ေမလအတြက္ ေဒါက္တာထြန္းလြင္ ၏ ရာသီဥတု သုံးသပ္ခ်က္
#Zawgyi
ျမန္မာႏုိင္ငံ အႏွံ႔အျပားတြင္ အယ္နီညိဳရာသီဥတုေၾကာင့္ ျဖစ္ေပၚလာသည့္ ပူျပင္းေသာ အပူခ်ိန္ေၾကာင့္ မိုးႀကိဳကာလတြင္ မိုးတိမ္ေတာင္မ်ား ျဖစ္ပြားၿပီး မိုးတိမ္ေတာင္မ်ား အားေကာင္းမႈေၾကာင့္ ေလျပင္းတုိက္ျခင္း၊ မိုးသီးေၾကြျခင္း၊ မိုးႀကိဳးပစ္ျခင္းမ်ားႏွင့္ သစ္ပင္ပိျခင္းေၾကာင့္ လူေပါင္း ၁၄ ဦး ေသဆံုးခဲ့သည္။ သို႔ျဖစ္ရာ ေမလအတြင္း ျမန္မာႏုိင္ငံ၏ ေျပာင္းလဲ ျဖစ္ေပၚႏုိင္သည့္ ရာသီဥတု အေျခအေနမ်ား၊ ႀကိဳတင္ ကာကြယ္ရန္၊ ေဆာင္ရန္ ေရွာင္ရန္မ်ားႏွင့္ ပတ္သက္ၿပီး မိုးေလဝသပညာရွင္ ေဒါက္တာ ထြန္းလြင္ကို ဧရာဝတီ သတင္းဌာန အႀကီးတန္း သတင္းေထာက္ သူဇာ က ေတြ႔ဆံုေမးျမန္း ထားပါသည္။
ေမး။ ။ ေဒါက္တာ ဦးထြန္းလြင္ အေနနဲ႔ လက္ရွိ ရာသီဥတု အေျခအေနကို ဘယ္လိုသုံးသပ္ခ်င္ပါသလဲရွင့္။
ေျဖ။ ။ အခုအခ်ိန္မွာ ရာသီက မိုးႀကိဳရာသီလို႔ ေခၚတယ္။ ၄၀ ဒီဂရီ ဖာရင္ဟုိက္ အထက္၊ ေအာက္ ရွိတဲ့ေနရာေတြက မႏၱေလး၊ မေကြး၊ ပဲခူး၊ ရန္ကုန္၊ ကယား၊ ကရင္၊ မြန္ ၊ တနသၤာရီ အဲ့ဒါရွိတယ္။ အဲဒီ အထဲကမွ စစ္ကုိင္းနဲ႔ မေကြးတုိင္းက ေနရာ ေတာ္ေတာ္ မ်ားမ်ားမွာ အပူခ်ိန္က ၄၅ ဒီဂရီ စင္တီဂရိတ္ ေလာက္အထိ ဆုိလုိတာက ၁၁၃ ဒီဂရီ ဖာရင္ဟုိက္ေက်ာ္တယ္၊ အဲ့ဒီေလာက္အထိ အလြန္ပူပါတယ္။
ေမလမွာ မုိးတိမ္ေတာင္ေတြ ျဖစ္တတ္တယ္။ ဒီႏွစ္မွာ မေမ့ဖို႔က အယ္နီညိဳလည္း ျဖစ္ေနတဲ့ အခါက်ေတာ့ ေမလျဖစ္တဲ့ မုိးတိမ္ေတာင္က အရင္ႏွစ္ေတြက ျဖစ္တာထက္ ပုိမ်ားတယ္။ ေနာက္ထပ္ ေမလရဲ႕ ထူးျခားခ်က္က မုန္တုိ္င္းရွိရင္ မုန္တုိင္းအႏၱရာယ္ ျဖစ္တတ္တယ္။ သတိထားဖို႔လုိတယ္။ ဒါေပမယ့္လည္း ေစာေစာက ေျပာခဲ့တဲ့အတုိင္း ဒီႏွစ္က အယ္နီညိဳ ျဖစ္ေနတဲ့ အတြက္ေၾကာင့္မို႔လုိ႔ သူျဖစ္တဲ့ႏွစ္ေတြမွာ ျမန္မာျပည္က မုန္တုိင္းအႏၱရာယ္ကင္းတတ္တယ္။ ေနာက္ မုန္တုိင္းအႏၱရာယ္ ေလ်ာ့နည္းဖြယ္ရာ ရွိတယ္ေပါ့။
လာမယ့္ ေမလဟာ ျမန္မာႏုိင္ငံ အရပ္ရပ္မွာ မုတ္သုန္ေလ စဝင္တဲ့ရက္ေပါ့။ မုတ္သုန္ေလ ဝင္တဲ့ေနရာမွာလည္း အယ္နီညိဳ ျဖစ္ေနတဲ့ အတြက္ မုတ္သုန္ေလဟာ ပံုမွန္ထက္ ေနာက္က်ပါလိမ့္မယ္။
ေမး။ ။ ၿပီးခဲ့တဲ့ ႏွစ္ပတ္ေလာက္မွာ မိုးသီးေၾကြတာေတြက တခ်ိဳ႕ေနရာေတြမွာ ဆုိးဆုိးဝါးဝါး မ်ားျပားတာ ေတြ႔ရတယ္။ မႏွစ္ကထက္ေတာင္ မ်ားေနေတာ့ ႏုိင္ငံရဲ႕ ရာသီဥတု ေျပာင္းလဲသြားတ့ဲအေျခအေနမွာ ဘယ္လိုသုံးသပ္ခ်င္ပါသလဲ
ေျဖ။ ။ ရာသီဥတုက ေျပာင္းတယ္လုိ႔လည္း ေျပာလုိ႔ရတယ္၊ ေျပာင္းတာမဟုတ္ဘဲ အေျခအေနတရပ္လုိ႔လည္း ေျပာလုိ႔ရပါတယ္။ နံပတ္ ၁ နားလည္ရမွာက ရုိးရုိးအယ္လ္နီညိဳမဟုတ္ဘူး။ ကမၻာအရပ္ရပ္က အားအေကာင္းဆံုး အယ္လ္နီညိဳျဖစ္ေနတယ္။ ျမန္မာ တႏို္င္ငံလံုးကလည္း ပူျပင္းေနၿပီး အပူျပင္းဆံုး က အလယ္ပိုင္းပဲ။ စစ္ကိုင္းတုိင္း ေအာက္ပိုင္း၊ မေကြးတုိင္း၊ မႏၱေလးတုိင္းက အပူခ်ိန္က ၄၅ ဒီဂရီစင္တီေက်ာ္ေနၿပီ။ ေန႔အပူခ်ိန္ စံခ်ိန္ခ်ဳိးတဲ့စခန္းကို ၂ဝ ေလာက္ရွိေနၿပီ။ အလြန္ပူ ေနတဲ့အေနအထားမွာ Warm Pool လုိ႔ ေျပာလုိ႔ရတဲ့ တကယ္ ပူေႏြးတဲ့ေဒသ လည္း ျဖစ္ေနတယ္။ ျမန္မာႏုိင္ငံရဲ႕ ရာသီဥတု သဘာဝ ကလည္း ဧၿပီလ ၁၅ ရက္ကေန စၿပီးေတာ့ ျမန္မာႏုိင္ငံ အတြင္းကို ေရေငြ႕ပါတဲ့ ေလ စဝင္တဲ့အခါမွာ အေနာက္ေျမာက္ဘက္က ဘဂၤလားေဒ့ရွ္ဘက္က ဝင္လာတဲ့ဟာရွိတယ္။ အေနာက္ေတာင္ဘက္ ဘဂၤလားပင္လယ္ေအာ္ ထဲက မုတ္သံုေလေရျပင္ အျဖစ္ ဝင္လာတဲ့ေလေတြ ရွိမယ္။ အေရွ႕ေတာင္ဘက္ ထုိင္းပင္လယ္ေကြ႕ က ဝင္လာတဲ့ေလေတြ ရွိမယ္။ အမ်ားအားျဖင့္ မုိးတိမ္ေတာင္ေတြျဖစ္တယ္။ ေရေငြ႕ပါတဲ့ေလက ျမန္မာႏုိင္ငံ အလယ္ပုိင္းကုိ ေရာက္တဲ့အခါ အလြန္ပူေနေတာ့ အဲ့ဒီ မိုးတိမ္ေတာင္က ပုိၿပီးေတာ့ ျပင္းထန္သြားတယ္ေပါ့။
ေရခဲက်တဲ့ေနရာ ေတြက စစ္ကိုင္း၊ မႏၱေလး၊ ပဲခူး၊ ရွမ္းေတာင္ပိုင္း၊ ဧရာဝတီ၊ အမ်ားအားျဖင့္ အပူပိုင္းေဒသမွာ က်တယ္ေပ့ါေနာ္။ ထူးကဲစြာ မုိးသီးေၾကြက်ျခင္းဟာ အလယ္ပိုင္းရဲ႕ ထူးကဲစြာ ပူျပင္းတဲ့အတြက္ေၾကာင့္ ျဖစ္ေပၚလာတဲ့ မုိးတိမ္ေတာင္ဟာ သဘာဝလြန္ မုိးတိမ္ေတာင္အဆင့္ကုိ ကူးေျပာင္းရာက လြန္ကဲစြာ မုိးသီးေၾကြက်ျခင္းျဖစ္လာတယ္။ ဒီလိုမ်ိဳး ႏွစ္ေပါင္း ၅၀ ေက်ာ္ မိုးေလဝသမွာ အလုပ္လုပ္ေနတာ မႀကံဳဖူးပါဘူး၊ ဆရာကေတာ့ ဒီျဖစ္စဥ္ကို အယ္လ္နီညိဳေၾကာင့္လို႔ပဲ ေျပာခ်င္ပါတယ္။
ေမး။ ။ လက္ရွိ မိုးႀကိဳကာလျဖစ္တဲ့ ဧၿပီလ ၁၅ ရက္ကေန ေမလ ကုန္အထိ ဆုိေတာ့ မိုးတိမ္ေတာင္ ျဖစ္ႏုိင္ေျခ ထပ္အားေကာင္းဖုိ႔ ရွိနုိင္ေသးလား။
ေျဖ။ ။ မုိးတိမ္ေတာင္ဆုိတာက မုတ္သုန္ ဝင္လာၿပီဆုိ မရွိေတာ့ေပမယ့္ အနည္းငယ္ေတာ့ ရွိတတ္တယ္။ မုတ္သုန္ေလ အားမေကာင္းတဲ့ ႏွစ္ေတြမွာ ရွိတယ္။ ဒီႏွစ္ မုတ္သုန္က အားမေကာင္းေတာ့ မုိးတြင္းမွာေရာ မုတ္သုန္ကာလအတြင္းမွာေရာ မုိးတိမ္ေတာင္ရွိဖုိ႔ မ်ားတယ္။ ဒီေလာက္ေတာ့ မျပင္းထန္ မႀကီးမားႏုိင္ဘူးေပါ့၊ ေလ်ာ့သြားမယ္၊ အေရ အတြက္ နည္းသြားပါလိမ့္မယ္။ မိုးမရြာခင္ ျဖစ္တဲ့ကာလဆုိေတာ့ ေမလကုန္ အထိကေတာ့ ျဖစ္ေနမွာပဲ။
ေမး။ ။ ဒါဆုိ သတိထားရမယ့္ အေျခအေနလို႔ ေျပာလို႔ရမလားရွင့္။
ေျဖ။ ။ သတိထားရမယ့္ အေျခအေနေတာ့ ရွိတယ္။ ဒါေပမယ့္လည္း ဒီေလာက္အထိ ျပန္ျဖစ္မွာေတာ့ မဟုတ္ပါဘူး။
ေမး။ ။ အခု ေဖ့စ္ဘုတ္မွာလည္း ၾကားေနရတာက ေမလ ၂ရက္၊ ၃ ရက္ေန႔မွာ ေလျပင္းေတြလည္းတုိက္ႏိုင္တယ္လို႔ ၾကားေနရတယ္ဆိုေတာ့ အဲဒီသတင္းေတြကေရာ ျဖစ္လာႏုိင္ပါလား။
ေျဖ။ ။ ေလျပင္းကေတာ့ ဒီရာသီမွာ တုိက္ေနၾကပဲေလ။ မုိးတိမ္ေတာင္က အားေကာင္းလာရင္ေတာ့ မုိးႀကိဳးပစ္တာေတြလိုက္လာၿပီ၊ သိပ္ အားေကာင္းသြားၿပီဆုိရင္ေတာ့ ေလဆင္ႏွာေမာင္းတုိက္တယ္၊ စိုက္ဆင္း ေလတုိက္တယ္၊ ပင္လယ္ဘက္မွာ ဆုိရင္ေတာ့ ေရဆင္ ႏွာေမာင္းတုိက္တယ္။ ေမလ ၂ ရက္ေန႔မွာ ေလဆင္ႏွာေမာင္းတုိက္မယ္တုိ႔ ဘယ္က ဘယ္ကုိေရႊ႕သြားၿပီဆုိတာ နည္းပညာအရေတာ့ မဟုတ္ဘူး။ ဘာေၾကာင့္လဲဆုိေတာ့ ေလဆင္ႏွာေမာင္း ဆုိတဲ့ျဖစ္စဥ္က တပတ္ေလာက္ႀကိဳၿပီး ေလဆင္ႏွာေမာင္းက ဘယ္ကိုဦးတည္မလဲဆုိတာ ႀကိဳခန္႔မွန္းလုိ႔မရပါဘူး။ ယေန႔အခ်ိန္ ကမၻာေပၚမွာ တနည္းပဲရွိတယ္ အဲ့ဒါဟာ ေရဒါပါပဲ။
မုန္တုိင္းလည္းမျဖစ္ႏုိင္ဘူး။ ေလဖိအားနည္း ရပ္ဝန္းကလည္း ကုန္းေပၚဆုိေတာ့ ဘယ္လုိမွ အားမေကာင္းႏိုင္ပါဘူး။ ဒီသတင္းက သိပ္ၿပီး ေမးလြန္းေတာ့ မိုးေလဝသ သတင္းထုတ္တယ္ဆုိတာ တာဝန္ရွိတဲ့သူေတြ ထုတ္တာကိုပဲ ယံုၾကည္ ေစခ်င္တယ္။ လူတကာသံုးတဲ့ ေဖ့စ္ဘုတ္ ဆုိေတာ့ လူေပါင္းမ်ားစြာက လူေတြရဲ႕ စိတ္ဝင္စားမႈေၾကာင့္ ဝင္ၿပီးေတာ့ လုပ္တာရွိတယ္။ အေပ်ာ္တမ္း လုပ္တာရွိတယ္။ အဲ့ဒါမ်ဳိးကေတာ့ ဆရာအေနနဲ႔ကေတာ့ မဖတ္ပါနဲ႔လုိ႔ေတာ့ မေျပာလုိဘူးေပါ့ေနာ္။ ကုိယ္တိုင္ စဥ္းစားေပါ့။ ဒါဟာ တရားဝင္လုပ္တဲ့ ဌာနကထုတ္တာလား။ ဆရာတို႔လုိ မုိးေလဝသဌာန က အနားယူထားသူေတြလား။ အထူးသျဖင့္ ဒီအလုပ္လုပ္တဲ့သူေတြက ထုတ္တာလားဆုိတာေတာ့ စဥ္းစားေပါ့။
ေမး။ ။ ေဒါက္တာဦးထြန္းလြင္ ကို ထပ္ေမးခ်င္တာကေတာ့ မိုးတိမ္ေတာင္ျဖစ္မယ္ဆုိရင္ ကိုယ့္ရဲ႕ ပတ္ဝန္းက်င္မွာ ဘယ္လုိလုပ္သိႏုိင္မလဲ။
ေျဖ။ ။ အေကာင္းဆံုးကေတာ့ မုိးခ်ဳန္းသံၾကားရတာ အေကာင္းဆံုးပဲ။ မုိးျခိမ္းသံၾကားရင္ေတာ့ အဲဒါ အနီးဆံုးပဲ။ ေလးမိုင္အတြင္းမွာ ရွိတယ္။ အဲဒါဆုိရင္ေတာ့ သတိထားေပါ့။
ေမး။ ။ ျပည္သူလူထု ကေရာ ဘယ္လို ကာကြယ္မႈေတြ လုပ္ဖုိ႔ လိုအပ္မလဲရွင့္။
ေျဖ။ ။ လူေတြကေတာ့ ကြင္းျပင္ ထီးထီးထဲ မေနဖို႔၊ အကာအကြယ္မဲ့ မေနဖို႔ကေတာ့ အဓိက အခ်က္ပါ။ ကြင္းျပင္ထဲမွာ ထီးထီးသြားေနတဲ့ အခါ လယ္ကြင္းထဲမွာ မတ္တပ္ရပ္ေနတာေတြ ဆုိတာက မုိးႀကိဳးစက္ကြင္း ေတြမွာ မိတတ္ပါတယ္။
ေမး။ ။ ရာသီဥတုေျပာင္းလဲမႈ နဲ႔ ေရရွားပါးမႈ တၿပိဳင္နက္ ႀကံဳေတြ႔ေနရတဲ့ အေျခအေနကို သံုးသပ္ေျပာေပးပါဦး။
ေျဖ။ ။ အယ္လ္နီညိဳေၾကာင့္ ျဖစ္တာေလ။ လူေတြ အတြက္ ေနာက္ထပ္ ဒုကၡေပါ့။ ေသာက္ေရမရွိလို႔ အခက္အခဲျဖစ္ေနတဲ့ေက်းရြာေပါင္းက ၂ ေထာင္ေလာက္ရွိေနၿပီ၊ အစဥ္အဆက္အရ ေဒသတခုရဲ႕ အားကိုးရာျဖစ္တဲ့ ေရကန္ႀကီးေတြ ခမ္းေျခာက္ေနၿပီ။ ေျမေအာက္ေရေတြ ခမ္းေျခာက္ေနၿပီ။ မုိးေပၚက ရြာခ်တဲ့ေရကမရွိ၊ ရွိတဲ့ေရကလည္း ကုန္၊ စီးဆင္းတဲ့ေရ ကလည္းဆံုး ဆုိေတာ့ ဘယ္က ရေတာ့မွာလဲ။ ေဘးက်ပ္နံက်ပ္ပဲ။ စစ္ကိုင္းတုိင္းေအာက္ပုိင္း နဲ႔ မေကြးတုိင္း က အဆုိးဆံုးပဲ။
ေမး။ ။ ေဒါက္တာဦးထြန္းလြင္ အေနနဲ႔ ျဖည့္စြက္ေျပာၾကားခ်င္တာမ်ား ရွိပါသလား။
ေျဖ။ ။ ရာသီဥတု အသိဥာဏ္ေတြ၊ ရာသီဥတုနဲ႔ ပတ္သက္တဲ့လုပ္ငန္းေတြက လ်စ္လွ်ဳ႐ႈ႕လုိ႔ မရေလာက္ေအာင္ တုိင္းျပည္မွာ ႀကံဳေတြ႕ေနရတယ္။ ရာသီဥတုရဲ႕ ထိခိုက္မႈကုိ တြက္ၾကည့္တဲ့အခါမွာ ကမၻာေပၚမွာ ျမန္မာႏုိင္ငံက ဒုတိယအဆုိးဆံုးႏုိင္ငံျဖစ္တယ္။ သစ္ေတာ ျပဳန္းတီးမႈက ကမၻာေပၚမွာ အဆုိးဆံုး တတိယႏုိင္ငံ ျဖစ္ေနတယ္။ ပတ္ဝန္းက်င္ ယုိယြင္းမႈမွာလည္း ထိပ္ဆံုး၊ ဒဏ္ခံရမႈ အထဲမွာလည္း ထိပ္ဆံုးေရာက္ေနေတာ့ ရာသီဥတုနဲ႔ ပတ္သက္တဲ့ အလုပ္ေတြက အမ်ားႀကီးရွိေနတယ္။ လုပ္ရမွန္း သိဖို႔လိုတယ္။ လုပ္ရမွန္း သိလုိ႔ လုပ္ေတာ့မယ္ဆိုရင္လည္း ဒီအတုိင္းထလုပ္ရမယ့္ လုပ္ငန္းမ်ဳိးမဟုတ္ဘူး၊ ဒီလုပ္ငန္းေတြမွာ အသိပညာလိုတယ္။ အသိပညာရွိမွ လုပ္လို႔ရတဲ့အတြက္ အသိပညာျပန္႔ပြားေအာင္ ရာသီဥတုကို အာရံုစုိက္ပါ။ ေလ့လာပါ၊ လုိအပ္ခ်က္ေတြကုိ ျဖည့္ဆည္းပါ။
_______________________________________________________________________
#Unicode
မြန်မာနိုင်ငံ အနှံ့အပြားတွင် အယ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာသည့် ပူပြင်းသော အပူချိန်ကြောင့် မိုးကြိုကာလတွင် မိုးတိမ်တောင်များ ဖြစ်ပွားပြီး မိုးတိမ်တောင်များ အားကောင်းမှုကြောင့် လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းများနှင့် သစ်ပင်ပိခြင်းကြောင့် လူပေါင်း ၁၄ ဦး သေဆုံးခဲ့သည်။ သို့ဖြစ်ရာ မေလအတွင်း မြန်မာနိုင်ငံ၏ ပြောင်းလဲ ဖြစ်ပေါ်နိုင်သည့် ရာသီဥတု အခြေအနေများ၊ ကြိုတင် ကာကွယ်ရန်၊ ဆောင်ရန် ရှောင်ရန်များနှင့် ပတ်သက်ပြီး မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်ကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် သူဇာ က တွေ့ဆုံမေးမြန်း ထားပါသည်။
မေး။ ။ ဒေါက်တာ ဦးထွန်းလွင် အနေနဲ့ လက်ရှိ ရာသီဥတု အခြေအနေကို ဘယ်လိုသုံးသပ်ချင်ပါသလဲရှင့်။
ဖြေ။ ။ အခုအချိန်မှာ ရာသီက မိုးကြိုရာသီလို့ ခေါ်တယ်။ ၄၀ ဒီဂရီ ဖာရင်ဟိုက် အထက်၊ အောက် ရှိတဲ့နေရာတွေက မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ကယား၊ ကရင်၊ မွန် ၊ တနင်္သာရီ အဲ့ဒါရှိတယ်။ အဲဒီ အထဲကမှ စစ်ကိုင်းနဲ့ မကွေးတိုင်းက နေရာ တော်တော် များများမှာ အပူချိန်က ၄၅ ဒီဂရီ စင်တီဂရိတ် လောက်အထိ ဆိုလိုတာက ၁၁၃ ဒီဂရီ ဖာရင်ဟိုက်ကျော်တယ်၊ အဲ့ဒီလောက်အထိ အလွန်ပူပါတယ်။
မေလမှာ မိုးတိမ်တောင်တွေ ဖြစ်တတ်တယ်။ ဒီနှစ်မှာ မမေ့ဖို့က အယ်နီညိုလည်း ဖြစ်နေတဲ့ အခါကျတော့ မေလဖြစ်တဲ့ မိုးတိမ်တောင်က အရင်နှစ်တွေက ဖြစ်တာထက် ပိုများတယ်။ နောက်ထပ် မေလရဲ့ ထူးခြားချက်က မုန်တို်င်းရှိရင် မုန်တိုင်းအန္တရာယ် ဖြစ်တတ်တယ်။ သတိထားဖို့လိုတယ်။ ဒါပေမယ့်လည်း စောစောက ပြောခဲ့တဲ့အတိုင်း ဒီနှစ်က အယ်နီညို ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ သူဖြစ်တဲ့နှစ်တွေမှာ မြန်မာပြည်က မုန်တိုင်းအန္တရာယ်ကင်းတတ်တယ်။ နောက် မုန်တိုင်းအန္တရာယ် လျော့နည်းဖွယ်ရာ ရှိတယ်ပေါ့။
လာမယ့် မေလဟာ မြန်မာနိုင်ငံ အရပ်ရပ်မှာ မုတ်သုန်လေ စဝင်တဲ့ရက်ပေါ့။ မုတ်သုန်လေ ဝင်တဲ့နေရာမှာလည်း အယ်နီညို ဖြစ်နေတဲ့ အတွက် မုတ်သုန်လေဟာ ပုံမှန်ထက် နောက်ကျပါလိမ့်မယ်။
မေး။ ။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်မှာ မိုးသီးကြွေတာတွေက တချို့နေရာတွေမှာ ဆိုးဆိုးဝါးဝါး များပြားတာ တွေ့ရတယ်။ မနှစ်ကထက်တောင် များနေတော့ နိုင်ငံရဲ့ ရာသီဥတု ပြောင်းလဲသွားတဲ့အခြေအနေမှာ ဘယ်လိုသုံးသပ်ချင်ပါသလဲ
ဖြေ။ ။ ရာသီဥတုက ပြောင်းတယ်လို့လည်း ပြောလို့ရတယ်၊ ပြောင်းတာမဟုတ်ဘဲ အခြေအနေတရပ်လို့လည်း ပြောလို့ရပါတယ်။ နံပတ် ၁ နားလည်ရမှာက ရိုးရိုးအယ်လ်နီညိုမဟုတ်ဘူး။ ကမ္ဘာအရပ်ရပ်က အားအကောင်းဆုံး အယ်လ်နီညိုဖြစ်နေတယ်။ မြန်မာ တနို်င်ငံလုံးကလည်း ပူပြင်းနေပြီး အပူပြင်းဆုံး က အလယ်ပိုင်းပဲ။ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းက အပူချိန်က ၄၅ ဒီဂရီစင်တီကျော်နေပြီ။ နေ့အပူချိန် စံချိန်ချိုးတဲ့စခန်းကို ၂ဝ လောက်ရှိနေပြီ။ အလွန်ပူ နေတဲ့အနေအထားမှာ Warm Pool လို့ ပြောလို့ရတဲ့ တကယ် ပူနွေးတဲ့ဒေသ လည်း ဖြစ်နေတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတု သဘာဝ ကလည်း ဧပြီလ ၁၅ ရက်ကနေ စပြီးတော့ မြန်မာနိုင်ငံ အတွင်းကို ရေငွေ့ပါတဲ့ လေ စဝင်တဲ့အခါမှာ အနောက်မြောက်ဘက်က ဘင်္ဂလားဒေ့ရှ်ဘက်က ဝင်လာတဲ့ဟာရှိတယ်။ အနောက်တောင်ဘက် ဘင်္ဂလားပင်လယ်အော် ထဲက မုတ်သုံလေရေပြင် အဖြစ် ဝင်လာတဲ့လေတွေ ရှိမယ်။ အရှေ့တောင်ဘက် ထိုင်းပင်လယ်ကွေ့ က ဝင်လာတဲ့လေတွေ ရှိမယ်။ အများအားဖြင့် မိုးတိမ်တောင်တွေဖြစ်တယ်။ ရေငွေ့ပါတဲ့လေက မြန်မာနိုင်ငံ အလယ်ပိုင်းကို ရောက်တဲ့အခါ အလွန်ပူနေတော့ အဲ့ဒီ မိုးတိမ်တောင်က ပိုပြီးတော့ ပြင်းထန်သွားတယ်ပေါ့။
ရေခဲကျတဲ့နေရာ တွေက စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရှမ်းတောင်ပိုင်း၊ ဧရာဝတီ၊ အများအားဖြင့် အပူပိုင်းဒေသမှာ ကျတယ်ပေ့ါနော်။ ထူးကဲစွာ မိုးသီးကြွေကျခြင်းဟာ အလယ်ပိုင်းရဲ့ ထူးကဲစွာ ပူပြင်းတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ မိုးတိမ်တောင်ဟာ သဘာဝလွန် မိုးတိမ်တောင်အဆင့်ကို ကူးပြောင်းရာက လွန်ကဲစွာ မိုးသီးကြွေကျခြင်းဖြစ်လာတယ်။ ဒီလိုမျိုး နှစ်ပေါင်း ၅၀ ကျော် မိုးလေဝသမှာ အလုပ်လုပ်နေတာ မကြုံဖူးပါဘူး၊ ဆရာကတော့ ဒီဖြစ်စဉ်ကို အယ်လ်နီညိုကြောင့်လို့ပဲ ပြောချင်ပါတယ်။
မေး။ ။ လက်ရှိ မိုးကြိုကာလဖြစ်တဲ့ ဧပြီလ ၁၅ ရက်ကနေ မေလ ကုန်အထိ ဆိုတော့ မိုးတိမ်တောင် ဖြစ်နိုင်ခြေ ထပ်အားကောင်းဖို့ ရှိနိုင်သေးလား။
ဖြေ။ ။ မိုးတိမ်တောင်ဆိုတာက မုတ်သုန် ဝင်လာပြီဆို မရှိတော့ပေမယ့် အနည်းငယ်တော့ ရှိတတ်တယ်။ မုတ်သုန်လေ အားမကောင်းတဲ့ နှစ်တွေမှာ ရှိတယ်။ ဒီနှစ် မုတ်သုန်က အားမကောင်းတော့ မိုးတွင်းမှာရော မုတ်သုန်ကာလအတွင်းမှာရော မိုးတိမ်တောင်ရှိဖို့ များတယ်။ ဒီလောက်တော့ မပြင်းထန် မကြီးမားနိုင်ဘူးပေါ့၊ လျော့သွားမယ်၊ အရေ အတွက် နည်းသွားပါလိမ့်မယ်။ မိုးမရွာခင် ဖြစ်တဲ့ကာလဆိုတော့ မေလကုန် အထိကတော့ ဖြစ်နေမှာပဲ။
မေး။ ။ ဒါဆို သတိထားရမယ့် အခြေအနေလို့ ပြောလို့ရမလားရှင့်။
ဖြေ။ ။ သတိထားရမယ့် အခြေအနေတော့ ရှိတယ်။ ဒါပေမယ့်လည်း ဒီလောက်အထိ ပြန်ဖြစ်မှာတော့ မဟုတ်ပါဘူး။
မေး။ ။ အခု ဖေ့စ်ဘုတ်မှာလည်း ကြားနေရတာက မေလ ၂ရက်၊ ၃ ရက်နေ့မှာ လေပြင်းတွေလည်းတိုက်နိုင်တယ်လို့ ကြားနေရတယ်ဆိုတော့ အဲဒီသတင်းတွေကရော ဖြစ်လာနိုင်ပါလား။
ဖြေ။ ။ လေပြင်းကတော့ ဒီရာသီမှာ တိုက်နေကြပဲလေ။ မိုးတိမ်တောင်က အားကောင်းလာရင်တော့ မိုးကြိုးပစ်တာတွေလိုက်လာပြီ၊ သိပ် အားကောင်းသွားပြီဆိုရင်တော့ လေဆင်နှာမောင်းတိုက်တယ်၊ စိုက်ဆင်း လေတိုက်တယ်၊ ပင်လယ်ဘက်မှာ ဆိုရင်တော့ ရေဆင် နှာမောင်းတိုက်တယ်။ မေလ ၂ ရက်နေ့မှာ လေဆင်နှာမောင်းတိုက်မယ်တို့ ဘယ်က ဘယ်ကိုရွှေ့သွားပြီဆိုတာ နည်းပညာအရတော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ လေဆင်နှာမောင်း ဆိုတဲ့ဖြစ်စဉ်က တပတ်လောက်ကြိုပြီး လေဆင်နှာမောင်းက ဘယ်ကိုဦးတည်မလဲဆိုတာ ကြိုခန့်မှန်းလို့မရပါဘူး။ ယနေ့အချိန် ကမ္ဘာပေါ်မှာ တနည်းပဲရှိတယ် အဲ့ဒါဟာ ရေဒါပါပဲ။
မုန်တိုင်းလည်းမဖြစ်နိုင်ဘူး။ လေဖိအားနည်း ရပ်ဝန်းကလည်း ကုန်းပေါ်ဆိုတော့ ဘယ်လိုမှ အားမကောင်းနိုင်ပါဘူး။ ဒီသတင်းက သိပ်ပြီး မေးလွန်းတော့ မိုးလေဝသ သတင်းထုတ်တယ်ဆိုတာ တာဝန်ရှိတဲ့သူတွေ ထုတ်တာကိုပဲ ယုံကြည် စေချင်တယ်။ လူတကာသုံးတဲ့ ဖေ့စ်ဘုတ် ဆိုတော့ လူပေါင်းများစွာက လူတွေရဲ့ စိတ်ဝင်စားမှုကြောင့် ဝင်ပြီးတော့ လုပ်တာရှိတယ်။ အပျော်တမ်း လုပ်တာရှိတယ်။ အဲ့ဒါမျိုးကတော့ ဆရာအနေနဲ့ကတော့ မဖတ်ပါနဲ့လို့တော့ မပြောလိုဘူးပေါ့နော်။ ကိုယ်တိုင် စဉ်းစားပေါ့။ ဒါဟာ တရားဝင်လုပ်တဲ့ ဌာနကထုတ်တာလား။ ဆရာတို့လို မိုးလေဝသဌာန က အနားယူထားသူတွေလား။ အထူးသဖြင့် ဒီအလုပ်လုပ်တဲ့သူတွေက ထုတ်တာလားဆိုတာတော့ စဉ်းစားပေါ့။
မေး။ ။ ဒေါက်တာဦးထွန်းလွင် ကို ထပ်မေးချင်တာကတော့ မိုးတိမ်တောင်ဖြစ်မယ်ဆိုရင် ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ဘယ်လိုလုပ်သိနိုင်မလဲ။
ဖြေ။ ။ အကောင်းဆုံးကတော့ မိုးချုန်းသံကြားရတာ အကောင်းဆုံးပဲ။ မိုးခြိမ်းသံကြားရင်တော့ အဲဒါ အနီးဆုံးပဲ။ လေးမိုင်အတွင်းမှာ ရှိတယ်။ အဲဒါဆိုရင်တော့ သတိထားပေါ့။
မေး။ ။ ပြည်သူလူထု ကရော ဘယ်လို ကာကွယ်မှုတွေ လုပ်ဖို့ လိုအပ်မလဲရှင့်။
ဖြေ။ ။ လူတွေကတော့ ကွင်းပြင် ထီးထီးထဲ မနေဖို့၊ အကာအကွယ်မဲ့ မနေဖို့ကတော့ အဓိက အချက်ပါ။ ကွင်းပြင်ထဲမှာ ထီးထီးသွားနေတဲ့ အခါ လယ်ကွင်းထဲမှာ မတ်တပ်ရပ်နေတာတွေ ဆိုတာက မိုးကြိုးစက်ကွင်း တွေမှာ မိတတ်ပါတယ်။
မေး။ ။ ရာသီဥတုပြောင်းလဲမှု နဲ့ ရေရှားပါးမှု တပြိုင်နက် ကြံုတွေ့နေရတဲ့ အခြေအနေကို သုံးသပ်ပြောပေးပါဦး။
ဖြေ။ ။ အယ်လ်နီညိုကြောင့် ဖြစ်တာလေ။ လူတွေ အတွက် နောက်ထပ် ဒုက္ခပေါ့။ သောက်ရေမရှိလို့ အခက်အခဲဖြစ်နေတဲ့ကျေးရွာပေါင်းက ၂ ထောင်လောက်ရှိနေပြီ၊ အစဉ်အဆက်အရ ဒေသတခုရဲ့ အားကိုးရာဖြစ်တဲ့ ရေကန်ကြီးတွေ ခမ်းခြောက်နေပြီ။ မြေအောက်ရေတွေ ခမ်းခြောက်နေပြီ။ မိုးပေါ်က ရွာချတဲ့ရေကမရှိ၊ ရှိတဲ့ရေကလည်း ကုန်၊ စီးဆင်းတဲ့ရေ ကလည်းဆုံး ဆိုတော့ ဘယ်က ရတော့မှာလဲ။ ဘေးကျပ်နံကျပ်ပဲ။ စစ်ကိုင်းတိုင်းအောက်ပိုင်း နဲ့ မကွေးတိုင်း က အဆိုးဆုံးပဲ။
မေး။ ။ ဒေါက်တာဦးထွန်းလွင် အနေနဲ့ ဖြည့်စွက်ပြောကြားချင်တာများ ရှိပါသလား။
ဖြေ။ ။ ရာသီဥတု အသိဉာဏ်တွေ၊ ရာသီဥတုနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေက လျစ်လျှုရှု့လို့ မရလောက်အောင် တိုင်းပြည်မှာ ကြံုတွေ့နေရတယ်။ ရာသီဥတုရဲ့ ထိခိုက်မှုကို တွက်ကြည့်တဲ့အခါမှာ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံက ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်တယ်။ သစ်တော ပြုန်းတီးမှုက ကမ္ဘာပေါ်မှာ အဆိုးဆုံး တတိယနိုင်ငံ ဖြစ်နေတယ်။ ပတ်ဝန်းကျင် ယိုယွင်းမှုမှာလည်း ထိပ်ဆုံး၊ ဒဏ်ခံရမှု အထဲမှာလည်း ထိပ်ဆုံးရောက်နေတော့ ရာသီဥတုနဲ့ ပတ်သက်တဲ့ အလုပ်တွေက အများကြီးရှိနေတယ်။ လုပ်ရမှန်း သိဖို့လိုတယ်။ လုပ်ရမှန်း သိလို့ လုပ်တော့မယ်ဆိုရင်လည်း ဒီအတိုင်းထလုပ်ရမယ့် လုပ်ငန်းမျိုးမဟုတ်ဘူး၊ ဒီလုပ်ငန်းတွေမှာ အသိပညာလိုတယ်။ အသိပညာရှိမှ လုပ်လို့ရတဲ့အတွက် အသိပညာပြန့်ပွားအောင် ရာသီဥတုကို အာရုံစိုက်ပါ။ လေ့လာပါ၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပါ။
#Credit Irrawaddy