္းစား၍ေျပာတတ္သူျဖစ္သည္။ အထူးသျဖင့္သူ၏မ်က္လံုးမ်ားမွာ ရီေဝေဝ ရွိၿပီးလ်ွင္ အနီးပတ္ဝန္းက်င္ကိုမၾကည့္မျမင္ဘဲအလြန္ေဝးလံေသာအရပ္သို႔ၾကည့္ေနသည့္အလား အုံ႔မႈိင္းလ်က္ရွိ၏။နဂိုအားျဖင့္စူးရွေတာက္ပဟန္ရွိေသာ္လည္း ေငးေမာေတြေဝျခင္းဟူေသာ အနည္အနွစ္မ်ားကဖံုးလႊမ္းထားသက့ဲသို႔ရွိေလသည္။ ေမာင္စိန္ဘန္း၏အမႈမွာ ဇနီးျဖစ္သူအားရက္စက္စြာလည္ပင္းညႇစ္သတ္ေသာအမႈျဖစ္သည္။၎ကိုယ္တိုင္ကလည္း မိမိပင္သတ္ေၾကာင္းဝန္ခံကာ တစ္စံုတစ္ခုေသာအေၾကာင္းေၾကာင့္ သတိလက္လြတ္ျဖစ္သြားကာသတ္မိပါေၾကာင္းထုေခ်၏။၎၏ေရွ႕ေနကလည္း သူ၏အမႈသည္မွာ စိတ္မနွ႔ံသျဖင့္ ျပဳလုပ္ျခင္းျဖစ္ေၾကာင္း၊က်ိဳးေၾကာင္းဆင္ျခင္နိုင္သည့္ဥာဏ္ကင္းမ့ဲသည့္အခ်ိန္၌ျပဳ လုပ္ျခင္းတို႔မည္သည္ ရာဇဝတ္ပစ္မႈ မွကင္းလြတ္ပါေၾကာင္း ေလ်ွာက္ထား၏။ ေမာင္စိန္ဘန္းသည္ အခ်ဳပ္၌ခ်ဳပ္ထားစဥ္သူ၏အျဖစ္အပ်က္မ်ားကိုေရးသားၿပီးလ်ွင္အမႈစစ္ပုလိပ္မွတစ္ဆင့္ တရားသူႀကီးထံသို႔တင္ျပခ့ဲ၏။သို႔ရာတြင္ တရားသူႀကီးကမယံုၾကည္ေၾကာင္း၊အကယ္၍ ယံုၾကည္ခ့ဲပါလ်ွင္လည္းအမႈမွ ကင္းလြတ္ခြင့္ကိုမေပးနိုင္ပါေၾကာင္း၊ထို႔ျပင္ တရားခံေရွ႕ေန၏ ေလ်ွာက္လဲခ်က္အရ တရားခံမွာ စိတ္မနွံ႔ဟုဆိုျခင္းမွာလည္းတရားခံ၏ေရးသားခ်က္ကပင္ စိတ္ေကာင္းေၾကာင္းထင္ရွားေနသျဖင့္တရားခံသည္ ေသသူ ၎၏ဇနီးကိုသတ္ရာ ၌ အမွားအမွန္က္ိုဆင္ျခင္နိုင္ေသာအသိဥာဏ္မရွိဟုမေခၚနိုင္ေၾကာင္း၊သတ္ျဖတ္ပံုမွာလည္း ေသသူ၏လည္မ်ိဳတြင္လက္ ၁၀ ေခ်ာင္းရာႀကီးသည္ အညိဳ အမဲစြဲ ၍က်န္ရစ္ခ့ဲသည္အထိ ရက္စက္လွသျဖင့္တရားခံသည္ေသေစလိုေသာစိတ္ျဖင့္မေသမခ်င္း သတ္သည္မွာထင္ရွားေၾကာင္းစသည္ျဖင့္စီရင္ခ်က္တြင္ေနာက္ဆံုးေရးသားေဖာ္ျပၿပီးေနာက္ ႀကိဳးမိန္႔ေပးလိုက္ျခင္းျဖစ္ေလသည္။ ႀကိဳးမိန္႔က်ၿပီးေနာက္ လႊတ္ေတာ္သို႔အယူခံဝင္လ်ွက္ရွိစဥ္ က်ြႏု္ပ္မွ ေထာင္မွထြက္ရန္ တနဂၤေႏြ တစ္ပတ္သာက်န္ေတာ့သည္ျဖစ္ရာ ေမာင္စိန္ဘန္းနွင့္ေတြ႕ဆံုစကားေျပာခြင့္ရလ်ွင္ေကာင္းမည္ဟု ေတြးေတာေနမိခိုက္မွာပင္ ေမာင္စိန္ဘန္းမွက်ြႏု္ပ္နွင့္ေတြ႕ဆံုလိုေၾကာင္းကမ္းလွမ္းခ့ဲသည့္အတြက္ ၇ ရက္အတြင္း၌ပင္စကားေျပာခြင့္ရခ႕ဲေလသည္။ "ေတြ႕ရတာ ဝမ္းသာပါတယ္ေနာင္ႀကီးရယ္၊ဒါန႔ဲ ေနာင္ႀကီးက က်ေနာ္တို႔လိုအက်ဥ္းသမားေတြဆီက ဗဟုသုတေတြကို စာန႔ဲေရးၿပီး စုေဆာင္းေနတယ္လို႔သတင္းရပါတယ္ ဟုတ္ရ႕ဲမဟုတ္လားခင္ဗ်ာ" "ဟုတ္ပါတယ္ေမာင္စိန္ဘန္း" "ေက်းဇူးပါပဲခင္ဗ်ာ က်ေနာ္ကမေသခင္ေလးက်ေနာ့္အေၾကာင္းကို ေနာင္ႀကီးကိုေျပာျပခ်င္ေနတာန႔ဲ အေတာ္ပါပဲခင္ဗ်ာ" "အခုေျပာမလို႔လား " " ေရးၿပီးသား အသင့္ရွိတယ္ခင္ဗ်။ေနာက္ေတာ့မွေနာင္ႀကီးဖတ္ၾကည့္ေပေတာ့။ၿပီးေတာ့ေနာင္ႀကီးေထာင္က ထြက္သြားၿပီးတ့ဲအခါ က်ေနာ႔အတြက္လုပ္ေပးေစခ်င္တာေလးတစ္ခုရွိေနတယ္ခင္ဗ် ။ ဒီလို ဗ် ေနာင္ႀကီးရ႕ဲ က်ေနာ႔အမႈမွာသက္ေသခံအျဖစ္န႔ဲ တင္ျပတ့ဲ ဘဲဥ ပံုစားပြဲတင္မွန္ကေလးတစ္ခ်ပ္ရွိတယ္။ခုအ႔ဲဒီပစၥည္းက ရံုးေတာ္ပစၥည္းထိန္းလက္ထဲမွာရွိတယ္။လူသတ္မႈျဖစ္တာလည္း ဒီမွန္ကို အေၾကာင္းျပဳၿပီးျဖစ္ရေလေတာ့ သက္ေသခံတင္ရတာပ။ဒီေတာ့ေနာင္ႀကီးေထာင္ကလြတ္ရင္ ဒီမွန္ကေလးကိုရံုးေတာ္က ေလလံပစ္တ့ဲအခါ ရေအာင္ဆြဲ ၿပီးက်ေနာ႔ကိုေသဒဏ္ေပးတ့ဲတရားသူႀကီးဦးထြန္းစိန္လက္ကိုမေရာက္ ေရာက္ေအာင္ႀကံေပးေစခ်င္ပါတယ္။" "ေမာင္စိန္ဘန္းရ႕ဲ အမႈက ကိုယ့္ဇနီးကိုယ္လည္ပင္းညႇစ္သတ္တ့ဲအမႈမဟုတ္လား" "ဟုတ္ပါတယ္ ေနာင္ႀကီး" "ဒီမွန္ဝိုင္းကေလးကို ဘာျဖစ္လို႔သက္ေသခံပစၥည္း အေနန႔ဲတင္ရတာလည္းဆိုတာ က်ဳပ္နားမလည္ေသးဘူးေမာင္စိန္ဘန္းရ႕ဲ" "ဒါေၾကာင့္ က်ေနာ႔ရ႕ဲ အတၳဳ ပၸတၲိကိုဖတ္ၾကည့္တ့ဲအခါသိမယ္လို႔ေနာင္ႀကီးကိုေျပာတာေပါ့ က်ေနာ႔အမႈဆံုးခန္းတိုင္တ့ဲအခါဒီမွန္ေလးကိုရံုးေတာ္ကေလလံတင္ၿပီးေရာင္းလိမ့္မယ္။အ့ဲဒီအခါ က်မွအ႔ဲဒီမွန္ဝိုင္းေလးကို ေလလံပြဲမွာမရ ရေအာင္ေနာင္ႀကီးဝယ္ေပးပါ။ေနာက္ၿပီး တစ္နည္းနည္းန႔ဲ ဦးထြန္းစိန္လက္ထဲေရာက္ေအာင္ပို႔ေစခ်င္တယ္ဗ်ာ။ဝယ္ဖို႔ေငြကေတာ့ က်ေနာ႔တာဝန္ပဲ။" ေမာင္စိန္ဘန္းသည္သူ၏ခါးတြင္ႀကိဳးကေလးတစ္ေခ်ာင္းျဖင့္သိုင္း၍ခ်ည္ထားေသာလက္စြပ္တစ္ကြင္းကိုက်ြႏု္ပ္အားထုတ္ေပးၿပီးေနာက္ "စားပြဲတင္ မွန္ကေလးေလလံဆြဲ ္ဖို႔ေတာ့ ဒီလက္စြပ္ကိုေရာင္းၿပီးဆြဲဖို႔ပါပဲ ေနာင္ႀကီးရ႕၊ဲ ရွမ္းျပည္ကရခ႕ဲတ့ဲမိုးကုတ္ပတၲျမား အစစ္ပဲ။ တစ္ခါစိန္ဘာဘူကုလားတစ္ေယာက္က ၁၅၀၀ ေပးဖူးတယ္။က်ေနာ္ကမေရာင္းလိုက္ဘူး။ဒီလက္စြပ္ကိုေနာင္ႀကီးသေဘာအတိုင္းထုခြဲၿပီး မွန္ကေလးကို မရရေအာင္ဝယ္ပါ။ရၿပီးတ့ဲအခါ စက္ရွင္မင္းႀကီး ဦးထြန္းစိန္ လက္ေရာက္ေအာင္တစ္နည္းနည္းန႔ဲႀကံဖန္ၿပီးပို႔ေပးပါ။ျဖစ္ေအာင္ ကူညီေပးပါေနာင္ႀကီးရယ္ ေက်းဇူးတင္ပါတယ္ဗ်ာ" "ေနပါဦး ေမာင္စိန္ဘန္းရ႕ဲ၊ဒီ မွန္ကေလးကိုေပးတာက ဘာရည္႐ြယ္ခ်က္ရွိသလဲ။" "ရည္႐ြယ္ခ်က္ကယ္လို႔ မရွိပါဘူး ခင္ဗ်ာ နို႔ေပမယ့္ဒီ မွန္ကေလးသာ သူ႔အိမ္ေရာက္သြားရင္ က်ေနာ႔အစစ္ခံခ်က္ကို သူယံုၾကည္ၿပီး က်ေနာ႔ကိုႀကိဳးမိန္႔ေပးမိတာမွားၿပီ ဆိုၿပီး ေနာင္တ ရေကာင္းရပါလိမ့္မယ္။အ့ဲဒါ က်ေနာ႔ရည္႐ြယ္ခ်က္ပဲ ဆိုပါေတာ့။ ေၾသာ္ တစ္ခုေတာ့ရွိတယ္ေနာင္ႀကီးေရ႕ ဒီမွန္ကေလး သူ႔လက္ထဲေရာက္သြားၿပီးတ့ဲ အခ်ိန္က်မွ က်ေနာ္ေရးထားတ့ဲ စာ႐ြက္ေတြကို ခင္ဗ်ားဖတ္ရမယ္ေနာ္ ဒီဟာတစ္ခုေတာ့ေနာင္ႀကီးကတိေပးပါဗ်ာ" "ေကာင္းပါၿပီ ၊ဒါန႔ဲ ေမာင္စိန္ဘန္းစာ႐ြက္ေတြေရာ ဘယ္မွာလဲ" "ေထာင္မွဴ းကေလးဦးဘတင္လက္ထဲမွာခ်ိတ္ပိတ္ေပးထားပါဆိုၿပီးအပ္ထားတယ္။ေနာင္ႀကီးကိုေပးလိုက္ဖို႔ေျပာထားၿပီးပါၿပီ။" "ဒါျဖင့္ က်ဳပ္ေတာင္းယူလိုက္ပါမယ္" "ကိုင္း ဒါျဖင့္စိတ္ေအးရပါၿပီ ေက်းဇူးတင္လိုက္တာေနာင္ႀကီးရယ္ က်ေနာ႔စိတ္ထဲ ႀကိဳးစင္မတက္ခင္အလံုးႀကီးတစ္လံုး က်သြားတယ္" ကြ်ႏု္ပ္ လည္းတစ္ခဏမ်ွ ေမာင္စိန္ဘန္းနွင့္ေထြရာေလးပါးစကားေျပာၿပီး အခ်ိန္ေစ့သည္နွင့္ထြက္ခ့ဲရေလသည္။ ..................................... ေထာင္မွက်ြႏု္ပ္ထြက္ခ့ဲၿပီးေနာက္ တစ္လခန္႔မ်ွ တြင္ ေမာင္စိန္ဘန္းအား ႀကိဳ းေပး လိုက္ၿပီ ဟူေသာသတင္းကိုၾကားရ၏။သတင္းၾကားရၿပီး ရက္သတၲ သံုးပတ္ခန္႔မ်ွ ၾကာေသာအခါ က်ြန္ုပ္လည္း ဘီလစ္ရံုးသို႔သြားေရာက္စံုစမ္းရာတြင္ လာမည့္ စေနေန႔ နံနက္ ၁၀ နာရီ၌ ပိုင္ရွင္မရွိေသာ တိုလီမိုလီ ပစၥည္းအခ်ိဳ႕ကိုေလလံတင္ေရာင္းခ်မည့္အေၾကာင္းၾကားသိရသည္။သို႔နွင့္ က်ြႏု္ပ္လည္း မိတ္ေဆြတစ္ေယာက္၏အကူအညီျဖင့္ ေမာင္စိန္ဘန္း၏ပတၲျမားလက္စြပ္ကို ေက်ာက္ကုန္သည္ႀကီးတစ္ဦးထံ သြားေရာက္ေရာင္းခ်ရာ ေငြ ၈၀၀ ရရွိခ့ဲေလသည္။ စေန ေန႔သို႔ေရာက္ေသာအခါ က်ြန္ုပ္သည္ ေငြ ၈၀၀ ကိုပိုက္ၿပီးလ်ွင္ဘီလစ္ရံုးသို႔ ၉ နာရီအခ်ိန္ကပင္ ေရာက္ရွိေလ၏။ေလလံတင္မည့္ပစၥည္းမ်ားကို ရံုးဝင္းအတြင္းေရွ႕ဥပစာတြင္အခ်ိဳ႕ကို စားပြဲေပၚ၌၎၊ျမက္ခင္းေပၚ၌၎၊ေလလံပစ္ရန္စီစဥ္လ်ွက္ရွိသည္ကိုေတြ႕ရသည္။ပစၥည္းမ်ားမွာ အိုးခြက္မ်ား၊ခ်ိဳင့္မ်ား၊မီးအိမ္မ်ား၊ေသတၲာႀကီးငယ္မ်ား၊ဓားအမ်ိဳးမ်ိဳး၊ပန္းကန္ခြက္ေယာက္မ်ား၊ကုလားထိုင္မ်ား စသည္ျဖင့္အမ်ိဳးမ်ိဳးပါဝင္၏။ ဘီလစ္စာေရးလုပ္သူသည္ ေနာက္ဆံုး၌ ေဘာင္အျဖဴ ကြပ္ထားသည့္ ဘဲဥပံု စားပြဲတင္ မွန္တစ္ခ်ပ္ကိုထုတ္လာ၍က်ြန္ုပ္အနီးရွိ စားပြဲတစ္လံုးေပၚတြင္တင္ထားလိုက္သည္။ ထိုမွန္တစ္ခ်ပ္တည္းသာေလလံပစၥည္းမ်ားထဲတြင္ပါဝင္သည့္ျပင္ ေမာင္စိန္ဘန္းေျပာသည့္အခ်က္မ်ားနွင့္ကိုက္ညီေနသျဖင့္၎မွာက်ြန္ုပ္ေလလံဆြဲဝယ္ရမည့္ပစၥည္းျဖစ္ေၾကာင္းသိရေတာ့သည္။ ထိုဘဲဥပံုစားပြဲတင္ မွန္ကေလးကိုက်ြႏု္ပ္လည္း နီးနီးကပ္ကပ္ ၾကည့္ရႈလ်ွက္ရွိရာမွန္မွာ အေကာင္းဆံုးဘိလပ္ထြက္ေက်ာက္သားမွန္မ်ိဳးျဖစ္၍အျမင့္မွာလက္မ ၂၀ ခန္႔ရွိၿပီး အနံအားျဖင့္ အက်ယ္ဆံုးေနရာတြင္ လက္မ ၁၂ သို႔ ၁၃ ခန္႔ရွိေလသည္။ကြပ္၍ထားေသာ ေဘာင္မွာေနွာသားက့ဲသို႔ျဖဴ ေဖြးေခ်ာမြတ္ေနေသာအသားတစ္မ်ိဳးျဖစ္၍အေရာင္တင္ထားသည္မွာလည္းဆင္စြယ္ေရာင္ထလ်ွက္ရွိ၏။အားလံုးၿခံဳ ၍ ေျပာရလ်ွင္ ပစၥည္းမွာလူကံုထံအိမ္မ်ားတြင္ထားတတ္ေသာ မင္းႀကိဳက္စိုးႀကိဳက္ ပစၥည္းမိ်ဳးျဖစ္၍ ခန္႔မွန္းေျခ ေငြ ေလးဆယ္ ငါးဆယ္ ခန္႔တန္ဖိုးရွိနိုင္ေၾကာင္းမွန္းမိသည္။ အျခားပစၥည္းအခ်ိဳ႕တစ္ဝက္ကိုေရာင္းခ်ၿပီးေနာက္ စားပြဲတင္ မွန္ကေလး ကိုစတင္ေလလံပစ္ေတာ့သည္။ပထမဦးစြာ တန္ဖိုး ၅၀ မွစ၍ေလလံပစ္ရာ ေနာက္ဆံုး က်ြႏု္ပ္က ေငြ ၈၀ နွင့္ ဆြဲဝယ္နိုင္လိုက္ေလသည္။ထို႔ေနာက္ ဘီလစ္စာေရးႀကီးအား ေငြေပးၿပီးေနာက္ မွန္က္ိုဂုဏ္နီအိတ္နွင့္ထုတ္ကာျမင္းလွည္းတစ္စီးငွား၍က်ြႏု္ပ္ေနထိုင္ေသာအိမ္ခန္းသို႔ယူခ႔ဲ၏။အိမ္သို႔ေရာက္၍အထုပ္ကုိေျဖၾကည့္ၿပီးေသာ္မွန္ကေလးကိုအဝတ္သန္႔သန္႔ေလးတစ္ခုျဖင့္ေကာင္းစြာပြတ္တိုက္ၿပီးေနာက္ အခန္းေထာင့္ရွိ စားပြဲကေလးတစ္လံုးေပၚ၌တင္ထားလိုက္သည္။ က်ြန္ုပ္လည္း မွန္ကေလးကိုၾကည့္ရင္း ေမာင္စိန္ဘန္းကို သတိရလာသည္နွင့္ သူ၏အေၾကာင္းေရးသားထားခ့ဲေသာစာထုတ္ကိုဖြင့္ဖတ္ၾကည့္ရန္စိတ္ကူးရလာသျဖင့္ သိမ္းထားေသာေနရာမွထုတ္ယူလာၿပီးမွ ၎ေျပာခ့ဲေသာစကားကိုသတိရလာ၍ အထုတ္ေလးကိုေသတၲာထဲသို႔ျပန္ထည့္သိမ္းထားလိုက္ေလသည္။ ေနာက္တစ္ေန႔ညတြင္ က်ြႏု္ပ္သည္ ေအာက္ထပ္ထမင္းဆိုင္ေလးတြင္ထမင္းစားၿပီးေနာက္အခန္းသို႔ျပန္တက္လာၿပီးပက္လက္ကုလားထိုင္တစ္လံုးေပၚတြင္ထိုင္ၿပီး ေရွးေဟာင္းေနွာင္းျဖစ္မ်ားကိုျပန္လည္စဥ္းစားေနရင္းေမာင္စိန္ဘန္းအေၾကာင္း ကိုသတိရမိသြားၿပီးစက္ရွင္တရားသူႀကီး ဦးထြန္းစိန္က္ုိ ရွာ၍ မွန္ကေလးကိုမည္သို႔ေပးရမည့္အေၾကာင္းဆက္လက္စဥ္းစားမိျပန္သည္။လဆန္း ၁၃ ရက္လေလးသည္ထိန္ထိန္သာလ်ွက္ရွိရာ ေအးျမေသာလေရာင္မ်ားသည္ ျပတင္းေပါက္မွတိုးဝင္ကာေမာင္စိန္ဘန္း၏မွန္ကေလးကို တစ္ပိုင္းတစ္စ က်ေရာက္လ်ွက္ရွိသည္။ က်ြန္ုပ္သည္ ထိုသို႔စဥ္းစားေနရာမွ မွန္ကေလးသို႔လွည့္ၾကည့္လိုက္မိရာ မွန္ေပၚတြင္ ျမဴ ခိုးမ်ားယွက္သန္းလ်ွက္ ရွိသက့ဲသို႔ မႈန္မႈန္မႈိင္းမႈိင္း ျဖစ္ေနသည္ကိုျမင္ေတြ႕ရသျဖင့္ ညေနကမွတိုက္ထားခ့ဲသည္ကို သတိရမိသည္။သို႔နွင့္ မွန္နားကိုသြား၍ေသခ်ာၾကည့္၍ အဝတ္နွင့္တိုက္လိုက္ရာျပန္၍ၾကည္လင္သြားျပန္သည္။ထို႔ေနာက္က်ြန္ုပ္လည္း ပက္လက္ကုလားထိုင္သို႔သြားထိုင္ေနလိုက္သည္။တစ္ခဏမ်ွၾကာလတ္ေသာ္မွန္ကေလးမွာ တစ္ဖန္အံု႔မႈိင္းသြားျပန္သည္ကိုထူးဆန္းစြာျမင္ေတြ႕လိုက္ရေလသည္။သို႔ေသာ္က်ြန္ုပ္သည္ ထိုမွန္ဆီသို႔ထမသြားေတာ့ပဲ ကုလားထိုင္ေပၚမွာပင္ထိုင္၍အိပ္ေပ်ာ္သြားေလသည္။ က်ြႏု္ပ္၏ဒုတိယေျမာက္ ေဆာင္႐ြက္ရမည့္ကိစၥမွာစက္ရွင္မင္းႀကီး ဦးထြန္းစိန္ လက္သို႔မွန္ကေလးက္ိုမေရာက္ေရာက္ေအာင္ ပို႔ေပးရမည္ျဖစ္သည္။စက္ရွင္မင္းႀကီးကိုလည္း က်ြႏု္ပ္မသိ ၊စက္ရွင္မင္းႀကီးကလည္းက်ြန္ုပ္ကိုမသိ အကယ္၍လက္ေဆာင္အျဖစ္ေပးပါက မည္က့ဲသို႔လက္ခံေပမည္နည္း။ေမာင္စိန္ဘန္းအားကတိေပးခ့ဲမိစဥ္က ထို႔ေလာက္ခက္ခဲမည္မွန္းမသိခ့ဲေပ။ေနာက္ဆံုး၌ နည္းလမ္းနွစ္ခုကိုစဥ္းစားမိသည္။ ပထမတစ္ခုက တိုလီမိုလီ ကုန္ေဟာင္းမ်ားေရာင္းခ် သည့္ သူတစ္ေယာက္အေနျဖင့္ခ်ည္းကပ္ရန္ျဖစ္ၿပီး ေနာက္တစ္နည္းမွာ သူနွင့္ပလဲနံသင့္ေသာလူတစ္ေယာက္ထံခ်ည္းကပ္၍ ဦးထြန္းစိန္အား လက္ေဆာင္ပစၥည္းေပးေစရမည္ျဖစ္သည္။ထိုသို႔စဥ္းစားၿပီးေနာက္ ပို၍လြယ္ကူမည္ထင္ေသာ ဒုတိယနည္းကိုေ႐ြးခ်ယ္ခ့ဲေလသည္။ သို႔နွင့္ က်ြန္ုပ္သည္ စက္ရွင္မင္းႀကီး၏အိမ္သို႔ဝင္ထြက္သြားလာေသာသူမ်ားကိုသိရွ္ိေအာင္ေလ့လာရေတာ့သည္။မင္းကေတာ္ႀကီးမွာ အသက္ ၄၀ ခန္႔သာရွိေသး၍ရုပ္ရည္အလြန္ႏုပ်ိဳ ၿပီးမင္းပြဲ၊ကပြဲ၊အလွဴ အတန္း၊မဂၤလာေဆာင္ ၊ဂါးဒင္းပါတီ၊တီးပါတီတို႔တြင္ အလြန္ဝါသနာ ထံုကာအေပ်ာ္အပါးႀကိဳက္သူတစ္ေယာက္ျဖစ္၏။ဦးထြန္းစိန္မွာမူအလြန္ရိုးသား၍မည္သူ႔ကိုမဆို ခပ္မွန္မွန္ခပ္တန္းတန္း ေနထိုင္တတ္သူျဖစ္ေလသည္။ အထက္ပါအေၾကာင္းမ်ားကို က်ြန္ုပ္သည္သူ၏ဘဏၰာစိုးျဖစ္သူ ကိုတင္စိုးဆိုသူထံမွၾကားသိရေလသည္။ကိုတင္စိုးမွာဦးထြန္းရွင္၏ကားကိုလည္းေမာင္းရသူျဖစ္ရာ တစ္ေန႔သ၌ က်ြႏု္ပ္သည္အခါေကာင္း၊အခြင့္ေကာင္းကိုေခ်ာင္းေျမာင္းေနသည့္သူတစ္ေယာက္ျဖစ္သည့္အတိုင္းကားေစာင့္ရင္းအနီးရွိတရုတ္ဟိုတယ္တစ္ခုသို႔၎အားေခၚသြားၿပီးလ်ွင္ အရက္ျဖင့္ေလာကဝတ္ျပဳ ကာမိတ္ဖြဲ႕ေလ၏။ သုိ႔နွင့္ သူ႔အား နွစ္ႀကိမ္ သံုးႀကိမ္မ်ွ ခ်ိန္း၍ေတြ႕ဆံုကာ က်ြႏု္ပ္က ေဖာေဖာသီသီ တိုက္ေက်ြးေသာအခါ ကိုတင္စိုးနွင့္ က်ြႏု္ပ္မွာ အေတာ္ပင္ အက်ြမ္းတစ္ဝင္ ျဖစ္ခ့ဲေလသည္။ တစ္ေန႔ေသာတနဂၤေႏြ တစ္ရက္တြင္ ကိုတင္စိုးသည္အားလပ္ရက္ရသျဖင့္ က်ြန္ုပ္ေနေသာအခန္းေလးသို႔ေရာက္လာရာ က်ြန္ုပ္က ဘီယာ ၂ ပုလင္းမွာထားၿပီး တရုတ္အေၾကာ္ဆိုင္မွ ဘဲကင္၊ ဝက္ေပါင္ေျခာက္ကင္မ်ားျဖင့္ဧည့္ခံေလ၏။ထိုအခါ အခြင့္သာဆံုးအခ်ိန္ကိုေရာက္လာၿပီျဖစ္၍ က်ြန္ုပ္က ကိုတင္စိုးအား "ေၾသာ္ ဒါထက္ ကိုတင္စိုး က်ဳပ္တစ္ခုေျပာခ်င္တာရွိတယ္ဗ်ာ ခင္ဗ်ားေတာ့ ေဆာင္႐ြက္ေပးနိုင္ပါလိမ့္မယ္" "ဘာမ်ားလဲဆရာရ႕ဲ ၊ဆရာ႕ကိစၥရွိရင္ က်ေနာ္အသက္န႔ဲလဲၿပီးေဆာင္႐ြက္ေပးနိုင္ပါတယ္" "က်ဳပ္ တစ္ခါက မႏၲေလးမွာလူသတ္မႈျဖစ္ဖူးတယ္။အမႈကေတာ့အမႈမွန္ပဲ။နို႔ေပမယ့္ သက္ေသမလံုေလာက္တာန႔ဲ လႊတ္ေပးလိုက္တယ္။အ့ဲဒီတစ္ရားသူႀကီးဟာတစ္ျခားလူမဟုတ္ဘူး။အခု ခင္ဗ်ားဆရာ ဦးထြန္းစ္ိန္ပဲ" "ဆရာကေတာ့ မမွန္တာ မလုပ္ပါဘူးခင္ဗ်ာ ၊လာဘ္ သပ္ပကာဆိုတာလည္း ဘယ္ေတာ့မွလက္ခံတ့ဲသူမဟုတ္ဘူး တစ္ခါတရုတ္သေဌးတစ္ေယာက္ ေငြ ၅၀၀၀ လာေပးတာ အိမ္ကေမာင္းခ်လို႔ အေတာ္ေလးဂယက္ရိုက္သြားတယ္ က်ေနာ္ကအစင္းသိမို႔လားခင္ဗ်ာ" "အဲဒါေၾကာင့္ခက္တာေပါ့ဗ်ာ" "ဆရာက ဘာေျပာခ်င္လို႔တုန္း" "က်ဳပ္ေပးခ်င္တာက လာဘ္မဟုတ္ပါဘူး ၊အဖိုးေတာ့မတန္ပါဘူး " "ဆရာကဘာလက္ေဆာင္ေပးခ်င္လို႔လဲ" "ေဟာဟို စားပြဲေပၚမွာတင္ထားတ့ဲ မွန္ကေလးပါ ။" "ဆရာ႕ လက္ေဆာင္ေတာ့ သေဘာက်မွာပဲဆရာေရ႕ မင္းကေတာ္ကအင္မတန္အလွႀကိဳက္တာ" ထို႔ေနာက္ က်ြန္ုပ္လည္းလွိမ့္လက္စနွင့္ဆက္၍လွိမ့္ရာ ေမာင္တင္စိုးမွာဘီယာတန္ခိုးေၾကာင့္၎၊ က်ြန္ုပ္အား ခင္မင္ရင္းနွီးေသာေၾကာင့္၎ က်ြန္ုပ္လုပ္ႀကံေျပာဆိုေသာ ဇာတ္ေၾကာင္းကိုယံုၾကည္လ်ွက္ရွိ၏။သို႔နွင့္ ထိုေန႔ညေနက က်ြန္ုပ္လည္းစားပြဲတင္ မွန္ကေလးကိုဂုန္နီအိတ္သစ္တစ္လံုးနွင့္ထည့္၍သပ္ရပ္စြာထုတ္ပိုးၿပီးျမင္းလွည္းျဖင့္ ေမာင္တင္စိုးအျပန္တြင္ထည့္ေပးလိုက္ေလသည္။ .................................. ေနာက္တနဂၤေႏြ၌ ေမာင္တင္ထြန္းသည္ က်ြန္ုပ္ထံသို႔ေရာက္ရွိလာ၍ က်ြန္ုပ္ေပးလိုက္ေသာမွန္ကေလးကို မင္းကေတာ္ႀကီး နွင့္စက္ရွင္မင္းႀကီးမွအလြန္တစ္ရာႀကိဳက္နွစ္သက္ၾကေၾကာင္း၊မင္းကေတာ္ႀကီးမွအလြန္ပင္နွစ္သက္သေဘာက် ေၾကာင္း၊ စက္ရွင္မင္းႀကီးကမူ အမႈတစ္ခုအတြက္သက္ေသခံတင္ျပေသာပစၥည္းတစ္ခုအေနျဖင့္မွတ္မိေနေသာ္လည္း မွန္ကေလးမွာ မင္းႀကီးနွင့္မင္းကေတာ္တို႔ အျမတ္တစ္နိုး ထားျခင္းကိုခံရၿပီး လ်ွင္ ယခုအခါ ေနအိမ္ဧည့္ခန္းအတြင္းတြင္ရွိေနၿပီျဖစ္သျဖင့္ က်ြန္ုပ္မွာေက်နပ္ရေလေတာ့သည္။ေမာင္တင္စိုးအား ဘီယာျဖင့္ထပ္မံဧည့္ခံၿပီးေနာက္ ရယ္ေမာစရာမ်ားျဖင့္အခ်ိန္ကိုကုန္လြန္ေစခ့ဲၿပီီးလ်ွင္ ေနာက္တစ္ပတ္အတြင္း၌မႏၲေလး သို႔ ခရီးထြက္ဦးမည့္အေၾကာင္းမလွိမ့္တစ္ပတ္ေျပာဆိုထားခ့ဲၿပီးလ်ွင္ အစုန္စာပို႔သေဘၤာ ဆိုက္ေရာက္ေသာေန႔၌ ျပည္ၿမိဳ႕ သို႔စုန္ဆင္းခ့ဲေလ၏။ျပည္ၿမိဳ႕သို႔ေရာက္ေသာအခါယခင္ကေနခ႔ဲဖူးေသာ ဘုရားႀကီးေစတီအနီးရွိ ကြမ္းၿခံတြင္ သာယာေအးခ်မ္းစြာေနထိုင္လ်ွက္ရွိခ့ဲေလသည္။ထိုအေတာအတြင္း က်ြန္ုပ္သည္ ေမာင္စိန္ဘန္းကို လံုးလံုးသတိမရပဲရွိေနေလသည္။တစ္ေန႔ေသာအခါ တြင္ ေဘးၿခံထဲမွ မိန္းမတစ္ေယာက္သည္ မဂၤလာလက္ဖြဲ႕ေပးရန္အတြက္ ဘဲဥ ပံုမွန္ႀကီးတစ္ခ်ပ္ကို ေခါင္းေပၚတြင္႐ြက္၍ လာသည္ကိုေတြ႕ရေလသည္။ထိုအခါက်မွ က်ြန္ုပ္သည္ အတန္ၾကာေမ့ေလ်ာ့ေနၿပီ ျဖစ္ေသာေမာင္စိန္ဘန္းအား ရုတ္တရက္သတိရလာခ့ဲေလသည္။က်ြန္ုပ္သည္ သတိရလ်ွင္ရျခင္း အဝတ္အစားေအာက္ဆံုးထပ္၌ထားေသာ ေမာင္စိန္ဘန္း၏စာ႐ြက္ထုတ္ကို ဖတ္ရႈရန္အတြက္ဆြဲထုတ္လိုက္ေလေတာ့သည္။ ...................... လြန္ခ့ဲေသာ ၁၂ နွစ္ခန္႔က က်ေနာ္သည္ျမန္မာဇာတ္ပြဲတစ္ခုနွင့္အတူ ရွမ္းျပည္ေျမာက္ပိုင္းရွိ ၿမိဳ႕တစ္ၿမိဳ႕၌ကျပလ်ွက္ရွိစဥ္ အင္းေလး ေခၚရွမ္း႐ြာကေလးတစ္႐ြာမွ မနန္းၫြန္႔ ဆိုသူမိန္းမပ်ိဳတစ္ေယာက္နွင့္ ခင္မင္ရင္းနွီးရာ မွ လူငယ္သဘာဝ ခ်စ္္သူမ်ားျဖစ္ခ့ဲၾကေလသည္။မနန္းၫြန္႔မွာ မိခင္ႀကီးတစ္ေယာက္တည္းသာရွိေတာ့သည္ျဖစ္၍ သားမိနွစ္ေယာက္ေတာင္ယာလုပ္ရင္း ေစ်း ေန႔မ်ားတြင္ေစ်းသို႔တက္၍ေစ်းေရာင္းျခင္းစသည့္အလုပ္မ်ားကိုလုပ္ရင္း ဆင္းဆင္းရဲရဲနွင့္ ဘဝကို ရုန္းကန္ေနၾကရသည္။ က်ေနာ္လည္းပါလာသမ်ွပစၥည္းေလးမ်ားကိုထုခြဲ လိုအပ္သည္မ်ားကိုဝယ္ေပးရင္းနွင့္ မနန္းၫြန္႔နွင့္တိတ္တဆိတ္ေပါင္းသင္းေနရာ မနန္းၫြန္႔မိခင္က အရွည္ကိုေတြး၍ က်ေတာ္တို႔ေပါင္းသင္းေနထိုင္ျခင္းကို သေဘာမတူေခ်။ ဤသို႔ျဖင့္ ရက္ေပါင္း ၂၀ ခန္႔ေလာက္တြင္ က်ေနာ႔တြင္ပါသမ်ွ ပစၥည္းမ်ားမွာကုန္ခမ္းေလေတာ့သည္။ထိုအခါ ရွိသမ်ွအဝတ္အစားမ်ားကို ေရာင္းခ်ေပါင္နွံရေတာ့သည္။ က်ေနာ္၏အေၾကာင္းမ်ားကို ဇတ္ဆရာသည္မႏၲေလးသို႔ျပန္ေရာက္ေသာအခါ က်ေနာ႔ဖခင္ထံသို႔အေၾကာင္းစံုကိုေျပာျပေလသည္။က်ေနာ့္ ဝါသနာေၾကာင့္သာ ဇာတ္ထဲသို႔လိုက္ခ့ဲေသာ္လည္း က်ေနာ္တို႔မွာဆင္းဆင္းရဲရဲမဟုတ္ပဲ သူမ်ားနည္းတူ ေနနိုင္စားနိုင္သူမ်ားျဖစ္ၾကသည္။ အေဖသည္ က်ေနာ႔အေၾကာင္းၾကားၾကားခ်င္း ႐ြာသို႔ လိုက္လာၿပီး က်ေနာ႔အားျပန္ေခၚေလသည္။ယခုအခါ ငယ္ေသးေသာအ႐ြယ္ျဖစ္သျဖင့္ ေခတၲေခၚထားမည္ျဖစ္ေၾကာင္း ၁၀ တန္းေအာင္ၿပီးေသာအခါတြင္ လာေရာက္၍ေတာင္းရမ္း ေပးမည္ျဖစ္ေၾကာင္း အစရွိသျဖင့္ မနန္းၫြန္႔တို႔သားအမိ ေက်နပ္ေအာင္ စီကာပတ္ကုန္းေျပာေလသည္။ က်ေနာ္ မွာအေဖ့ေျပာစကားကို ယံုၾကည္မိေသာ္လည္း မနန္းၫြန္႔နွင့္ သူ႔အေမမွာ ယံုၾကည္ၾကပံုမရေခ်။သို႔ေသာ္အေျပာေကာင္းေသာဖခင္ႀကီးသည္ လာေရာက္ေတာင္းရမ္းျခင္းမျပဳနိုင္မီစပ္ၾကား သံုးစြဲရန္အတြက္ဟုဆိုကား ေငြ သံုးရာ အား မနန္းၫြန္႔တို႔သားမိအားေပးခ့ဲေသးသည္။ဖခင္ႀကီးသည္ လူငယ္တို႔၏ခ်စ္ျခင္းအား မည္သို႔မွခြဲမည္မဟုတ္ပဲ ယံုၾကည္စိတ္ခ်ရန္၊ စိုးရိမ္ျခင္းမျဖစ္္ရန္ အတန္တန္ေျပာဆို၍ က်ေနာ႔အားေခၚေဆာင္ကာ ျပန္ခ့ဲၾကေလသည္။ ရထားေပၚတြင္က်ေနာ္၏ဖခင္ႀကီးက "ဘယ့္နွယ္လဲေဟ့ ေမာင္စိန္ဘန္း မင္းေယာကၡမေလာင္းႀကီးအေၾကာင္းၾကားရတာမေကာင္းပါလားကြယ္" "ဘာလဲ ေဖေဖ ဘာျဖစ္လို႔လဲ" "ရပ္သိ႐ြာသိ ကေဝမႀကီး တစ္ေယာက္ဆိုပါကလား" "အလကားသက္သက္ မနာလိုလို႔ေျပာၾကတာပါ။မဟုတ္ပါဘူး ေဖေဖ" "ငါသတင္းၾကားရတာေတာ့ သမီးလုပ္တ့ဲသူေတာင္ သူ႔ပညာေတြသင္ေပးထားသတ့ဲ" "မဟုတ္တာေဖေဖရယ္ ဟုတ္ရင္က်ေနာ္သိမွာေပါ့" "ဒါမ်ိဳး ကသိဖို႔အခက္သားလားကြယ့္" "ဒါလည္း ဟုတ္ပါတယ္ ေဖေဖ နို႔ေပမယ့္သားအေပၚမွာေတာ့သူတို႔သားမိနွစ္ေယာက္လံုးေကာင္းၾကပါတယ္" "ေကာင္းၾကတယ္ဆိုတာက ေရွ႕ကိုေမ်ွာ္လင့္ခ်က္န႔ဲ ခ်စ္ခင္ဟန္ေဆာင္တာေတြလည္း ရွိတယ္ကြဲ႕" ထို႔ေနာက္ဖခင္ႀကီးသည္က်ေနာ႔အားဆံုးမစကားေျပာၿပီးေနာက္ ရက္ေပါင္း ၂၀ ခန္႔သာေပါင္းသင္းခ့ဲေသာ မနန္းၫြန္႔အေၾကာင္းကို အျပန္ျပန္အလွန္လွန္စဥ္းစားေနမိေတာ့သည္။ .......................... အတိုခ်ဳပ္ရေသာ္ က်ေနာ္နွင့္ မနန္းၫြန္႔အဆက္အသြယ္ျပတ္သြားၾကၿပီးမၾကာခင္ မွာပင္ ပြဲစားတစ္ဦး၏သမီး မေစာရင္ နွင့္ေပးစားလိုက္ေတာ့၏။မေစာရင္မွာက်ေနာ႔အားခ်စ္ႀကိဳက္၍မဟုတ္ပဲ မိဘမ်ားသေဘာတူသျဖင့္ယူလိုက္ရေသာေၾကာင့္ တစ္ေယာက္နွင့္တစ္ေယာက္မၾကာခဏစကားမ်ားရန္ျဖစ္ၿပီးလ်ွင္ က်ေနာ္တို႔အိမ္ေထာင္ေရးမွာ အဆင္မေျပခ့ဲေပ။ တစ္ေန႔ လူတစ္ေယာက္ ဂုန္နီအိတ္ႀကီးထမ္း၍ဝင္လာရာ က်ေနာ႔မွာ မမွတ္မိသျဖင့္ ၎ကပင္ "ဆရာေလး က်ေနာ႔မမွတ္မိဘူးထင္တယ္ ဆရာေလးန႔ဲ မနန္းၫြန္႔ လက္ထပ္တုန္းက....." "ေၾသာ္ မွတ္မိၿပီ ကိုဝဏၰ လာထိုင္ဗ်ာ" "မနန္ၫြန္႔ကဆရာ႕ ကိုဒီမွန္ကေလး ေပးခိုင္းလိုက္လို႔ဗ်ာ က်ေနာ႔မွာ ဆရာေလးေျပာခ့ဲဘူးတ့ဲလိပ္စာက္ုိသြားရွာတာ အ့ဲဒီကေျပာလိုက္လို႔ ဒီေရာက္လာတာဗ်ိဳ႕" "မနန္းၫြန္႔ေရာ .........." "သူ ဆံုးရွာၿပီ ဆရာေလး မဆံုးခင္ကက်ေနာ႔ကိုဒီမွန္ေလးဆရာေေလးဆီေရာက္ေအာင္ပို႔ေပးပါလို႔မွာတယ္ ဒီမွန္ေလးကိုၾကည့္ၿပီးအလြမ္းေျဖပါလို႔ မွာခ့ဲပါတယ္" "ေၾသာ္မနန္းၫြန္႔ ေသခါနီးေတာင္ က်ေနာ႔ကို စြဲလန္းသြားရွာတာကိုး" "ၿပီးေတာ့ေျပာေသးတယ္သူကလူသာေသတာ ဝိဥာဥ္ကမေသဘူးတ့ဲ၊ဒီမွန္ကေလးထဲမွာေစာင့္ေနမယ္လို႔ေျပာသြားပါတယ္ခင္ဗ်ာ" ထို႔ေနာက္ဦးဝဏၰလည္းျပန္သြားေလသည္။ မေစာရင္ျပန္ေရာက္ေသာအခါ သူ႔႔အတြက္ေလလံပြဲတစ္ခုမွဝယ္လာခ့ဲေၾကာင္း လွည့္ပတ္ေျပာ၍ အလုပ္စားပြဲနွင့္မနီးမေဝးရွိေလးေထာင့္စားပြဲကေလးတစ္ခုေပၚတြင္တင္ထားလိုက္သည္။ တစ္ေန႔ေသာ စေနေန႔၌က်ေနာ္သည္ အိမ္ေရွ႕ဧည့္ခန္းရွိပက္လက္ကုလားထိုင္တြင္ထိုင္၍စာဖတ္ေနရင္းတိုင္ကပ္နာရီမွ ၁၁ နာရီထိုးသံၾကားေသာအခါ ကိုယ္လက္ဆန္႔တန္း၍သန္းေဝကာ အိမ္ေရွ႕သို႔ ခဏမ်ွလွမ္းၾကည့္လိုက္သည္။မေစာရင္ သည္ ညပါတီပြဲတစ္ခုသို႔သြားရာခုခ်ိန္ထိျပန္မလာေသးေပ။လေလးကသာေနသည့္အတြက္ျပတင္းေပါက္ေလးမွတစ္ဆင့္ စားပြဲခံုေလးေပၚသို႔ျဖာက်ေနသည္။ထိုအခါ စားပြဲခံုေပၚတင္ထားေသာမွန္ကေလးအား တည့္တည့္ႀကီးအလင္းေရာင္ထိုးလ်ွက္ရွိသည္။ရုတ္တရက္ မွန္မ်က္နွာျပင္ေပၚတြင္ ျမဴ ခိုးမ်ား ယွက္သန္းေနသည္ကိုေတြ႕ျမင္လိုက္သျဖင့္အ့ံအားသင့္သြားခ့ဲသည္။ညေနကမွ ေသခ်ာတိုက္ထားေသာမွန္ကေလးသည္ ယခုအဘယ့္ေၾကာင့္ မႈန္မႈိင္းေနရသနည္း ဟုေတြး၍ အံဆြဲတြင္းမွအဝတ္စကိုထုတ္၍ တစ္ခါထပ္သုတ္လိုက္ၿပီးလ်ွင္ ကုလားထိုင္ေပၚသို႔ ျပန္ထိုင္လိုက္ျပန္သည္။ျပန္၍ထိုင္မိလ်ွင္ထိုင္မိခ်င္း မွန္ကေလးမွာ တစ္ဖန္ျပန္၍အံု႔မႈိင္းလာေသာေၾကာင့္ အဝတ္စကိုကိုင္၍ မွန္ေလးအနီးသို႔ေရာက္ေသာအခါအျဖဴေရာင္အေငြ႕မ်ားသည္ ၿငိမ္၍မေနပဲ မွန္၏အလယ္သို႔ တစ္ေျဖးေျဖးစုစုသြားေလသည္။ထိုအျဖဴေရာင္အလံုးေလးသည္တစ္ေျဖးေျဖး ႀကီး၍ႀကီး၍လာၿပီးလ်ွင္ ပထမဦးစြာ လူေခါင္းသဖြယ္ျဖစ္လာၿပီးလ်ွင္ခဏၾကာေသာအခါလူတစ္ေယာက္၏ပံုစံ ေပၚလာေလသည္။ထိုသဏၭန္သည္ တစ္ကိုယ္လံုးေပၚ ျမင္နိုင္သည္ထိေနာက္သို႔ေ႐ြ႕သြားျပန္သည္။ထိုအခ်ိန္တြင္ပတ္ဝန္းက်င္ရွိအခိုးအေငြ႕မ်ားလည္းတစ္ေျဖးေျဖး ေပ်ာက္ကြယ္သြား၍ မိန္းကေလးတစ္ေယာက္၏ပံုသဏၭန္မွာထင္ထင္ရွားရွားေပၚလာေတာ့သည္။က်ေနာ႔အားညဳိွ းငယ္ေသာမ်က္လံုးမ်ားျဖင့္ၾကည့္၍ေနေသာ မနန္းၫြန္႔ကိုျမင္ရေတာ့သည္။ "ၫြန္႔ ၫြန္႔ ေရ မင္းန႔ဲေတာ့ဘဝခ်င္းျခားေနၿပီကြယ္ ဒီအနားတိုးခ့ဲစမ္းပါဦး ၫြန္႔ရယ္" မနန္းၫြန္႔သည္ က်ေနာ္နွင့္ လူခ်င္းထိေတြ႕မတတ္ေရွ႕သို႔တိုးလာေနသည္။သို႔ေသာ္စကားေတာ့ေျပာ၍ရဟန္မတူေခ်။ "ေမာင္န႔ဲ ခုလို ေန႔တိုင္းစကားေျပာနိုင္သလား" ပံုရိပ္ သည္ ေခါင္းကိုညိတ္ျပ၏။ "ေမာင့္ကိုအရင္ကလို ခ်စ္ေသးရ႕ဲလား" ေခါင္းကိုယမ္းျပ၏။ "ဘာျဖစ္လို႔လဲ " လက္ညဳွိ းနွစ္ေခ်ာင္းကိုယွက္ျပ၏။ "ေမာင့္မွာ မိန္းမရွိလို႔လား" ေခါင္းညိတ္ျပ၏။ "ဒါျဖင့္ ေမာင့္မွာ မိန္းမ မရွိေတာ့ရင္ ခ်စ္ဦးမယ္ေပါ့" ၿပံဳ းလ်ွက္ ေခါင္းညိတ္ျပ၏။ဤက့ဲသို႔စကားေျပာရင္း ေျခရိပ္လက္ရိပ္ျပ၍ ေျပာဆိုကာ အခ်ိန္အတန္ၾကာေသာ္ ပံုရိပ္သည္ ေျခဟန္လက္ဟန္ျပ၍ အလြန္ေဝးေသာအရပ္သို႔လက္ညဳွိ းထိုး၍သြားရေတာ့မည္ ဟူေသာလကၡဏာနွင့္နႈတ္ဆက္ ဟန္ျပဳကာ ေပ်ာက္ကြယ္သြားေလသည္။ထိုေန႔မွစ၍ က်ေနာ္သည္ မနန္းၫြန္႔၏ဝိညာဥ္ျဖင့္ေန႔စဥ္စကားေျပာျဖစ္၏။ည၁၀ နာရီထိုးသည္နွင့္ က်ေနာ္မွန္ေရွ႕သို႔ေရာက္ရွိလာရာမွန္ကေလးထဲတြင္ျမဴ ခိုးမ်ားယွက္သန္းလာကာ မနန္းၫြန္႔ေရာက္ရွိလာသည္။ တစ္ေန႔ေသာ ည အခါ၌ မနန္းၫြန္႔နွင့္ခ်စ္တင္းေနွာစကားေျပာလ်ွက္ရွိစဥ္ ရုတ္တရက္အိပ္ခန္းတံခါးပြင့္လာၿပီး မေစာရင္သည္ ဧည့္ခန္းထဲသို႔ေရာက္ရွိလာေလသည္။မေစာရင္သည္ မွန္ဆီသို႔ခ်က္ခ်င္းေရာက္လာ၍မွန္ထဲက အရိပ္ကိုလည္းျမင္၍သြားဟန္ရွိသည္။ထိုခဏ၌ အရိပ္သည္ေပ်ာက္ကြယ္သြားေလသည္။ "ဒါကဘာလဲ ကိုစိန္ဘန္း ဘာအဓိပၸာယ္လဲ မ်က္လွည့္လား" မေစာရင္မွာထိုစကားတစ္ခြန္းသာေျပာနိုင္ေလသည္။အဘယ္ေၾကာင့္ဆိုေသာ သမင္မငယ္အားခုန္၍အုပ္ေသာ က်ားတစ္ေကာင္က့ဲသို႔ က်ေနာ္သည္ မေစာရင္အားခုန္၍အုပ္လိုက္ၿပီးေနာက္၎လည္မ်ိဳကိုတစ္အား ဖ်စ္ညႇစ္လ်ွက္ရွိ၏။ အျပင္မွမည္သည့္အသံမွမၾကားရေပ။သူမ၏ဟစ္ေအာ္သံမ်ားလည္း လည္ေခ်ာင္းအတြင္းမွတဂူးဂူးထြက္ေပၚလာေသာခ်ြဲ သံမ်ားနွင့္ ေရာယွက္ကာအခန္းတြင္း၌ပင္ၿငိမ္သက္ေပ်ာက္ကြယ္သြားဟန္ရွိသည္။ က်ေနာ္ကိုယ္တိုင္မွာမူ အျပင္မွဝိညာဥ္တစ္ခုသည္ က် ေနာ႔ဝိညာဥ္အားလာေရာက္ပူးေပါင္းကာတိုက္ခိုက္ေနသည့္အလားယခင္ကထက္အင္အားႀကီးမားလာၿပီးလ်ွင္မေစာရင္၏လည္မ်ိဳ ကိုမလႊတ္ပဲရွိေတာ့သည္။ထို႔ေနာက္ က်ေနာ္၏အသိဥာဏ္သည္လည္း မွန္ထဲတြင္ျမင္ေတြ႕ရေသာ ျမဴ ခိုးမ်ားက့ဲသို႔အံု႔မႈိင္းကာက်ေနာ႔အားဖံုးအုပ္သြားၿပီးေနာက္ မည္သည့္ အရာကိုမ်ွ က်ေနာ္မသိေတာ့ေခ် ။ အထက္ပါအေၾကာင္းအရာမ်ားကို က်ေနာ္မွတရားသူႀကီးအားေျပာျပခ့ဲပါေသာ္လည္း ၎မွာ အမႈနွင့္လည္းမသက္ဆိုင္ ယံုၾကည္မႈလည္းမရွိေၾကာင္း ေျပာသျဖင့္ က်ေနာ္က မယံုၾကည္လ်ွင္ ဤမွန္ဝိုင္းကေလးကို သက္ေသအျဖစ္ယူ၍ အိမ္သို႔သယ္ေဆာင္ကာ ည ၁၀ နာရီအခ်ိန္တြင္ ၾကည့္ရႈပါရန္ ေျပာၾကားေသာ္လည္း အစိုးရေရွ႕ေနႀကီးကကန္႔ကြက္သည္။တရားသူႀကီးကလည္း ၎၏သေဘာနွင့္ကိုက္ညီ၏။သို႔ျဖစ္ပါ၍ က်ေနာ႔အား အမိန္႔ခ်မွတ္ အပစ္ေပးစီရင္ခ့ဲေသာတရားသူႀကီး လက္ေတြ႕သိေစရန္ ေနာင္ႀကီးအားအကူအညီေတာင္းခံခ့ဲျခင္းျဖစ္ပါသည္။ ေနာင္ႀကီး၏ ေဆာင္႐ြက္မႈအတြက္ေရာက္ေလရာဘဝမွ လႈိက္လႈိက္လွဲလွဲ ေက်းဇူးတင္ရွိပါေၾကာင္းးးးးး စိန္ဘန္း အထက္ပါစာကိုဖတ္ၿပီးေနာက္က်ြန္ုပ္မွာၾကက္သီးေမႊးညႇင္းမ်ားထလာကာ ေဘးဘီဝဲယာသို႔ပင္ၾကည့္ရႈမိေတာ့သည္။ ေမာင္စိန္ဘန္း၏ အတၳဳ ပၸတၱိ ကိုဖတ္ရၿပီးေနာက္ ၃ လခန္႔မ်ွၾကာေသာအခါတြင္စက္ရွင္မင္းႀကီးဦးထြန္းစိန္သည္ ရုတ္တရက္ရူးသြပ္သြားၿပီးလ်ွင္ သူ၏မင္းကေတာ္အား လည္မ်ိဳကိုညႇစ္၍သတ္လိုက္ေၾကာင္းျဖင့္ထူးဆန္းေသာလူသတ္မႈတစ္ခုဟုေခါင္းစဥ္တပ္ၿပီးလ်ွင္ သူရိယသတင္းစာ၌ ပါလာသည္ကို ေတြ႕ျမင္ရေလသတည္း။
Credit by ဒဂုန္ေ႐ႊမ်ွား
__________________________________________________________________________
#Unicode
ကျွနု်ပ်သည် မြင်းခြံထောင်၌ရှိစဉ် အသက် ၃၀ ခန့်မျှရှိသေးသော ဇာတ်လမ်းရေးဆရာ နှင့် တေးရေး မောင်စိန်ဘန်း ဆိုသူသည် လူသတ်မှုတစ်ခုဖြင့်ရောက်လာ၍ ကျွနု်ပ် နှင့်အတော်အတန် ခင်မင်ရင်းနှီးခဲ့လေသည်။မောင်စိန်ဘန်းမှာ အသားလတ်လတ်၊နှာတံပေါ်ပေါ်နှင့်ရုပ်ရည်သနားကမားရှိပြီးလျှင် စကားပြောရာ၌လည်းတစ်လုံးချင်းစဉ်းစား၍ပြောတတ်သူဖြစ်သည်။ အထူးသဖြင့်သူ၏မျက်လုံးများမှာ ရီဝေဝေ ရှိပြီးလျှင် အနီးပတ်ဝန်းကျင်ကိုမကြည့်မမြင်ဘဲအလွန်ဝေးလံသောအရပ်သို့ကြည့်နေသည့်အလား အုံ့မှိုင်းလျက်ရှိ၏။နဂိုအားဖြင့်စူးရှတောက်ပဟန်ရှိသော်လည်း ငေးမောတွေဝေခြင်းဟူသော အနည်အနှစ်များကဖုံးလွှမ်းထားသကဲ့သို့ရှိလေသည်။ မောင်စိန်ဘန်း၏အမှုမှာ ဇနီးဖြစ်သူအားရက်စက်စွာလည်ပင်းညှစ်သတ်သောအမှုဖြစ်သည်။၎င်းကိုယ်တိုင်ကလည်း မိမိပင်သတ်ကြောင်းဝန်ခံကာ တစ်စုံတစ်ခုသောအကြောင်းကြောင့် သတိလက်လွတ်ဖြစ်သွားကာသတ်မိပါကြောင်းထုချေ၏။၎င်း၏ရှေ့နေကလည်း သူ၏အမှုသည်မှာ စိတ်မနှ့ံသဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ကျိုးကြောင်းဆင်ခြင်နိုင်သည့်ဉာဏ်ကင်းမဲ့သည့်အချိန်၌ပြု လုပ်ခြင်းတို့မည်သည် ရာဇဝတ်ပစ်မှု မှကင်းလွတ်ပါကြောင်း လျှောက်ထား၏။ မောင်စိန်ဘန်းသည် အချုပ်၌ချုပ်ထားစဉ်သူ၏အဖြစ်အပျက်များကိုရေးသားပြီးလျှင်အမှုစစ်ပုလိပ်မှတစ်ဆင့် တရားသူကြီးထံသို့တင်ပြခဲ့၏။သို့ရာတွင် တရားသူကြီးကမယုံကြည်ကြောင်း၊အကယ်၍ ယုံကြည်ခဲ့ပါလျှင်လည်းအမှုမှ ကင်းလွတ်ခွင့်ကိုမပေးနိုင်ပါကြောင်း၊ထို့ပြင် တရားခံရှေ့နေ၏ လျှောက်လဲချက်အရ တရားခံမှာ စိတ်မနှံ့ဟုဆိုခြင်းမှာလည်းတရားခံ၏ရေးသားချက်ကပင် စိတ်ကောင်းကြောင်းထင်ရှားနေသဖြင့်တရားခံသည် သေသူ ၎င်း၏ဇနီးကိုသတ်ရာ ၌ အမှားအမှန်က်ိုဆင်ခြင်နိုင်သောအသိဉာဏ်မရှိဟုမခေါ်နိုင်ကြောင်း၊သတ်ဖြတ်ပုံမှာလည်း သေသူ၏လည်မျိုတွင်လက် ၁၀ ချောင်းရာကြီးသည် အညို အမဲစွဲ ၍ကျန်ရစ်ခဲ့သည်အထိ ရက်စက်လှသဖြင့်တရားခံသည်သေစေလိုသောစိတ်ဖြင့်မသေမချင်း သတ်သည်မှာထင်ရှားကြောင်းစသည်ဖြင့်စီရင်ချက်တွင်နောက်ဆုံးရေးသားဖော်ပြပြီးနောက် ကြိုးမိန့်ပေးလိုက်ခြင်းဖြစ်လေသည်။ ကြိုးမိန့်ကျပြီးနောက် လွှတ်တော်သို့အယူခံဝင်လျှက်ရှိစဉ် ကျွနု်ပ်မှ ထောင်မှထွက်ရန် တနင်္ဂနွေ တစ်ပတ်သာကျန်တော့သည်ဖြစ်ရာ မောင်စိန်ဘန်းနှင့်တွေ့ဆုံစကားပြောခွင့်ရလျှင်ကောင်းမည်ဟု တွေးတောနေမိခိုက်မှာပင် မောင်စိန်ဘန်းမှကျွနု်ပ်နှင့်တွေ့ဆုံလိုကြောင်းကမ်းလှမ်းခဲ့သည့်အတွက် ရ ရက်အတွင်း၌ပင်စကားပြောခွင့်ရခဲ့လေသည်။ "တွေ့ရတာ ဝမ်းသာပါတယ်နောင်ကြီးရယ်၊ဒါနဲ့ နောင်ကြီးက ကျနော်တို့လိုအကျဉ်းသမားတွေဆီက ဗဟုသုတတွေကို စာနဲ့ရေးပြီး စုဆောင်းနေတယ်လို့သတင်းရပါတယ် ဟုတ်ရဲ့မဟုတ်လားခင်ဗျာ" "ဟုတ်ပါတယ်မောင်စိန်ဘန်း" "ကျေးဇူးပါပဲခင်ဗျာ ကျနော်ကမသေခင်လေးကျနော့်အကြောင်းကို နောင်ကြီးကိုပြောပြချင်နေတာနဲ့ အတော်ပါပဲခင်ဗျာ" "အခုပြောမလို့လား " " ရေးပြီးသား အသင့်ရှိတယ်ခင်ဗျ။နောက်တော့မှနောင်ကြီးဖတ်ကြည့်ပေတော့။ပြီးတော့နောင်ကြီးထောင်က ထွက်သွားပြီးတဲ့အခါ ကျနော့အတွက်လုပ်ပေးစေချင်တာလေးတစ်ခုရှိနေတယ်ခင်ဗျ ။ ဒီလို ဗျ နောင်ကြီးရဲ့ ကျနော့အမှုမှာသက်သေခံအဖြစ်နဲ့ တင်ပြတဲ့ ဘဲဥ ပုံစားပွဲတင်မှန်ကလေးတစ်ချပ်ရှိတယ်။ခုအဲ့ဒီပစ္စည်းက ရုံးတော်ပစ္စည်းထိန်းလက်ထဲမှာရှိတယ်။လူသတ်မှုဖြစ်တာလည်း ဒီမှန်ကို အကြောင်းပြုပြီးဖြစ်ရလေတော့ သက်သေခံတင်ရတာပ။ဒီတော့နောင်ကြီးထောင်ကလွတ်ရင် ဒီမှန်ကလေးကိုရုံးတော်က လေလံပစ်တဲ့အခါ ရအောင်ဆွဲ ပြီးကျနော့ကိုသေဒဏ်ပေးတဲ့တရားသူကြီးဦးထွန်းစိန်လက်ကိုမရောက် ရောက်အောင်ကြံပေးစေချင်ပါတယ်။" "မောင်စိန်ဘန်းရဲ့ အမှုက ကိုယ့်ဇနီးကိုယ်လည်ပင်းညှစ်သတ်တဲ့အမှုမဟုတ်လား" "ဟုတ်ပါတယ် နောင်ကြီး" "ဒီမှန်ဝိုင်းကလေးကို ဘာဖြစ်လို့သက်သေခံပစ္စည်း အနေနဲ့တင်ရတာလည်းဆိုတာ ကျုပ်နားမလည်သေးဘူးမောင်စိန်ဘန်းရဲ့" "ဒါကြောင့် ကျနော့ရဲ့ အတ္ထု ပ္ပတ္တိကိုဖတ်ကြည့်တဲ့အခါသိမယ်လို့နောင်ကြီးကိုပြောတာပေါ့ ကျနော့အမှုဆုံးခန်းတိုင်တဲ့အခါဒီမှန်လေးကိုရုံးတော်ကလေလံတင်ပြီးရောင်းလိမ့်မယ်။အဲ့ဒီအခါ ကျမှအဲ့ဒီမှန်ဝိုင်းလေးကို လေလံပွဲမှာမရ ရအောင်နောင်ကြီးဝယ်ပေးပါ။နောက်ပြီး တစ်နည်းနည်းနဲ့ ဦးထွန်းစိန်လက်ထဲရောက်အောင်ပို့စေချင်တယ်ဗျာ။ဝယ်ဖို့ငွေကတော့ ကျနော့တာဝန်ပဲ။" မောင်စိန်ဘန်းသည်သူ၏ခါးတွင်ကြိုးကလေးတစ်ချောင်းဖြင့်သိုင်း၍ချည်ထားသောလက်စွပ်တစ်ကွင်းကိုကျွနု်ပ်အားထုတ်ပေးပြီးနောက် "စားပွဲတင် မှန်ကလေးလေလံဆွဲ ်ဖို့တော့ ဒီလက်စွပ်ကိုရောင်းပြီးဆွဲဖို့ပါပဲ နောင်ကြီးရ့၊ဲ ရှမ်းပြည်ကရခဲ့တဲ့မိုးကုတ်ပတ္တမြား အစစ်ပဲ။ တစ်ခါစိန်ဘာဘူကုလားတစ်ယောက်က ၁၅၀၀ ပေးဖူးတယ်။ကျနော်ကမရောင်းလိုက်ဘူး။ဒီလက်စွပ်ကိုနောင်ကြီးသဘောအတိုင်းထုခွဲပြီး မှန်ကလေးကို မရရအောင်ဝယ်ပါ။ရပြီးတဲ့အခါ စက်ရှင်မင်းကြီး ဦးထွန်းစိန် လက်ရောက်အောင်တစ်နည်းနည်းနဲ့ကြံဖန်ပြီးပို့ပေးပါ။ဖြစ်အောင် ကူညီပေးပါနောင်ကြီးရယ် ကျေးဇူးတင်ပါတယ်ဗျာ" "နေပါဦး မောင်စိန်ဘန်းရဲ့၊ဒီ မှန်ကလေးကိုပေးတာက ဘာရည်ရွယ်ချက်ရှိသလဲ။" "ရည်ရွယ်ချက်ကယ်လို့ မရှိပါဘူး ခင်ဗျာ နို့ပေမယ့်ဒီ မှန်ကလေးသာ သူ့အိမ်ရောက်သွားရင် ကျနော့အစစ်ခံချက်ကို သူယုံကြည်ပြီး ကျနော့ကိုကြိုးမိန့်ပေးမိတာမှားပြီ ဆိုပြီး နောင်တ ရကောင်းရပါလိမ့်မယ်။အဲ့ဒါ ကျနော့ရည်ရွယ်ချက်ပဲ ဆိုပါတော့။ သြော် တစ်ခုတော့ရှိတယ်နောင်ကြီးရေ့ ဒီမှန်ကလေး သူ့လက်ထဲရောက်သွားပြီးတဲ့ အချိန်ကျမှ ကျနော်ရေးထားတဲ့ စာရွက်တွေကို ခင်ဗျားဖတ်ရမယ်နော် ဒီဟာတစ်ခုတော့နောင်ကြီးကတိပေးပါဗျာ" "ကောင်းပါပြီ ၊ဒါနဲ့ မောင်စိန်ဘန်းစာရွက်တွေရော ဘယ်မှာလဲ" "ထောင်မှူ းကလေးဦးဘတင်လက်ထဲမှာချိတ်ပိတ်ပေးထားပါဆိုပြီးအပ်ထားတယ်။နောင်ကြီးကိုပေးလိုက်ဖို့ပြောထားပြီးပါပြီ။" "ဒါဖြင့် ကျုပ်တောင်းယူလိုက်ပါမယ်" "ကိုင်း ဒါဖြင့်စိတ်အေးရပါပြီ ကျေးဇူးတင်လိုက်တာနောင်ကြီးရယ် ကျနော့စိတ်ထဲ ကြိုးစင်မတက်ခင်အလုံးကြီးတစ်လုံး ကျသွားတယ်" ကျွနု်ပ် လည်းတစ်ခဏမျှ မောင်စိန်ဘန်းနှင့်ထွေရာလေးပါးစကားပြောပြီး အချိန်စေ့သည်နှင့်ထွက်ခဲ့ရလေသည်။ ..................................... ထောင်မှကျွနု်ပ်ထွက်ခဲ့ပြီးနောက် တစ်လခန့်မျှ တွင် မောင်စိန်ဘန်းအား ကြို းပေး လိုက်ပြီ ဟူသောသတင်းကိုကြားရ၏။သတင်းကြားရပြီး ရက်သတ္တ သုံးပတ်ခန့်မျှ ကြာသောအခါ ကျွန်ုပ်လည်း ဘီလစ်ရုံးသို့သွားရောက်စုံစမ်းရာတွင် လာမည့် စနေနေ့ နံနက် ၁၀ နာရီ၌ ပိုင်ရှင်မရှိသော တိုလီမိုလီ ပစ္စည်းအချို့ကိုလေလံတင်ရောင်းချမည့်အကြောင်းကြားသိရသည်။သို့နှင့် ကျွနု်ပ်လည်း မိတ်ဆွေတစ်ယောက်၏အကူအညီဖြင့် မောင်စိန်ဘန်း၏ပတ္တမြားလက်စွပ်ကို ကျောက်ကုန်သည်ကြီးတစ်ဦးထံ သွားရောက်ရောင်းချရာ ငွေ ၈၀၀ ရရှိခဲ့လေသည်။ စနေ နေ့သို့ရောက်သောအခါ ကျွန်ုပ်သည် ငွေ ၈၀၀ ကိုပိုက်ပြီးလျှင်ဘီလစ်ရုံးသို့ ၉ နာရီအချိန်ကပင် ရောက်ရှိလေ၏။လေလံတင်မည့်ပစ္စည်းများကို ရုံးဝင်းအတွင်းရှေ့ဥပစာတွင်အချို့ကို စားပွဲပေါ်၌၎င်း၊မြက်ခင်းပေါ်၌၎င်း၊လေလံပစ်ရန်စီစဉ်လျှက်ရှိသည်ကိုတွေ့ရသည်။ပစ္စည်းများမှာ အိုးခွက်များ၊ချိုင့်များ၊မီးအိမ်များ၊သေတ္တာကြီးငယ်များ၊ဓားအမျိုးမျိုး၊ပန်းကန်ခွက်ယောက်များ၊ကုလားထိုင်များ စသည်ဖြင့်အမျိုးမျိုးပါဝင်၏။ ဘီလစ်စာရေးလုပ်သူသည် နောက်ဆုံး၌ ဘောင်အဖြူ ကွပ်ထားသည့် ဘဲဥပုံ စားပွဲတင် မှန်တစ်ချပ်ကိုထုတ်လာ၍ကျွန်ုပ်အနီးရှိ စားပွဲတစ်လုံးပေါ်တွင်တင်ထားလိုက်သည်။ ထိုမှန်တစ်ချပ်တည်းသာလေလံပစ္စည်းများထဲတွင်ပါဝင်သည့်ပြင် မောင်စိန်ဘန်းပြောသည့်အချက်များနှင့်ကိုက်ညီနေသဖြင့်၎င်းမှာကျွန်ုပ်လေလံဆွဲဝယ်ရမည့်ပစ္စည်းဖြစ်ကြောင်းသိရတော့သည်။ ထိုဘဲဥပုံစားပွဲတင် မှန်ကလေးကိုကျွနု်ပ်လည်း နီးနီးကပ်ကပ် ကြည့်ရှုလျှက်ရှိရာမှန်မှာ အကောင်းဆုံးဘိလပ်ထွက်ကျောက်သားမှန်မျိုးဖြစ်၍အမြင့်မှာလက်မ ၂၀ ခန့်ရှိပြီး အနံအားဖြင့် အကျယ်ဆုံးနေရာတွင် လက်မ ၁၂ သို့ ၁၃ ခန့်ရှိလေသည်။ကွပ်၍ထားသော ဘောင်မှာနှောသားကဲ့သို့ဖြူ ဖွေးချောမွတ်နေသောအသားတစ်မျိုးဖြစ်၍အရောင်တင်ထားသည်မှာလည်းဆင်စွယ်ရောင်ထလျှက်ရှိ၏။အားလုံးခြုံ ၍ ပြောရလျှင် ပစ္စည်းမှာလူကုံထံအိမ်များတွင်ထားတတ်သော မင်းကြိုက်စိုးကြိုက် ပစ္စည်းမျိုးဖြစ်၍ ခန့်မှန်းခြေ ငွေ လေးဆယ် ငါးဆယ် ခန့်တန်ဖိုးရှိနိုင်ကြောင်းမှန်းမိသည်။ အခြားပစ္စည်းအချို့တစ်ဝက်ကိုရောင်းချပြီးနောက် စားပွဲတင် မှန်ကလေး ကိုစတင်လေလံပစ်တော့သည်။ပထမဦးစွာ တန်ဖိုး ၅၀ မှစ၍လေလံပစ်ရာ နောက်ဆုံး ကျွနု်ပ်က ငွေ ၈၀ နှင့် ဆွဲဝယ်နိုင်လိုက်လေသည်။ထို့နောက် ဘီလစ်စာရေးကြီးအား ငွေပေးပြီးနောက် မှန်က်ိုဂုဏ်နီအိတ်နှင့်ထုတ်ကာမြင်းလှည်းတစ်စီးငှား၍ကျွနု်ပ်နေထိုင်သောအိမ်ခန်းသို့ယူခဲ့၏။အိမ်သို့ရောက်၍အထုပ်ကိုဖြေကြည့်ပြီးသော်မှန်ကလေးကိုအဝတ်သန့်သန့်လေးတစ်ခုဖြင့်ကောင်းစွာပွတ်တိုက်ပြီးနောက် အခန်းထောင့်ရှိ စားပွဲကလေးတစ်လုံးပေါ်၌တင်ထားလိုက်သည်။ ကျွန်ုပ်လည်း မှန်ကလေးကိုကြည့်ရင်း မောင်စိန်ဘန်းကို သတိရလာသည်နှင့် သူ၏အကြောင်းရေးသားထားခဲ့သောစာထုတ်ကိုဖွင့်ဖတ်ကြည့်ရန်စိတ်ကူးရလာသဖြင့် သိမ်းထားသောနေရာမှထုတ်ယူလာပြီးမှ ၎င်းပြောခဲ့သောစကားကိုသတိရလာ၍ အထုတ်လေးကိုသေတ္တာထဲသို့ပြန်ထည့်သိမ်းထားလိုက်လေသည်။ နောက်တစ်နေ့ညတွင် ကျွနု်ပ်သည် အောက်ထပ်ထမင်းဆိုင်လေးတွင်ထမင်းစားပြီးနောက်အခန်းသို့ပြန်တက်လာပြီးပက်လက်ကုလားထိုင်တစ်လုံးပေါ်တွင်ထိုင်ပြီး ရှေးဟောင်းနှောင်းဖြစ်များကိုပြန်လည်စဉ်းစားနေရင်းမောင်စိန်ဘန်းအကြောင်း ကိုသတိရမိသွားပြီးစက်ရှင်တရားသူကြီး ဦးထွန်းစိန်က်ုိ ရှာ၍ မှန်ကလေးကိုမည်သို့ပေးရမည့်အကြောင်းဆက်လက်စဉ်းစားမိပြန်သည်။လဆန်း ၁၃ ရက်လလေးသည်ထိန်ထိန်သာလျှက်ရှိရာ အေးမြသောလရောင်များသည် ပြတင်းပေါက်မှတိုးဝင်ကာမောင်စိန်ဘန်း၏မှန်ကလေးကို တစ်ပိုင်းတစ်စ ကျရောက်လျှက်ရှိသည်။ ကျွန်ုပ်သည် ထိုသို့စဉ်းစားနေရာမှ မှန်ကလေးသို့လှည့်ကြည့်လိုက်မိရာ မှန်ပေါ်တွင် မြူ ခိုးများယှက်သန်းလျှက် ရှိသကဲ့သို့ မှုန်မှုန်မှိုင်းမှိုင်း ဖြစ်နေသည်ကိုမြင်တွေ့ရသဖြင့် ညနေကမှတိုက်ထားခဲ့သည်ကို သတိရမိသည်။သို့နှင့် မှန်နားကိုသွား၍သေချာကြည့်၍ အဝတ်နှင့်တိုက်လိုက်ရာပြန်၍ကြည်လင်သွားပြန်သည်။ထို့နောက်ကျွန်ုပ်လည်း ပက်လက်ကုလားထိုင်သို့သွားထိုင်နေလိုက်သည်။တစ်ခဏမျှကြာလတ်သော်မှန်ကလေးမှာ တစ်ဖန်အုံ့မှိုင်းသွားပြန်သည်ကိုထူးဆန်းစွာမြင်တွေ့လိုက်ရလေသည်။သို့သော်ကျွန်ုပ်သည် ထိုမှန်ဆီသို့ထမသွားတော့ပဲ ကုလားထိုင်ပေါ်မှာပင်ထိုင်၍အိပ်ပျော်သွားလေသည်။ ကျွနု်ပ်၏ဒုတိယမြောက် ဆောင်ရွက်ရမည့်ကိစ္စမှာစက်ရှင်မင်းကြီး ဦးထွန်းစိန် လက်သို့မှန်ကလေးက်ိုမရောက်ရောက်အောင် ပို့ပေးရမည်ဖြစ်သည်။စက်ရှင်မင်းကြီးကိုလည်း ကျွနု်ပ်မသိ ၊စက်ရှင်မင်းကြီးကလည်းကျွန်ုပ်ကိုမသိ အကယ်၍လက်ဆောင်အဖြစ်ပေးပါက မည်ကဲ့သို့လက်ခံပေမည်နည်း။မောင်စိန်ဘန်းအားကတိပေးခဲ့မိစဉ်က ထို့လောက်ခက်ခဲမည်မှန်းမသိခဲ့ပေ။နောက်ဆုံး၌ နည်းလမ်းနှစ်ခုကိုစဉ်းစားမိသည်။ ပထမတစ်ခုက တိုလီမိုလီ ကုန်ဟောင်းများရောင်းချ သည့် သူတစ်ယောက်အနေဖြင့်ချည်းကပ်ရန်ဖြစ်ပြီး နောက်တစ်နည်းမှာ သူနှင့်ပလဲနံသင့်သောလူတစ်ယောက်ထံချည်းကပ်၍ ဦးထွန်းစိန်အား လက်ဆောင်ပစ္စည်းပေးစေရမည်ဖြစ်သည်။ထိုသို့စဉ်းစားပြီးနောက် ပို၍လွယ်ကူမည်ထင်သော ဒုတိယနည်းကိုရွေးချယ်ခဲ့လေသည်။ သို့နှင့် ကျွန်ုပ်သည် စက်ရှင်မင်းကြီး၏အိမ်သို့ဝင်ထွက်သွားလာသောသူများကိုသိရှ်ိအောင်လေ့လာရတော့သည်။မင်းကတော်ကြီးမှာ အသက် ၄၀ ခန့်သာရှိသေး၍ရုပ်ရည်အလွန်နုပျို ပြီးမင်းပွဲ၊ကပွဲ၊အလှူ အတန်း၊မင်္ဂလာဆောင် ၊ဂါးဒင်းပါတီ၊တီးပါတီတို့တွင် အလွန်ဝါသနာ ထုံကာအပျော်အပါးကြိုက်သူတစ်ယောက်ဖြစ်၏။ဦးထွန်းစိန်မှာမူအလွန်ရိုးသား၍မည်သူ့ကိုမဆို ခပ်မှန်မှန်ခပ်တန်းတန်း နေထိုင်တတ်သူဖြစ်လေသည်။ အထက်ပါအကြောင်းများကို ကျွန်ုပ်သည်သူ၏ဘဏ္ဏာစိုးဖြစ်သူ ကိုတင်စိုးဆိုသူထံမှကြားသိရလေသည်။ကိုတင်စိုးမှာဦးထွန်းရှင်၏ကားကိုလည်းမောင်းရသူဖြစ်ရာ တစ်နေ့သ၌ ကျွနု်ပ်သည်အခါကောင်း၊အခွင့်ကောင်းကိုချောင်းမြောင်းနေသည့်သူတစ်ယောက်ဖြစ်သည့်အတိုင်းကားစောင့်ရင်းအနီးရှိတရုတ်ဟိုတယ်တစ်ခုသို့၎င်းအားခေါ်သွားပြီးလျှင် အရက်ဖြင့်လောကဝတ်ပြု ကာမိတ်ဖွဲ့လေ၏။ သို့နှင့် သူ့အား နှစ်ကြိမ် သုံးကြိမ်မျှ ချိန်း၍တွေ့ဆုံကာ ကျွနု်ပ်က ဖောဖောသီသီ တိုက်ကျွေးသောအခါ ကိုတင်စိုးနှင့် ကျွနု်ပ်မှာ အတော်ပင် အကျွမ်းတစ်ဝင် ဖြစ်ခဲ့လေသည်။ တစ်နေ့သောတနင်္ဂနွေ တစ်ရက်တွင် ကိုတင်စိုးသည်အားလပ်ရက်ရသဖြင့် ကျွန်ုပ်နေသောအခန်းလေးသို့ရောက်လာရာ ကျွန်ုပ်က ဘီယာ ၂ ပုလင်းမှာထားပြီး တရုတ်အကြော်ဆိုင်မှ ဘဲကင်၊ ဝက်ပေါင်ခြောက်ကင်များဖြင့်ဧည့်ခံလေ၏။ထိုအခါ အခွင့်သာဆုံးအချိန်ကိုရောက်လာပြီဖြစ်၍ ကျွန်ုပ်က ကိုတင်စိုးအား "သြော် ဒါထက် ကိုတင်စိုး ကျုပ်တစ်ခုပြောချင်တာရှိတယ်ဗျာ ခင်ဗျားတော့ ဆောင်ရွက်ပေးနိုင်ပါလိမ့်မယ်" "ဘာများလဲဆရာရဲ့ ၊ဆရာ့ကိစ္စရှိရင် ကျနော်အသက်နဲ့လဲပြီးဆောင်ရွက်ပေးနိုင်ပါတယ်" "ကျုပ် တစ်ခါက မန္တလေးမှာလူသတ်မှုဖြစ်ဖူးတယ်။အမှုကတော့အမှုမှန်ပဲ။နို့ပေမယ့် သက်သေမလုံလောက်တာနဲ့ လွှတ်ပေးလိုက်တယ်။အဲ့ဒီတစ်ရားသူကြီးဟာတစ်ခြားလူမဟုတ်ဘူး။အခု ခင်ဗျားဆရာ ဦးထွန်းစ်ိန်ပဲ" "ဆရာကတော့ မမှန်တာ မလုပ်ပါဘူးခင်ဗျာ ၊လာဘ် သပ်ပကာဆိုတာလည်း ဘယ်တော့မှလက်ခံတဲ့သူမဟုတ်ဘူး တစ်ခါတရုတ်သဌေးတစ်ယောက် ငွေ ၅၀၀၀ လာပေးတာ အိမ်ကမောင်းချလို့ အတော်လေးဂယက်ရိုက်သွားတယ် ကျနော်ကအစင်းသိမို့လားခင်ဗျာ" "အဲဒါကြောင့်ခက်တာပေါ့ဗျာ" "ဆရာက ဘာပြောချင်လို့တုန်း" "ကျုပ်ပေးချင်တာက လာဘ်မဟုတ်ပါဘူး ၊အဖိုးတော့မတန်ပါဘူး " "ဆရာကဘာလက်ဆောင်ပေးချင်လို့လဲ" "ဟောဟို စားပွဲပေါ်မှာတင်ထားတဲ့ မှန်ကလေးပါ ။" "ဆရာ့ လက်ဆောင်တော့ သဘောကျမှာပဲဆရာရေ့ မင်းကတော်ကအင်မတန်အလှကြိုက်တာ" ထို့နောက် ကျွန်ုပ်လည်းလှိမ့်လက်စနှင့်ဆက်၍လှိမ့်ရာ မောင်တင်စိုးမှာဘီယာတန်ခိုးကြောင့်၎င်း၊ ကျွန်ုပ်အား ခင်မင်ရင်းနှီးသောကြောင့်၎င်း ကျွန်ုပ်လုပ်ကြံပြောဆိုသော ဇာတ်ကြောင်းကိုယုံကြည်လျှက်ရှိ၏။သို့နှင့် ထိုနေ့ညနေက ကျွန်ုပ်လည်းစားပွဲတင် မှန်ကလေးကိုဂုန်နီအိတ်သစ်တစ်လုံးနှင့်ထည့်၍သပ်ရပ်စွာထုတ်ပိုးပြီးမြင်းလှည်းဖြင့် မောင်တင်စိုးအပြန်တွင်ထည့်ပေးလိုက်လေသည်။ .................................. နောက်တနင်္ဂနွေ၌ မောင်တင်ထွန်းသည် ကျွန်ုပ်ထံသို့ရောက်ရှိလာ၍ ကျွန်ုပ်ပေးလိုက်သောမှန်ကလေးကို မင်းကတော်ကြီး နှင့်စက်ရှင်မင်းကြီးမှအလွန်တစ်ရာကြိုက်နှစ်သက်ကြကြောင်း၊မင်းကတော်ကြီးမှအလွန်ပင်နှစ်သက်သဘောကျ ကြောင်း၊ စက်ရှင်မင်းကြီးကမူ အမှုတစ်ခုအတွက်သက်သေခံတင်ပြသောပစ္စည်းတစ်ခုအနေဖြင့်မှတ်မိနေသော်လည်း မှန်ကလေးမှာ မင်းကြီးနှင့်မင်းကတော်တို့ အမြတ်တစ်နိုး ထားခြင်းကိုခံရပြီး လျှင် ယခုအခါ နေအိမ်ဧည့်ခန်းအတွင်းတွင်ရှိနေပြီဖြစ်သဖြင့် ကျွန်ုပ်မှာကျေနပ်ရလေတော့သည်။မောင်တင်စိုးအား ဘီယာဖြင့်ထပ်မံဧည့်ခံပြီးနောက် ရယ်မောစရာများဖြင့်အချိန်ကိုကုန်လွန်စေခဲ့ပြီီးလျှင် နောက်တစ်ပတ်အတွင်း၌မန္တလေး သို့ ခရီးထွက်ဦးမည့်အကြောင်းမလှိမ့်တစ်ပတ်ပြောဆိုထားခဲ့ပြီးလျှင် အစုန်စာပို့သင်္ဘော ဆိုက်ရောက်သောနေ့၌ ပြည်မြို့ သို့စုန်ဆင်းခဲ့လေ၏။ပြည်မြို့သို့ရောက်သောအခါယခင်ကနေခဲ့ဖူးသော ဘုရားကြီးစေတီအနီးရှိ ကွမ်းခြံတွင် သာယာအေးချမ်းစွာနေထိုင်လျှက်ရှိခဲ့လေသည်။ထိုအတောအတွင်း ကျွန်ုပ်သည် မောင်စိန်ဘန်းကို လုံးလုံးသတိမရပဲရှိနေလေသည်။တစ်နေ့သောအခါ တွင် ဘေးခြံထဲမှ မိန်းမတစ်ယောက်သည် မင်္ဂလာလက်ဖွဲ့ပေးရန်အတွက် ဘဲဥ ပုံမှန်ကြီးတစ်ချပ်ကို ခေါင်းပေါ်တွင်ရွက်၍ လာသည်ကိုတွေ့ရလေသည်။ထိုအခါကျမှ ကျွန်ုပ်သည် အတန်ကြာမေ့လျော့နေပြီ ဖြစ်သောမောင်စိန်ဘန်းအား ရုတ်တရက်သတိရလာခဲ့လေသည်။ကျွန်ုပ်သည် သတိရလျှင်ရခြင်း အဝတ်အစားအောက်ဆုံးထပ်၌ထားသော မောင်စိန်ဘန်း၏စာရွက်ထုတ်ကို ဖတ်ရှုရန်အတွက်ဆွဲထုတ်လိုက်လေတော့သည်။ ...................... လွန်ခဲ့သော ၁၂ နှစ်ခန့်က ကျနော်သည်မြန်မာဇာတ်ပွဲတစ်ခုနှင့်အတူ ရှမ်းပြည်မြောက်ပိုင်းရှိ မြို့တစ်မြို့၌ကပြလျှက်ရှိစဉ် အင်းလေး ခေါ်ရှမ်းရွာကလေးတစ်ရွာမှ မနန်းညွန့် ဆိုသူမိန်းမပျိုတစ်ယောက်နှင့် ခင်မင်ရင်းနှီးရာ မှ လူငယ်သဘာဝ ချစ််သူများဖြစ်ခဲ့ကြလေသည်။မနန်းညွန့်မှာ မိခင်ကြီးတစ်ယောက်တည်းသာရှိတော့သည်ဖြစ်၍ သားမိနှစ်ယောက်တောင်ယာလုပ်ရင်း စျေး နေ့များတွင်စျေးသို့တက်၍စျေးရောင်းခြင်းစသည့်အလုပ်များကိုလုပ်ရင်း ဆင်းဆင်းရဲရဲနှင့် ဘဝကို ရုန်းကန်နေကြရသည်။ ကျနော်လည်းပါလာသမျှပစ္စည်းလေးများကိုထုခွဲ လိုအပ်သည်များကိုဝယ်ပေးရင်းနှင့် မနန်းညွန့်နှင့်တိတ်တဆိတ်ပေါင်းသင်းနေရာ မနန်းညွန့်မိခင်က အရှည်ကိုတွေး၍ ကျတော်တို့ပေါင်းသင်းနေထိုင်ခြင်းကို သဘောမတူချေ။ ဤသို့ဖြင့် ရက်ပေါင်း ၂၀ ခန့်လောက်တွင် ကျနော့တွင်ပါသမျှ ပစ္စည်းများမှာကုန်ခမ်းလေတော့သည်။ထိုအခါ ရှိသမျှအဝတ်အစားများကို ရောင်းချပေါင်နှံရတော့သည်။ ကျနော်၏အကြောင်းများကို ဇတ်ဆရာသည်မန္တလေးသို့ပြန်ရောက်သောအခါ ကျနော့ဖခင်ထံသို့အကြောင်းစုံကိုပြောပြလေသည်။ကျနော့် ဝါသနာကြောင့်သာ ဇာတ်ထဲသို့လိုက်ခဲ့သော်လည်း ကျနော်တို့မှာဆင်းဆင်းရဲရဲမဟုတ်ပဲ သူများနည်းတူ နေနိုင်စားနိုင်သူများဖြစ်ကြသည်။ အဖေသည် ကျနော့အကြောင်းကြားကြားချင်း ရွာသို့ လိုက်လာပြီး ကျနော့အားပြန်ခေါ်လေသည်။ယခုအခါ ငယ်သေးသောအရွယ်ဖြစ်သဖြင့် ခေတ္တခေါ်ထားမည်ဖြစ်ကြောင်း ၁၀ တန်းအောင်ပြီးသောအခါတွင် လာရောက်၍တောင်းရမ်း ပေးမည်ဖြစ်ကြောင်း အစရှိသဖြင့် မနန်းညွန့်တို့သားအမိ ကျေနပ်အောင် စီကာပတ်ကုန်းပြောလေသည်။ ကျနော် မှာအဖေ့ပြောစကားကို ယုံကြည်မိသော်လည်း မနန်းညွန့်နှင့် သူ့အမေမှာ ယုံကြည်ကြပုံမရချေ။သို့သော်အပြောကောင်းသောဖခင်ကြီးသည် လာရောက်တောင်းရမ်းခြင်းမပြုနိုင်မီစပ်ကြား သုံးစွဲရန်အတွက်ဟုဆိုကား ငွေ သုံးရာ အား မနန်းညွန့်တို့သားမိအားပေးခဲ့သေးသည်။ဖခင်ကြီးသည် လူငယ်တို့၏ချစ်ခြင်းအား မည်သို့မှခွဲမည်မဟုတ်ပဲ ယုံကြည်စိတ်ချရန်၊ စိုးရိမ်ခြင်းမဖြစ််ရန် အတန်တန်ပြောဆို၍ ကျနော့အားခေါ်ဆောင်ကာ ပြန်ခဲ့ကြလေသည်။ ရထားပေါ်တွင်ကျနော်၏ဖခင်ကြီးက "ဘယ့်နှယ်လဲဟေ့ မောင်စိန်ဘန်း မင်းယောက္ခမလောင်းကြီးအကြောင်းကြားရတာမကောင်းပါလားကွယ်" "ဘာလဲ ဖေဖေ ဘာဖြစ်လို့လဲ" "ရပ်သိရွာသိ ကဝေမကြီး တစ်ယောက်ဆိုပါကလား" "အလကားသက်သက် မနာလိုလို့ပြောကြတာပါ။မဟုတ်ပါဘူး ဖေဖေ" "ငါသတင်းကြားရတာတော့ သမီးလုပ်တဲ့သူတောင် သူ့ပညာတွေသင်ပေးထားသတဲ့" "မဟုတ်တာဖေဖေရယ် ဟုတ်ရင်ကျနော်သိမှာပေါ့" "ဒါမျိုး ကသိဖို့အခက်သားလားကွယ့်" "ဒါလည်း ဟုတ်ပါတယ် ဖေဖေ နို့ပေမယ့်သားအပေါ်မှာတော့သူတို့သားမိနှစ်ယောက်လုံးကောင်းကြပါတယ်" "ကောင်းကြတယ်ဆိုတာက ရှေ့ကိုမျှော်လင့်ချက်နဲ့ ချစ်ခင်ဟန်ဆောင်တာတွေလည်း ရှိတယ်ကွဲ့" ထို့နောက်ဖခင်ကြီးသည်ကျနော့အားဆုံးမစကားပြောပြီးနောက် ရက်ပေါင်း ၂၀ ခန့်သာပေါင်းသင်းခဲ့သော မနန်းညွန့်အကြောင်းကို အပြန်ပြန်အလှန်လှန်စဉ်းစားနေမိတော့သည်။ .......................... အတိုချုပ်ရသော် ကျနော်နှင့် မနန်းညွန့်အဆက်အသွယ်ပြတ်သွားကြပြီးမကြာခင် မှာပင် ပွဲစားတစ်ဦး၏သမီး မစောရင် နှင့်ပေးစားလိုက်တော့၏။မစောရင်မှာကျနော့အားချစ်ကြိုက်၍မဟုတ်ပဲ မိဘများသဘောတူသဖြင့်ယူလိုက်ရသောကြောင့် တစ်ယောက်နှင့်တစ်ယောက်မကြာခဏစကားများရန်ဖြစ်ပြီးလျှင် ကျနော်တို့အိမ်ထောင်ရေးမှာ အဆင်မပြေခဲ့ပေ။ တစ်နေ့ လူတစ်ယောက် ဂုန်နီအိတ်ကြီးထမ်း၍ဝင်လာရာ ကျနော့မှာ မမှတ်မိသဖြင့် ၎င်းကပင် "ဆရာလေး ကျနော့မမှတ်မိဘူးထင်တယ် ဆရာလေးနဲ့ မနန်းညွန့် လက်ထပ်တုန်းက....." "သြော် မှတ်မိပြီ ကိုဝဏ္ဏ လာထိုင်ဗျာ" "မနန်ညွန့်ကဆရာ့ ကိုဒီမှန်ကလေး ပေးခိုင်းလိုက်လို့ဗျာ ကျနော့မှာ ဆရာလေးပြောခဲ့ဘူးတဲ့လိပ်စာက်ုိသွားရှာတာ အဲ့ဒီကပြောလိုက်လို့ ဒီရောက်လာတာဗျို့" "မနန်းညွန့်ရော .........." "သူ ဆုံးရှာပြီ ဆရာလေး မဆုံးခင်ကကျနော့ကိုဒီမှန်လေးဆရာေလေးဆီရောက်အောင်ပို့ပေးပါလို့မှာတယ် ဒီမှန်လေးကိုကြည့်ပြီးအလွမ်းဖြေပါလို့ မှာခဲ့ပါတယ်" "သြော်မနန်းညွန့် သေခါနီးတောင် ကျနော့ကို စွဲလန်းသွားရှာတာကိုး" "ပြီးတော့ပြောသေးတယ်သူကလူသာသေတာ ဝိဉာဉ်ကမသေဘူးတဲ့၊ဒီမှန်ကလေးထဲမှာစောင့်နေမယ်လို့ပြောသွားပါတယ်ခင်ဗျာ" ထို့နောက်ဦးဝဏ္ဏလည်းပြန်သွားလေသည်။ မစောရင်ပြန်ရောက်သောအခါ သူ့့အတွက်လေလံပွဲတစ်ခုမှဝယ်လာခဲ့ကြောင်း လှည့်ပတ်ပြော၍ အလုပ်စားပွဲနှင့်မနီးမဝေးရှိလေးထောင့်စားပွဲကလေးတစ်ခုပေါ်တွင်တင်ထားလိုက်သည်။ တစ်နေ့သော စနေနေ့၌ကျနော်သည် အိမ်ရှေ့ဧည့်ခန်းရှိပက်လက်ကုလားထိုင်တွင်ထိုင်၍စာဖတ်နေရင်းတိုင်ကပ်နာရီမှ ၁၁ နာရီထိုးသံကြားသောအခါ ကိုယ်လက်ဆန့်တန်း၍သန်းဝေကာ အိမ်ရှေ့သို့ ခဏမျှလှမ်းကြည့်လိုက်သည်။မစောရင် သည် ညပါတီပွဲတစ်ခုသို့သွားရာခုချိန်ထိပြန်မလာသေးပေ။လလေးကသာနေသည့်အတွက်ပြတင်းပေါက်လေးမှတစ်ဆင့် စားပွဲခုံလေးပေါ်သို့ဖြာကျနေသည်။ထိုအခါ စားပွဲခုံပေါ်တင်ထားသောမှန်ကလေးအား တည့်တည့်ကြီးအလင်းရောင်ထိုးလျှက်ရှိသည်။ရုတ်တရက် မှန်မျက်နှာပြင်ပေါ်တွင် မြူ ခိုးများ ယှက်သန်းနေသည်ကိုတွေ့မြင်လိုက်သဖြင့်အ့ံအားသင့်သွားခဲ့သည်။ညနေကမှ သေချာတိုက်ထားသောမှန်ကလေးသည် ယခုအဘယ့်ကြောင့် မှုန်မှိုင်းနေရသနည်း ဟုတွေး၍ အံဆွဲတွင်းမှအဝတ်စကိုထုတ်၍ တစ်ခါထပ်သုတ်လိုက်ပြီးလျှင် ကုလားထိုင်ပေါ်သို့ ပြန်ထိုင်လိုက်ပြန်သည်။ပြန်၍ထိုင်မိလျှင်ထိုင်မိချင်း မှန်ကလေးမှာ တစ်ဖန်ပြန်၍အုံ့မှိုင်းလာသောကြောင့် အဝတ်စကိုကိုင်၍ မှန်လေးအနီးသို့ရောက်သောအခါအဖြူရောင်အငွေ့များသည် ငြိမ်၍မနေပဲ မှန်၏အလယ်သို့ တစ်ဖြေးဖြေးစုစုသွားလေသည်။ထိုအဖြူရောင်အလုံးလေးသည်တစ်ဖြေးဖြေး ကြီး၍ကြီး၍လာပြီးလျှင် ပထမဦးစွာ လူခေါင်းသဖွယ်ဖြစ်လာပြီးလျှင်ခဏကြာသောအခါလူတစ်ယောက်၏ပုံစံ ပေါ်လာလေသည်။ထိုသဏ္ဌန်သည် တစ်ကိုယ်လုံးပေါ် မြင်နိုင်သည်ထိနောက်သို့ရွေ့သွားပြန်သည်။ထိုအချိန်တွင်ပတ်ဝန်းကျင်ရှိအခိုးအငွေ့များလည်းတစ်ဖြေးဖြေး ပျောက်ကွယ်သွား၍ မိန်းကလေးတစ်ယောက်၏ပုံသဏ္ဌန်မှာထင်ထင်ရှားရှားပေါ်လာတော့သည်။ကျနော့အားညိုှ းငယ်သောမျက်လုံးများဖြင့်ကြည့်၍နေသော မနန်းညွန့်ကိုမြင်ရတော့သည်။ "ညွန့် ညွန့် ရေ မင်းနဲ့တော့ဘဝချင်းခြားနေပြီကွယ် ဒီအနားတိုးခဲ့စမ်းပါဦး ညွန့်ရယ်" မနန်းညွန့်သည် ကျနော်နှင့် လူချင်းထိတွေ့မတတ်ရှေ့သို့တိုးလာနေသည်။သို့သော်စကားတော့ပြော၍ရဟန်မတူချေ။ "မောင်နဲ့ ခုလို နေ့တိုင်းစကားပြောနိုင်သလား" ပုံရိပ် သည် ခေါင်းကိုညိတ်ပြ၏။ "မောင့်ကိုအရင်ကလို ချစ်သေးရဲ့လား" ခေါင်းကိုယမ်းပြ၏။ "ဘာဖြစ်လို့လဲ " လက်ညုှိ းနှစ်ချောင်းကိုယှက်ပြ၏။ "မောင့်မှာ မိန်းမရှိလို့လား" ခေါင်းညိတ်ပြ၏။ "ဒါဖြင့် မောင့်မှာ မိန်းမ မရှိတော့ရင် ချစ်ဦးမယ်ပေါ့" ပြံု းလျှက် ခေါင်းညိတ်ပြ၏။ဤကဲ့သို့စကားပြောရင်း ခြေရိပ်လက်ရိပ်ပြ၍ ပြောဆိုကာ အချိန်အတန်ကြာသော် ပုံရိပ်သည် ခြေဟန်လက်ဟန်ပြ၍ အလွန်ဝေးသောအရပ်သို့လက်ညုှိ းထိုး၍သွားရတော့မည် ဟူသောလက္ခဏာနှင့်နှုတ်ဆက် ဟန်ပြုကာ ပျောက်ကွယ်သွားလေသည်။ထိုနေ့မှစ၍ ကျနော်သည် မနန်းညွန့်၏ဝိညာဉ်ဖြင့်နေ့စဉ်စကားပြောဖြစ်၏။ည၁၀ နာရီထိုးသည်နှင့် ကျနော်မှန်ရှေ့သို့ရောက်ရှိလာရာမှန်ကလေးထဲတွင်မြူ ခိုးများယှက်သန်းလာကာ မနန်းညွန့်ရောက်ရှိလာသည်။ တစ်နေ့သော ည အခါ၌ မနန်းညွန့်နှင့်ချစ်တင်းနှောစကားပြောလျှက်ရှိစဉ် ရုတ်တရက်အိပ်ခန်းတံခါးပွင့်လာပြီး မစောရင်သည် ဧည့်ခန်းထဲသို့ရောက်ရှိလာလေသည်။မစောရင်သည် မှန်ဆီသို့ချက်ချင်းရောက်လာ၍မှန်ထဲက အရိပ်ကိုလည်းမြင်၍သွားဟန်ရှိသည်။ထိုခဏ၌ အရိပ်သည်ပျောက်ကွယ်သွားလေသည်။ "ဒါကဘာလဲ ကိုစိန်ဘန်း ဘာအဓိပ္ပာယ်လဲ မျက်လှည့်လား" မစောရင်မှာထိုစကားတစ်ခွန်းသာပြောနိုင်လေသည်။အဘယ်ကြောင့်ဆိုသော သမင်မငယ်အားခုန်၍အုပ်သော ကျားတစ်ကောင်ကဲ့သို့ ကျနော်သည် မစောရင်အားခုန်၍အုပ်လိုက်ပြီးနောက်၎င်းလည်မျိုကိုတစ်အား ဖျစ်ညှစ်လျှက်ရှိ၏။ အပြင်မှမည်သည့်အသံမှမကြားရပေ။သူမ၏ဟစ်အော်သံများလည်း လည်ချောင်းအတွင်းမှတဂူးဂူးထွက်ပေါ်လာသောချွဲ သံများနှင့် ရောယှက်ကာအခန်းတွင်း၌ပင်ငြိမ်သက်ပျောက်ကွယ်သွားဟန်ရှိသည်။ ကျနော်ကိုယ်တိုင်မှာမူ အပြင်မှဝိညာဉ်တစ်ခုသည် ကျ နော့ဝိညာဉ်အားလာရောက်ပူးပေါင်းကာတိုက်ခိုက်နေသည့်အလားယခင်ကထက်အင်အားကြီးမားလာပြီးလျှင်မစောရင်၏လည်မျို ကိုမလွှတ်ပဲရှိတော့သည်။ထို့နောက် ကျနော်၏အသိဉာဏ်သည်လည်း မှန်ထဲတွင်မြင်တွေ့ရသော မြူ ခိုးများကဲ့သို့အုံ့မှိုင်းကာကျနော့အားဖုံးအုပ်သွားပြီးနောက် မည်သည့် အရာကိုမျှ ကျနော်မသိတော့ချေ ။ အထက်ပါအကြောင်းအရာများကို ကျနော်မှတရားသူကြီးအားပြောပြခဲ့ပါသော်လည်း ၎င်းမှာ အမှုနှင့်လည်းမသက်ဆိုင် ယုံကြည်မှုလည်းမရှိကြောင်း ပြောသဖြင့် ကျနော်က မယုံကြည်လျှင် ဤမှန်ဝိုင်းကလေးကို သက်သေအဖြစ်ယူ၍ အိမ်သို့သယ်ဆောင်ကာ ည ၁၀ နာရီအချိန်တွင် ကြည့်ရှုပါရန် ပြောကြားသော်လည်း အစိုးရရှေ့နေကြီးကကန့်ကွက်သည်။တရားသူကြီးကလည်း ၎င်း၏သဘောနှင့်ကိုက်ညီ၏။သို့ဖြစ်ပါ၍ ကျနော့အား အမိန့်ချမှတ် အပစ်ပေးစီရင်ခဲ့သောတရားသူကြီး လက်တွေ့သိစေရန် နောင်ကြီးအားအကူအညီတောင်းခံခဲ့ခြင်းဖြစ်ပါသည်။ နောင်ကြီး၏ ဆောင်ရွက်မှုအတွက်ရောက်လေရာဘဝမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းးးးးး စိန်ဘန်း အထက်ပါစာကိုဖတ်ပြီးနောက်ကျွန်ုပ်မှာကြက်သီးမွှေးညှင်းများထလာကာ ဘေးဘီဝဲယာသို့ပင်ကြည့်ရှုမိတော့သည်။ မောင်စိန်ဘန်း၏ အတ္ထု ပ္ပတ္တိ ကိုဖတ်ရပြီးနောက် ၃ လခန့်မျှကြာသောအခါတွင်စက်ရှင်မင်းကြီးဦးထွန်းစိန်သည် ရုတ်တရက်ရူးသွပ်သွားပြီးလျှင် သူ၏မင်းကတော်အား လည်မျိုကိုညှစ်၍သတ်လိုက်ကြောင်းဖြင့်ထူးဆန်းသောလူသတ်မှုတစ်ခုဟုခေါင်းစဉ်တပ်ပြီးလျှင် သူရိယသတင်းစာ၌ ပါလာသည်ကို တွေ့မြင်ရလေသတည်း။
Credit by ဒဂုန်ရွှေမျှား
aung  yein chan

aung yein chan

Powered by Blogger.