လစ္ဇ္မာေရး - ေျခသလံုးအိမ္တိုင္ ၿမီးေကာင္ေပါက္မေလးမွ ဟားဗတ္တကၠသိုလ္ဘြဲ႔ရ စာေရးဆရာမ ျဖစ္သြားသူ။
#Zawgyi
အေဖက မူးယစ္ေဆးစြဲေနတယ္။ အေမက်ေတာ့ မ်က္မျမင္တေယာက္ျဖစ္သလို အရက္လဲ စြဲေနတယ္။ ေနာက္ေတာ့ AIDS ေရာဂါပါ ရလာတယ္။ အေမက မ်က္စိမျမင္လို႔ အလုပ္မလုပ္ႏိုင္တာေၾကာင့္ အစိုးရဆီက လစဥ္ေထာက္ပံ့ေၾကး ရေနတယ္။ ရတဲ့ေထာက္ပံ့ေၾကးကို အေဖနဲ႔ အေမက လဆန္း ၄-၅ ရက္အတြင္းမွာပဲ အရက္နဲ႔မူးယစ္ေဆး ဝယ္သံုးလိုက္ၾကတယ္။ ကေလးအရြယ္သမီး ၂ ေယာက္ဟာ စားစရာမရွိလို႔ ေရခဲတံုး၊ သြားတိုက္ေဆးေတြ ဝါးစားၿပီး ဗိုက္အဆာေျပေအာင္ လုပ္ရတယ္။ အငယ္ေကာင္မေလးဟာ အပ်ိဳေပါက္အရြယ္မွာ ပေထြးရဲ႕အိမ္ေပၚကဆင္းၿပီး ေနစရာမရွိလို႔ လမ္းေဘး၊ ပန္းျခံ၊ ဘူတာရံု၊ ေလွခါးထစ္ေတြမွာ ညအိပ္ရခဲ့တယ္။ ေက်ာင္းလဲ မေနဘူး။ သူမရဲ႕ဘဝဟာ ေမွ်ာ္လင့္ခ်က္ ကင္းမဲ့ေနပါတယ္။ ဒါေပမဲ့ သူမဟာ လက္ရိွအေျခအေနကို ေျပာင္းလဲပစ္မယ္ဆိုတဲ့ ဆံုးျဖတ္ခ်က္တခုေၾကာင့္ ဘဝကိုအရွံုးမေပးပဲ ႀကိဳးစားရင္း ကမာၻေက်ာ္ဟားဗတ္တကၠသိုလ္ကို တက္ခြင့္ရတယ္။ ဘြဲ႕ရၿပီးေတာ့ နာမည္ေက်ာ္ စာေရးဆရာမတေယာက္ ျဖစ္လာခဲ့တယ္။ သူမရဲ႕ နာမည္က လစ္ဇ္မာေရး (Liz Murray) ပါ။ သူမရဲ႕ဘဝကို အရွံုးမေပးပဲ ေအာင္ျမင္ေအာင္လုပ္ႏိုင္ခဲ့တဲ့ အေၾကာင္းေလးဟာ သနားစရာ၊ အတုယူစရာ ေကာင္းလြန္းလို႔ ေရးျပလိုက္ပါတယ္။
=====================================
မာေရးကေတာ့ မ်က္စိမျမင္တဲ့ အေမကို ျပဳစုရင္း အလယ္တန္းေက်ာင္းတက္တယ္။ ၈ တန္းႏွစ္မွာ ဆမ္ (Sam) ဆိုတဲ့ ေကာင္မေလးတေယာက္နဲ႔ ခင္မင္ရင္းႏွီးသြားတယ္။ သူတို႔ ၂ ေယာက္ဟာ မၾကာခန ေက်ာင္းေျပးၿပီး နယူးေယာက္ၿမိဳ႕အႏံွ ့ေလွ်ာက္လည္ၾကတယ္။ ဆမ္ရဲ႕အေဖကလဲ ဆမ္ကို နွိပ္စက္ေလ့ရွိတယ္။ ဆမ္ဟာ အိမ္မျပန္္ရဲတဲ့ေန႔ဆိုရင္ မာေရးအခန္းမွာ ညလာအိပ္တယ္။ တညမွာ အေမရဲ႕ ရည္းစားဘရစ္က မာေရးအခန္းထဲမွာ ဆမ္ကို ေတြ႕သြားလို႔ ဆမ္ကို သူ႔အိမ္ေပၚက ခ်က္ျခင္းဆင္းသြားဖို႔ ေမာင္းထုတ္လိုက္တယ္။ ေမာင္းထုတ္လိုက္တဲ့ အခ်ိန္က မနက္အေစာႀကီး ၃ နာရီမွာပါ။ ဒါေၾကာင့္ မာေရးလဲ စိတ္ဆိုးၿပီး ဆမ္နဲ႔အတူ အဝတ္အိပ္္ကိုဆြဲလို႔ အိ္မ္ေပၚက ဆင္းသြားတယ္။
မာေရးက အဲဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး “အဲဒီတံုးက က်မက အသက္ ၁၅ ႏွစ္၊ ဆမ္က ၁၄ ႏွစ္ပဲ ရွိၾကေသးတယ္။ အိမ္ေပၚကဆင္းစ တရက္ ၂ ရက္မွာေတာ့ က်မတို႔ ၂ ေယာက္ အရမ္းေပ်ာ္ၾကတာေပါ့။ စိတ္ဆင္းရဲၿပီးေနရတဲ့ အိမ္နဲ႔ လြတ္ၿပီ၊ ကၽြတ္ၿပီဆိုၿပီး နယူးေယာက္ၿမိဳ႕အႏွံ ့ေလွ်ာက္လည္ၾကတယ္။ ညေရာက္ရင္ သူငယ္ခ်င္းေတြ အိမ္မွာ တလွည့္စီ သြားအိပ္ၾကမယ္လို႔ စိတ္ကူးထားၾကတယ္။ က်မတို႔ရဲ႕ ေပ်ာ္္ရႊင္မႈဟာ မၾကာခင္မွာပဲ ကြယ္ေပ်ာက္သြားပါတယ္။ သူငယ္ခ်င္းေတြက သူတို႔အိမ္မွာ တရက္ပဲ အိပ္ခြင့္ေပးၿပီး ေနာက္ထပ္အိပ္ခြင့္မျပဳေတာ့လို႔ပါ” လို႔ ေျပာျပတယ္။ ဒါေၾကာင့္ သူတို႔ ၂ ေယာက္ဟာ ညပိုင္းမွာ ေျမေအာက္ရထားဘူတာရံု၊ ပန္းျခံထဲက ခံုတန္းေပၚမွာ၊ အိမ္ေခါင္မိုးေပၚမွာ၊ အိမ္ေလွခါးထစ္မွာ ၾကံဳသလို အိပ္ၾကရတယ္။ ကံေကာင္းလြန္းတဲ့ ညမွာေတာ့ သူငယ္ခ်င္းတေယာက္တေလရဲ့ အိမ္မွာ အိပ္ခြင့္ရၾကတယ္။ အိမ္ယာမဲ့ေနတဲ့ ၿမီးေကာင္ေပါက္မေလး မာေရးရဲ႕ အျဖစ္က ဆိုးလွပါတယ္။
=====================================
သူမ ေက်ာင္းမတက္ရလို႔ စိတ္ပ်က္ေနခ်ိန္မွာ ကံၾကမၼာအလွည့္အေျပာင္းတခုနဲ႔ ၾကံဳေတြ႔လိုက္တယ္။ တေန႔မွာ သူမဟာ အိပ္ကပ္ထဲမွာ ရွိတဲ့ ပိုက္ဆံကို ထုတ္ၿပီး ေရတြက္ၾကည့္မိတယ္။ တျခားနယ္ေျမမွာရွိတဲ့ ေက်ာင္းတခုကိုသြားဖို႔႔ ရထားလက္မွတ္ဝယ္ဖို႔ လံုေလာက္တယ္။ ရထားလက္မွတ္မဝယ္ရင္ ပီဇာ pizza မံု႔တခုကို ဝယ္စားၿပီး ဗိုက္ျဖည့္လို႔ရတယ္။ ဗိုက္ကလဲ အရမ္းဆာေနတယ္။ ဒါေပမဲ့ ၂ ခုစလံုးေတာ့ မရႏိုင္လို႔ တခုခုကိုပဲ ေရြးခ်ယ္ရမယ္ဆိုတာ သူမ နားလည္တယ္။ ေနာက္ဆံုး ရထားလက္မွတ္ကို ဝယ္လိုက္ၿပီး ရထားစီးသြားတယ္။ သြားမဲ့ၿမိဳ႕ေရာက္ေတာ့ လူသားခ်င္း စာနာေထာက္ထားဖို႔ ဖြင့္ထားတဲ့ Humanities Preparatory Academy ေက်ာင္း ကိုသြားလိုက္ၿပီး ေက်ာင္းအုပ္ႀကီးပယ္ရီဝိန္းနားကို ေတြ႕ၿပီး ေက်ာင္းေနခ်င္ေၾကာင္း ေျပာျပတယ္။ ပယ္ရီက သူမရဲ႕ အျဖစ္အပ်က္ကို နားေထာင္ၿပီး သူ႔ေက်ာင္းမွာ ေက်ာင္းတက္ခြင့္ေပးလိုက္တယ္။ သူမမွာ ေနစရာအိမ္မရွိဘူးဆိုတာ ပယ္ရီ မသိပါဘူး။ မာေရးကလဲ မေျပာျပဘူး။ အဲဒီမွာ အထက္တန္းအဆင့္ကေန စတက္ရတယ္။ ေန႔ခင္းပိုင္းမွာ ေက်ာင္းတက္ၿပီး ညပိုင္းမွာ လမ္းေဘးမွာ၊ တခါတေလ သူငယ္ခ်င္းအိမ္မွာ အိပ္ရတယ္။ ဒါေပမဲ့ မာေရးဟာ မနက္ဆိုရင္ ေက်ာင္းကို အၿမဲတမ္းအခ်ိန္မွန္္ေရာက္တယ္။ ဘဝနာခဲ့တဲ့ မာေရးဟာ ရတဲ့အခြင့္အေရးကို လက္လႊတ္မခံေတာ့ပဲ စာကို အရမ္းႀကိဳးစားတယ္။ ၄ ႏွစ္ သင္ရမဲ့ သင္ခန္းစာေတြကို ၂ ႏွစ္နဲ႔ ေျဖဆို ေအာင္ျမင္ခဲ့တယ္။ စာေမးပြဲမွာ တတန္းတခုလံုးရဲ႕ ထိပ္ဆံုးအဆင့္ ၅ ေယာက္ထဲမွာ ပါခဲ့တယ္။
ေက်ာင္းအုပ္ႀကီးပယ္ရီက မာေရးအပါအဝင္ စာေမးပြဲမွာ ထိပ္ဆံုးအဆင့္ရၾကတဲ့ ေက်ာင္းသူေက်ာင္းသား ၁၀ ေယာက္ကို ေဘာစတြန္ၿမိဳ႕ကို ေလ့လာေရးေစလႊတ္လိုက္တယ္။ မာေရးတို႔အဖြဲ႕ဟာ အဲဒီၿမိဳ႕ေရာက္ေတာ့ နာမည္ေက်ာ္ဟားဗတ္တကၠသိုလ္ကို သြားၾကည့္ၾကတယ္။ တကၠသိုလ္ဝင္းႀကီးထဲက ခမ္းနားႀကီးက်ယ္လွပတဲ့ ေက်ာင္းအေဆာက္အဦႀကီးနဲ႔ ျမက္ခင္းျပင္ေပၚမွာ ေအးေအးလူလူ စကားေျပာ၊ စာဖတ္ေနၾကတဲ့ ေက်ာင္းသူေက်ာင္းသားေတြရဲ႕ျမင္ကြင္းဟာ သူမရဲ႕စိတ္ကို ညိဳ႕ယူဖမ္းစားလိုက္တယ္။ ဟားဗတ္တကၠသိုလ္ကို အရမ္းတက္ခ်င္စိတ္ ျဖစ္ေပၚလာတယ္။ ဘြဲ႔ရပညာတတ္တေယာက္ ျဖစ္ခ်င္လာတယ္။
မာေရးဟာ အကယ္ဒမီေက်ာင္းကို ျပန္ေရာက္ေတာ့ ေက်ာင္းအုပ္ႀကီးပယ္ရီကို ဟားဗတ္တကၠသိ္ုလ္ တက္ခ်င္ေၾကာင္း ေျပာျပတယ္။ ပယ္ရီက ဟားဗတ္မွာ ကိုယ္တိုင္သြားေလွ်ာက္ရင္ ဝင္ခြင့္ရႏိုင္တယ္၊ ေလွ်ာက္ၾကည့္ဖို႔ တိုက္တြန္းအားေပးတယ္။ ဒါေပမဲ့ တကၠသိုလ္တက္ခြင့္ရရင္ ေက်ာင္းလခ၊ စာအုပ္ဖိုး၊ အေဆာင္ေနခေတြေပးဖို႔ သူမမွာ ပိုက္ဆံမရွိဘူး။ ေထာက္ပံ့ေပးမဲ့ ေဆြမ်ိဳးတေယာက္မွမရွိဘူး။ ပိုက္ဆံေခ်းငွားစရာ အေပါင္းအသင္းလဲ တေယာက္မွမရွိဘူး။ ဘဏ္က ေငြေခ်းဖို႔က်ျပန္ေတာ့လဲ အေပါင္ထားစရာ အိမ္လဲမရွိဘူး။ ဒါေၾကာင့္ ဟားဗတ္တကၠသိုလ္ဝင္ခြင့္ကို မေလွ်ာက္ျဖစ္ေတာ့ဘူး။ ဒါေပမဲ့ တကယ္ေျပာင္းလဲခ်င္စိတ္ ျပင္းျပေနသူကို ကံတရားက ပစ္ပယ္မထားပါဘူး။ မာေရးကို အခြင့္အလမ္းတခု ေပးလာပါတယ္။ ဒီအခြင့္အလမ္းကို မာေရးက အမိအရ ဖမ္းယူလိုက္ပါတယ္။
မာေရးဟာ အေမရိကန္က နာမည္ႀကီး သတင္းစာျဖစ္တဲ့ New York Times မွာ ေၾကာ္ျငာတခုကို ေတြ႕လိုက္တယ္။ အဲဒါက ေဆာင္းပါးေရးၿပိဳင္ပြဲအေၾကာင္းပါ။ အေကာင္းဆံုးေဆာင္းပါးကို ေရးႏိုင္တဲ့ ေက်ာင္းသား ၅ ေယာက္ကို ဟားဗတ္တကၠသိုလ္မွာ ပညာသင္ၾကားဖို႔ စေကာလားရွစ္ပညာသင္ဆုအျဖစ္ ႏွစ္စဥ္ ေဒၚလာ ၁၂,၀၀၀ ေထာက္ပံ့ေပးမယ္တဲ့။ ေရးရမဲ့ ေဆာင္းပါးအေၾကာင္းအရာက သူတို႔ရဲ႕ဘဝမွာ ၾကံဳေတြ႕ခဲ့ရတဲ့ အခက္အခဲေတြ အေၾကာင္းပါ။ အထက္တန္းေအာင္ၿပီးတဲ့ ေက်ာင္းသူေက်ာင္းသား မည္သူမဆို ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ခြင့္ရွိတယ္တဲ့။ ဒီေတာ့ မာေရးဟာ သူမရဲ႕ဘဝတေလွ်ာက္မွာ ၾကံဳေတြ႕ခဲ့ရသမွ် ဒုကၡဆင္းရဲေတြကို ခံစားခ်က္အျပည့္ထဲ့ေရးၿပီး သတင္းစာတိုက္ႀကီးကို ပို႔လိုက္တယ္။ ၿပိဳင္ပြဲဝင္သူ ေက်ာင္းသူေက်ာင္းသား စုစုေပါင္း ၃,၀၀၀ ေလာက္ ရွိတာမို႔ မာေရးဟာ အေရြးခံရမယ္လို႔ သိတ္ေမွ်ာ္လင့္ခ်က္မထားဘူး။ သူမက “ေလွ်ာက္ထားသူေပါင္း ၃,၀၀၀ ရွိတယ္ဆိုတာကို က်မ အစက မသိခဲ့ဘူး။ အစကသာ သိခဲ့ရင္ ေလွ်ာက္ျဖစ္ခ်င္မွ ေလွ်ာက္ျဖစ္မွာပါ။ အေရြးခံဖို႔ chance အလားအလာက အရမ္းနဲတယ္ေလ”လို႔ ေနာင္က်ေတာ့ ျပန္ေျပာျပပါတယ္။
အဲဒီအခ်ိန္မွာ မာေရးနဲ႔ အမလီဆာတို႔ဟာ အတူေနၾကဖို႔ အခန္းတခန္းငွားလိုက္တယ္။ အငွားစာခ်ဳပ္ကို လက္မွတ္ထိုးၿပီး ေနာက္တေန႔မွာ လီဆာဟာ အလုပ္က လူေလွ်ာ့တဲ့အထဲမွာ ပါသြားတယ္။ ညီအမမွာ အိမ္လခေပးစရာ ပိုက္ဆံမရွိၾကဘူး။ လကုန္လို႔ အိမ္လခ မေပးႏိုင္ရင္ အိမ္ခန္းက ဖယ္ေပးရေတာ့မယ္။ ဒီအခ်ိန္မွာ အားရွိစရာ သတင္းတခုၾကားရတယ္။ မာေရးဟာ ၿပိဳင္ပဲြရဲ႕ ေနာက္ဆံုးစကာတင္ ေက်ာင္းသား ၂၀ စာရင္းမွာပါေနလို႔ လူေတြ႕အင္တာဗ်ဴးသြားေတြ႕ရမယ္တဲ့။ ဒါေပမဲ့ အင္တာဗ်ဴးခ်ိန္းတဲ့ေန႔နဲ႔ သူမ လူမႈဖူလံုေရး welfare ရံုးကို သြားၿပီး အိမ္လခေပးႏိုင္ဖို႔ ပိုက္ဆံအကူအညီသြား ေတာင္းမဲ့ေန႔ဟာ တိုက္ေနတယ္။
အဲဒီေန႔မွာ လူမႈဖူလံုေရးရံုးကို အရင္သြားတယ္။ ရံုးထဲဝင္လိုက္ေတာ့ လူေတြ အမ်ားႀကီးတန္းစီေနတာကို ေတြ႕လိုက္ရတယ္။ မာေရးက စားပြဲကဝန္ထမ္းကို သြားေျပာတယ္။ သြားစရာ အေရးႀကီးကိစၥရွိေနလို႔ သူမကို ဦးစားေပးၿပီး အရာရွိနဲ႔ ေတြ႕ခြင့္ျပဳေပးပါလို႔ ေတာင္းပန္ေျပာတယ္။ ဒါေပမဲ့ မရပါဘူး။ ဝန္ထမ္းက မာေရးကို အမ်ားနည္းတူပဲ တန္းစီပါလို႔ ေျပာတယ္။ အခု မာေရးမွာ ေရြးခ်ယ္စရာ ၂ ခု ရွိေနၿပီ။ တန္းစီၿပီး ဆက္ေစာင့္ရင္ လိုခ်င္တဲ့ အကူအညီပိုက္ဆံရႏိုင္လို႔ လကုန္ရင္ အိမ္ေပၚက ဆင္းေပးစရာ မလိုေတာ့ဘူး။ ဒါေပမဲ့ သတင္းစာတိုက္က ေခၚထားတဲ့ အင္တာဗ်ဴးကိုေတာ့ အခ်ိန္မွီေရာက္မွာ မဟုတ္ဘူး။ အင္တာဗ်ဴးကို သြားျပန္ရင္လဲ အကူအညီပိုက္ဆံမရလို႔ လကုန္ရင္ အိမ္ခန္းက ဖယ္ေပးရမယ္။ ေနစရာရွိမွာ မဟုတ္ဘူး။ တခုခုကို ေရြးခ်ယ္ဆံုးျဖတ္ရေတာ့မယ္။ မာေရးဟာ အရင္ကဒီလိုေရြးခ်ယ္စရာ ၂ ခုနဲ႔ ၾကံဳခဲ့ဖူးတယ္ဆိုတာ မွတ္မိၾကမွာပါ။ လက္ထဲရွိတဲ့ ပိုက္ဆံေလးနဲ႔ ေက်ာင္းေလွ်ာက္ဖို႔ အေဝးၿမိဳ႔ကိုသြားဖို႔ ရထားလက္မွတ္ဝယ္မလား။ ဗိုက္ျဖည့္ဖို႔ Pizza ဝယ္စားမလား ဆိုတာေလ။ အဲဒီတံုးက ေရြးခ်ယ္စရာ ၂ ခုထဲက မွန္ကန္တဲ့ ေရြးခ်ယ္မႈကို ဆံုးျဖတ္ႏိုင္ခဲ့တယ္။ အခု တေခါက္ေရာ မာေရးဟာ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ကို ခ်ႏိုင္ပါ့မလား။ ဆံုျဖတ္ခ်က္ခ်ဖို႔လဲ အခ်ိန္သိတ္မရွိဘူး။ ခ်က္ျခင္းပဲ ဆံုးျဖတ္ရေတာ့မယ္။
=====================================
ေရွ႕လ ဇြန္လဆန္းမွာ ပဥၥဂံစာအုပ္တိုက္က ထုတ္ေဝမဲ့ က်ေနာ့္ရဲ႕ ဒုတိယေျမာက္ စာအုပ္ျဖစ္တဲ့ "ဆင္းရဲႏြံမွ ခ်မ္းသာဘံုသို႔" ထဲက စာျမည္းအပိုင္းေလးပါ။ အျပည့္အစံုကိုေတာ့ စာအုပ္မွာ ဖတ္ၾကည့္ၾကပါ။
စာအုပ္က ငယ္စဥ္က ဆင္းရဲလြန္းလွတဲ့ ဘဝကေန ကိုယ့္အားကိုယ္ကိုး ႀကိဳးစားရင္းနဲ႔ မီလ်ံနာ၊ ဘီလ်ံနာသူေ႒း ျဖစ္သြားၾကသူ (၂၃) ေယာက္ရဲ႕ တကယ့္ျဖစ္ရပ္မွန္ အေၾကာင္းေတြပါ။
ဒီစာအုပ္ကို ဖတ္ျခင္းျဖင့္ ဆင္းရဲလို႔၊ ဘြဲ႕မရလို႔ စိတ္ပ်က္အားငယ္ေနတဲ့ လူငယ္ေတြအတြက္ စိတ္ခြန္အားျဖစ္ေစသလို ကိုယ္ပိုင္စီးပြားေရးလုပ္ခ်င္သူေတြ၊ လုပ္ေနသူေတြအတြက္ မီလ်ံနာ၊ ဘီလ်ံနာျဖစ္သြားသူေတြရဲ႕ စိတ္ခံယူခ်က္နဲ႔ သူတို႔ရဲ႕နည္းနာေကာင္းေတြလဲ ရလာႏိုင္ပါတယ္။
ဗန္းေမာ္သိန္းေဖ
__________________________________________________________________________
#Unicode
အဖေက မူးယစ်ဆေးစွဲနေတယ်။ အမေကျတော့ မျက်မမြင်တယောက်ဖြစ်သလို အရက်လဲ စွဲနေတယ်။ နောက်တော့ AIDS ရောဂါပါ ရလာတယ်။ အမေက မျက်စိမမြင်လို့ အလုပ်မလုပ်နိုင်တာကြောင့် အစိုးရဆီက လစဉ်ထောက်ပံ့ကြေး ရနေတယ်။ ရတဲ့ထောက်ပံ့ကြေးကို အဖေနဲ့ အမေက လဆန်း ၄-၅ ရက်အတွင်းမှာပဲ အရက်နဲ့မူးယစ်ဆေး ဝယ်သုံးလိုက်ကြတယ်။ ကလေးအရွယ်သမီး ၂ ယောက်ဟာ စားစရာမရှိလို့ ရေခဲတုံး၊ သွားတိုက်ဆေးတွေ ဝါးစားပြီး ဗိုက်အဆာပြေအောင် လုပ်ရတယ်။ အငယ်ကောင်မလေးဟာ အပျိုပေါက်အရွယ်မှာ ပထွေးရဲ့အိမ်ပေါ်ကဆင်းပြီး နေစရာမရှိလို့ လမ်းဘေး၊ ပန်းခြံ၊ ဘူတာရုံ၊ လှေခါးထစ်တွေမှာ ညအိပ်ရခဲ့တယ်။ ကျောင်းလဲ မနေဘူး။ သူမရဲ့ဘဝဟာ မျှော်လင့်ချက် ကင်းမဲ့နေပါတယ်။ ဒါပေမဲ့ သူမဟာ လက်ရှိအခြေအနေကို ပြောင်းလဲပစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တခုကြောင့် ဘဝကိုအရှုံးမပေးပဲ ကြိုးစားရင်း ကမ္ဘာကျော်ဟားဗတ်တက္ကသိုလ်ကို တက်ခွင့်ရတယ်။ ဘွဲ့ရပြီးတော့ နာမည်ကျော် စာရေးဆရာမတယောက် ဖြစ်လာခဲ့တယ်။ သူမရဲ့ နာမည်က လစ်ဇ်မာရေး (Liz Murray) ပါ။ သူမရဲ့ဘဝကို အရှံုးမပေးပဲ အောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့ အကြောင်းလေးဟာ သနားစရာ၊ အတုယူစရာ ကောင်းလွန်းလို့ ရေးပြလိုက်ပါတယ်။
=====================================
မာရေးကတော့ မျက်စိမမြင်တဲ့ အမေကို ပြုစုရင်း အလယ်တန်းကျောင်းတက်တယ်။ ၈ တန်းနှစ်မှာ ဆမ် (Sam) ဆိုတဲ့ ကောင်မလေးတယောက်နဲ့ ခင်မင်ရင်းနှီးသွားတယ်။ သူတို့ ၂ ယောက်ဟာ မကြာခန ကျောင်းပြေးပြီး နယူးယောက်မြို့အနှံ ့လျှောက်လည်ကြတယ်။ ဆမ်ရဲ့အဖေကလဲ ဆမ်ကို နှိပ်စက်လေ့ရှိတယ်။ ဆမ်ဟာ အိမ်မပြန််ရဲတဲ့နေ့ဆိုရင် မာရေးအခန်းမှာ ညလာအိပ်တယ်။ တညမှာ အမေရဲ့ ရည်းစားဘရစ်က မာရေးအခန်းထဲမှာ ဆမ်ကို တွေ့သွားလို့ ဆမ်ကို သူ့အိမ်ပေါ်က ချက်ခြင်းဆင်းသွားဖို့ မောင်းထုတ်လိုက်တယ်။ မောင်းထုတ်လိုက်တဲ့ အချိန်က မနက်အစောကြီး ၃ နာရီမှာပါ။ ဒါကြောင့် မာရေးလဲ စိတ်ဆိုးပြီး ဆမ်နဲ့အတူ အဝတ်အိပ််ကိုဆွဲလို့ အိ်မ်ပေါ်က ဆင်းသွားတယ်။
မာရေးက အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး “အဲဒီတုံးက ကျမက အသက် ၁၅ နှစ်၊ ဆမ်က ၁၄ နှစ်ပဲ ရှိကြသေးတယ်။ အိမ်ပေါ်ကဆင်းစ တရက် ၂ ရက်မှာတော့ ကျမတို့ ၂ ယောက် အရမ်းပျော်ကြတာပေါ့။ စိတ်ဆင်းရဲပြီးနေရတဲ့ အိမ်နဲ့ လွတ်ပြီ၊ ကျွတ်ပြီဆိုပြီး နယူးယောက်မြို့အနှံ ့လျှောက်လည်ကြတယ်။ ညရောက်ရင် သူငယ်ချင်းတွေ အိမ်မှာ တလှည့်စီ သွားအိပ်ကြမယ်လို့ စိတ်ကူးထားကြတယ်။ ကျမတို့ရဲ့ ပျော််ရွှင်မှုဟာ မကြာခင်မှာပဲ ကွယ်ပျောက်သွားပါတယ်။ သူငယ်ချင်းတွေက သူတို့အိမ်မှာ တရက်ပဲ အိပ်ခွင့်ပေးပြီး နောက်ထပ်အိပ်ခွင့်မပြုတော့လို့ပါ” လို့ ပြောပြတယ်။ ဒါကြောင့် သူတို့ ၂ ယောက်ဟာ ညပိုင်းမှာ မြေအောက်ရထားဘူတာရုံ၊ ပန်းခြံထဲက ခုံတန်းပေါ်မှာ၊ အိမ်ခေါင်မိုးပေါ်မှာ၊ အိမ်လှေခါးထစ်မှာ ကြံုသလို အိပ်ကြရတယ်။ ကံကောင်းလွန်းတဲ့ ညမှာတော့ သူငယ်ချင်းတယောက်တလေရဲ့ အိမ်မှာ အိပ်ခွင့်ရကြတယ်။ အိမ်ယာမဲ့နေတဲ့ မြီးကောင်ပေါက်မလေး မာရေးရဲ့ အဖြစ်က ဆိုးလှပါတယ်။
=====================================
သူမ ကျောင်းမတက်ရလို့ စိတ်ပျက်နေချိန်မှာ ကံကြမ္မာအလှည့်အပြောင်းတခုနဲ့ ကြံုတွေ့လိုက်တယ်။ တနေ့မှာ သူမဟာ အိပ်ကပ်ထဲမှာ ရှိတဲ့ ပိုက်ဆံကို ထုတ်ပြီး ရေတွက်ကြည့်မိတယ်။ တခြားနယ်မြေမှာရှိတဲ့ ကျောင်းတခုကိုသွားဖို့့ ရထားလက်မှတ်ဝယ်ဖို့ လုံလောက်တယ်။ ရထားလက်မှတ်မဝယ်ရင် ပီဇာ pizza မုံ့တခုကို ဝယ်စားပြီး ဗိုက်ဖြည့်လို့ရတယ်။ ဗိုက်ကလဲ အရမ်းဆာနေတယ်။ ဒါပေမဲ့ ၂ ခုစလုံးတော့ မရနိုင်လို့ တခုခုကိုပဲ ရွေးချယ်ရမယ်ဆိုတာ သူမ နားလည်တယ်။ နောက်ဆုံး ရထားလက်မှတ်ကို ဝယ်လိုက်ပြီး ရထားစီးသွားတယ်။ သွားမဲ့မြို့ရောက်တော့ လူသားချင်း စာနာထောက်ထားဖို့ ဖွင့်ထားတဲ့ Humanities Preparatory Academy ကျောင်း ကိုသွားလိုက်ပြီး ကျောင်းအုပ်ကြီးပယ်ရီဝိန်းနားကို တွေ့ပြီး ကျောင်းနေချင်ကြောင်း ပြောပြတယ်။ ပယ်ရီက သူမရဲ့ အဖြစ်အပျက်ကို နားထောင်ပြီး သူ့ကျောင်းမှာ ကျောင်းတက်ခွင့်ပေးလိုက်တယ်။ သူမမှာ နေစရာအိမ်မရှိဘူးဆိုတာ ပယ်ရီ မသိပါဘူး။ မာရေးကလဲ မပြောပြဘူး။ အဲဒီမှာ အထက်တန်းအဆင့်ကနေ စတက်ရတယ်။ နေ့ခင်းပိုင်းမှာ ကျောင်းတက်ပြီး ညပိုင်းမှာ လမ်းဘေးမှာ၊ တခါတလေ သူငယ်ချင်းအိမ်မှာ အိပ်ရတယ်။ ဒါပေမဲ့ မာရေးဟာ မနက်ဆိုရင် ကျောင်းကို အမြဲတမ်းအချိန်မှန််ရောက်တယ်။ ဘဝနာခဲ့တဲ့ မာရေးဟာ ရတဲ့အခွင့်အရေးကို လက်လွှတ်မခံတော့ပဲ စာကို အရမ်းကြိုးစားတယ်။ ၄ နှစ် သင်ရမဲ့ သင်ခန်းစာတွေကို ၂ နှစ်နဲ့ ဖြေဆို အောင်မြင်ခဲ့တယ်။ စာမေးပွဲမှာ တတန်းတခုလုံးရဲ့ ထိပ်ဆုံးအဆင့် ၅ ယောက်ထဲမှာ ပါခဲ့တယ်။
ကျောင်းအုပ်ကြီးပယ်ရီက မာရေးအပါအဝင် စာမေးပွဲမှာ ထိပ်ဆုံးအဆင့်ရကြတဲ့ ကျောင်းသူကျောင်းသား ၁၀ ယောက်ကို ဘောစတွန်မြို့ကို လေ့လာရေးစေလွှတ်လိုက်တယ်။ မာရေးတို့အဖွဲ့ဟာ အဲဒီမြို့ရောက်တော့ နာမည်ကျော်ဟားဗတ်တက္ကသိုလ်ကို သွားကြည့်ကြတယ်။ တက္ကသိုလ်ဝင်းကြီးထဲက ခမ်းနားကြီးကျယ်လှပတဲ့ ကျောင်းအဆောက်အဦကြီးနဲ့ မြက်ခင်းပြင်ပေါ်မှာ အေးအေးလူလူ စကားပြော၊ စာဖတ်နေကြတဲ့ ကျောင်းသူကျောင်းသားတွေရဲ့မြင်ကွင်းဟာ သူမရဲ့စိတ်ကို ညို့ယူဖမ်းစားလိုက်တယ်။ ဟားဗတ်တက္ကသိုလ်ကို အရမ်းတက်ချင်စိတ် ဖြစ်ပေါ်လာတယ်။ ဘွဲ့ရပညာတတ်တယောက် ဖြစ်ချင်လာတယ်။
မာရေးဟာ အကယ်ဒမီကျောင်းကို ပြန်ရောက်တော့ ကျောင်းအုပ်ကြီးပယ်ရီကို ဟားဗတ်တက္ကသိ်ုလ် တက်ချင်ကြောင်း ပြောပြတယ်။ ပယ်ရီက ဟားဗတ်မှာ ကိုယ်တိုင်သွားလျှောက်ရင် ဝင်ခွင့်ရနိုင်တယ်၊ လျှောက်ကြည့်ဖို့ တိုက်တွန်းအားပေးတယ်။ ဒါပေမဲ့ တက္ကသိုလ်တက်ခွင့်ရရင် ကျောင်းလခ၊ စာအုပ်ဖိုး၊ အဆောင်နေခတွေပေးဖို့ သူမမှာ ပိုက်ဆံမရှိဘူး။ ထောက်ပံ့ပေးမဲ့ ဆွေမျိုးတယောက်မှမရှိဘူး။ ပိုက်ဆံချေးငှားစရာ အပေါင်းအသင်းလဲ တယောက်မှမရှိဘူး။ ဘဏ်က ငွေချေးဖို့ကျပြန်တော့လဲ အပေါင်ထားစရာ အိမ်လဲမရှိဘူး။ ဒါကြောင့် ဟားဗတ်တက္ကသိုလ်ဝင်ခွင့်ကို မလျှောက်ဖြစ်တော့ဘူး။ ဒါပေမဲ့ တကယ်ပြောင်းလဲချင်စိတ် ပြင်းပြနေသူကို ကံတရားက ပစ်ပယ်မထားပါဘူး။ မာရေးကို အခွင့်အလမ်းတခု ပေးလာပါတယ်။ ဒီအခွင့်အလမ်းကို မာရေးက အမိအရ ဖမ်းယူလိုက်ပါတယ်။
မာရေးဟာ အမေရိကန်က နာမည်ကြီး သတင်းစာဖြစ်တဲ့ New York Times မှာ ကြော်ငြာတခုကို တွေ့လိုက်တယ်။ အဲဒါက ဆောင်းပါးရေးပြိုင်ပွဲအကြောင်းပါ။ အကောင်းဆုံးဆောင်းပါးကို ရေးနိုင်တဲ့ ကျောင်းသား ၅ ယောက်ကို ဟားဗတ်တက္ကသိုလ်မှာ ပညာသင်ကြားဖို့ စကောလားရှစ်ပညာသင်ဆုအဖြစ် နှစ်စဉ် ဒေါ်လာ ၁၂,၀၀၀ ထောက်ပံ့ပေးမယ်တဲ့။ ရေးရမဲ့ ဆောင်းပါးအကြောင်းအရာက သူတို့ရဲ့ဘဝမှာ ကြံုတွေ့ခဲ့ရတဲ့ အခက်အခဲတွေ အကြောင်းပါ။ အထက်တန်းအောင်ပြီးတဲ့ ကျောင်းသူကျောင်းသား မည်သူမဆို ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရှိတယ်တဲ့။ ဒီတော့ မာရေးဟာ သူမရဲ့ဘဝတလျှောက်မှာ ကြံုတွေ့ခဲ့ရသမျှ ဒုက္ခဆင်းရဲတွေကို ခံစားချက်အပြည့်ထဲ့ရေးပြီး သတင်းစာတိုက်ကြီးကို ပို့လိုက်တယ်။ ပြိုင်ပွဲဝင်သူ ကျောင်းသူကျောင်းသား စုစုပေါင်း ၃,၀၀၀ လောက် ရှိတာမို့ မာရေးဟာ အရွေးခံရမယ်လို့ သိတ်မျှော်လင့်ချက်မထားဘူး။ သူမက “လျှောက်ထားသူပေါင်း ၃,၀၀၀ ရှိတယ်ဆိုတာကို ကျမ အစက မသိခဲ့ဘူး။ အစကသာ သိခဲ့ရင် လျှောက်ဖြစ်ချင်မှ လျှောက်ဖြစ်မှာပါ။ အရွေးခံဖို့ chance အလားအလာက အရမ်းနဲတယ်လေ”လို့ နောင်ကျတော့ ပြန်ပြောပြပါတယ်။
အဲဒီအချိန်မှာ မာရေးနဲ့ အမလီဆာတို့ဟာ အတူနေကြဖို့ အခန်းတခန်းငှားလိုက်တယ်။ အငှားစာချုပ်ကို လက်မှတ်ထိုးပြီး နောက်တနေ့မှာ လီဆာဟာ အလုပ်က လူလျှော့တဲ့အထဲမှာ ပါသွားတယ်။ ညီအမမှာ အိမ်လခပေးစရာ ပိုက်ဆံမရှိကြဘူး။ လကုန်လို့ အိမ်လခ မပေးနိုင်ရင် အိမ်ခန်းက ဖယ်ပေးရတော့မယ်။ ဒီအချိန်မှာ အားရှိစရာ သတင်းတခုကြားရတယ်။ မာရေးဟာ ပြိုင်ပွဲရဲ့ နောက်ဆုံးစကာတင် ကျောင်းသား ၂၀ စာရင်းမှာပါနေလို့ လူတွေ့အင်တာဗျူးသွားတွေ့ရမယ်တဲ့။ ဒါပေမဲ့ အင်တာဗျူးချိန်းတဲ့နေ့နဲ့ သူမ လူမှုဖူလုံရေး welfare ရုံးကို သွားပြီး အိမ်လခပေးနိုင်ဖို့ ပိုက်ဆံအကူအညီသွား တောင်းမဲ့နေ့ဟာ တိုက်နေတယ်။
အဲဒီနေ့မှာ လူမှုဖူလုံရေးရုံးကို အရင်သွားတယ်။ ရုံးထဲဝင်လိုက်တော့ လူတွေ အများကြီးတန်းစီနေတာကို တွေ့လိုက်ရတယ်။ မာရေးက စားပွဲကဝန်ထမ်းကို သွားပြောတယ်။ သွားစရာ အရေးကြီးကိစ္စရှိနေလို့ သူမကို ဦးစားပေးပြီး အရာရှိနဲ့ တွေ့ခွင့်ပြုပေးပါလို့ တောင်းပန်ပြောတယ်။ ဒါပေမဲ့ မရပါဘူး။ ဝန်ထမ်းက မာရေးကို အများနည်းတူပဲ တန်းစီပါလို့ ပြောတယ်။ အခု မာရေးမှာ ရွေးချယ်စရာ ၂ ခု ရှိနေပြီ။ တန်းစီပြီး ဆက်စောင့်ရင် လိုချင်တဲ့ အကူအညီပိုက်ဆံရနိုင်လို့ လကုန်ရင် အိမ်ပေါ်က ဆင်းပေးစရာ မလိုတော့ဘူး။ ဒါပေမဲ့ သတင်းစာတိုက်က ခေါ်ထားတဲ့ အင်တာဗျူးကိုတော့ အချိန်မှီရောက်မှာ မဟုတ်ဘူး။ အင်တာဗျူးကို သွားပြန်ရင်လဲ အကူအညီပိုက်ဆံမရလို့ လကုန်ရင် အိမ်ခန်းက ဖယ်ပေးရမယ်။ နေစရာရှိမှာ မဟုတ်ဘူး။ တခုခုကို ရွေးချယ်ဆုံးဖြတ်ရတော့မယ်။ မာရေးဟာ အရင်ကဒီလိုရွေးချယ်စရာ ၂ ခုနဲ့ ကြံုခဲ့ဖူးတယ်ဆိုတာ မှတ်မိကြမှာပါ။ လက်ထဲရှိတဲ့ ပိုက်ဆံလေးနဲ့ ကျောင်းလျှောက်ဖို့ အဝေးမြို့ကိုသွားဖို့ ရထားလက်မှတ်ဝယ်မလား။ ဗိုက်ဖြည့်ဖို့ Pizza ဝယ်စားမလား ဆိုတာလေ။ အဲဒီတုံးက ရွေးချယ်စရာ ၂ ခုထဲက မှန်ကန်တဲ့ ရွေးချယ်မှုကို ဆုံးဖြတ်နိုင်ခဲ့တယ်။ အခု တခေါက်ရော မာရေးဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ပါ့မလား။ ဆုံဖြတ်ချက်ချဖို့လဲ အချိန်သိတ်မရှိဘူး။ ချက်ခြင်းပဲ ဆုံးဖြတ်ရတော့မယ်။
=====================================
ရှေ့လ ဇွန်လဆန်းမှာ ပဥ္စဂံစာအုပ်တိုက်က ထုတ်ဝေမဲ့ ကျနော့်ရဲ့ ဒုတိယမြောက် စာအုပ်ဖြစ်တဲ့ "ဆင်းရဲနွံမှ ချမ်းသာဘုံသို့" ထဲက စာမြည်းအပိုင်းလေးပါ။ အပြည့်အစုံကိုတော့ စာအုပ်မှာ ဖတ်ကြည့်ကြပါ။
စာအုပ်က ငယ်စဉ်က ဆင်းရဲလွန်းလှတဲ့ ဘဝကနေ ကိုယ့်အားကိုယ်ကိုး ကြိုးစားရင်းနဲ့ မီလျံနာ၊ ဘီလျံနာသူဋ္ဌေး ဖြစ်သွားကြသူ (၂၃) ယောက်ရဲ့ တကယ့်ဖြစ်ရပ်မှန် အကြောင်းတွေပါ။
ဒီစာအုပ်ကို ဖတ်ခြင်းဖြင့် ဆင်းရဲလို့၊ ဘွဲ့မရလို့ စိတ်ပျက်အားငယ်နေတဲ့ လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေသလို ကိုယ်ပိုင်စီးပွားရေးလုပ်ချင်သူတွေ၊ လုပ်နေသူတွေအတွက် မီလျံနာ၊ ဘီလျံနာဖြစ်သွားသူတွေရဲ့ စိတ်ခံယူချက်နဲ့ သူတို့ရဲ့နည်းနာကောင်းတွေလဲ ရလာနိုင်ပါတယ်။
ဗန်းမော်သိန်းဖေ