တလ ေငြ ၁၀ သိန္းေပးထားရတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ခိုင္းဖို႔ ေမ့မထားၾကပါနဲ႔။
#Zawgyi
လူေတြဟာ အမွန္တရားအတြက္ ရဲစခန္းတိုင္တယ္။ ရဲက အေရးမယူဘူး။ တရားရံုး တိုင္တယ္။ တရားရံုးက လက္မခံဘူး။
ဒီေတာ့ ဘာလုပ္ၾကသလဲ။ စိတ္ေျပရာ ေျပေၾကာင္း ေဖ့ဘုတ္မွာ ပို႔စ္တင္ၿပီး ရင္ဖြင့္တယ္။ လူေတြက ကြန္မင့္ေတြမွာ ေထာက္ခံၾကတယ္။ အားေပးၾကတယ္။ ဝိုင္းဆဲၾကတယ္။ ပို႔စ္တင္တဲ့သူ ေက်နပ္သြားတယ္။ ဒါေပမဲ့ အမွန္တရား မေပၚေပါက္လာဘူး။ အတိုင္ခံရသူေတြကလဲ ေဖ့ဘုတ္ဖတ္ရင္း သေဘာက်ေနၾကတယ္။ ငါတို႔ မေျဖရွင္းေပးေတာ့ေရာ မင္းတို႔ ေဖ့ဘုတ္ေပၚ တင္တာကလြဲလို႔ ဘာတတ္ႏိုင္ေသးလဲလို႔ စိတ္ထဲက ႀကိတ္ျပံဳးေနၾကတယ္။ ဒါမ်ိဳး ဒီလိုအရပ္သားအစိုးရလက္ထက္မွာ မျဖစ္သင့္ပါ။
တကယ္မွန္တဲ့ ကိစၥေတြအတြက္ ရဲစခန္း၊ တရားရံုးက ဘာမွ မလုပ္ေပးလို႔ စိတ္ပ်က္လက္မေလွ်ာ့လိုက္ပါနဲ႔။ နည္းလမ္းရွိပါေသးတယ္။
အဲဒါက က်ေနာ္တို႔ အခက္အခဲေတြ ေျပလည္ေအာင္ ေျဖရွင္းေပးရန္ ခိုင္းဖို႔ ေရြးခ်ယ္တင္ေျမာက္ထားတဲ့ လြတ္ေတာ္ကိုယ္စားလွယ္ေတြ ရွိပါတယ္။ သူတို႔ကို အေရးယူေဆာင္ရြက္ေပးဖို႔ ေျပာပါ။ အေရးယူေဆာင္ရြက္တာ လုပ္မေပးရင္ ေဖ့ဘုတ္ကေန လႊတ္ေတာ္ကိုယ္စားလွယ္က အလုပ္မလုပ္ဘူး၊ ဘာမွ မေျဖရွင္းေပးဘူးလို႔ ေရးျပမယ့္အျပင္ ေနာက္လာမဲ့ ေရြးေကာက္ပြဲမွာ မဲမေပးေတာ့ဘူးလို႔လဲ ေျပာျပလိုက္ပါ။
တခ်ိဳ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဘာလုပ္ေနမွန္းေတာင္ မသိရပါဘူး။ အားေနသူမ်ားပါတယ္။ လူထုက မဲေပးရတာနဲ႔ တန္ေအာင္ တလ ေငြ ၁၀ သိန္းေပးထားရတာနဲ႔ တန္ေအာင္ သူတို႔ကို မ်ားမ်ားခိုင္းဖို႔ လိုပါတယ္။
အလုပ္ျဖစ္ မျဖစ္ အေျဖကို ေစာင့္ၾကည့္ပါ။
ဒီနည္းဟာ စကၤာပူမွာ အရမ္းအလုပ္ျဖစ္တယ္။ သူတို႔ လႊတ္ေတာ္ကိုယ္စားလွယ္ (MP) ေတြဟာ ဒီလို တိုင္ၾကားခဲ့လို႔ရွိရင္ အစြမ္းကုန္ ကူညီၾကတယ္။ ဘာေၾကာင့္လဲ ေနာက္လာမဲ့ ေရြးေကာက္ပြဲမွာ မဲမရမွာေၾကာက္လြန္းလို႔။
စကၤာပူက လႊတ္ေတာ္ကိုယ္စားလွယ္ MP (Member of Parliament) ဟာ မိမိတို႔ ၿမိဳ႕နယ္က လူထု အခက္အခဲကို ေျဖရွင္းဖို႔ သူတို႔ ရံုးခန္းမွ တပါတ္ကို အနည္းဆံုး ၂ ႀကိမ္ လာတိုင္သူေတြကို ကိစၥႀကီးႀကီးဆိုရင္ MP ကိုယ္တိုင္နဲ႔ အမႈေသးေသးဆိုရင္ သူ႔စာေရးက နားေထာင္ၿပီး တိုင္တာကို နားေထာင္မွတ္တမ္းယူတယ္။ ည ၈ နာရီေလာက္ကေန တခါတေလ ညသန္းေခါင္ယံထိ နားေထာင္ၾကတယ္။ အေထာက္အထား ခိုင္ခိုင္လံုလံုနဲ႔ တင္ျပလာရင္ MP က ဘာဆက္လုပ္သလဲ။ သက္ဆိုင္ရာ အစိုးရ႒ါနကို စာေရးၿပီး ပို႔လိုက္တယ္။ ဒီလူက အခုလို မတရားလုပ္ခံရတယ္လို႔ တိုင္ၾကားလာပါတယ္။ လူႀကီးမင္းတို႔ ႒ါနက အေရးယူစံုစမ္းၿပီး ေျပလည္ေအာင္ ေျဖရွင္းေပးပါ လို႔ ေရးလိုက္တယ္။ အဲဒီ႒ါနကလဲ အျမန္ဆံုး ေျဖရွင္းေပးၾကတယ္။ ေျဖရွင္းၿပီးတာနဲ႔ အဲဒီ႒ါနက ေျဖရွင္းၿပီးေၾကာင္း အေၾကာင္းၾကားစာကို MP ဆီကို စာျပန္လိုက္ၿပီး တိုင္ၾကားသူကို မိတၱဴတစ္ေစာင္ ပို႔ေပးပါတယ္။
လြယ္လွခ်ည္လား။ တကယ္လို႔ အဲဒီ MP ဟာ အစိုးရ႒ါနက အႀကီးအကဲတစ္ေယာက္ မဟုတ္ပဲ မူလတန္းေက်ာင္းဆရာ တစ္ေယာက္ဆိုရင္ေရာ အစိုးရ႒ါနက ဂ႐ုစိုက္ အေလးထား ေျဖရွင္းေပးပါ့မလား။ ဂ႐ုမစိုက္ဘူးဆိုရင္ ဘာဆက္လုပ္မလဲ။ MP ဟာ အဲဒီ႒ါနကို သြားေရာက္ၿပီး ငါ ဘာေကာင္လဲ သိလားကြဆိုၿပီး ႀကိမ္းေမာင္းဆူဆဲေနစရာ မလိုပါ။ ေနာက္တစ္ႀကိမ္ လႊတ္ေတာ္အစည္းအေဝး က်င္းပခ်ိန္ကို ေအးေအးေဆးေဆး ေစာင့္ေနပါတယ္။
လႊတ္ေတာ္အစည္းအေဝးမွာ အစိုးရဝန္ႀကီးေတြအားလံုး မပ်က္မကြက္ တက္ေရာက္ရတယ္။ လႊတ္ေတာ္အတြင္း MP ေတြ ေမးျမန္းတာကို ျပန္လည္ေျဖၾကားေပးရပါတယ္။ အဲဒီေတာ့ ေစာေစာက ေျပာတဲ့ ေက်ာင္းဆရာ MP က ထိုင္ရာက ထၿပီး သူတိုင္တဲ့ ႒ါနရဲ႕ ဝန္ႀကီးကို တိုက္႐ိုက္ေမးခြန္းပါေတာ့တယ္။ သူ ဘယ္ေန႔ ဘယ္ရက္က သူ႔႒ါနကို တိုင္ၾကားစာ တစ္ေစာင္ ပို႔ထားပါတယ္။ အဲဒါ ဘာမွ မေျဖရွင္းေပးတဲ့အျပင္ ဘာေဆာင္ရြက္ထားသလဲ သိခ်င္ပါတယ္လို႔ (ဝန္ႀကီးခ်ဳပ္အပါအဝင္) လႊတ္ေတာ္ကိုယ္စာလွယ္ေတြ အားလံုးေရွ႕မွာ ေမးလိုက္ပါတယ္။ ေသခ်ာတာကေတာ့ ေအာက္ေျခက လုပ္တာကို အဲဒီဝန္ႀကီး အေသးစိပ္ ဘယ္မွာ သိပါ့မလဲ။ ဒါေတာ့ ငါ ဘယ္သိမလဲကြလို႔ ျပန္ခ်ဲမရပါ။ လႊတ္ေတာ္အတြင္းမွာ လႊတ္ေတာ္ကိုယ္စားလွယ္က သခင္ပါ။ ဝန္ႀကီးက အေစခံအဆင့္ပါ။
ဒီေတာ့ ဝန္ႀကီးက ဘယ္လို ေျဖရသလဲ။ ဒီကိစၥအတြက္ အျမန္ဆံုး စံုစမ္းၿပီး ေျဖရွင္းေပးပါမယ္ေပါ့။ ဝန္ႀကီး အရွက္ကြဲၿပီေပါ့။ လႊတ္ေတာ္အစည္းအေဝးၿပီးသြားေတာ့ ဘာျဖစ္မလဲ။ စဥ္းစားၾကည့္ေပေတာ့။ ေစာေစာက MP တိုင္တဲ့ ႒ါန ၫႊန္ခ်ဳပ္ကစလို႔ အားလံုး တန္းစီအေဟာက္ခံရၿပီ။ တာဝန္ရွိသူဟာ အေၾကာင္းျပခ်က္ မေကာင္းရင္ေတာ့ ေသၿပီေပါ့။ ခ်က္ခ်င္း အလုပ္ျပဳတ္ၿပီ။ တကယ္လို႔ ဝန္ႀကီးက သူေျပာထားသလို မစံုစမ္းဘူးဆိုရင္ေကာ။ MP က ေနာက္တစ္ႀကိမ္ လႊတ္ေတာ္အစည္းအေဝးကို ေစာင့္ၿပီး ဝန္ႀကီးကို ဒီေမးခြန္း ထပ္ေမးပါလိမ့္မယ္။ ဒုတိယအႀကိမ္ အေမးခံရတဲ့ ဝန္ႀကီး မရွိေသးပါဘူး။ ဒုတိယအႀကိမ္ လႊတ္ေတာ္အစည္းမွာ ၂ ခါ အလုပ္မလုပ္ဘူးလို အေျပာခံရရင္ ဝန္ႀကီးခ်ဳပ္က ခ်က္ျခင္း ျဖဳတ္လိုက္မွာပါ။
ျမန္မာႏိုင္ငံက လႊတ္ေတာ္ ကိုယ္စားလွယ္ေတာ္ႀကီးမ်ားဟာ မိမိတို႔မွာ အခြင့္အာဏာ အျပည့္ရွိေနတယ္ဆိုတာ မေမ့ပါနဲ႔။ ျပည္သူလူထုကလဲ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို တလ ၁၀ သိန္းေပးၿပီး လႊတ္ေတာ္ထဲ သြားအိပ္ဖို႔ မဲေပးထားတာ မဟုတ္ဘူး၊ ျပည္သူေတြကလဲ သူတို႔ကို လူထုကိုယ္စား ေဆာင္ရြက္ေပးဖို႔၊ ခိုင္းဖို႔ ေရြးခ်ယ္တင္ေျမာက္ထားတာ ဆိုတာကို မေမ့ၾကပါနဲ႔။ တခ်ိဳ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဆိုရင္ ေရြးေကာက္ပြဲ ၿပီးသြားကတဲက ျမင္ေတာင္ မျမင္ရေတာ့ဘူး။ သူတို႔ ဘာလုပ္ေနမွန္းလဲ လူထု မသိရဘူး။
ေဖ့ဘုတ္မွာ တင္ၿပီး ဘာမွလဲ မလုပ္ေပးဘူးလို႔ ေအာ္မေနပါနဲ႔။ ဘာမွကို ျဖစ္လာမွာ မဟုတ္ပါဘူး။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို အေထာက္အထား ခိုင္ခိုင္လံုလံုနဲ႔ ေျပာျပ ေျဖရွင္းခိုင္းပါ။ အကူအညီေတာင္းတာ မဟုတ္ပါ။ ခိုင္းပါ။ ဘာမွ ေျဖရွင္းမေပးဘူးဆိုရင္ ေနာက္လာမဲ့ ေရြးေကာက္ပြဲမွာ သူ႔ကို လံုးဝ မဲ မထဲ့ပါနဲ႔ေတာ့။
__________________________________________________________________________
#Unicode
လူတွေဟာ အမှန်တရားအတွက် ရဲစခန်းတိုင်တယ်။ ရဲက အရေးမယူဘူး။ တရားရုံး တိုင်တယ်။ တရားရုံးက လက်မခံဘူး။
ဒီတော့ ဘာလုပ်ကြသလဲ။ စိတ်ပြေရာ ပြေကြောင်း ဖေ့ဘုတ်မှာ ပို့စ်တင်ပြီး ရင်ဖွင့်တယ်။ လူတွေက ကွန်မင့်တွေမှာ ထောက်ခံကြတယ်။ အားပေးကြတယ်။ ဝိုင်းဆဲကြတယ်။ ပို့စ်တင်တဲ့သူ ကျေနပ်သွားတယ်။ ဒါပေမဲ့ အမှန်တရား မပေါ်ပေါက်လာဘူး။ အတိုင်ခံရသူတွေကလဲ ဖေ့ဘုတ်ဖတ်ရင်း သဘောကျနေကြတယ်။ ငါတို့ မဖြေရှင်းပေးတော့ရော မင်းတို့ ဖေ့ဘုတ်ပေါ် တင်တာကလွဲလို့ ဘာတတ်နိုင်သေးလဲလို့ စိတ်ထဲက ကြိတ်ပြုံးနေကြတယ်။ ဒါမျိုး ဒီလိုအရပ်သားအစိုးရလက်ထက်မှာ မဖြစ်သင့်ပါ။
တကယ်မှန်တဲ့ ကိစ္စတွေအတွက် ရဲစခန်း၊ တရားရုံးက ဘာမှ မလုပ်ပေးလို့ စိတ်ပျက်လက်မလျှော့လိုက်ပါနဲ့။ နည်းလမ်းရှိပါသေးတယ်။
အဲဒါက ကျနော်တို့ အခက်အခဲတွေ ပြေလည်အောင် ဖြေရှင်းပေးရန် ခိုင်းဖို့ ရွေးချယ်တင်မြောက်ထားတဲ့ လွတ်တော်ကိုယ်စားလှယ်တွေ ရှိပါတယ်။ သူတို့ကို အရေးယူဆောင်ရွက်ပေးဖို့ ပြောပါ။ အရေးယူဆောင်ရွက်တာ လုပ်မပေးရင် ဖေ့ဘုတ်ကနေ လွှတ်တော်ကိုယ်စားလှယ်က အလုပ်မလုပ်ဘူး၊ ဘာမှ မဖြေရှင်းပေးဘူးလို့ ရေးပြမယ့်အပြင် နောက်လာမဲ့ ရွေးကောက်ပွဲမှာ မဲမပေးတော့ဘူးလို့လဲ ပြောပြလိုက်ပါ။
တချို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာလုပ်နေမှန်းတောင် မသိရပါဘူး။ အားနေသူများပါတယ်။ လူထုက မဲပေးရတာနဲ့ တန်အောင် တလ ငွေ ၁၀ သိန်းပေးထားရတာနဲ့ တန်အောင် သူတို့ကို များများခိုင်းဖို့ လိုပါတယ်။
အလုပ်ဖြစ် မဖြစ် အဖြေကို စောင့်ကြည့်ပါ။
ဒီနည်းဟာ စင်္ကာပူမှာ အရမ်းအလုပ်ဖြစ်တယ်။ သူတို့ လွှတ်တော်ကိုယ်စားလှယ် (MP) တွေဟာ ဒီလို တိုင်ကြားခဲ့လို့ရှိရင် အစွမ်းကုန် ကူညီကြတယ်။ ဘာကြောင့်လဲ နောက်လာမဲ့ ရွေးကောက်ပွဲမှာ မဲမရမှာကြောက်လွန်းလို့။
စင်္ကာပူက လွှတ်တော်ကိုယ်စားလှယ် MP (Member of Parliament) ဟာ မိမိတို့ မြို့နယ်က လူထု အခက်အခဲကို ဖြေရှင်းဖို့ သူတို့ ရုံးခန်းမှ တပါတ်ကို အနည်းဆုံး ၂ ကြိမ် လာတိုင်သူတွေကို ကိစ္စကြီးကြီးဆိုရင် MP ကိုယ်တိုင်နဲ့ အမှုသေးသေးဆိုရင် သူ့စာရေးက နားထောင်ပြီး တိုင်တာကို နားထောင်မှတ်တမ်းယူတယ်။ ည ၈ နာရီလောက်ကနေ တခါတလေ ညသန်းခေါင်ယံထိ နားထောင်ကြတယ်။ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြလာရင် MP က ဘာဆက်လုပ်သလဲ။ သက်ဆိုင်ရာ အစိုးရဋ္ဌါနကို စာရေးပြီး ပို့လိုက်တယ်။ ဒီလူက အခုလို မတရားလုပ်ခံရတယ်လို့ တိုင်ကြားလာပါတယ်။ လူကြီးမင်းတို့ ဋ္ဌါနက အရေးယူစုံစမ်းပြီး ပြေလည်အောင် ဖြေရှင်းပေးပါ လို့ ရေးလိုက်တယ်။ အဲဒီဋ္ဌါနကလဲ အမြန်ဆုံး ဖြေရှင်းပေးကြတယ်။ ဖြေရှင်းပြီးတာနဲ့ အဲဒီဋ္ဌါနက ဖြေရှင်းပြီးကြောင်း အကြောင်းကြားစာကို MP ဆီကို စာပြန်လိုက်ပြီး တိုင်ကြားသူကို မိတ္တူတစ်စောင် ပို့ပေးပါတယ်။
လွယ်လှချည်လား။ တကယ်လို့ အဲဒီ MP ဟာ အစိုးရဋ္ဌါနက အကြီးအကဲတစ်ယောက် မဟုတ်ပဲ မူလတန်းကျောင်းဆရာ တစ်ယောက်ဆိုရင်ရော အစိုးရဋ္ဌါနက ဂရုစိုက် အလေးထား ဖြေရှင်းပေးပါ့မလား။ ဂရုမစိုက်ဘူးဆိုရင် ဘာဆက်လုပ်မလဲ။ MP ဟာ အဲဒီဋ္ဌါနကို သွားရောက်ပြီး ငါ ဘာကောင်လဲ သိလားကွဆိုပြီး ကြိမ်းမောင်းဆူဆဲနေစရာ မလိုပါ။ နောက်တစ်ကြိမ် လွှတ်တော်အစည်းအဝေး ကျင်းပချိန်ကို အေးအေးဆေးဆေး စောင့်နေပါတယ်။
လွှတ်တော်အစည်းအဝေးမှာ အစိုးရဝန်ကြီးတွေအားလုံး မပျက်မကွက် တက်ရောက်ရတယ်။ လွှတ်တော်အတွင်း MP တွေ မေးမြန်းတာကို ပြန်လည်ဖြေကြားပေးရပါတယ်။ အဲဒီတော့ စောစောက ပြောတဲ့ ကျောင်းဆရာ MP က ထိုင်ရာက ထပြီး သူတိုင်တဲ့ ဋ္ဌါနရဲ့ ဝန်ကြီးကို တိုက်ရိုက်မေးခွန်းပါတော့တယ်။ သူ ဘယ်နေ့ ဘယ်ရက်က သူ့ဋ္ဌါနကို တိုင်ကြားစာ တစ်စောင် ပို့ထားပါတယ်။ အဲဒါ ဘာမှ မဖြေရှင်းပေးတဲ့အပြင် ဘာဆောင်ရွက်ထားသလဲ သိချင်ပါတယ်လို့ (ဝန်ကြီးချုပ်အပါအဝင်) လွှတ်တော်ကိုယ်စာလှယ်တွေ အားလုံးရှေ့မှာ မေးလိုက်ပါတယ်။ သေချာတာကတော့ အောက်ခြေက လုပ်တာကို အဲဒီဝန်ကြီး အသေးစိပ် ဘယ်မှာ သိပါ့မလဲ။ ဒါတော့ ငါ ဘယ်သိမလဲကွလို့ ပြန်ချဲမရပါ။ လွှတ်တော်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်က သခင်ပါ။ ဝန်ကြီးက အစေခံအဆင့်ပါ။
ဒီတော့ ဝန်ကြီးက ဘယ်လို ဖြေရသလဲ။ ဒီကိစ္စအတွက် အမြန်ဆုံး စုံစမ်းပြီး ဖြေရှင်းပေးပါမယ်ပေါ့။ ဝန်ကြီး အရှက်ကွဲပြီပေါ့။ လွှတ်တော်အစည်းအဝေးပြီးသွားတော့ ဘာဖြစ်မလဲ။ စဉ်းစားကြည့်ပေတော့။ စောစောက MP တိုင်တဲ့ ဋ္ဌါန ညွှန်ချုပ်ကစလို့ အားလုံး တန်းစီအဟောက်ခံရပြီ။ တာဝန်ရှိသူဟာ အကြောင်းပြချက် မကောင်းရင်တော့ သေပြီပေါ့။ ချက်ချင်း အလုပ်ပြုတ်ပြီ။ တကယ်လို့ ဝန်ကြီးက သူပြောထားသလို မစုံစမ်းဘူးဆိုရင်ကော။ MP က နောက်တစ်ကြိမ် လွှတ်တော်အစည်းအဝေးကို စောင့်ပြီး ဝန်ကြီးကို ဒီမေးခွန်း ထပ်မေးပါလိမ့်မယ်။ ဒုတိယအကြိမ် အမေးခံရတဲ့ ဝန်ကြီး မရှိသေးပါဘူး။ ဒုတိယအကြိမ် လွှတ်တော်အစည်းမှာ ၂ ခါ အလုပ်မလုပ်ဘူးလို အပြောခံရရင် ဝန်ကြီးချုပ်က ချက်ခြင်း ဖြုတ်လိုက်မှာပါ။
မြန်မာနိုင်ငံက လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများဟာ မိမိတို့မှာ အခွင့်အာဏာ အပြည့်ရှိနေတယ်ဆိုတာ မမေ့ပါနဲ့။ ပြည်သူလူထုကလဲ လွှတ်တော်ကိုယ်စားလှယ်တွေကို တလ ၁၀ သိန်းပေးပြီး လွှတ်တော်ထဲ သွားအိပ်ဖို့ မဲပေးထားတာ မဟုတ်ဘူး၊ ပြည်သူတွေကလဲ သူတို့ကို လူထုကိုယ်စား ဆောင်ရွက်ပေးဖို့၊ ခိုင်းဖို့ ရွေးချယ်တင်မြောက်ထားတာ ဆိုတာကို မမေ့ကြပါနဲ့။ တချို့ လွှတ်တော်ကိုယ်စားလှယ်တွေဆိုရင် ရွေးကောက်ပွဲ ပြီးသွားကတဲက မြင်တောင် မမြင်ရတော့ဘူး။ သူတို့ ဘာလုပ်နေမှန်းလဲ လူထု မသိရဘူး။
ဖေ့ဘုတ်မှာ တင်ပြီး ဘာမှလဲ မလုပ်ပေးဘူးလို့ အော်မနေပါနဲ့။ ဘာမှကို ဖြစ်လာမှာ မဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပြောပြ ဖြေရှင်းခိုင်းပါ။ အကူအညီတောင်းတာ မဟုတ်ပါ။ ခိုင်းပါ။ ဘာမှ ဖြေရှင်းမပေးဘူးဆိုရင် နောက်လာမဲ့ ရွေးကောက်ပွဲမှာ သူ့ကို လုံးဝ မဲ မထဲ့ပါနဲ့တော့။
#Credit ဗန္းေမာ္သိန္းေဖ