Update News
recent

ေဒသတြင္း ေရစီမံ အသုံးခ်မႈတြင္ အမ်ိဳးသမီးမ်ားပါဝင္ႏို္င္ေရး ခက္ခဲေန



#Zawgyi
ေဒသ ေရအရင္းအျမစ္ အသံုးခ် စီမံမႈမ်ား လုပ္ေဆာင္ရာတြင္ အမ်ိဳးသမီးမ်ား ပါဝင္ႏုိင္ေရး အတားအဆီး အခက္အခဲမ်ား ရွိေနေၾကာင္း ေအးခ်မ္းျမန္မာ အင္စတီက်ဴ(Gender and Development Institute)၏ သုေတသန စာတမ္းအရ သိရသည္။

GDI က ေရစီမံ အသံုးခ်ရာတြင္ ႀကံဳေတြ႔ရသည့္ က်ား/မ (Gender) ကိစၥၥမ်ားႏွင့္ ပတ္သက္ေသာ သံလြင္ျမစ္ ေၾကာင္း တေလွ်ာက္တြင္ ေလ့လာမႈမွ ေတြ႔ရွိခ်က္မ်ားႏွင့္ ပတ္သက္သည့္ သတင္းစာရွင္းလင္းပဲြကို ဧၿပီ ၂၈ ရက္ က ရန္ကုန္ၿမိဳ႕၊ Summit Parkview ဟုိတယ္၌ ျပဳလုပ္ခဲ့သည္။

ယင္း သုေတသနစာတမ္းသည္ ေရသံုးစြဲမႈစီမံျခင္း ကုိ ေလ့လာထားျခင္းျဖစ္ၿပီး အထူးသျဖင့္ ေရ အရင္းအျမစ္ႏွင့္ ေရေဝေရလဲ ေဒသ ကာကြယ္ျခင္းတြင္ အမ်ိဳးသမီးမ်ား ပါဝင္မႈ အေရးႀကီးပံုကို သေဘာေပါက္လာေစရန္ အသိအျမင္ ႏႈိးေဆာ္ျခင္း ျဖစ္သည္ဟု GDI ဒါ႐ုိက္တာ ေဒၚလမုိင္ဂ်ာရာက ေျပာသည္။

“အမ်ိဳးသမီးေတြရဲ႕ ပါဝင္မႈ ေတာ္ေတာ္နည္းတယ္။ အမ်ိဳးသမီးမ်ားကုိ နည္းမ်ိဳးစံု နဲ႔ ခြဲျခားထားမႈ အားလံုးပေပ်ာက္ေရး သေဘာတူစာခ်ဳပ္ (CEDAW) ကို လက္မွတ္ထုိးထားတဲ့ အစုိးရအေနနဲ႔ ဘယ္ကိစၥရပ္မွာမဆုိ က်ား/မ (Gender) တန္းတူမႈကို ထည့္သြင္းစဥ္းစားရမယ္ဆုိတာ သိေစခ်င္လုိ႔ပါ” ဟု ေဒၚလမိုင္ဂ်ာရာ က ရွင္းျပသည္။

ေဒသ ေရအသံုးခ် စီမံမႈတြင္ အမ်ိဳးသမီးမ်ား ပါဝင္ႏုိင္ေရးကို အတားအဆီး ျဖစ္ေစသည့္ ကိစၥမ်ားကို သုေတသနျပဳရာတြင္ ေက်းလက္ေဒသမ်ား၏ ေရအသံုးျပဳမႈပံုစံတြင္ အမ်ိဳးသမီးမ်ားသည္ ခ်က္ျပဳတ္ျခင္း၊ ေလွ်ာ္ဖြတ္ျခင္း၊ ေနအိမ္ သန္႔ရွင္းေရး ျပဳလုပ္ျခင္းကဲ့သို႔ေသာ ဝင္ေငြမရသည့္ အလုပ္မ်ားအတြက္ အသံုးျပဳၾကၿပီး အမ်ိဳးသားမ်ားက စီးပြားျဖစ္ စုိက္ပ်ိဳးျခင္း၊ ေစ်းေရာင္းျခင္းကဲ့သို႔ေသာ ဝင္ေငြရသည့္လုပ္ငန္းမ်ား အတြက္ အသံုးျပဳၾကသည္ဟု ဆိုသည္။

တခ်ိဳ႕ေသာ ေရရရွိသည့္ ေနရာမ်ားသည္ လက္နက္ကိုင္ ပဋိပကၡ အရိပ္မ်ား လႊမ္းမုိးေနသည့္ ေနရာမ်ားျဖစ္ေန၍ အမ်ိဳး သမီးမ်ားအေနျဖင့္ လံုၿခံဳမႈမရွိဟု ခံစားရသျဖင့္ ယင္းေနရာသို႔ မသြားလုိေသာအခါ အမ်ိဳးသမီးမ်ား၏ ေရသံုးစြဲမႈကို အလုိအေလ်ာက္ ကန္႔သတ္လုိက္သကဲ့သို႔ ျဖစ္ေနေၾကာင္း စာတမ္းတြင္ပါရွိသည္။

အမ်ိဳးသမီးမ်ား အေနျဖင့္ ေရအရင္းအျမစ္ စီမံရာတြင္ မပါဝင္ႏုိင္ရန္ တားဆီးထားသည့္ ေနာက္ထပ္အခ်က္ တခ်က္မွာ ႐ိုးရာယံုၾကည္ မႈအရ နတ္ပူေဇာ္ရသည့္ ေရအရင္းအျမစ္ ရွိရာေနရာမ်ားသို႔ အမ်ိဳးသားမ်ားသာ သြားလာႏုိင္ျခင္း ဟူသည့္ အခ်က္လည္း ပါဝင္လ်က္ရွိသည္။
၂၀၁၅ ဇူလုိင္တြင္ ျမန္မာႏုိင္ငံအဆင့္ ေရအရင္းအျမစ္ေကာ္မတီကို ဖြဲ႔စည္းခဲ့ၿပီးေနာက္ ႏုိင္ငံအဆင့္ ေရမူဝါဒကို ၂၀၁၄ တြင္ ခ်မွတ္ခဲ့ေၾကာင္း၊ ႏုိင္ငံအဆင့္ ေရအသံုးခ်မႈ ဥပေဒကို ျပဳစုေရးဆြဲ လ်က္ရွိေၾကာင္း၊ ႏုိင္ငံအဆင့္ ေရမူဝါဒႏွင့္ ေရ အသံုးခ် ဥပေဒ မူၾကမ္း ေရးဆြဲရာတြင္ တန္းတူ ပါဝင္ခြင့္ရရွိရန္၊ ေဒသ ေရစီမံမႈ အားေကာင္းေစရန္အတြက္ gender အျမင္ျဖင့္ ေဆာင္ရြက္ရန္ လိုိအပ္ေၾကာင္း သုေတသနစာတမ္းက တုိက္တြန္းထားသည္။

ယင္းသုေတသန စာတမ္းကို ရွမ္းျပည္နယ္ အတြင္းရွိ ကြန္ဟိန္း၊ ကာလိ၊ မုိင္းပန္၊ မုိင္းတံု၊ ေတာင္ႀကီး၊ ကယားျပည္နယ္ ရွိ လြိဳင္ေကာ္၊ ရွားေတာ၊ ဖားေဆာင္း ႏွင့္ ကရင္ျပည္နယ္ ရွိ လႈိင္းဘြဲ႔၊ ေကာ့ကရိတ္၊ သံေတာင္ႀကီး၊ ေဘာဂလိ ၿမိဳ႕နယ္မ်ားတြင္ ၂၀၁၆ ေဖေဖာ္၀ါရီလမွ မတ္လအတြင္း ကြင္းဆင္းကာ သုေတသန ျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

GDI မွ ဦးစီးၿပီး Union of Karenini State Youth(UKSY)၊ Women Network-Shan (WN)၊ Mong Pan Youth Association (MPYA)၊ Hsarmuhtaw၊ Young Women Christian Association (Taunggyi) ႏွင့္ Thwee Community Development Network(TCDN) အဖြဲ႔တို႔ ပူးေပါင္းေဆာင္ရြက္ခဲ့ျခင္းေၾကာင္း သိရသည္။
__________________________________________________________________________
#Unicode
ဒေသ ရေအရင်းအမြစ် အသုံးချ စီမံမှုများ လုပ်ဆောင်ရာတွင် အမျိုးသမီးများ ပါဝင်နိုင်ရေး အတားအဆီး အခက်အခဲများ ရှိနေကြောင်း အေးချမ်းမြန်မာ အင်စတီကျူ(Gender and Development Institute)၏ သုတေသန စာတမ်းအရ သိရသည်။

GDI က ရေစီမံ အသုံးချရာတွင် ကြုံတွေ့ရသည့် ကျား/မ (Gender) ကိစ္စ္စများနှင့် ပတ်သက်သော သံလွင်မြစ် ကြောင်း တလျှောက်တွင် လေ့လာမှုမှ တွေ့ရှိချက်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ဧပြီ ၂၈ ရက် က ရန်ကုန်မြို့၊ Summit Parkview ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

ယင်း သုတေသနစာတမ်းသည် ရေသုံးစွဲမှုစီမံခြင်း ကို လေ့လာထားခြင်းဖြစ်ပြီး အထူးသဖြင့် ရေ အရင်းအမြစ်နှင့် ရေဝေရေလဲ ဒေသ ကာကွယ်ခြင်းတွင် အမျိုးသမီးများ ပါဝင်မှု အရေးကြီးပုံကို သဘောပေါက်လာစေရန် အသိအမြင် နှိုးဆော်ခြင်း ဖြစ်သည်ဟု GDI ဒါရိုက်တာ ဒေါ်လမိုင်ဂျာရာက ပြောသည်။

“အမျိုးသမီးတွေရဲ့ ပါဝင်မှု တော်တော်နည်းတယ်။ အမျိုးသမီးများကို နည်းမျိုးစုံ နဲ့ ခွဲခြားထားမှု အားလုံးပပျောက်ရေး သဘောတူစာချုပ် (CEDAW) ကို လက်မှတ်ထိုးထားတဲ့ အစိုးရအနေနဲ့ ဘယ်ကိစ္စရပ်မှာမဆို ကျား/မ (Gender) တန်းတူမှုကို ထည့်သွင်းစဉ်းစားရမယ်ဆိုတာ သိစေချင်လို့ပါ” ဟု ဒေါ်လမိုင်ဂျာရာ က ရှင်းပြသည်။

ဒေသ ရေအသုံးချ စီမံမှုတွင် အမျိုးသမီးများ ပါဝင်နိုင်ရေးကို အတားအဆီး ဖြစ်စေသည့် ကိစ္စများကို သုတေသနပြုရာတွင် ကျေးလက်ဒေသများ၏ ရေအသုံးပြုမှုပုံစံတွင် အမျိုးသမီးများသည် ချက်ပြုတ်ခြင်း၊ လျှော်ဖွတ်ခြင်း၊ နေအိမ် သန့်ရှင်းရေး ပြုလုပ်ခြင်းကဲ့သို့သော ဝင်ငွေမရသည့် အလုပ်များအတွက် အသုံးပြုကြပြီး အမျိုးသားများက စီးပွားဖြစ် စိုက်ပျိုးခြင်း၊ စျေးရောင်းခြင်းကဲ့သို့သော ဝင်ငွေရသည့်လုပ်ငန်းများ အတွက် အသုံးပြုကြသည်ဟု ဆိုသည်။

တချို့သော ရေရရှိသည့် နေရာများသည် လက်နက်ကိုင် ပဋိပက္ခ အရိပ်များ လွှမ်းမိုးနေသည့် နေရာများဖြစ်နေ၍ အမျိုး သမီးများအနေဖြင့် လုံခြံုမှုမရှိဟု ခံစားရသဖြင့် ယင်းနေရာသို့ မသွားလိုသောအခါ အမျိုးသမီးများ၏ ရေသုံးစွဲမှုကို အလိုအလျောက် ကန့်သတ်လိုက်သကဲ့သို့ ဖြစ်နေကြောင်း စာတမ်းတွင်ပါရှိသည်။

အမျိုးသမီးများ အနေဖြင့် ရေအရင်းအမြစ် စီမံရာတွင် မပါဝင်နိုင်ရန် တားဆီးထားသည့် နောက်ထပ်အချက် တချက်မှာ ရိုးရာယုံကြည် မှုအရ နတ်ပူဇော်ရသည့် ရေအရင်းအမြစ် ရှိရာနေရာများသို့ အမျိုးသားများသာ သွားလာနိုင်ခြင်း ဟူသည့် အချက်လည်း ပါဝင်လျက်ရှိသည်။
၂၀၁၅ ဇူလိုင်တွင် မြန်မာနိုင်ငံအဆင့် ရေအရင်းအမြစ်ကော်မတီကို ဖွဲ့စည်းခဲ့ပြီးနောက် နိုင်ငံအဆင့် ရေမူဝါဒကို ၂၀၁၄ တွင် ချမှတ်ခဲ့ကြောင်း၊ နိုင်ငံအဆင့် ရေအသုံးချမှု ဥပဒေကို ပြုစုရေးဆွဲ လျက်ရှိကြောင်း၊ နိုင်ငံအဆင့် ရေမူဝါဒနှင့် ရေ အသုံးချ ဥပဒေ မူကြမ်း ရေးဆွဲရာတွင် တန်းတူ ပါဝင်ခွင့်ရရှိရန်၊ ဒေသ ရေစီမံမှု အားကောင်းစေရန်အတွက် gender အမြင်ဖြင့် ဆောင်ရွက်ရန် လိိုအပ်ကြောင်း သုတေသနစာတမ်းက တိုက်တွန်းထားသည်။

ယင်းသုတေသန စာတမ်းကို ရှမ်းပြည်နယ် အတွင်းရှိ ကွန်ဟိန်း၊ ကာလိ၊ မိုင်းပန်၊ မိုင်းတုံ၊ တောင်ကြီး၊ ကယားပြည်နယ် ရှိ လွိုင်ကော်၊ ရှားတော၊ ဖားဆောင်း နှင့် ကရင်ပြည်နယ် ရှိ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ သံတောင်ကြီး၊ ဘောဂလိ မြို့နယ်များတွင် ၂၀၁၆ ဖေဖော်ဝါရီလမှ မတ်လအတွင်း ကွင်းဆင်းကာ သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

GDI မှ ဦးစီးပြီး Union of Karenini State Youth(UKSY)၊ Women Network-Shan (WN)၊ Mong Pan Youth Association (MPYA)၊ Hsarmuhtaw၊ Young Women Christian Association (Taunggyi) နှင့် Thwee Community Development Network(TCDN) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင်း သိရသည်။
#Credit  Irrawaddy
aung  yein chan

aung yein chan

Powered by Blogger.