"ျပည္သူေတြပိုင္တဲ့ ေနရာကို အစိုးရဌာနေတြက က်ဴးေက်ာ္ထားတာ အမ်ားႀကီးပဲ"
#Zawgyi
ရန္ကုန္(Myanmar Now) ။ ။ အမ်ားျပည္သူႏွင့္ သက္ဆိုင္သည့္ ေနရာအမ်ားအျပားကုိ အစုိးရက က်ဴးေက်ာ္ထားသည္ဟု ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနမ်ဳိးေက်ာ္က ေျပာသည္။
ဦးေနမ်ဳိးေက်ာ္သည္ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းဘေလာ္ဂါ ေနဘုန္းလတ္အျဖစ္ ပုိမို လူသိမ်ားသူျဖစ္သည္။
မၾကာေသးမီက Myanmar Now ႏွင့္ ေတြ႔ဆံုစဥ္ ဦးေနမ်ဳိးေက်ာ္က ယာဥ္ေၾကာပိတ္ဆို႔မႈ၊ က်ဴးေက်ာ္ရပ္ကြက္၊ လမ္းေဘးေစ်းသည္၊ ရန္ကုန္လူထု၏ လူေနမႈဘဝမ်ားအေၾကာင္း ေျပာျပထား သည္။
ေမး - လႊတ္ေတာ္မွာပထမဆံံုးရတဲ့အေတြ႔အႀကံဳေတြကဘာေတြ ျဖစ္မလဲ။
ေျဖ- လႊတ္ေတာ္တက္ၿပီး သိပ္မၾကာခင္မွာပဲ ပထမဆံုးလုပ္ရတဲ့အလုပ္က ၿပီးခဲ့တဲ့ အစိုးရက ေရးဆြဲခဲ့တဲ့၂ဝ၁၆- ၂ဝ၁၇ ဘ႑ာေငြရသံုးမွန္းေျခ ဥပေဒစိစစ္ရတဲ့ ကိစၥပဲ။ ေနာက္ႏွစ္အတြက္ သံုးမယ့္ ဟာကိုလည္း စိစစ္ၿပီး အတည္ျပဳရတယ္။ အဲဒီမွာ လႊတ္ေတာ္ရဲ႕ အခန္းက႑က ေတာ္ေတာ္ေလး အေရးႀကီးတယ္ဆိုတာ သေဘာေပါက္သြားတယ္။ စီးတဲ့ေရဆည္တဲ့ကန္သင္း ျဖစ္္ဖုိ႔လိုတယ္။ အစိုးရ က အခြန္ေတြေကာက္တယ္၊ ပိုက္ဆံေတြရွိတယ္။ အဲဒါကိုဘယ္မွာ သံုးမလဲကုိ လႊတ္ေတာ္က စိစစ္ အတည္ျပဳေပးမွသာလွ်င္ အစိုးရက သံုးလုိ႔ရတဲ့အေနအထားမ်ိဳး။ ဘ႑ာေငြအမ်ားႀကီး သံုးထားတဲ့ ခံုးေက်ာ္တံတား၂ ခု စီမံကိန္းကို ဖ်က္ၿပီးေတာ့ ရန္ကုန္စည္ပင္နယ္နိမိတ္ျပင္ပက ေက်းလက္ေတြ ဖံြ႔ၿဖိဳးေရးမွာ သံုးဖုိ႔ကို ျပင္လိုက္ႏိုင္တယ္။
ေမး - ၂ဝ၁၅- ၂ဝ၁၆ ဘ႑ာေငြရသံုးမွန္းေျခကိုေရာ စိစစ္မႈေတြ လုပ္ျဖစ္သလား။ ထူးျခားတာ ဘာမ်ား ေတြ႔မိေသးလဲ။
ေျဖ - လုပ္ခဲ့ပါတယ္။ အဲဒီမွာ ဘတ္ဂ်က္ေတြယူထားၿပီးေတာ့ မသံုးထားတာေတြလည္း ေတြ႔ရ တယ္။ ျပႆနာက အခုတက္လာတဲ့သူေတြက ဝန္ႀကီးအသစ္ေတြဆိုေတာ့ လာမယ့္ႏွစ္ဟာကိုပဲ တာဝန္ယူတယ္။ ဆင္းသြားတဲ့ဝန္ႀကီးေတြကလည္း တာဝန္မယူခဲ့ဘူး။ ဒီေတာ့ လႊတ္ေတာ္ကိုယ္စား လွယ္ေတြက တင္ျပရံုသာလုပ္ႏိုင္ခဲ့ၿပီးေတာ့မွတ္တမ္းအေနနဲ႔ပဲအဖတ္တင္တဲ့သေဘာမ်ိဳး ျဖစ္ေနတယ္။ တာဝန္ခံၿပီးေျဖရွင္းမယ့္သူဘယ္သူမွမရွိဘူး။ေငြေၾကးကြာဟမႈေတြရွိေနတယ္။
ေမး - တိုင္းေဒသႀကီးလႊတ္ေတာ္က ဘယ္ေလာက္အထိ လုပ္ပိုင္ခြင့္ရွိတယ္လို႔ ယူဆလဲ။
ေျဖ - ဒီႏွစ္ဘတ္ဂ်က္က အရင္အစိုးရက ေရးဆြဲၿပီးသား။ ဒါကို လႊတ္ေတာ္အေနနဲ႔ လုပ္ပိုင္ခြင့္ ရွိတာက ဘ႑ာေငြရသံုးမွန္းေျခကို သေဘာတူရင္ အတည္ျပဳလုိက္လုိ႔ရတယ္။ တခ်ိဳ႕ဟာေတြေတာ့ မလိုအပ္ဘူးဆိုၿပီး ျငင္းပယ္လိုက္လုိ႔ရတယ္။ တခ်ိဳ႕ပိုက္ဆံပိုတင္ထားတဲ့ဟာေတြကို ေလွ်ာ့ၿပီး ခြင့္ျပဳလုိ႔ရတယ္။ အဓိကလုပ္ရတာကေတာ့ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးတို႔ကို ထိန္းေက်ာင္းရတာ ေပါ့။ နည္းလမ္းအေနနဲ႔က အဆိုတင္တာ၊ အစိုးရဌာနက လုပ္ေနတာ မေလ်ာ္ကန္လာရင္ ေမးခြန္း ထုတ္တာ၊ ေနာက္ဆံုးအဆင့္က ဥပေဒျပဳလုိ႔ရတာေပါ့။ ဥပေဒျပဳတာမွာ ရွိရင္းစြဲမေလ်ာ္ညီတဲ့ ဥပေဒ ကိုပယ္ဖ်က္၊ လိုအပ္ရင္ ျပင္ဆင္ျဖည့္စြက္၊ အသစ္ျပဌာန္း။ ေနာက္တစ္ခုရွိေသးတာကအစိုးရနဲ႔ ပူးေပါင္း ေဆာင္ရြက္တာေပါ့။ လႊတ္ေတာ္နဲ႔ အစိုးရက ရန္သူမဟုတ္ဘူးေလ။ အၿမဲတမ္း သံသယနဲ႔ ေစာင့္ၾကည့္ၿပီး အျပစ္ေျပာေနဖုိ႔ မဟုတ္ဘူး။
ေမး - အရင္ကလႊတ္ေတာ္မွာ သတင္းမီဒီယာေတြတင္ျပလိုက္တဲ့ အေပၚမွာပဲ ေမးခြန္းထုတ္၊ အဆိုေတြတင္တာ အမ်ားအျပား ေတြ႔ရတယ္။ အစိုးရဆီကေန သတင္း၊အခ်က္အလက္ရဖုိ႔ အင္မတန္ ခက္ခဲပါတယ္။
ေျဖ - အဲဒီဟာက ဥပေဒအရကိုေတာင္း ပိုင္ခြင့္ရွိတယ္။ ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္ခ်က္ ဆိုတာမ်ိဳး ေတြက လြဲလုိ႔ေပါ့။ မီဒီယာကိုအားကိုးေနရတယ္ဆိုကတည္းက မဟုတ္ဘူး။ လႊတ္ေတာ္က မီဒီယာ ထက္ အဆင့္တစ္ဆင့္ ပိုျမင့္တယ္၊ လႊတ္ေတာ္နဲ႔ အစိုးရဆိုတာ ဟိုဘက္ဒီဘက္ ေတာက္ေလွ်ာက္ျမင္ ေနရမယ္ေလ။ အခ်က္အလက္ေတြကုိ ေတာင္းခြင့္က ရွိၿပီးသား။ မေပးရင္လည္း ဥပေဒနဲ႔ပဲ ျပန္ကိုင္ တြယ္ရမွာပဲ။ လႊတ္ေတာ္နဲ႔ အစိုးရၾကားမွာ အခ်က္လက္ေတြ လြယ္လြယ္ကူကူ ျဖတ္သန္းစီးဆင္း ႏိုင္တဲ့ လမ္းေၾကာင္းေတြ လိုသလို လႊတ္ေတာ္နဲ႔ မီဒီယာ၊ မီဒီယာနဲ႔ အစုိးရၾကားမွာလည္း လြယ္လြယ္နဲ႔ ျမန္ျမန္ ျဖတ္သန္းစီးႏိုင္တဲ့ လမ္းေၾကာင္းေတြ လိုပါတယ္။ ေကာလာဟလေတြ၊ မခိုင္မာတဲ့ အခ်က္ လက္ေတြနဲ႔ဆို ႏွစ္ဖက္စလံုးအတြက္ မေကာင္းတဲ့ရလဒ္ေတြပဲရမွာ။ အရာရာကို ကန္႔သတ္၊ လွ်ိဳ႕ဝွက္ လုပ္လို႔ မရဘူး။
ေမး - ဆႏၵျပမႈ၊ က်ဴးေက်ာ္ေနထိုင္မႈေတြကုိ ခပ္ၾကမ္းၾကမ္း ကိုင္တြယ္ေျဖရွင္းတဲ့အခါ လႊတ္ေတာ္ က အစိုးရကုိ ေမးခြန္းထုတ္တာ အားနည္းခဲ့တယ္။ အစိုးရသစ္လက္ထက္ ဒီျပႆနာမ်ိဳးေတြ ထပ္ျဖစ္ရင္ ဘယ္လိုတုံ႔ျပန္မလဲ။
ေျဖ - အဲဒီလို ကိုင္တြယ္မႈမ်ိဳးေတြ ရွိလာရင္ေတာ့ ျပင္းျပင္းထန္ထန္ ေဝဖန္မွာပါ။ ေနစရာမရွိလို႔ က်ဴးေက်ာ္တာလား၊ ေနစရာရွိလ်က္သားနဲ႔ က်ဴးေက်ာ္တဲ့ကိစၥကိုပဲ စီးပြားျဖစ္ လုပ္ေနတာလား၊ ဒါကို ခြဲျခားဖို႔ေတာ့ လုိတယ္။ တကယ္ေနစရာမရွိတဲ့လူေတြဆို တန္ဖိုးနည္းအိမ္ရာလိုမ်ိဳးနဲ႔ တစ္မ်ိဳးစဥ္းစားရ မယ္။ ျပည္သူေတြ ေနစရာအိမ္မရွိဘူးဆိုရင္ အစိုးရညံ့လို႔ပဲ။ ေနစရာမရွိတဲ့သူေတြကို ဘူဒိုဇာနဲ႔ထိုးၿပီး သြားခ်င္တဲ့ေနရာသြားေနဆိုတဲ့ ေျဖရွင္းမႈမ်ိဳးမဟုတ္ဘဲနဲ႔ ေနစရာရွိေအာင္ ဘယ္လိုစီမံ ဖန္တီးမလဲ ဆိုတာ စဥ္းစားဖုိ႔ လႊတ္ေတာ္ကလည္း တုိက္တြန္းမယ္။ ဆႏၵျပတာကို အၾကမ္းဖက္ႏွိမ္နင္းတဲ့ ကိစၥေတြကလည္း ကြ်န္ေတာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ အစိုးရအဖြဲ႔ထဲ ဝင္သြားတဲ့သူေတြ ေတာ္ေတာ္မ်ားမ်ားက ႏိုင္ငံေရးအက်ဥ္းသားေဟာင္းေတြ မ်ားပါတယ္။ အရင္အစိုးရလက္ထက္ကလို အၾကမ္းဖက္ႏွိမ္နင္းတာမ်ိဳးေတြ မရွိသေလာက္ နည္းသြားမယ္လို႔ ယံုၾကည္ေမွ်ာ္လင့္ပါတယ္။
ေမး - မိေက်ာင္းကန္ေဒသ ေျမပိုင္ဆိုင္မႈ ျပႆနာလိုမ်ဳိး ရန္ကုန္မွာ မၿပီးျပတ္ေသးတဲ့ ေျမယာ အျငင္းပြားမႈကုိ အစိုးရသစ္က ဘယ္လို ေဆာင္ရြက္သင့္တယ္လို႔ ထင္လဲ။
ေျဖ - ပါဝင္ပတ္သက္သူအားလံုးဆီကေန အႀကံဉာဏ္ေတြ ေတာင္းခံမယ္၊ အခ်က္အလက္ ေတြ စုမယ္၊ ဒါေတြေပၚအေျခခံၿပီး ဘယ္သူမွ မထိခိုက္ မနစ္နာတဲ့နည္းလမ္းနဲ႔ ေျဖရွင္းမယ္ဆိုရင္ ထိခိုက္နစ္နာမႈနည္းမယ္။ ဒါေပမဲ့ တခ်ိဳ႕အမွန္တရားေတြက ခါးသီးတတ္တယ္။ ႏွစ္ဖက္အဆင္ေျပမယ့္ ၾကားလမ္းေၾကာင္းတစ္ခုကို ရွာတဲ့အခါမွာ ကိုယ္လိုခ်င္သေလာက္ မရတာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။ ဒီမိုကေရစီမွာ လူ ၁ဝဝ လံုးကို ၁ဝဝ ရာခိုင္ႏႈန္း ေပ်ာ္ရႊင္ေစတယ္ဆိုတာ ဘယ္ႏိုင္ငံမွာမွ မရွိပါဘူး။ ဒီလိုမ်ိဳးကိစၥေတြမွာ တစ္ဖက္နဲ႔တစ္ဖက္ နားလည္မႈ၊ သည္းခံမႈေတြ ပ်ိဳးေထာင္ဖုိ႔ေတာ့ လိုပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အျပစ္ေျပာေနၾကတာနဲ႔ ဒီမိုကေရစီယဥ္ေက်းမႈအသစ္ မေပၚထြန္းေတာ့ဘဲ ဟိုးအရင္ရွိေနတဲ့ ယဥ္ေက်းမႈအေဟာင္းေတြကိုပဲ ျပန္ေရာက္သြားႏိုင္ပါတယ္။
ေမး - ရန္ကုန္ရဲ႕ ယာဥ္ေၾကာပိတ္ဆို႔မႈျပႆနာကို ၿပီးခဲ့တဲ့အစုိးရက ခံုးေက်ာ္တံတားေတြနဲ႔ ေျဖရွင္းတယ္။
ေျဖ - ဌာနတစ္ခုတည္းက အေျဖရွာလို႔ၿပီးသြားမယ့္ကိစၥ မဟုတ္ဘူး။ အခုေျဖရွင္းေနတာက ေဆာက္လုပ္ေရးကပဲ ခံုးေက်ာ္တံတားေတြနဲ႔ ေျဖရွင္းေနသလိုပဲ။ ဒီဟာကို ေျပလည္ဖုိ႔ဆိုရင္ ဆက္စပ္ ပက္သက္ေနတဲ့ ဌာနေပါင္းစံုက စုေဝးညႇိႏိႈင္းၿပီးေတာ့ စီမံကိန္းအႀကီးႀကီး ခ်ရမယ္။ စည္ပင္ကလည္း လမ္းေဘးေစ်းသည္နဲ႔ ကားရပ္နားေရးကို ဘယ္လိုစီမံမလဲ၊ လိုအပ္တဲ့လမ္းေတြကို ဘယ္လိုခ်ဲ႕မလဲ။ လွ်ပ္စစ္ဌာနနဲ႔လည္း ဆက္စပ္ေနတယ္၊ အခုပဲၾကည့္၊ လမ္းေတြေတာ့ ေဖာက္သြား၊ ခ်ဲ႕သြားတယ္၊ ဓာတ္တိုင္ႀကီးေတြက လမ္းအလယ္မွာ က်န္ေနခဲ့တယ္။ ၿပီးခဲ့တဲ့ကာလက ဌာနတစ္ခုနဲ႔တစ္ခု ခ်ိတ္ဆက္ ေဆာင္ရြက္မႈ အားနည္းတဲ့အခါ အေကာင္းဆံုးျဖစ္ေအာင္ ဖန္တီးသြားခဲ့တဲ့ စီမံကိန္းမ်ိဳး မေတြ႔ရဘူး။ ေဆာက္လုပ္ေရးကလည္း သူမွန္မယ္ထင္တာ လုပ္ခ်လိုက္တာပဲ။ စည္ပင္ကလည္း သူမွန္တယ္ထင္တာ လုပ္ခ်လိုက္တာပဲ။
ေမး - ဦးေနမ်ဳိးေက်ာ္ရဲ႕ သဃၤန္းကၽြန္းၿမိဳ႕နယ္မွာ အေရးတႀကီး ေျဖရွင္းသင့္တဲ့ ကိစၥေတြ ရိွသလား။
ေျဖ - ကြ်န္ေတာ့္နယ္မွာ က်ဴးေက်ာ္ကိစၥနဲ႔ပဲ ဆက္စပ္ၿပီး ေျပာခ်င္ပါတယ္။ က်ဴးေက်ာ္လို႔ေျပာ ရင္ ျပည္သူေတြက က်ဴးေက်ာ္တယ္လုိ႔ပဲ မ်က္စိထဲ တန္းျမင္ၾကတယ္။ ဒါေပမဲ့ လက္ေတြ႔ကြင္းဆင္း ၾကည့္တဲ့အခါမွာ ျပည္သူေတြပိုင္တဲ့ေနရာကို အစိုးရဌာနေတြက က်ဴးေက်ာ္ထားတာ အမ်ားႀကီးပဲ။ ျပည္သူပိုင္တဲ့ ပန္းၿခံကို စည္ပင္က ေျမကြက္ခ်ၿပီး ေရာင္းပစ္တယ္၊ ျပည္သူပိုင္တဲ့ေျမေနရာကို ပါတီႀကီးတစ္ခုက ပါတီရံုးႀကီးဝင္ ေဆာက္ထားတာ၊ ကြ်န္ေတာ္တုိ႔ကို တခ်ိဳ႕ရပ္ကြက္ေတြက ကေလး ေတြအတြက္ ကစားကြင္းေဆာက္ေပးပါလို႔ ေတာင္းဆိုတာ၊ အကြက္ခ်ၿပီးေရာင္းခံလိုက္ရတဲ့ ေဘာလံုး ကြင္းေလး ျပန္ရေအာင္ လုပ္ေပးပါဆိုတာမ်ိဳးေတြ၊ ကြ်န္ေတာ္လည္း ျပင္ဆင္ေနပါတယ္၊ အစိုးရက ျပည္သူေတြဆီကေန က်ဴးေက်ာ္ထားတာကို ဘယ္လိုျပန္တာဝန္ယူ ေဆာင္ရြက္မလဲဆိုတဲ့ ေမးခြန္းမ်ိဳး ေတြကို ကြ်န္ေတာ္ေမးခ်င္ပါတယ္။ ျပည္သူက က်ဴးေက်ာ္တာကို ဘူဒိုဇာေတြက (ရွင္းလင္းဖယ္ရွားဖို႔) ေရာက္လာၿပီး အစိုးရ က်ဴးေက်ာ္ထားတဲ့ ကိစၥေတြက်ေတာ့ မသိခ်င္ေယာင္ေဆာင္ေနတာေတြ အမ်ားႀကီးပါ။
ေမး - တုိင္းလႊတ္ေတာ္ရဲ႕ လူမႈေရးေကာ္မတီထဲမွာ ဦးေနမ်ဳိးေက်ာ္ တာဝန္ယူထားၿပီဆိုေတာ့ ရန္ကုန္ လမ္းေဘးေစ်းသည္ေတြ ကိစၥေရာ ဘယ္လိုလုပ္မလဲ။
ေျဖ- ဘယ္ကိစၥပဲလုပ္လုပ္ တစ္ဖက္သတ္ စဥ္းစားလုိ႔မရဘူး။ လမ္းေဘးေစ်းသည္ေတြ ပလက္ ေဖာင္းေပၚ တက္ေရာင္းတယ္၊ လူေတြက ကားလမ္းေပၚေလွ်ာက္ရတယ္၊ ကားတိုက္မႈေတြ၊ ကားပိတ္မႈ ေတြျဖစ္တယ္၊ ကားပါကင္ေတြေနရာ မရွိေတာ့ဘူး။ လမ္းေဘးေစ်းသည္ေတြကို မေရာင္းနဲ႔ေတာ့လို႔ ဆိုရင္လည္း သူတို႔ရဲ႕ ဘဝရပ္တည္မႈက ရွိျပန္ေရာ။ နည္းလမ္းတစ္ခုခု ရွာလိုက္ျပန္ေတာ့လည္း လမ္းေဘးေစ်းသည္ေတြအေနနဲ႔ သူတို႔လိုခ်င္သေလာက္ ရခ်င္မွ ရေတာ့မယ္၊ အရင္ကေလာက္ ေရာင္းေကာင္းခ်င္မွ ေရာင္းေကာင္းေတာ့မယ္။ ဒါေတြကို လူထုနားလည္ လက္ခံလာေအာင္လည္း အသိပညာျမွင့္တင္မႈေတြ လုပ္သင့္တယ္ထင္တယ္။ နစ္နာလြန္းရင္ေတာ့ လူထုက ခံမွာမဟုတ္ဘူး။
ေမး - ရန္ကုန္မွာ အစိုးရက ဘယ္ကိစၥေတြကို မျဖစ္မေန ေဆာင္ရြက္ဖုိ႔လိုသလဲ။
ေျဖ - လုပ္ဖို႔လိုတာေတာ့ အမ်ားႀကီးပါ။ အစိုးရကို တိုင္းတာတဲ့အခါမွာ ႐ိုး႐ိုးေလးေျပာရရင္ ျပည္သူလူထု ေနေပ်ာ္ရမယ္၊ ေသေပ်ာ္ရမယ္။ အင္အားရွိသေလာက္ အလုပ္လုပ္မယ္၊ လုပ္လို႔ရတဲ့ လုပ္ခေလးနဲ႔ ခါးလွေအာင္ဝတ္မယ္၊ ဝမ္းဝေအာင္စားႏိုင္မယ္၊ ေနထုိင္စရာတစ္ေနရာ ရွိမယ္၊ ဒါဆို ကြ်န္ေတာ္တို႔ ေနေပ်ာ္တယ္။ ျပည္သူလူထု ေနေပ်ာ္ေအာင္ ဖန္တီးေပးဖုိ႔က အစိုးရမွာ တာဝန္ရွိတယ္။ မိသားစုတစ္ခုက ခါးလွေအာင္ဆင္တာ၊ ဝမ္းဝေအာင္စားတာ၊ ေနစရာေနရာတို႔အျပင္ စုေဆာင္းေငြတို႔၊ ဘဝေနာင္ေရးတို႔ ဆိုတာရွိတယ္။ ျပည္သူလူထု မေနေပ်ာ္ေသးဘူးဆိုရင္ေတာ့ အစိုးရ မေကာင္းေသး ဘူး၊ ညံ့ေနေသးတယ္။
အခုအစိုးရသစ္ကိုရရံုနဲ႔ မၿပီးပါဘူး၊ အစိုးရေကာင္းျဖစ္ဖုိ႔ လိုေသးတယ္၊ အစိုးရေကာင္းျဖစ္ ေအာင္ ဝိုင္းၿပီးပူးေပါင္း ေဆာင္ရြက္ရမယ္၊ လိုအပ္ရင္ တြန္းအားေပးရမယ္။ အစိုးရေကာင္းေနရံုနဲ႔ လည္း မၿပီးဘူး၊ ျပည္သူေကာင္းဖုိ႔လည္း လိုတယ္။ ေကာင္းမြန္တဲ့ အုပ္ခ်ဳပ္မႈကိုလိုခ်င္ရင္ ျပည္သူ ဘက္ကလည္း ေကာင္းမြန္တဲ့ ႏိုင္ငံသားျဖစ္ဖုိ႔ ျပင္သင့္တာကိုျပင္ၿပီး ညီညီညြတ္ညြတ္နဲ႔ ေျပာင္းလဲႏိုင္ရင္ေတာ့ ကြ်န္ေတာ္တုိ႔ႏိုင္ငံဟာ အမ်ားႀကီး အဆင္ေျပလာမွာပါ။
__________________________________________________________________________
#Unicode
ရန်ကုန်(Myanmar Now) ။ ။ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာအများအပြားကို အစိုးရက ကျူးကျော်ထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောသည်။
ဦးနေမျိုးကျော်သည် နိုင်ငံရေးအကျဉ်းသားဟောင်းဘလော်ဂါ နေဘုန်းလတ်အဖြစ် ပိုမို လူသိများသူဖြစ်သည်။
မကြာသေးမီက Myanmar Now နှင့် တွေ့ဆုံစဉ် ဦးနေမျိုးကျော်က ယာဉ်ကြောပိတ်ဆို့မှု၊ ကျူးကျော်ရပ်ကွက်၊ လမ်းဘေးစျေးသည်၊ ရန်ကုန်လူထု၏ လူနေမှုဘဝများအကြောင်း ပြောပြထား သည်။
မေး - လွှတ်တော်မှာပထမဆုံံးရတဲ့အတွေ့အကြုံတွေကဘာတွေ ဖြစ်မလဲ။
ဖြေ- လွှတ်တော်တက်ပြီး သိပ်မကြာခင်မှာပဲ ပထမဆုံးလုပ်ရတဲ့အလုပ်က ပြီးခဲ့တဲ့ အစိုးရက ရေးဆွဲခဲ့တဲ့၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာငွေရသုံးမှန်းခြေ ဥပဒေစိစစ်ရတဲ့ ကိစ္စပဲ။ နောက်နှစ်အတွက် သုံးမယ့် ဟာကိုလည်း စိစစ်ပြီး အတည်ပြုရတယ်။ အဲဒီမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍက တော်တော်လေး အရေးကြီးတယ်ဆိုတာ သဘောပေါက်သွားတယ်။ စီးတဲ့ရေဆည်တဲ့ကန်သင်း ဖြစ််ဖို့လိုတယ်။ အစိုးရ က အခွန်တွေကောက်တယ်၊ ပိုက်ဆံတွေရှိတယ်။ အဲဒါကိုဘယ်မှာ သုံးမလဲကို လွှတ်တော်က စိစစ် အတည်ပြုပေးမှသာလျှင် အစိုးရက သုံးလို့ရတဲ့အနေအထားမျိုး။ ဘဏ္ဍာငွေအများကြီး သုံးထားတဲ့ ခုံးကျော်တံတား၂ ခု စီမံကိန်းကို ဖျက်ပြီးတော့ ရန်ကုန်စည်ပင်နယ်နိမိတ်ပြင်ပက ကျေးလက်တွေ ဖွံ့ဖြိုးရေးမှာ သုံးဖို့ကို ပြင်လိုက်နိုင်တယ်။
မေး - ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာငွေရသုံးမှန်းခြေကိုရော စိစစ်မှုတွေ လုပ်ဖြစ်သလား။ ထူးခြားတာ ဘာများ တွေ့မိသေးလဲ။
ဖြေ - လုပ်ခဲ့ပါတယ်။ အဲဒီမှာ ဘတ်ဂျက်တွေယူထားပြီးတော့ မသုံးထားတာတွေလည်း တွေ့ရ တယ်။ ပြဿနာက အခုတက်လာတဲ့သူတွေက ဝန်ကြီးအသစ်တွေဆိုတော့ လာမယ့်နှစ်ဟာကိုပဲ တာဝန်ယူတယ်။ ဆင်းသွားတဲ့ဝန်ကြီးတွေကလည်း တာဝန်မယူခဲ့ဘူး။ ဒီတော့ လွှတ်တော်ကိုယ်စား လှယ်တွေက တင်ပြရုံသာလုပ်နိုင်ခဲ့ပြီးတော့မှတ်တမ်းအနေနဲ့ပဲအဖတ်တင်တဲ့သဘောမျိုး ဖြစ်နေတယ်။ တာဝန်ခံပြီးဖြေရှင်းမယ့်သူဘယ်သူမှမရှိဘူး။ငွေကြေးကွာဟမှုတွေရှိနေတယ်။
မေး - တိုင်းဒေသကြီးလွှတ်တော်က ဘယ်လောက်အထိ လုပ်ပိုင်ခွင့်ရှိတယ်လို့ ယူဆလဲ။
ဖြေ - ဒီနှစ်ဘတ်ဂျက်က အရင်အစိုးရက ရေးဆွဲပြီးသား။ ဒါကို လွှတ်တော်အနေနဲ့ လုပ်ပိုင်ခွင့် ရှိတာက ဘဏ္ဍာငွေရသုံးမှန်းခြေကို သဘောတူရင် အတည်ပြုလိုက်လို့ရတယ်။ တချို့ဟာတွေတော့ မလိုအပ်ဘူးဆိုပြီး ငြင်းပယ်လိုက်လို့ရတယ်။ တချို့ပိုက်ဆံပိုတင်ထားတဲ့ဟာတွေကို လျှော့ပြီး ခွင့်ပြုလို့ရတယ်။ အဓိကလုပ်ရတာကတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ထိန်းကျောင်းရတာ ပေါ့။ နည်းလမ်းအနေနဲ့က အဆိုတင်တာ၊ အစိုးရဌာနက လုပ်နေတာ မလျော်ကန်လာရင် မေးခွန်း ထုတ်တာ၊ နောက်ဆုံးအဆင့်က ဥပဒေပြုလို့ရတာပေါ့။ ဥပဒေပြုတာမှာ ရှိရင်းစွဲမလျော်ညီတဲ့ ဥပဒေ ကိုပယ်ဖျက်၊ လိုအပ်ရင် ပြင်ဆင်ဖြည့်စွက်၊ အသစ်ပြဌာန်း။ နောက်တစ်ခုရှိသေးတာကအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်တာပေါ့။ လွှတ်တော်နဲ့ အစိုးရက ရန်သူမဟုတ်ဘူးလေ။ အမြဲတမ်း သံသယနဲ့ စောင့်ကြည့်ပြီး အပြစ်ပြောနေဖို့ မဟုတ်ဘူး။
မေး - အရင်ကလွှတ်တော်မှာ သတင်းမီဒီယာတွေတင်ပြလိုက်တဲ့ အပေါ်မှာပဲ မေးခွန်းထုတ်၊ အဆိုတွေတင်တာ အများအပြား တွေ့ရတယ်။ အစိုးရဆီကနေ သတင်း၊အချက်အလက်ရဖို့ အင်မတန် ခက်ခဲပါတယ်။
ဖြေ - အဲဒီဟာက ဥပဒေအရကိုတောင်း ပိုင်ခွင့်ရှိတယ်။ နိုင်ငံတော် လျှို့ဝှက်ချက် ဆိုတာမျိုး တွေက လွဲလို့ပေါ့။ မီဒီယာကိုအားကိုးနေရတယ်ဆိုကတည်းက မဟုတ်ဘူး။ လွှတ်တော်က မီဒီယာ ထက် အဆင့်တစ်ဆင့် ပိုမြင့်တယ်၊ လွှတ်တော်နဲ့ အစိုးရဆိုတာ ဟိုဘက်ဒီဘက် တောက်လျှောက်မြင် နေရမယ်လေ။ အချက်အလက်တွေကို တောင်းခွင့်က ရှိပြီးသား။ မပေးရင်လည်း ဥပဒေနဲ့ပဲ ပြန်ကိုင် တွယ်ရမှာပဲ။ လွှတ်တော်နဲ့ အစိုးရကြားမှာ အချက်လက်တွေ လွယ်လွယ်ကူကူ ဖြတ်သန်းစီးဆင်း နိုင်တဲ့ လမ်းကြောင်းတွေ လိုသလို လွှတ်တော်နဲ့ မီဒီယာ၊ မီဒီယာနဲ့ အစိုးရကြားမှာလည်း လွယ်လွယ်နဲ့ မြန်မြန် ဖြတ်သန်းစီးနိုင်တဲ့ လမ်းကြောင်းတွေ လိုပါတယ်။ ကောလာဟလတွေ၊ မခိုင်မာတဲ့ အချက် လက်တွေနဲ့ဆို နှစ်ဖက်စလုံးအတွက် မကောင်းတဲ့ရလဒ်တွေပဲရမှာ။ အရာရာကို ကန့်သတ်၊ လျှို့ဝှက် လုပ်လို့ မရဘူး။
မေး - ဆန္ဒပြမှု၊ ကျူးကျော်နေထိုင်မှုတွေကို ခပ်ကြမ်းကြမ်း ကိုင်တွယ်ဖြေရှင်းတဲ့အခါ လွှတ်တော် က အစိုးရကို မေးခွန်းထုတ်တာ အားနည်းခဲ့တယ်။ အစိုးရသစ်လက်ထက် ဒီပြဿနာမျိုးတွေ ထပ်ဖြစ်ရင် ဘယ်လိုတုံ့ပြန်မလဲ။
ဖြေ - အဲဒီလို ကိုင်တွယ်မှုမျိုးတွေ ရှိလာရင်တော့ ပြင်းပြင်းထန်ထန် ဝေဖန်မှာပါ။ နေစရာမရှိလို့ ကျူးကျော်တာလား၊ နေစရာရှိလျက်သားနဲ့ ကျူးကျော်တဲ့ကိစ္စကိုပဲ စီးပွားဖြစ် လုပ်နေတာလား၊ ဒါကို ခွဲခြားဖို့တော့ လိုတယ်။ တကယ်နေစရာမရှိတဲ့လူတွေဆို တန်ဖိုးနည်းအိမ်ရာလိုမျိုးနဲ့ တစ်မျိုးစဉ်းစားရ မယ်။ ပြည်သူတွေ နေစရာအိမ်မရှိဘူးဆိုရင် အစိုးရညံ့လို့ပဲ။ နေစရာမရှိတဲ့သူတွေကို ဘူဒိုဇာနဲ့ထိုးပြီး သွားချင်တဲ့နေရာသွားနေဆိုတဲ့ ဖြေရှင်းမှုမျိုးမဟုတ်ဘဲနဲ့ နေစရာရှိအောင် ဘယ်လိုစီမံ ဖန်တီးမလဲ ဆိုတာ စဉ်းစားဖို့ လွှတ်တော်ကလည်း တိုက်တွန်းမယ်။ ဆန္ဒပြတာကို အကြမ်းဖက်နှိမ်နင်းတဲ့ ကိစ္စတွေကလည်း ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ထဲ ဝင်သွားတဲ့သူတွေ တော်တော်များများက နိုင်ငံရေးအကျဉ်းသားဟောင်းတွေ များပါတယ်။ အရင်အစိုးရလက်ထက်ကလို အကြမ်းဖက်နှိမ်နင်းတာမျိုးတွေ မရှိသလောက် နည်းသွားမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
မေး - မိကျောင်းကန်ဒေသ မြေပိုင်ဆိုင်မှု ပြဿနာလိုမျိုး ရန်ကုန်မှာ မပြီးပြတ်သေးတဲ့ မြေယာ အငြင်းပွားမှုကို အစိုးရသစ်က ဘယ်လို ဆောင်ရွက်သင့်တယ်လို့ ထင်လဲ။
ဖြေ - ပါဝင်ပတ်သက်သူအားလုံးဆီကနေ အကြံဉာဏ်တွေ တောင်းခံမယ်၊ အချက်အလက် တွေ စုမယ်၊ ဒါတွေပေါ်အခြေခံပြီး ဘယ်သူမှ မထိခိုက် မနစ်နာတဲ့နည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုရင် ထိခိုက်နစ်နာမှုနည်းမယ်။ ဒါပေမဲ့ တချို့အမှန်တရားတွေက ခါးသီးတတ်တယ်။ နှစ်ဖက်အဆင်ပြေမယ့် ကြားလမ်းကြောင်းတစ်ခုကို ရှာတဲ့အခါမှာ ကိုယ်လိုချင်သလောက် မရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီမိုကရေစီမှာ လူ ၁ဝဝ လုံးကို ၁ဝဝ ရာခိုင်နှုန်း ပျော်ရွှင်စေတယ်ဆိုတာ ဘယ်နိုင်ငံမှာမှ မရှိပါဘူး။ ဒီလိုမျိုးကိစ္စတွေမှာ တစ်ဖက်နဲ့တစ်ဖက် နားလည်မှု၊ သည်းခံမှုတွေ ပျိုးထောင်ဖို့တော့ လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြစ်ပြောနေကြတာနဲ့ ဒီမိုကရေစီယဉ်ကျေးမှုအသစ် မပေါ်ထွန်းတော့ဘဲ ဟိုးအရင်ရှိနေတဲ့ ယဉ်ကျေးမှုအဟောင်းတွေကိုပဲ ပြန်ရောက်သွားနိုင်ပါတယ်။
မေး - ရန်ကုန်ရဲ့ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ပြီးခဲ့တဲ့အစိုးရက ခုံးကျော်တံတားတွေနဲ့ ဖြေရှင်းတယ်။
ဖြေ - ဌာနတစ်ခုတည်းက အဖြေရှာလို့ပြီးသွားမယ့်ကိစ္စ မဟုတ်ဘူး။ အခုဖြေရှင်းနေတာက ဆောက်လုပ်ရေးကပဲ ခုံးကျော်တံတားတွေနဲ့ ဖြေရှင်းနေသလိုပဲ။ ဒီဟာကို ပြေလည်ဖို့ဆိုရင် ဆက်စပ် ပက်သက်နေတဲ့ ဌာနပေါင်းစုံက စုဝေးညှိနှိုင်းပြီးတော့ စီမံကိန်းအကြီးကြီး ချရမယ်။ စည်ပင်ကလည်း လမ်းဘေးစျေးသည်နဲ့ ကားရပ်နားရေးကို ဘယ်လိုစီမံမလဲ၊ လိုအပ်တဲ့လမ်းတွေကို ဘယ်လိုချဲ့မလဲ။ လျှပ်စစ်ဌာနနဲ့လည်း ဆက်စပ်နေတယ်၊ အခုပဲကြည့်၊ လမ်းတွေတော့ ဖောက်သွား၊ ချဲ့သွားတယ်၊ ဓာတ်တိုင်ကြီးတွေက လမ်းအလယ်မှာ ကျန်နေခဲ့တယ်။ ပြီးခဲ့တဲ့ကာလက ဌာနတစ်ခုနဲ့တစ်ခု ချိတ်ဆက် ဆောင်ရွက်မှု အားနည်းတဲ့အခါ အကောင်းဆုံးဖြစ်အောင် ဖန်တီးသွားခဲ့တဲ့ စီမံကိန်းမျိုး မတွေ့ရဘူး။ ဆောက်လုပ်ရေးကလည်း သူမှန်မယ်ထင်တာ လုပ်ချလိုက်တာပဲ။ စည်ပင်ကလည်း သူမှန်တယ်ထင်တာ လုပ်ချလိုက်တာပဲ။
မေး - ဦးနေမျိုးကျော်ရဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာ အရေးတကြီး ဖြေရှင်းသင့်တဲ့ ကိစ္စတွေ ရှိသလား။
ဖြေ - ကျွန်တော့်နယ်မှာ ကျူးကျော်ကိစ္စနဲ့ပဲ ဆက်စပ်ပြီး ပြောချင်ပါတယ်။ ကျူးကျော်လို့ပြော ရင် ပြည်သူတွေက ကျူးကျော်တယ်လို့ပဲ မျက်စိထဲ တန်းမြင်ကြတယ်။ ဒါပေမဲ့ လက်တွေ့ကွင်းဆင်း ကြည့်တဲ့အခါမှာ ပြည်သူတွေပိုင်တဲ့နေရာကို အစိုးရဌာနတွေက ကျူးကျော်ထားတာ အများကြီးပဲ။ ပြည်သူပိုင်တဲ့ ပန်းခြံကို စည်ပင်က မြေကွက်ချပြီး ရောင်းပစ်တယ်၊ ပြည်သူပိုင်တဲ့မြေနေရာကို ပါတီကြီးတစ်ခုက ပါတီရုံးကြီးဝင် ဆောက်ထားတာ၊ ကျွန်တော်တို့ကို တချို့ရပ်ကွက်တွေက ကလေး တွေအတွက် ကစားကွင်းဆောက်ပေးပါလို့ တောင်းဆိုတာ၊ အကွက်ချပြီးရောင်းခံလိုက်ရတဲ့ ဘောလုံး ကွင်းလေး ပြန်ရအောင် လုပ်ပေးပါဆိုတာမျိုးတွေ၊ ကျွန်တော်လည်း ပြင်ဆင်နေပါတယ်၊ အစိုးရက ပြည်သူတွေဆီကနေ ကျူးကျော်ထားတာကို ဘယ်လိုပြန်တာဝန်ယူ ဆောင်ရွက်မလဲဆိုတဲ့ မေးခွန်းမျိုး တွေကို ကျွန်တော်မေးချင်ပါတယ်။ ပြည်သူက ကျူးကျော်တာကို ဘူဒိုဇာတွေက (ရှင်းလင်းဖယ်ရှားဖို့) ရောက်လာပြီး အစိုးရ ကျူးကျော်ထားတဲ့ ကိစ္စတွေကျတော့ မသိချင်ယောင်ဆောင်နေတာတွေ အများကြီးပါ။
မေး - တိုင်းလွှတ်တော်ရဲ့ လူမှုရေးကော်မတီထဲမှာ ဦးနေမျိုးကျော် တာဝန်ယူထားပြီဆိုတော့ ရန်ကုန် လမ်းဘေးစျေးသည်တွေ ကိစ္စရော ဘယ်လိုလုပ်မလဲ။
ဖြေ- ဘယ်ကိစ္စပဲလုပ်လုပ် တစ်ဖက်သတ် စဉ်းစားလို့မရဘူး။ လမ်းဘေးစျေးသည်တွေ ပလက် ဖောင်းပေါ် တက်ရောင်းတယ်၊ လူတွေက ကားလမ်းပေါ်လျှောက်ရတယ်၊ ကားတိုက်မှုတွေ၊ ကားပိတ်မှု တွေဖြစ်တယ်၊ ကားပါကင်တွေနေရာ မရှိတော့ဘူး။ လမ်းဘေးစျေးသည်တွေကို မရောင်းနဲ့တော့လို့ ဆိုရင်လည်း သူတို့ရဲ့ ဘဝရပ်တည်မှုက ရှိပြန်ရော။ နည်းလမ်းတစ်ခုခု ရှာလိုက်ပြန်တော့လည်း လမ်းဘေးစျေးသည်တွေအနေနဲ့ သူတို့လိုချင်သလောက် ရချင်မှ ရတော့မယ်၊ အရင်ကလောက် ရောင်းကောင်းချင်မှ ရောင်းကောင်းတော့မယ်။ ဒါတွေကို လူထုနားလည် လက်ခံလာအောင်လည်း အသိပညာမြှင့်တင်မှုတွေ လုပ်သင့်တယ်ထင်တယ်။ နစ်နာလွန်းရင်တော့ လူထုက ခံမှာမဟုတ်ဘူး။
မေး - ရန်ကုန်မှာ အစိုးရက ဘယ်ကိစ္စတွေကို မဖြစ်မနေ ဆောင်ရွက်ဖို့လိုသလဲ။
ဖြေ - လုပ်ဖို့လိုတာတော့ အများကြီးပါ။ အစိုးရကို တိုင်းတာတဲ့အခါမှာ ရိုးရိုးလေးပြောရရင် ပြည်သူလူထု နေပျော်ရမယ်၊ သေပျော်ရမယ်။ အင်အားရှိသလောက် အလုပ်လုပ်မယ်၊ လုပ်လို့ရတဲ့ လုပ်ခလေးနဲ့ ခါးလှအောင်ဝတ်မယ်၊ ဝမ်းဝအောင်စားနိုင်မယ်၊ နေထိုင်စရာတစ်နေရာ ရှိမယ်၊ ဒါဆို ကျွန်တော်တို့ နေပျော်တယ်။ ပြည်သူလူထု နေပျော်အောင် ဖန်တီးပေးဖို့က အစိုးရမှာ တာဝန်ရှိတယ်။ မိသားစုတစ်ခုက ခါးလှအောင်ဆင်တာ၊ ဝမ်းဝအောင်စားတာ၊ နေစရာနေရာတို့အပြင် စုဆောင်းငွေတို့၊ ဘဝနောင်ရေးတို့ ဆိုတာရှိတယ်။ ပြည်သူလူထု မနေပျော်သေးဘူးဆိုရင်တော့ အစိုးရ မကောင်းသေး ဘူး၊ ညံ့နေသေးတယ်။
အခုအစိုးရသစ်ကိုရရုံနဲ့ မပြီးပါဘူး၊ အစိုးရကောင်းဖြစ်ဖို့ လိုသေးတယ်၊ အစိုးရကောင်းဖြစ် အောင် ဝိုင်းပြီးပူးပေါင်း ဆောင်ရွက်ရမယ်၊ လိုအပ်ရင် တွန်းအားပေးရမယ်။ အစိုးရကောင်းနေရုံနဲ့ လည်း မပြီးဘူး၊ ပြည်သူကောင်းဖို့လည်း လိုတယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်မှုကိုလိုချင်ရင် ပြည်သူ ဘက်ကလည်း ကောင်းမွန်တဲ့ နိုင်ငံသားဖြစ်ဖို့ ပြင်သင့်တာကိုပြင်ပြီး ညီညီညွတ်ညွတ်နဲ့ ပြောင်းလဲနိုင်ရင်တော့ ကျွန်တော်တို့နိုင်ငံဟာ အများကြီး အဆင်ပြေလာမှာပါ။
#Credit Mizzima