စာေပဗိမာန္က ကြ်န္ေတာ့ကုိေပးေသာ ပညာလက္ေဆာင္မ်ား
#Zawgyi
” ကြ်န္ေတာ္ ဆယ္ေက်ာ္သက္အရြယ္ကတည္းက စာေပဗိမာန္နဲ႔ ထိေတြ႕ဆက္ဆံခဲ့တာ အခုဆိုရင္ ႏွစ္ေပါင္းေျခာက္ဆယ္ေက်ာ္ပါ ၿပီ။ ဒီကာလအတြင္း စာေပဗိမာန္နဲ႔ အဆက္မျပတ္ခဲ့ပါဘူး။ ပညာေတြလည္း အမ်ားႀကီးရခဲ့တဲ့အတြက္ ေက်းဇူးႀကီးပါတယ္ “
မၾကာမီက စာေပဗိမာန္မွာ စာေပေဟာေျပာပြဲတစ္ခု က်င္းပသည္။ စာေပဗိမာန္ ဝန္ထမ္းမ်ားအတြက္ ရည္ရြယ္က်င္းပျခင္းျဖစ္သည္။ ေဟာေျပာသူမ်ားက ဆရာ ၾကည္မင္းႏွင့္ ကြၽန္ေတာ္။ ကြၽန္ေတာ္က “စာေပဗိမာန္က ကြၽန္ေတာ့္ကို ေပးေသာ ပညာလက္ေဆာင္မ်ား” ေခါင္းစဥ္ျဖင့္ေဟာေျပာရင္း အထက္ပါအတုိင္း ေျပာခဲ့ပါသည္။ မွန္ပါသည္။ စာေပဗိမာန္သည္ ကြၽန္ေတာ့္ဘဝတစ္ေလွ်ာက္မ်ားစြာ ေက်းဇူးျပဳခဲ့ေသာ စာေပအဖြဲ႕အစည္း ႀကီးျဖစ္သည္။ စာေပဗိမာန္၏ေက်းဇူးကို မၾကာခဏပင္ ဆင္ျခင္မိသည့္အတြက္ အခြင့္အခါႀကံဳတုိင္း ကြၽန္ေတာ္ ေရးျဖစ္၊ ေျပာျဖစ္ခဲ့သည္။ ျမန္မာႏုိင္ငံ လြတ္လပ္ေရးရစကပင္ “ျမန္မာႏုိင္ငံဘာသာျပန္ စာေပအသင္း” အျဖစ္ စတင္ထင္ရွားခဲ့ေသာ စာေပဗိမာန္အေၾကာင္းကို ကြၽန္ေတာ္ဆယ္ေက်ာ္သက္အရြယ္တြင္ စၿပီးသိခဲ့ရသည္မွာ “ျမန္မာစြယ္စံုက်မ္း” ကို အေၾကာင္းျပဳ၍ျဖစ္ပါသည္။ စာဖတ္ဝါသနာပါေသာ အလယ္တန္းေက်ာင္းသားကေလး ကြၽန္ေတာ္သည္ ယခင္က မၾကားဖူး ေသာ “စြယ္စံုက်မ္း” ဆိုေသာစာအုပ္
ႀကီး ေပၚထြက္လာေၾကာင္း သတင္းစာမွာ ဖတ္ရေသာအခါ အင္မတန္ စိတ္ဝင္စားမိသည္။ ျမန္မာႏုိင္ငံမွာ မေပၚဖူးေသးေသာ ျမန္မာစြယ္စံုက်မ္းႀကီးကို ႏုိင္ငံျခားမွာက်က်နန ႐ိုက္ႏွိပ္ၿပီး တာဝန္ရွိသူမ်ားက တခမ္းတနား သယ္ေဆာင္ခဲ့သည့္ အေၾကာင္းကို ဖတ္ရသည္။ ႏုိင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ ဦးႏုက စြယ္စံု က်မ္းအေၾကာင္း ေဟာေျပာသည္ကိုလည္း ေရဒီယိုမွာၾကားရသည္။ စြယ္စံုက်မ္း အတြဲ (၁) ထြက္လာေတာ့ ကေလးမွ်သာရွိေသးေသာ သူ႔သားကပါ စိတ္ဝင္စားၿပီး “ေဖေဖ အဲဒီစာအုပ္ႀကီးက ဘယ္မွာလဲ” ဟု ေမးေၾကာင္း ထည့္ေျပာသည္ကိုပါ မွတ္မိေနသည္။
ျမန္မာ့စြယ္စံုက်မ္း အတြဲ (၁) က “က မွ ကံု” အထိျဖစ္သည္။ ကႆပဘုရားအေၾကာင္း၊ ကကုသန္ ဘုရားအေၾကာင္းေတြကစသည္ဟု ဆိုသည္။ ကြၽန္ေတာ္ မျမင္ဖူးေသးပါ။ ေနာက္ႏွစ္အတန္ၾကာမွ ကြၽန္ေတာ္ဘြဲ႕ရၿပီး လုပ္ငန္းခြင္ေရာက္ေတာ့ ျမန္မာစြယ္စံုက်မ္း ၁၅ တြဲစလံုးထြက္ၿပီးပါၿပီ။ အရစ္က်ေငြသြင္းစနစ္ ျဖင့္ ဝယ္ခြင့္ရ၍ ေလွ်ာက္ထားလိုက္ေတာ့ ေတာင္ဥကၠလာပရွိ ကြၽန္ေတာ့္ အိမ္ကို စာေပဗိမာန္က စြယ္စံုက်မ္း ၁၅ တြဲလာပို႔သည္။ စာအုပ္ႀကီးေတြ ၾကည့္ၿပီး ဝမ္းသာလုိက္သည္မွာ အလြန္ပါပဲ။ လစဥ္အရစ္က်ေငြသြင္းၿပီးလို႔ စာအုပ္အားလံုး ကြၽန္ေတာ္ ပိုင္ဆုိင္သြားသည္ႏွင့္အတူ ေတာ္ေတာ္လည္း ဖတ္ၿပီးသြားသည္။ (အတြဲ- ၁ဝ မွာ “မ” အကၡရာေခါင္းစဥ္ေတြ အမ်ားႀကီးပါသည္။ ျမန္မာ့ဂီတ၊ ျမန္မာ့စာေပ၊ ျမန္မာ့သဘင္ စသည့္ ျမန္မာ အေၾကာင္း မ်ဳိးစံုပါသျဖင့္ မၾကာခဏ ကိုးကားရသည္။ ေက်ာင္းသားမ်ားကိုလည္း ၫႊန္ျပရသည္။)
ဆယ္ေက်ာ္သက္အရြယ္မွာ စာေပဗိမာန္ထုတ္ “စိတ္ေပ်ာ္ရႊင္မႈပံု ဝတၳဳ” စာအုပ္ေလးမ်ားကို ဖတ္ရသည္။ တစ္အုပ္လွ်င္ ၂၅ ျပား၊ ျပား ၅ဝ သာေပးရသည့္အတြက္ မုန္႔ဖိုး ႏွင့္ ဝယ္ဖတ္ႏုိင္သည္။ “ကုလားမ ေျခေထာက္ႏွင့္ သနားစရာေကာင္းေသာ ေမာင္ႏွမ”ဆိုေသာ ပံုျပင္ႏွစ္ ပုဒ္တြဲ စာအုပ္ကေလးကို သတိရသည္။ ေနာက္ပိုင္းမွာ မ်ဳိးခ်စ္ရီေဇာ္ဆိုေသာ စာအုပ္ကေလးဖတ္ရေတာ့ ဖိလစ္ပိုင္လြတ္လပ္ေရးအတြက္ ႀကဳိး ပမ္းရင္း ရဲရဲရင့္ရင့္ အေသခံသြား ေသာ ဆရာဝန္ကေလး ေဒါက္တာ ရီေဇာ္အေၾကာင္း သိရသည္။ “မေထြး ေလး၊ ဆင္ခိုးမေလး၊ ေရႊမန္းတင္ေမာင္” စသည့္ အႏုပညာရွင္မ်ား၏ အတၳဳပၸတၱိေတြလည္းဖတ္ရသည္။ မုန္႔ ဖိုးႏွင့္ဝယ္ဖတ္ေသာ စာအုပ္ကေလးေတြကို အျမတ္တႏိုးသိမ္းထားသည္။
စာေပဗိမာန္မဂၢဇင္းကိုလည္း စိတ္ဝင္စားသည္။ ဝိဇၨာ၊ သိပၸံဆိုင္ရာ သုတေဆာင္းပါးေတြ အမ်ားႀကီးပါသည္။ ကြၽန္ေတာ္က သုတကို ပိုအားသန္ေတာ့ ေကာ္ပီစာအုပ္မွာ “မွတ္သားဖြယ္ရာပေဒသာ” ဟု ေခါင္းစဥ္တပ္ၿပီး ေဆာင္းပါးေတြထဲက မွတ္စရာေတြ မွတ္စုထုတ္သည္။ ဗမာဒိုင္ဂ်က္ဆိုေသာ ျပားငါးဆယ္ တန္ လစဥ္ထုတ္ စာေစာင္ကေလး ေပၚလာေသာအခါ ကြၽန္ေတာ္က မွတ္စုေတြကို အေျခခံၿပီး တီထြင္မႈ မ်ားဆိုသည့္ ေဆာင္းပါးကေလး ေရး ပို႔လုိက္သည္။ ပထမဆံုး ပံုႏွိပ္စာလံုး ျဖင့္ ေဖာ္ျပခံရေသာ ကြၽန္ေတာ့္စာမူ ျဖစ္သည္။ ကေလာင္နာမည္လည္း အတည္ျဖစ္သြားသည္။ ထိုမေတာက္တေခါက္ ေဆာင္းပါးကေလးကစ၍ စာေပေလာကထဲ ဝင္ေရာက္ခြင့္ရ ျခင္းျဖစ္သည့္အတြက္ စာေပဗိမာန္မဂၢဇင္း၏ ေက်းဇူးႀကီးလွပါသည္။ စာေပဗိမာန္ စာအုပ္အသင္းဝင္ ထားသည့္အတြက္ လစဥ္ စာအုပ္ အသစ္ဖတ္ရသည္။ ဗိုလ္ဗလ၏ လြတ္လပ္ေရးခရီးတစ္ေထာက္တုိ႔၊ ဆရာေမာင္ထင္၏ ကမၻာ့စာေပအၫႊန္းတို႔ကို သတိရေနပါသည္။
စာေပဗိမာန္ဆုအေၾကာင္း သတင္းစာထဲဖတ္ရေတာ့ စိတ္ဝင္စားသည္၊ အားက်သည္။ ႏွစ္စဥ္ စာေပဗိမာန္ဆုရေသာ စာအုပ္ေတြ ကို ရွာၿပီးဖတ္သည္။ ဆရာ မင္း ေအာင္၏ မိုးေအာက္ေျမျပင္၊ ဆရာ တက္တိုး၏ မင္းမႈထမ္း၊ ဆရာ သာဓု ၏ တပ္ထဲကျမတ္ကုိကို..စသျဖင့္။ ဆုရဆရာႀကီး၊ ဆရာမႀကီးေတြကို အားက်စိတ္က စာေရးခ်င္စိတ္ကို ႏႈိးဆြေပးပါသည္။ ဆရာမခင္ႏွင္းယု၏ “ေၾကးမုံရိပ္သြင္” ဆုရၿပီး ဆရာမ ဆုေပးပြဲမွာေျပာသည့္စကားကို ၾကားရေတာ့ ပိုၿပီး အားတက္သြားသည္။
ထုိကာလအထိ ကြၽန္ေတာ္သည္ စာေပဗိမာန္ကို အျပင္ကေန ၿပီး ထိေတြ႕ရျခင္းျဖစ္ပါသည္။ စာေပဗိမာန္ႏွင့္ ထဲထဲဝင္ဝင္ျဖစ္လာရသည္ ကေတာ့ စာတမ္းဖတ္ပြဲမ်ားကို အေၾကာင္းျပဳ၍ျဖစ္သည္။ မွတ္မွတ္ ရရ ဘာသာျပန္စာေပ စာတမ္းဖတ္ ပြဲကစၿပီး ႏွစ္စဥ္တက္ျဖစ္သည္။ စာတမ္းဖတ္ပြဲ တက္ခြင့္ေလွ်ာက္ထား ရန္ ေၾကညာသည္ႏွင့္ အျမန္သြား ၿပီး ေလွ်ာက္လႊာပံုစံျဖည့္သည္။ တက္ ခြင့္မရမွာစိုးသည့္အတြက္ ကြၽန္ေတာ္ စာေရးဆရာပါ ဆိုသည္ကို သက္ေသ ထူဖို႔ ကိုယ္ေရးသည့္ စာစာရင္းကို ေလွ်ာက္လႊာမွာ အျပည့္အစံုထည့္သည္။ ကေလာင္နာမည္ကေလး ကလည္း ရွိေနၿပီ။ ေဆာင္းပါးေတြ လည္း အပုဒ္ ေလး၊ ငါးဆယ္ေရးၿပီး ေနၿပီ။ တက္ခြင့္စာရင္းမွာ ကိုယ့္ နာမည္ပါလာေတာ့ စာတမ္းဖိုင္ေတြ ဝမ္းသာအားရ သြားထုတ္ၿပီး တစ္ထိုင္တည္း အကုန္ဖတ္ပစ္ လုိက္သည္။ စာတမ္းဖတ္ပြဲ သံုးရက္ စလံုး ဝီရိယေကာင္းေကာင္းႏွင့္ သြားၿပီး စိတ္ဝင္တစား နားေထာင္ သည္။ စာတမ္းရွင္မ်ား၊ ေဆြးေႏြး သည့္ပုဂၢဳိလ္မ်ား ေမးၾက၊ ဆိုၾကသည္ ကို မွတ္သားသည္။ ျမတ္မြန္ ရတနာခန္းမမွာက်င္းပေသာ “ျပဇာတ္ႏွင့္ ျပဇာတ္စာေပ စာတမ္းဖတ္ပြဲ” မွာ ဆရာႀကီး ေဒါက္တာ ေမာင္ျဖဴးတို႔၊ ဆရာျမဇင္တို႔၊ ဆရာ သာဓုတို႔ ေဆြးေႏြးၾကပံုမ်ား၊ “ဂ်ဴဗလီ ေဟာ” မွာက်င္းပေသာ “ကေလး လူငယ္စာတမ္းဖတ္ပြဲ” မွာ ဆရာ ေအာင္သင္းတို႔၊ သူရေဇာ္တုိ႔ ေဆြးေႏြးၾကပံုမ်ား၊ ဂႏၵီခန္းမမွာ က်င္းပေသာ အတၳဳပၸတၱိစာတမ္းဖတ္ပြဲမွာ ဆရာဗိုလ္ဗကိုတို႔၊ ဆရာေသာ္တာေဆြတို႔ ေဆြးေႏြးၾကပံုမ်ားကို အမွတ္ တရျဖစ္ေနသည္။ စိတ္ဝင္စားစရာ လည္းေကာင္း၊ေပ်ာ္စရာလည္းေကာင္းသည္။
ျမန္မာစကားေျပ စာတမ္းဖတ္ ပြဲမွာေတာ့ ဆရာေမာင္ဆုရွင္၏ ဖိတ္ေခၚခ်က္အရ ကြၽန္ေတာ္ကုိယ္တိုင္ စာတမ္းဖတ္သူ ျဖစ္လာရသည္။ ၿမဳိ႕ေတာ္ခန္းမမွာ က်င္းပေသာ စာတမ္းဖတ္ပြဲမွာ ပရိသတ္ကိုၾကည့္ ၿပီး ပြဲသိပ္မတိုးဖူးေသးေသာ ကြၽန္ ေတာ္က ေၾကာက္ေနပံုရသည္။ ကြၽန္ေတာ့္ေဘးမွာထိုင္ေနေသာ ဆရာ ေဇာ္ဂ်ီက အားေပးစကားေျပာသည္။ ေနာက္ေတာ့ စာတမ္းငယ္စာေပ၊ ဂႏၲဝင္စာေပ စာတမ္းဖတ္ပြဲ ေတြမွာ စာတမ္းဖတ္ျဖစ္သည္။ ကြၽန္ေတာ္ဖတ္သည့္ စာတမ္းေတြကို စာေပဗိမာန္က ပံုႏွိပ္ေပးေတာ့ စာေပဗိမာန္သည္ ကြၽန္ေတာ္၏ ထုတ္ေဝသူျဖစ္လာသည္။ ” ျပည္သူ႔အတြက္ ျမန္မာစကားေျပ” ဆိုသည့္ စာအုပ္ကေလးျပဳစုၿပီး အိမ္နီးခ်င္းျဖစ္ေသာ စာေပဗိမာန္စာတည္း ဆရာဦးေအာင္ေက်ာ္ကို ျပၾကည့္ေတာ့ သူသေဘာက်ၿပီး စီစဥ္ေပးသည့္အတြက္ စာေပဗိမာန္က ထုတ္ေပးသည္။ စာေပဗိမာန္စာမူဆု ၿပဳိင္ပြဲမွာ “ဝါသနာကိုအရင္းခံ၍” ေခါင္းစဥ္ ျဖင့္ ကြၽန္ေတာ္စာမူတင္သည္။ အေရြးမခံရပါ။ ေနာက္တစ္ႀကိမ္ ” ျမန္မာစကား၊ ျမန္မာစာ႐ုုပ္ပံုလႊာ” စာမူတင္ေတာ့ သုတပေဒသာ (ဝိဇၨာ) ပထမဆုရသည္။ ဆုေပးပြဲမွာ လူႀကီးေတြက အားေပးစကားေျပာသည္။ ေနာက္ေတာ့ အမ်ဳိးသားစာေပ ဆုမ်ားရသည္။ တစ္သက္တာစာေပ ဆုအထိပါပဲ။ မ်ားစြာဂုဏ္ယူဝမ္းသာပါသည္။
၂ဝဝဝ ျပည့္ႏွစ္ေနာက္ပိုင္းမွာေတာ့ အမ်ဳိးသားစာေပဆု ေရြးခ်ယ္သည့္အဖြဲ႕မွာ ပါဝင္ေဆာင္ရြက္ရသည္။ ယခုအထိျဖစ္သည္။ ထုိကာလတစ္ေလွ်ာက္လံုး စာေပဗိမာန္က ပုဂၢဳိလ္အမ်ားအျပား ႏွင့္ ခင္မင္ရသည္။ ဆရာ ဦးမ်ဳိးသန္႔ (ေမာင္ဆုရွင္) ကစ၍ ယခုေဆာင္ ရြက္ေနေသာပုဂၢဳိလ္မ်ားအထိ စာတည္းမွဴးခ်ဳပ္မ်ား၊ စာတည္းမ်ား အဆက္ဆက္ျဖစ္သည္။ ” ျမန္မာႏုိင္ငံ လြတ္လပ္ေရးရကတည္းက အခုထိသက္တမ္းရွည္တဲ့ စာေပဗိမာန္ဟာ “လာျခင္းေကာင္းေသာ” စာေပအဖြဲ႕အစည္းႀကီးပါ။ အဲဒီအဖြဲ႕အစည္းႀကီးမွာ တာဝန္ ထမ္းေဆာင္ခြင့္ရတဲ့ ပုဂၢဳိလ္အားလံုး “အရေတာ္ေပစြ” လို႔ ဥဒါန္းက်ဴးရင့္ စရာပါပဲ” ဟု ကြၽန္ေတာ္က ဂုဏ္ျပဳစကားဆိုခဲ့ပါသည္။
ေမာင္ခင္မင္ (ဓႏုျဖဴ)
_________________________________________________________________________
#Unicode
” ကျွန်တော် ဆယ်ကျော်သက်အရွယ်ကတည်းက စာပေဗိမာန်နဲ့ ထိတွေ့ဆက်ဆံခဲ့တာ အခုဆိုရင် နှစ်ပေါင်းခြောက်ဆယ်ကျော်ပါ ပြီ။ ဒီကာလအတွင်း စာပေဗိမာန်နဲ့ အဆက်မပြတ်ခဲ့ပါဘူး။ ပညာတွေလည်း အများကြီးရခဲ့တဲ့အတွက် ကျေးဇူးကြီးပါတယ် “
မကြာမီက စာပေဗိမာန်မှာ စာပေဟောပြောပွဲတစ်ခု ကျင်းပသည်။ စာပေဗိမာန် ဝန်ထမ်းများအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ဟောပြောသူများက ဆရာ ကြည်မင်းနှင့် ကျွန်တော်။ ကျွန်တော်က “စာပေဗိမာန်က ကျွန်တော့်ကို ပေးသော ပညာလက်ဆောင်များ” ခေါင်းစဉ်ဖြင့်ဟောပြောရင်း အထက်ပါအတိုင်း ပြောခဲ့ပါသည်။ မှန်ပါသည်။ စာပေဗိမာန်သည် ကျွန်တော့်ဘဝတစ်လျှောက်များစွာ ကျေးဇူးပြုခဲ့သော စာပေအဖွဲ့အစည်း ကြီးဖြစ်သည်။ စာပေဗိမာန်၏ကျေးဇူးကို မကြာခဏပင် ဆင်ခြင်မိသည့်အတွက် အခွင့်အခါကြုံတိုင်း ကျွန်တော် ရေးဖြစ်၊ ပြောဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရစကပင် “မြန်မာနိုင်ငံဘာသာပြန် စာပေအသင်း” အဖြစ် စတင်ထင်ရှားခဲ့သော စာပေဗိမာန်အကြောင်းကို ကျွန်တော်ဆယ်ကျော်သက်အရွယ်တွင် စပြီးသိခဲ့ရသည်မှာ “မြန်မာစွယ်စုံကျမ်း” ကို အကြောင်းပြု၍ဖြစ်ပါသည်။ စာဖတ်ဝါသနာပါသော အလယ်တန်းကျောင်းသားကလေး ကျွန်တော်သည် ယခင်က မကြားဖူး သော “စွယ်စုံကျမ်း” ဆိုသောစာအုပ်
ကြီး ပေါ်ထွက်လာကြောင်း သတင်းစာမှာ ဖတ်ရသောအခါ အင်မတန် စိတ်ဝင်စားမိသည်။ မြန်မာနိုင်ငံမှာ မပေါ်ဖူးသေးသော မြန်မာစွယ်စုံကျမ်းကြီးကို နိုင်ငံခြားမှာကျကျနန ရိုက်နှိပ်ပြီး တာဝန်ရှိသူများက တခမ်းတနား သယ်ဆောင်ခဲ့သည့် အကြောင်းကို ဖတ်ရသည်။ နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုက စွယ်စုံ ကျမ်းအကြောင်း ဟောပြောသည်ကိုလည်း ရေဒီယိုမှာကြားရသည်။ စွယ်စုံကျမ်း အတွဲ (၁) ထွက်လာတော့ ကလေးမျှသာရှိသေးသော သူ့သားကပါ စိတ်ဝင်စားပြီး “ဖေဖေ အဲဒီစာအုပ်ကြီးက ဘယ်မှာလဲ” ဟု မေးကြောင်း ထည့်ပြောသည်ကိုပါ မှတ်မိနေသည်။
မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) က “က မှ ကုံ” အထိဖြစ်သည်။ ကဿပဘုရားအကြောင်း၊ ကကုသန် ဘုရားအကြောင်းတွေကစသည်ဟု ဆိုသည်။ ကျွန်တော် မမြင်ဖူးသေးပါ။ နောက်နှစ်အတန်ကြာမှ ကျွန်တော်ဘွဲ့ရပြီး လုပ်ငန်းခွင်ရောက်တော့ မြန်မာစွယ်စုံကျမ်း ၁၅ တွဲစလုံးထွက်ပြီးပါပြီ။ အရစ်ကျငွေသွင်းစနစ် ဖြင့် ဝယ်ခွင့်ရ၍ လျှောက်ထားလိုက်တော့ တောင်ဥက္ကလာပရှိ ကျွန်တော့် အိမ်ကို စာပေဗိမာန်က စွယ်စုံကျမ်း ၁၅ တွဲလာပို့သည်။ စာအုပ်ကြီးတွေ ကြည့်ပြီး ဝမ်းသာလိုက်သည်မှာ အလွန်ပါပဲ။ လစဉ်အရစ်ကျငွေသွင်းပြီးလို့ စာအုပ်အားလုံး ကျွန်တော် ပိုင်ဆိုင်သွားသည်နှင့်အတူ တော်တော်လည်း ဖတ်ပြီးသွားသည်။ (အတွဲ- ၁ဝ မှာ “မ” အက္ခရာခေါင်းစဉ်တွေ အများကြီးပါသည်။ မြန်မာ့ဂီတ၊ မြန်မာ့စာပေ၊ မြန်မာ့သဘင် စသည့် မြန်မာ အကြောင်း မျိုးစုံပါသဖြင့် မကြာခဏ ကိုးကားရသည်။ ကျောင်းသားများကိုလည်း ညွှန်ပြရသည်။)
ဆယ်ကျော်သက်အရွယ်မှာ စာပေဗိမာန်ထုတ် “စိတ်ပျော်ရွှင်မှုပုံ ဝတ္ထု” စာအုပ်လေးများကို ဖတ်ရသည်။ တစ်အုပ်လျှင် ၂၅ ပြား၊ ပြား ၅ဝ သာပေးရသည့်အတွက် မုန့်ဖိုး နှင့် ဝယ်ဖတ်နိုင်သည်။ “ကုလားမ ခြေထောက်နှင့် သနားစရာကောင်းသော မောင်နှမ”ဆိုသော ပုံပြင်နှစ် ပုဒ်တွဲ စာအုပ်ကလေးကို သတိရသည်။ နောက်ပိုင်းမှာ မျိုးချစ်ရီဇော်ဆိုသော စာအုပ်ကလေးဖတ်ရတော့ ဖိလစ်ပိုင်လွတ်လပ်ရေးအတွက် ကြိုး ပမ်းရင်း ရဲရဲရင့်ရင့် အသေခံသွား သော ဆရာဝန်ကလေး ဒေါက်တာ ရီဇော်အကြောင်း သိရသည်။ “မထွေး လေး၊ ဆင်ခိုးမလေး၊ ရွှေမန်းတင်မောင်” စသည့် အနုပညာရှင်များ၏ အတ္ထုပ္ပတ္တိတွေလည်းဖတ်ရသည်။ မုန့် ဖိုးနှင့်ဝယ်ဖတ်သော စာအုပ်ကလေးတွေကို အမြတ်တနိုးသိမ်းထားသည်။
စာပေဗိမာန်မဂ္ဂဇင်းကိုလည်း စိတ်ဝင်စားသည်။ ဝိဇ္ဇာ၊ သိပ္ပံဆိုင်ရာ သုတဆောင်းပါးတွေ အများကြီးပါသည်။ ကျွန်တော်က သုတကို ပိုအားသန်တော့ ကော်ပီစာအုပ်မှာ “မှတ်သားဖွယ်ရာပဒေသာ” ဟု ခေါင်းစဉ်တပ်ပြီး ဆောင်းပါးတွေထဲက မှတ်စရာတွေ မှတ်စုထုတ်သည်။ ဗမာဒိုင်ဂျက်ဆိုသော ပြားငါးဆယ် တန် လစဉ်ထုတ် စာစောင်ကလေး ပေါ်လာသောအခါ ကျွန်တော်က မှတ်စုတွေကို အခြေခံပြီး တီထွင်မှု များဆိုသည့် ဆောင်းပါးကလေး ရေး ပို့လိုက်သည်။ ပထမဆုံး ပုံနှိပ်စာလုံး ဖြင့် ဖော်ပြခံရသော ကျွန်တော့်စာမူ ဖြစ်သည်။ ကလောင်နာမည်လည်း အတည်ဖြစ်သွားသည်။ ထိုမတောက်တခေါက် ဆောင်းပါးကလေးကစ၍ စာပေလောကထဲ ဝင်ရောက်ခွင့်ရ ခြင်းဖြစ်သည့်အတွက် စာပေဗိမာန်မဂ္ဂဇင်း၏ ကျေးဇူးကြီးလှပါသည်။ စာပေဗိမာန် စာအုပ်အသင်းဝင် ထားသည့်အတွက် လစဉ် စာအုပ် အသစ်ဖတ်ရသည်။ ဗိုလ်ဗလ၏ လွတ်လပ်ရေးခရီးတစ်ထောက်တို့၊ ဆရာမောင်ထင်၏ ကမ္ဘာ့စာပေအညွှန်းတို့ကို သတိရနေပါသည်။
စာပေဗိမာန်ဆုအကြောင်း သတင်းစာထဲဖတ်ရတော့ စိတ်ဝင်စားသည်၊ အားကျသည်။ နှစ်စဉ် စာပေဗိမာန်ဆုရသော စာအုပ်တွေ ကို ရှာပြီးဖတ်သည်။ ဆရာ မင်း အောင်၏ မိုးအောက်မြေပြင်၊ ဆရာ တက်တိုး၏ မင်းမှုထမ်း၊ ဆရာ သာဓု ၏ တပ်ထဲကမြတ်ကိုကို..စသဖြင့်။ ဆုရဆရာကြီး၊ ဆရာမကြီးတွေကို အားကျစိတ်က စာရေးချင်စိတ်ကို နှိုးဆွပေးပါသည်။ ဆရာမခင်နှင်းယု၏ “ကြေးမုံရိပ်သွင်” ဆုရပြီး ဆရာမ ဆုပေးပွဲမှာပြောသည့်စကားကို ကြားရတော့ ပိုပြီး အားတက်သွားသည်။
ထိုကာလအထိ ကျွန်တော်သည် စာပေဗိမာန်ကို အပြင်ကနေ ပြီး ထိတွေ့ရခြင်းဖြစ်ပါသည်။ စာပေဗိမာန်နှင့် ထဲထဲဝင်ဝင်ဖြစ်လာရသည် ကတော့ စာတမ်းဖတ်ပွဲများကို အကြောင်းပြု၍ဖြစ်သည်။ မှတ်မှတ် ရရ ဘာသာပြန်စာပေ စာတမ်းဖတ် ပွဲကစပြီး နှစ်စဉ်တက်ဖြစ်သည်။ စာတမ်းဖတ်ပွဲ တက်ခွင့်လျှောက်ထား ရန် ကြေညာသည်နှင့် အမြန်သွား ပြီး လျှောက်လွှာပုံစံဖြည့်သည်။ တက် ခွင့်မရမှာစိုးသည့်အတွက် ကျွန်တော် စာရေးဆရာပါ ဆိုသည်ကို သက်သေ ထူဖို့ ကိုယ်ရေးသည့် စာစာရင်းကို လျှောက်လွှာမှာ အပြည့်အစုံထည့်သည်။ ကလောင်နာမည်ကလေး ကလည်း ရှိနေပြီ။ ဆောင်းပါးတွေ လည်း အပုဒ် လေး၊ ငါးဆယ်ရေးပြီး နေပြီ။ တက်ခွင့်စာရင်းမှာ ကိုယ့် နာမည်ပါလာတော့ စာတမ်းဖိုင်တွေ ဝမ်းသာအားရ သွားထုတ်ပြီး တစ်ထိုင်တည်း အကုန်ဖတ်ပစ် လိုက်သည်။ စာတမ်းဖတ်ပွဲ သုံးရက် စလုံး ဝီရိယကောင်းကောင်းနှင့် သွားပြီး စိတ်ဝင်တစား နားထောင် သည်။ စာတမ်းရှင်များ၊ ဆွေးနွေး သည့်ပုဂ္ဂိုလ်များ မေးကြ၊ ဆိုကြသည် ကို မှတ်သားသည်။ မြတ်မွန် ရတနာခန်းမမှာကျင်းပသော “ပြဇာတ်နှင့် ပြဇာတ်စာပေ စာတမ်းဖတ်ပွဲ” မှာ ဆရာကြီး ဒေါက်တာ မောင်ဖြူးတို့၊ ဆရာမြဇင်တို့၊ ဆရာ သာဓုတို့ ဆွေးနွေးကြပုံများ၊ “ဂျူဗလီ ဟော” မှာကျင်းပသော “ကလေး လူငယ်စာတမ်းဖတ်ပွဲ” မှာ ဆရာ အောင်သင်းတို့၊ သူရဇော်တို့ ဆွေးနွေးကြပုံများ၊ ဂန္ဒီခန်းမမှာ ကျင်းပသော အတ္ထုပ္ပတ္တိစာတမ်းဖတ်ပွဲမှာ ဆရာဗိုလ်ဗကိုတို့၊ ဆရာသော်တာဆွေတို့ ဆွေးနွေးကြပုံများကို အမှတ် တရဖြစ်နေသည်။ စိတ်ဝင်စားစရာ လည်းကောင်း၊ပျော်စရာလည်းကောင်းသည်။
မြန်မာစကားပြေ စာတမ်းဖတ် ပွဲမှာတော့ ဆရာမောင်ဆုရှင်၏ ဖိတ်ခေါ်ချက်အရ ကျွန်တော်ကိုယ်တိုင် စာတမ်းဖတ်သူ ဖြစ်လာရသည်။ မြို့တော်ခန်းမမှာ ကျင်းပသော စာတမ်းဖတ်ပွဲမှာ ပရိသတ်ကိုကြည့် ပြီး ပွဲသိပ်မတိုးဖူးသေးသော ကျွန် တော်က ကြောက်နေပုံရသည်။ ကျွန်တော့်ဘေးမှာထိုင်နေသော ဆရာ ဇော်ဂျီက အားပေးစကားပြောသည်။ နောက်တော့ စာတမ်းငယ်စာပေ၊ ဂန္တဝင်စာပေ စာတမ်းဖတ်ပွဲ တွေမှာ စာတမ်းဖတ်ဖြစ်သည်။ ကျွန်တော်ဖတ်သည့် စာတမ်းတွေကို စာပေဗိမာန်က ပုံနှိပ်ပေးတော့ စာပေဗိမာန်သည် ကျွန်တော်၏ ထုတ်ဝေသူဖြစ်လာသည်။ ” ပြည်သူ့အတွက် မြန်မာစကားပြေ” ဆိုသည့် စာအုပ်ကလေးပြုစုပြီး အိမ်နီးချင်းဖြစ်သော စာပေဗိမာန်စာတည်း ဆရာဦးအောင်ကျော်ကို ပြကြည့်တော့ သူသဘောကျပြီး စီစဉ်ပေးသည့်အတွက် စာပေဗိမာန်က ထုတ်ပေးသည်။ စာပေဗိမာန်စာမူဆု ပြိုင်ပွဲမှာ “ဝါသနာကိုအရင်းခံ၍” ခေါင်းစဉ် ဖြင့် ကျွန်တော်စာမူတင်သည်။ အရွေးမခံရပါ။ နောက်တစ်ကြိမ် ” မြန်မာစကား၊ မြန်မာစာရုုပ်ပုံလွှာ” စာမူတင်တော့ သုတပဒေသာ (ဝိဇ္ဇာ) ပထမဆုရသည်။ ဆုပေးပွဲမှာ လူကြီးတွေက အားပေးစကားပြောသည်။ နောက်တော့ အမျိုးသားစာပေ ဆုများရသည်။ တစ်သက်တာစာပေ ဆုအထိပါပဲ။ များစွာဂုဏ်ယူဝမ်းသာပါသည်။
၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းမှာတော့ အမျိုးသားစာပေဆု ရွေးချယ်သည့်အဖွဲ့မှာ ပါဝင်ဆောင်ရွက်ရသည်။ ယခုအထိဖြစ်သည်။ ထိုကာလတစ်လျှောက်လုံး စာပေဗိမာန်က ပုဂ္ဂိုလ်အများအပြား နှင့် ခင်မင်ရသည်။ ဆရာ ဦးမျိုးသန့် (မောင်ဆုရှင်) ကစ၍ ယခုဆောင် ရွက်နေသောပုဂ္ဂိုလ်များအထိ စာတည်းမှူးချုပ်များ၊ စာတည်းများ အဆက်ဆက်ဖြစ်သည်။ ” မြန်မာနိုင်ငံ လွတ်လပ်ရေးရကတည်းက အခုထိသက်တမ်းရှည်တဲ့ စာပေဗိမာန်ဟာ “လာခြင်းကောင်းသော” စာပေအဖွဲ့အစည်းကြီးပါ။ အဲဒီအဖွဲ့အစည်းကြီးမှာ တာဝန် ထမ်းဆောင်ခွင့်ရတဲ့ ပုဂ္ဂိုလ်အားလုံး “အရတော်ပေစွ” လို့ ဥဒါန်းကျူးရင့် စရာပါပဲ” ဟု ကျွန်တော်က ဂုဏ်ပြုစကားဆိုခဲ့ပါသည်။
မောင်ခင်မင် (ဓနုဖြူ)