#Zawgyi
ျမန္မာ့လက္ေရြးစင္အသင္းနည္းျပခ်ဳပ္ ဂတ္ဇီဆီဖ႐ိုင္းဒရစ္ႏွင့္ ေတြ႔ဆံုျခင္း
၂၀၁၆ ဆူဇူကီးဖလားၿပိဳင္ပြဲကို ျမန္မာႏိုင္ငံမွာ အိမ္ရွင္ႏိုင္ငံအျဖစ္လက္ခံက်င္းပမွာဆိုေတာ့ ပရိသတ္ေတြအားလံုး စိတ္ဝင္စားေနၾကပါတယ္။ အိမ္ရွင္လုပ္ခဲ႔တဲ႔ ၂၀၁၃ဆီးဂိမ္းမွာယူ-၂၃အသင္းမေအာင္ျမင္ခဲ႔ ၿပီးေနာက္ပိုင္း ဆူဇူကီးမွာေရာ ျမန္မာ့လက္ေရြးစင္အသင္းေအာင္ျမင္ပါ့မလားဆိုၿပီး သံသယလည္း ရွိေနၾကပါတယ္။ ဒါေၾကာင့္ ျမန္မာ့လက္ေရြးစင္ေဘာလံုးအသင္းနည္းျပ ဂတ္ဇီဆီဖရိုင္းဒရစ္ကို မဇၥ်ိမက သြားေရာက္ေတြ႔ဆံုခဲ႔ၿပီး လက္ေရြးစင္အသင္းရဲ႕ျပင္ဆင္မႈေတြနဲ႔ သူ႔သံုးသပ္ခ်က္ေတြကို ေမးျမန္းခဲ႔ပါတယ္။
ေမး ။ ။ လက္ေရြးစင္အသင္းက လက္ရွိဘယ္ၿပိဳင္ပြဲကို အဓိကထားျပင္ဆင္ေနသလဲ။
ေျဖ ။ ။ ပြဲအားလံုးအတြက္အဓိကထားျပင္ဆင္ေနပါတယ္။ ဒါေပမယ္႔ အနီးဆံုးပြဲျဖစ္တဲ႔ ႏိုင္ငံျခားသားအသင္းနဲ႔ ကန္မယ္႔ပြဲနဲ႔ မေလးရွားအသင္းတို႔နဲ႔ပြဲေတြအတြက္ေတာ့ နည္းနည္းအာရုံစိုက္ထားတယ္။ ဘယ္ပြဲကအေရးႀကီးဆံုးလဲဆိုေတာ့ ပြဲအားလံုးကအေရးႀကီးပါတယ္။
ေမး ။ ။ ျမန္မာ့လက္ေရြးစင္အသင္းကို ယူ-၂၀၊ယူ-၂၃အသင္းကလူငယ္ကစားသမားေတြနဲ႔ ျပင္ဆင္ဖြဲ႕စည္းၿပီးတဲ႔ ေနာက္မွာ စီနီယာကစားသမားေတြအေပၚ ပရိသတ္ေတြရဲ႕ေဝဖန္မႈကပိုၿပီး ျမင့္တက္လာတယ္။ စီနီယာကစားသမားေတြရဲ႕အခန္းက႑ကို ရွင္းျပေပးပါဦး။
ေျဖ ။ ။ လက္ေရြးစင္ေဘာလံုးအသင္းတစ္သင္းကို လူငယ္ကစားသမားေတြနဲ႔ခ်ညး္ပဲ ခ်က္ခ်င္းဖြဲ႕စည္းလို႔မရပါဘူး။ ကြ်န္ေတာ္႔ရည္ရြယ္ခ်က္ကေတာ့ လက္ေရြးစင္ေဘာလံုးအသင္းကို လူငယ္ေတြနဲ႔ခ်ည္းပဲ ဖြဲ႕သြားဖို႔ရွိတယ္။ ျဖည္းျဖည္းခ်င္းသြားရမွာပါ။ ေနာက္ပိုင္းမွာေတာ့ ေျခစြမ္းအေပၚမူတည္ၿပီး စီနီယာကစားသမားေတြကို ျဖည္းျဖည္းခ်င္းေလွ်ာ့ခ်သြားမွာပါ။ လက္ဘႏြန္နဲ႔ကစားခဲ႔တဲ႔ပြဲမွာဆို ျမန္မာအသင္းရဲ႕ပ်မ္းမွ်အသက္က ၂၅ႏွစ္ဝန္းက်င္မွာပဲရွိတယ္။
ေမး ။ ။ ခင္ဗ်ားအရင္နည္းျပေတြတုန္းကလည္း ျမန္မာအသင္းအတြက္လူငယ္ေတြေမြးထုတ္မယ္လို႔ ေၾကြးေၾကာ္ခဲ႔ဖူးတယ္။ ဒါေပမယ္႔ မေအာင္ျမင္ခဲ႔ၾကဘူး။ ခင္ဗ်ားကိုယ္တိုင္လည္း လူငယ္ေတြကို ေမြးထုတ္မယ္ေျပာတယ္။ ခင္ဗ်ားေရာေအာင္ျမင္ေအာင္လုပ္ႏိုင္ပါ့မလား။
ေျဖ ။ ။ အရင္ျမန္မာ့လက္ေရြးစင္နည္းျပေတြအားလံုးက အေတြ႔အႀကံဳရင့္တဲ႔နည္းျပေကာင္းေတြပါ။ ဒါေပမယ္႔ သူတို႔အားလံုး လံုေလာက္တဲ႔အခ်ိန္မရခဲ႔ၾကဘူး။ ကြ်န္ေတာ္႔အေနအထားက သူတို႔နဲ႔ကြာပါတယ္။ ကြ်န္ေတာ္ ျမန္မာႏိုင္ငံကိုေရာက္ေနတာ ေျခာက္ႏွစ္နီးပါးရွိေနပါၿပီ။ ျမန္မာႏိုင္ငံကလူငယ္ေဘာလံုးသမားေတြအားလံုးကို ကြ်န္ေတာ္သိပါတယ္။ ေျခာက္ႏွစ္အတြင္းမွာလည္း လက္ေရြးစင္အသင္းအတြက္ ကစားသမားေကာင္းေတြေမြးထုတ္ခဲ႔ၿပီးပါၿပီ။
ေမး ။ ။ ဇြန္လအတြင္းမွာ ေလးႏိုင္ငံပြဲရွိေတာ့ ဒီၿပိဳင္ပြဲကို ဘယ္လိုသေဘာထားလဲ။ ေျခစမ္းရုံပဲကစားမွာလား။ ဗိုလ္စြဲေအာင္ကစားမလား။
ေျဖ ။ ။ ကြ်န္ေတာ္႔ခံယူခ်က္က ျမန္မာႏိုင္ငံမွာ အိမ္ရွင္လုပ္တဲ႔ပြဲဆို ျမန္မာအသင္းပဲ ဗိုလ္စြဲရမယ္။ ဆူဇူကီးအတြက္ ျပင္ဆင္မႈက ျမန္မာေနရွင္နယ္လိဂ္ၿပိဳင္ပြဲၿပီးရင္ သံုးလေလာက္အခ်ိန္ရတယ္။ ေလးႏိုင္ငံပြဲမွာ ဗိုလ္စြဲဖို႔ပဲ အာရုံစိုက္ျပင္ဆင္မွာပါ။
ေမး ။ ။ ဆူဇူကီးၿပိဳင္ပြဲမွာေရာ ျမန္မာအသင္းဗိုလ္စြဲမယ္လို႔အာမခံႏိုင္လား။
ေျဖ ။ ။ အခုအေျခအေနမွာေတာ့ ကြ်န္ေတာ္တို႔ထိုင္းကို မႏိုင္ႏိုင္ဘူး။ ဒါေပမယ္႔ ျပင္ဆင္ခ်ိန္သံုးလအတြင္းမွာ ကြ်န္ေတာ္တို႔ ဂ်ာမနီ၊ နယ္သာလန္၊ ကိုရီးယားႏိုင္ငံေတြကိုသြားမယ္။ ၿပီးရင္ ကိုယ္႔ထက္အင္အားႀကီးအသင္းေတြနဲ႔ေျခစမ္းမယ္။ ၿပိဳင္ပြဲကာလက်ရင္ေတာ့ ထိုင္းကို အႏိုင္ကစားႏိုင္မွာပါ။ ခ်န္ပီယံျဖစ္ဖို႔က ထိုင္းကိုႏိုင္ဖို႔လိုမယ္ေလ။
ေမး ။ ။ ျမန္မာပရိသတ္ေတြရဲ႕အေနအထားကိုနည္းနည္းေမးပါရေစ။ ျမန္မာပရိသတ္ထဲမွာ ပရိသတ္အခ်ိဳ႕က အသင္းကိုအားေပးဖို႔ထက္ ဆူပူဆဲဆိုေသာင္းက်န္းတာမ်ိဳးေတြလုပ္တတ္တယ္။ ဒီလို ပရိသတ္မ်ိဳးကို ဘာေျပာခ်င္သလဲ။
ေျဖ ။ ။ အသင္းကို ပရိသတ္ေတြလာအားေပးတာကြ်န္ေတာ္ႀကိဳက္ပါတယ္။ ၁၂ေယာက္ေျမာက္ကစားသမားေတြကိုလည္း ကြ်န္ေတာ္တို႔အသင္းက လိုအပ္ပါတယ္။ ဒါေပမယ္႔ ဆူပူမယ္႔ပရိသတ္ကိုေတာ့ မလိုခ်င္ပါဘူး။ အသင္းကိုအားေပးတာမဟုတ္ပဲ ဆူပူရုံသတ္သတ္လာတာမ်ိဳးဆိုရင္ေတာ့ လာအားမေပးတာက ပိုေကာင္းမွာပါ။
ေမး ။ ။ ျမန္မာႏိုင္ငံမွာ အိမ္ရွင္လုပ္တဲ႔ပြဲတိုင္း ျမန္မာပရိသတ္ေတြက ေမွ်ာ္လင့္ခ်က္နဲ႔ ျမန္မာအသင္းကို ဖိအားေပးတတ္ၾကတယ္။ ဒီအတြက္ ႀကိဳတင္ျပင္ဆင္ထားတာေတြရွိမလား။
ေျဖ ။ ။ ဒီအတြက္ ျပႆနာမရွိပါဘူး။ ကစားသမားေတြကို ပရိသတ္ေပးတဲ႔ဖိအားဆိုတာ ကြ်န္ေတာ္ေပးတဲ႔ဖိအားေလာက္မမ်ားႏိုင္ပါဘူး။ ကြ်န္ေတာ္႔ဖိအားက ပရိသတ္ဖိအားထက္ေတာင္ ပုိမ်ားမွာပါ။ ပြဲတစ္ပြဲအႏိုင္ရဖို႔ ကြ်န္ေတာ္႔ကစားသမားေတြကို အၿမဲဖိအားေပးပါတယ္။
__________________________________________________________________________
#Unicode
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်နှင့် တွေ့ဆုံခြင်း
၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာနိုင်ငံမှာ အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမှာဆိုတော့ ပရိသတ်တွေအားလုံး စိတ်ဝင်စားနေကြပါတယ်။ အိမ်ရှင်လုပ်ခဲ့တဲ့ ၂၀၁၃ဆီးဂိမ်းမှာယူ-၂၃အသင်းမအောင်မြင်ခဲ့ ပြီးနောက်ပိုင်း ဆူဇူကီးမှာရော မြန်မာ့လက်ရွေးစင်အသင်းအောင်မြင်ပါ့မလားဆိုပြီး သံသယလည်း ရှိနေကြပါတယ်။ ဒါကြောင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်ကို မဇ္စျိမက သွားရောက်တွေ့ဆုံခဲ့ပြီး လက်ရွေးစင်အသင်းရဲ့ပြင်ဆင်မှုတွေနဲ့ သူ့သုံးသပ်ချက်တွေကို မေးမြန်းခဲ့ပါတယ်။
မေး ။ ။ လက်ရွေးစင်အသင်းက လက်ရှိဘယ်ပြိုင်ပွဲကို အဓိကထားပြင်ဆင်နေသလဲ။
ဖြေ ။ ။ ပွဲအားလုံးအတွက်အဓိကထားပြင်ဆင်နေပါတယ်။ ဒါပေမယ့် အနီးဆုံးပွဲဖြစ်တဲ့ နိုင်ငံခြားသားအသင်းနဲ့ ကန်မယ့်ပွဲနဲ့ မလေးရှားအသင်းတို့နဲ့ပွဲတွေအတွက်တော့ နည်းနည်းအာရုံစိုက်ထားတယ်။ ဘယ်ပွဲကအရေးကြီးဆုံးလဲဆိုတော့ ပွဲအားလုံးကအရေးကြီးပါတယ်။
မေး ။ ။ မြန်မာ့လက်ရွေးစင်အသင်းကို ယူ-၂၀၊ယူ-၂၃အသင်းကလူငယ်ကစားသမားတွေနဲ့ ပြင်ဆင်ဖွဲ့စည်းပြီးတဲ့ နောက်မှာ စီနီယာကစားသမားတွေအပေါ် ပရိသတ်တွေရဲ့ဝေဖန်မှုကပိုပြီး မြင့်တက်လာတယ်။ စီနီယာကစားသမားတွေရဲ့အခန်းကဏ္ဍကို ရှင်းပြပေးပါဦး။
ဖြေ ။ ။ လက်ရွေးစင်ဘောလုံးအသင်းတစ်သင်းကို လူငယ်ကစားသမားတွေနဲ့ချညး်ပဲ ချက်ချင်းဖွဲ့စည်းလို့မရပါဘူး။ ကျွန်တော့်ရည်ရွယ်ချက်ကတော့ လက်ရွေးစင်ဘောလုံးအသင်းကို လူငယ်တွေနဲ့ချည်းပဲ ဖွဲ့သွားဖို့ရှိတယ်။ ဖြည်းဖြည်းချင်းသွားရမှာပါ။ နောက်ပိုင်းမှာတော့ ခြေစွမ်းအပေါ်မူတည်ပြီး စီနီယာကစားသမားတွေကို ဖြည်းဖြည်းချင်းလျှော့ချသွားမှာပါ။ လက်ဘနွန်နဲ့ကစားခဲ့တဲ့ပွဲမှာဆို မြန်မာအသင်းရဲ့ပျမ်းမျှအသက်က ၂၅နှစ်ဝန်းကျင်မှာပဲရှိတယ်။
မေး ။ ။ ခင်ဗျားအရင်နည်းပြတွေတုန်းကလည်း မြန်မာအသင်းအတွက်လူငယ်တွေမွေးထုတ်မယ်လို့ ကြွေးကြော်ခဲ့ဖူးတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ကြဘူး။ ခင်ဗျားကိုယ်တိုင်လည်း လူငယ်တွေကို မွေးထုတ်မယ်ပြောတယ်။ ခင်ဗျားရောအောင်မြင်အောင်လုပ်နိုင်ပါ့မလား။
ဖြေ ။ ။ အရင်မြန်မာ့လက်ရွေးစင်နည်းပြတွေအားလုံးက အတွေ့အကြုံရင့်တဲ့နည်းပြကောင်းတွေပါ။ ဒါပေမယ့် သူတို့အားလုံး လုံလောက်တဲ့အချိန်မရခဲ့ကြဘူး။ ကျွန်တော့်အနေအထားက သူတို့နဲ့ကွာပါတယ်။ ကျွန်တော် မြန်မာနိုင်ငံကိုရောက်နေတာ ခြောက်နှစ်နီးပါးရှိနေပါပြီ။ မြန်မာနိုင်ငံကလူငယ်ဘောလုံးသမားတွေအားလုံးကို ကျွန်တော်သိပါတယ်။ ခြောက်နှစ်အတွင်းမှာလည်း လက်ရွေးစင်အသင်းအတွက် ကစားသမားကောင်းတွေမွေးထုတ်ခဲ့ပြီးပါပြီ။
မေး ။ ။ ဇွန်လအတွင်းမှာ လေးနိုင်ငံပွဲရှိတော့ ဒီပြိုင်ပွဲကို ဘယ်လိုသဘောထားလဲ။ ခြေစမ်းရုံပဲကစားမှာလား။ ဗိုလ်စွဲအောင်ကစားမလား။
ဖြေ ။ ။ ကျွန်တော့်ခံယူချက်က မြန်မာနိုင်ငံမှာ အိမ်ရှင်လုပ်တဲ့ပွဲဆို မြန်မာအသင်းပဲ ဗိုလ်စွဲရမယ်။ ဆူဇူကီးအတွက် ပြင်ဆင်မှုက မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲပြီးရင် သုံးလလောက်အချိန်ရတယ်။ လေးနိုင်ငံပွဲမှာ ဗိုလ်စွဲဖို့ပဲ အာရုံစိုက်ပြင်ဆင်မှာပါ။
မေး ။ ။ ဆူဇူကီးပြိုင်ပွဲမှာရော မြန်မာအသင်းဗိုလ်စွဲမယ်လို့အာမခံနိုင်လား။
ဖြေ ။ ။ အခုအခြေအနေမှာတော့ ကျွန်တော်တို့ထိုင်းကို မနိုင်နိုင်ဘူး။ ဒါပေမယ့် ပြင်ဆင်ချိန်သုံးလအတွင်းမှာ ကျွန်တော်တို့ ဂျာမနီ၊ နယ်သာလန်၊ ကိုရီးယားနိုင်ငံတွေကိုသွားမယ်။ ပြီးရင် ကိုယ့်ထက်အင်အားကြီးအသင်းတွေနဲ့ခြေစမ်းမယ်။ ပြိုင်ပွဲကာလကျရင်တော့ ထိုင်းကို အနိုင်ကစားနိုင်မှာပါ။ ချန်ပီယံဖြစ်ဖို့က ထိုင်းကိုနိုင်ဖို့လိုမယ်လေ။
မေး ။ ။ မြန်မာပရိသတ်တွေရဲ့အနေအထားကိုနည်းနည်းမေးပါရစေ။ မြန်မာပရိသတ်ထဲမှာ ပရိသတ်အချို့က အသင်းကိုအားပေးဖို့ထက် ဆူပူဆဲဆိုသောင်းကျန်းတာမျိုးတွေလုပ်တတ်တယ်။ ဒီလို ပရိသတ်မျိုးကို ဘာပြောချင်သလဲ။
ဖြေ ။ ။ အသင်းကို ပရိသတ်တွေလာအားပေးတာကျွန်တော်ကြိုက်ပါတယ်။ ၁၂ယောက်မြောက်ကစားသမားတွေကိုလည်း ကျွန်တော်တို့အသင်းက လိုအပ်ပါတယ်။ ဒါပေမယ့် ဆူပူမယ့်ပရိသတ်ကိုတော့ မလိုချင်ပါဘူး။ အသင်းကိုအားပေးတာမဟုတ်ပဲ ဆူပူရုံသတ်သတ်လာတာမျိုးဆိုရင်တော့ လာအားမပေးတာက ပိုကောင်းမှာပါ။
မေး ။ ။ မြန်မာနိုင်ငံမှာ အိမ်ရှင်လုပ်တဲ့ပွဲတိုင်း မြန်မာပရိသတ်တွေက မျှော်လင့်ချက်နဲ့ မြန်မာအသင်းကို ဖိအားပေးတတ်ကြတယ်။ ဒီအတွက် ကြိုတင်ပြင်ဆင်ထားတာတွေရှိမလား။
ဖြေ ။ ။ ဒီအတွက် ပြဿနာမရှိပါဘူး။ ကစားသမားတွေကို ပရိသတ်ပေးတဲ့ဖိအားဆိုတာ ကျွန်တော်ပေးတဲ့ဖိအားလောက်မများနိုင်ပါဘူး။ ကျွန်တော့်ဖိအားက ပရိသတ်ဖိအားထက်တောင် ပိုများမှာပါ။ ပွဲတစ်ပွဲအနိုင်ရဖို့ ကျွန်တော့်ကစားသမားတွေကို အမြဲဖိအားပေးပါတယ်။
#Credit Mizzima