ေဆာင္းပါးရွည္ - ဘဝ ႏွင့္ ရင္းၿပီး ရခဲ့ေသာ ေနာင္တ
#Zawgyi
ရြာသာႀကီး စိတ္က်န္းမာေရးေဆး႐ံု မူးယစ္ေဆးျဖတ္ဌာန၏ အေဆာင္ တစ္ခုမွ ေကာ္ရစ္ဒါ ေလွ်ာက္ လမ္း ကို ပိတ္ကာရံ ထားသည့္ သံဆန္ခါ တံခါး တစ္ခ်ပ္ ပြင့္လာၿပီး အဝတ္အစားထုပ္ကုိ လက္မွာ ဆဲြကာ အသက္ (၃၀) ေက်ာ္ အရြယ္ လူငယ္ တစ္ဦး လွမ္းထြက္ လာသည္။ အျပင္ဘက္မွာ လာေရာက္ ေစာင့္ႀကိဳေနေသာ ညီျဖစ္သူထံ လွမ္းၿပံဳး ျပကာ ညာဘက္ လက္မတစ္ေခ်ာင္း ကိုလည္း ေထာင္ျပ လိုက္ပါသည္။
သူက ငါးႏွစ္ေက်ာ္ၾကာ ဘိန္းသမားတစ္ဦးျဖစ္ခဲ့ၿပီး ဘိန္းျဖဴ အပါအဝင္ မူးယစ္ေဆး သံသရာထဲတြင္ တဝဲလည္လည္ ျဖစ္ခဲ့ရာမွ ေဆး႐ံု သုိ႔ တက္ေရာက္ ေဆးျဖတ္ကာ သတ္မွတ္ရက္ ျပည့္ေျမာက္ ၍ ျပန္ဆင္းလာသူ တစ္ဦးပင္ ျဖစ္သည္။ သူက သူ႔အမည္ကုိ ကိုေက်ာ္ ဟုသာ သံုးစဲြရန္ ေမတၱာ ရပ္ခံခဲ့သည္။
ေဆးျဖတ္ထား၍ အနည္းငယ္ႏံုးခ်ည့္ေနဟန္ရိွေသာ္လည္း ေဆးျပတ္ သြား၍ ေပ်ာ္ရႊင္ေနပံုေပၚသည္။ နယ္တြင္ က်န္ရစ္ ခဲ့သည့္ ဇနီးႏွင့္ သမီး ထံသို႔ သူေဆး႐ံုမွ ဆင္းလာၿပီ ဆုိသည့္ အေၾကာင္းႏွင့္ ေဆးျပတ္ သြားၿပီ ျဖစ္သည့္ အေၾကာင္းကို ဖုန္းဆက္၍ ေျပာျပေနေလသည္။
‘‘အခုေနာက္ပုိင္း မူးယစ္ေဆးဝါးထဲမွာ ဘိန္းျဖဴသံုးတဲ့ လူငယ္ေတြ မယံုႏိုင္ေလာက္ေအာင္ မ်ားလာ တယ္။ ျမန္မာႏုိင္ငံမွာ ဘိန္းစားေတြ တအားေပါလာၿပီ’’ဟု ကိုေက်ာ္ကေျပာသည္။ ကုိယ္တုိင္ ေဆးျဖတ္ ထားၿပီး လူေကာင္းတစ္ဦး ျပန္ျဖစ္လာသည့္ ကုိေက်ာ္က သူက်င္လည္ ခဲ့ဖူးသည့္ ဘိန္းျဖဴေလာကႏွင့္ ပတ္သက္၍ ေမးျမန္းသမွ် ေျဖဆုိရန္ အသင့္ျဖစ္ေနပါသည္။
‘‘ဘိန္းျဖဴက စြဲၿငိသြားရင္ အရမ္းျဖတ္ရခက္တယ္။ နည္းနည္းေလးမွ မစမိတာ အေကာင္းဆံုးပဲ။ တစ္ခါေလာက္ စမိတာနဲ႔ ေတာက္ေလွ်ာက္ ပါသြားေတာ့တာပဲ။ ေနာက္ဆံုးမွာ ဘဝ ပ်က္ၿပီး သခ်ႋဳင္းကုန္း ေရာက္တာ ပဲ’’ဟု ကိုေက်ာ္က ဆုိသည္။
‘‘လာတက္တဲ့သူေတြထဲမွာ ၇၀ ရာခုိင္ႏႈန္းက ဘိန္းသံုးတဲ့ သူေတြပါ။ က်န္တဲ့ ၂၀ ရာခုိင္ႏႈန္းက WY လုိ စိတ္ႂကြေဆးျပား သံုးတဲ့ သူေတြနဲ႔ ေနာက္ ၂၀ ရာခိုင္ႏႈန္းက ေဆးေျခာက္နဲ႔ တျခားေဆးျပားေတြ သံုးၾက တာပါ။ မိမိ သေဘာဆႏၵနဲ႔ပဲ လာေရာက္ေဆးကုသမႈ ခံယူၾက ပါတယ္’’ ဟု ရြာသာႀကီး စိတ္က်န္းမာေရး ေဆး႐ံု မူးယစ္ေဆးျဖတ္ ဌာနမွ တာဝန္ခံ ဆရာ၀န္ႀကီး ေဒါက္တာလွေဌးကလည္း ေျပာၾကား သည္။
ကုိေက်ာ္၏ အေျပာအရ သူ ဘိန္းျဖဴသားေကာင္ ျဖစ္သြားရျခင္းမွာ အေပါင္းအသင္း ေၾကာင့္ဟု ဆုိရမည္ျဖစ္ၿပီး တစ္ႀကိမ္တစ္ခါ စမ္းၾကည့္ မိရာမွ ႏွစ္ႏွင့္ ခ်ီေအာင္ စြဲၿငိ သြားျခင္း ျဖစ္သည္ဟု ဆုိသည္။ ကိုေက်ာ္က မႏၲေလးသား ျဖစ္ၿပီး ယာဥ္ေမာင္းတစ္ဦးျဖစ္ကာ ဘိန္းျဖဴ ႏွင့္ အျခား မူးယစ္ေဆးဝါးမ်ား အလြန္ေပါမ်ားသည့္ ရွမ္းျပည္နယ္၏ နယ္စပ္ၿမိဳ႕မ်ားကုိ အေခါက္ေခါက္အခါခါ ေရာက္ခဲ့သည္။
တစ္ေန႔တြင္ သူငယ္ခ်င္း ယာဥ္ေမာင္းတစ္ဦးက ဘိန္းျဖဴမႈန္႔ မ်ား ေရာထည့္ထားသည့္ စီးကရက္ တစ္လိပ္ကုိ တိုက္လာၿပီး ထိုစီးကရက္ ေသာက္ၿပီးသည္ ႏွင့္ ေခါင္းထဲတြင္ မူးယစ္ရီေဝ လာကာ ႀကံဳရေသာ ခံစားမႈကို သူႀကိဳက္သြားသည္ ဆိုပါသည္။ ေနာက္ေန႔မ်ားမွာလည္း ထုိစီးကရက္မ်ိဳးကို ဆက္ေသာက္ျဖစ္ၿပီး တစ္ပတ္ခန္႔ၾကာေသာအခါ ကုိေက်ာ္ တစ္ေယာက္ ဘိန္းစြဲသြားေတာ့သည္။
‘‘အဲဒီေန႔က စီးကရက္ေပးတဲ့ သူငယ္ခ်င္းနဲ႔ မေတြ႕ဘူး။ မေသာက္ရ ေတာ့ လူက တစ္ကုိယ္လံုး ႏံုးခ်ည့္ၿပီး အေၾကာအျခင္ေတြ ကုိက္လာ တယ္။ ႏွာရည္ေတြယုိ၊ ႏွာေတြ ဆက္တိုက္ေခ်ၿပီး ေခြၽးသီးေခြၽးေပါက္ ေတြ က်တယ္။ ဝမ္းေပ်ာ့ေတြ ခဏခဏသြားတယ္။ အဲဒါ ယင္း ကုိက္တာ ေပါ့။ အဲဒီမွာပဲ ငါေတာ့ ဘိန္းၿငိသြားၿပီဆိုတာ သိလုိက္ တယ္။ သိေပမယ့္ မေနႏုိင္ဘူး။ နီးစပ္ရာ အဆက္အသြယ္ရွာၿပီး ဘိန္းရမယ့္ ေနရာကိုသြားၿပီး ရေတာ့ အျမန္႐ွဴပစ္လုိက္ေတာ့မွ သက္သာ သြားတယ္။ အဲဒီက စတာပဲ’’ ဟု ကိုေက်ာ္က သူဘိန္း စၿငိသည့္ ေန႔ရက္ကုိ အမွတ္ရစြာ ျပန္ေျပာျပသည္။
ဘိန္းကုိ စြဲလမ္းလာၿပီးေနာက္ အခ်ိဳ႕ရက္မ်ားတြင္ အလုပ္ပင္ ေကာင္းေကာင္း မလုပ္ေတာ့ဘဲ ဘိန္းကုိ သာ ထိုင္႐ွဴ ျဖစ္ေနခဲ့ေၾကာင္း သူက ဆုိသည္။ ဘိန္းျဖဴသံုးစဲြမိသည္ႏွင့္ ဘိန္းျဖဴတြင္ ပါ၀င္သည့္ ဟီး႐ုိးအင္း အက္စစ္ မ်ားက ဘိန္းသံုးစြဲသူတုိ႔၏ ခႏၶာကုိယ္အတြင္း ႐ုိးတြင္းျခင္ဆီထိေအာင္ လိႈက္စား ပစ္ျခင္းျဖစ္သည္။
‘‘ယင္းကုိက္တဲ့ ဒဏ္ကုိ ဘယ္ဘိန္းစားမွ မခံႏုိင္ၾကဘူး။ ဘိန္းယင္း ေတြက ခႏၶာကုိယ္ထဲမွာ လိႈက္စား ေနေတာ့ မလုပ္ရရင္ အရမ္းကိုက္ တယ္။ တကယ္တမ္း ဘာမွ မလုပ္ဘဲ က်ိတ္ခံမယ္ဆုိရင္ ငါးရက္ ေလာက္ လူးလိမ့္ေအာင္ခံမွ ျပတ္မယ္။ ဒါေပမဲ့ ဘယ္ဘိန္းစားမွ နာရီဝက္ျပည့္ေအာင္ မခံႏုိင္ၾကဘူး။ ဒါေၾကာင့္ ယင္းကုိက္လာရင္ ဘိန္းေျပးရွာ ၾကတာပဲ။ ဒီလုိနဲ႔ပဲ ဒီေလာကထဲမွာ မျပတ္ႏုိင္ဘဲ သံသရာ လည္ေနၾကတာ’’ ဟု ေတာင္ဥကၠလာပတြင္ ေနထုိင္ေသာ ဘိန္းစြဲၿငိသူ တစ္ဦးက ေျပာျပသည္။
ဘိန္း႐ွဴျခင္း၊ ဘိန္းထိုးျခင္းတို႔ကုိ ေန႔စဥ္ ျပဳလုပ္ႏုိင္ရန္အတြက္ ဘိန္းသမား မ်ားအဖုိ႔ ႀကံဳရသည့္ အခက္အခဲမွာ ေငြေၾကး ပုိင္း ဆုိင္ရာ ျဖစ္သည္။ ထို႔ေၾကာင့္ ဘိန္းကို စြဲလမ္းမိပါက လုိအပ္ ေသာ ေငြေၾကးကုိ မရရေအာင္ ရွာႀကံရာမွ စာရိတၱ ယုိယြင္းမႈ မ်ား၊ ဒုစ႐ုိက္မႈမ်ားပါ က်ဴးလြန္ လာတတ္ ၾကသည္။
ဘိန္းျဖဴေလာကတြင္ အေၾကာတြင္းသုိ႔ ေဆးထိုးအပ္ႏွင့္ ထိုးသြင္းသူ က မ်ားျပားၿပီး အနည္းစုက အမႈန္႔ကုိ ခဲစကၠဴျပား ေပၚတင္၍ မီး႐ိႈ႕ကာ ထြက္လာသည့္အေငြ႕ကို ႐ွဴၾကေၾကာင္း သံုးစဲြဖူးသူမ်ား ကေျပာသည္။
ကုလသမဂၢမူးယစ္ေဆး၀ါး ႏွင့္ မႈခင္းဆိုင္ရာ႐ုံး (UNODC) က ျမန္မာႏုိင္ငံ တြင္ မူးယစ္ေဆး၀ါး သံုးစဲြေနသူေပါင္း တစ္သိန္း ခုနစ္ေသာင္း ငါးေထာင္ ခန္႔ရိွမည္ဟု ခန္႔မွန္းထားေသာ္လည္း လက္ေတြ႕ ေဆာင္ရြက္ေနသည့္ အေတြ႕အႀကံဳမ်ားအရ တစ္ႏုိင္ငံလံုး တြင္ ေဆးသံုးစဲြသူ ေျခာက္သိန္းခန္႔ရိွမည္ဟု မူးယစ္ေဆးဝါးႏွင့္ စိတ္ကုိ ေျပာင္းလဲေစေသာ ေဆး၀ါးမ်ား အႏၲရာယ္ တားဆီး ကာကြယ္ေရး ဗဟုိအဖဲြ႕က ေျပာထားသည္။
ထိုေျခာက္သိန္းခန္႔ အေရအတြက္အရ မူးယစ္ေဆးဝါး သံုးစြဲမႈေၾကာင့္ ေန႔စဥ္ မိသားစု၀င္ေငြ က်ပ္သိန္းေပါင္း ေျခာက္သိန္းခန္႔ ဆံုး႐ႈံး ေနေၾကာင္းလည္း ထုိအဖဲြ႕ က ခန္႔မွန္း ထားသည္။ ေဆးသံုးစြဲသူ တစ္ဦး၏ကုန္က်စရိတ္ကုိ တစ္ေန႔လွ်င္ တစ္ေသာင္းက်ပ္ႏႈန္းျဖင့္ တြက္ခ်က္ ထားျခင္း ျဖစ္သည္။
‘‘ဘိန္းစားျဖစ္သြားရင္ သံုးစမွာေတာ့ ပုိက္ဆံတတ္ႏုိင္ၾကေပမယ့္ ၾကာလာရင္ေတာ့ သူေဌးသားလည္း မခံႏုိင္ေတာ့ဘူး။ ပုိက္ဆံရိွတဲ့ လူက ကားေရာင္း၊ အိမ္ေရာင္းျဖစ္ကုန္ၿပီး ပုိက္ဆံမရိွလူက်ေတာ့ ဘိန္းဖိုး ရဖုိ႔အတြက္ ဘာမဆို လုပ္ေတာ့တဲ့ ဘ၀ေရာက္သြားတာပဲ။ ယင္းကုိက္ေနၿပီ ဆုိရင္ ဘာကုိမွ မ်က္စိထဲ မျမင္ေတာ့ဘူး။ ကုိယ့္ ေနာက္က မိသားစု ကုိလည္း မျမင္ေတာ့ဘူး။ ကုိယ္ယင္း ကိုက္ တာ ေျပေပ်ာက္ဖို႔ အတြက္ပဲ ေခါင္းထဲရိွေတာ့တယ္။ အဲဒီမွာ ေနာက္ဆံုး အိမ္က ပစၥည္းေတြ ထုတ္ေရာင္း၊ မရိွေတာ့ရင္ ခိုးဆုိးလုယက္ ဆိုတာ ေတြ ျဖစ္လာ တတ္တာ’’ ဟု ရန္ကင္းတြင္ ေနထုိင္ၿပီး ကုိယ္တုိင္ ဘိန္းျဖဴသားေကာင္ ဘဝ ေရာက္ရိွေနကာ အေရာင္းအဝယ္ လည္း လုပ္ေနသူတစ္ဦးက ေျပာျပသည္။
ထို႔အျပင္ ဘိန္းျဖဴကုိ အေၾကာထဲ ထုိးသြင္း၍ ပမာဏမ်ားသြားပါက အုိဗာျဖစ္ၿပီး အပ္တန္းလန္းႏွင့္ပင္ ေသဆံုးသြားသည့္ ဇာတ္လမ္း မ်ားစြာ ရိွခဲ့၊ ရိွေနဆဲပင္ ျဖစ္သည္။ ‘‘ဘိန္းစားေလာကမွာ ပုိက္ဆံ တတ္ႏုိင္လို႔ ဘိန္းထိုးႏိုင္တဲ့ေကာင္က ဆရာမဟုတ္ဘူး။ ပမာဏ မတက္လာေအာင္ ထိန္းႏုိင္တ့ဲ ေကာင္က ဆရာပဲ’’ဟု ေဆးမႈျဖင့္ ေထာင္ဒဏ္ေျခာက္ႏွစ္က်ခံဖူးၿပီး ယခုအခါ ရြာသာႀကီး စိတ္က်န္းမာေရး ေဆး႐ံုတြင္ ေဆးျဖတ္ထားသည့္ ေျမာက္ဒဂံု ၿမိဳ႕နယ္ေန ဘိန္းသမားေဟာင္း တစ္ဦးက ေျပာပါသည္။
ၿပီးေတာ့ တစ္ေယာက္အပ္ကုိ တစ္ေယာက္ယူသံုးျခင္း ျပဳလုပ္မိပါက လည္း ေအဘီစီေရာဂါမ်ားကို လ်င္ျမန္စြာ ကူးစက္ ေစႏုိင္သည္။ ယေန႔ေခတ္ ဘိန္းသမားမ်ားကေတာ့ တစ္ခါသံုး ေဆးထိုး အပ္ကုိ မိမိတစ္ဦးတည္း ဝယ္ယူ သံုးစြဲၿပီး အျခားသူႏွင့္ အတူ မထိုးပါဟု ေျပာၾကသည္။
ထုိသုိ႔မလုိလားအပ္သည့္ ေရာဂါမ်ားမျဖစ္ၾကေစရန္ ရန္ကုန္တြင္ သဃၤန္းကြၽန္းႏွင့္ ကမာရြတ္ လွည္းတန္းတုိ႔တြင္ ဖြင့္လွစ္ထားသည့္ အင္န္ဂ်ီအုိအဖဲြ႕အစည္းတစ္ခုျဖစ္သည့္ ဘားနတ္ (ေခၚ) DIC ဆံုစည္းရိပ္ၿမံဳ စင္တာက ေဆးထုိးအပ္၊ အရက္ျပန္စကၠဴ၊ ကြန္ဒံုး၊ မုိးေရ စသည္တို႔ကုိ စာအိတ္အညိဳမ်ား အတြင္း ထည့္၍ ဘိန္းသမားမ်ားထံ ေန႔စဥ္ေ၀ငွလ်က္ရိွသည္။
လူသားမ်ားကုိ ေကာင္းက်ိဳး မရိွေစဘဲ ဆုိးက်ိဳးမ်ားသာ တန္းစီ လက္ခံ ရရိွလာေစသည့္ ဘိန္းျဖဴမ်ားက မည္သည့္လမ္းေၾကာင္းမွ ဝင္ေရာက္ ေနပါသနည္း။ ဘိန္းသမားေလာကသားတုိ႔ကေတာ့ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ေနျပည္ေတာ္ႏွင့္ ၿပီးခဲ့သည့္ ၂၀၁၃-၁၄ ဘိန္းစုိက္ ရာသီအတြင္း ျမန္မာတစ္ႏုိင္ငံလံုး တြင္ မိသားစု ႏွစ္သိန္း ေက်ာ္ က ဘိန္းစိုက္ဧရိယာ ဟက္တာေပါင္း ငါးေသာင္း ခုနစ္ေထာင့္ ရွစ္ရာကုိ စုိက္ပ်ိဳးခဲ့ၾကၿပီး ဘိန္းစိမ္းတန္ခ်ိန္ ၈၇၀ ထြက္ရိွခဲ့သည္။ သုိ႔ေသာ္ ၂၀၁၄ အျပည္ျပည္ဆုိင္ရာမူးယစ္ေဆး၀ါးေန႔တြင္ တစ္ႏုိင္ငံလံုး အတုိင္းအတာျဖင့္ ဖ်က္ဆီးႏုိင္ သည့္ ဘိန္းပမာဏ ကေတာ့ တစ္တန္ပင္ ေလာက္ေလာက္လားလား မျပည့္ခဲ့ေပ။
အစိုးရက ၂၀၀၀ ျပည့္ႏွစ္မွ ၂၀၁၃-၁၄ အထိ ၁၅ ႏွစ္စီမံကိန္း ခ်မွတ္ေဆာင္ရြက္ခဲ့ရာတြင္ ၂၀၀၆ အထိသာ ဘိန္းစုိက္ပ်ိဳးမႈႏႈန္းက် ဆင္းခဲ့ၿပီး ၂၀၀၇ မွစ၍ ျပန္လည္ ျမင့္တက္လာခဲ့သည္ဟု ျပည္ထဲေရး ဝန္ႀကီးဌာန ဒုတိယ၀န္ႀကီး ဗုိလ္မွဴးခ်ဳပ္ ေက်ာ္ေက်ာ္ထြန္း က လႊတ္ေတာ္တြင္ ၀န္ခံသြားခဲ့ပါၿပီ။
အာဆီယံႏုိင္ငံမ်ားက ၂၀၁၅ တြင္ ဘိန္းကင္းမဲ့ဇုန္ျဖစ္ေရး မဟာဗ်ဴဟာခ်မွတ္ထားၾကေသာ္လည္း ျမန္မာႏုိင္ငံကေတာ့ ဘိန္းကင္းစင္ ပေပ်ာက္ေရး စီမံကိန္းႀကီးကုိ ေနာက္ထပ္ ငါးႏွစ္ သက္တမ္း တိုး၍ ၂၀၁၉ အထိ ေဆာင္ရြက္မည္ဟု ေၾကညာ လုိက္ရၿပီ ျဖစ္သည္။
ထို႔အျပင္ ဦးသိန္းစိန္အစုိးရ က ၂၀၁၄ အတြင္း ျမန္မာႏုိင္ငံ၌ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရး လုပ္ငန္း ေအာင္ျမင္ရမည္ဟု ေႂကြးေၾကာ္ ပါေသာ္လည္း UNODC အစီရင္ခံစာ ေတြ႕ရိွခ်က္တြင္ ၂၀၁၂ ကထက္ပင္ ထုတ္လုပ္မႈ ႏႈန္း ၂၆ ရာခိုင္ႏႈန္း တိုးလာသည္ဟု ေဖာ္ျပခဲ့ပါသည္။
ျမန္မာႏုိင္ငံအေနျဖင့္ ဘိန္းျဖဴအပါအ၀င္ မူးယစ္ေဆးဝါးကုိ သံုးစြဲသူ အေရအတြက္ သည္ ၂၀၁၂ ေနာက္ပိုင္းတြင္ သံုးဆမက ျမင့္တက္ လာခဲ့ၿပီး ဖမ္းဆီးရမိမႈမ်ားသည္လည္း တစ္ႏွစ္ထက္ တစ္ႏွစ္ တုိးတက္ မ်ားျပားလာေနသည္။
လြန္ခဲ့သည့္ ၂၀၁၃ က ရန္ကုန္တုိင္းေဒသႀကီးအတြင္း ဖမ္းဆီး ရမိသည့္ မူးယစ္ေဆးဝါးမ်ား တန္ဖုိးမွာ ငါးဘီလီယံ ေက်ာ္ရိွခဲ့ ေသာ္လည္း ၿပီးခဲ့သည့္ ၂၀၁၄ မွာ ေတာ့ ရွစ္လအတြင္း ဖမ္းဆီး ရမိသည့္ တန္ဖိုးမွာ ေငြက်ပ္ ၁၁ ဘီလီယံေက်ာ္ပင္ ရိွခဲ့သည္ဟု ရန္ကုန္တုိင္း ရဲတပ္ဖဲြ႕မွဴး႐ံုး၏ စာရင္းဇယား မ်ားတြင္ ေဖာ္ျပ ထားသည္။ ရန္ကုန္တြင္ မူးယစ္ေဆး၀ါးအမ်ား ဆံုး ဖမ္းဆီးရမိသည့္ ၿမိဳ႕နယ္မ်ား မွာ မဂၤလာေတာင္ၫြန္႔ႏွင့္ သာေကတ တို႔ျဖစ္ေၾကာင္း လည္း ပါရိွသည္။
ဘိန္းစုိက္ပ်ိဳးမႈ မ်ားျပားသည့္ ေဒသမွ တအာင္းန္(ပေလာင္) အမ်ိဳးသမီး အဖဲြ႕အစည္းကေတာ့ ဘိန္း စုိက္ပ်ိဳးမႈ ေနာက္ကြယ္တြင္ တ႐ုတ္မ်ား အျပင္ အစုိးရႏွင့္ ျပည္ တြင္းစီးပြားေရးသမား ခ႐ုိနီမ်ား ပါဝင္ ပတ္သက္ ေနပါသည္ဟု စြပ္ စြဲထားပါသည္။ ျမန္မာႏုိင္ငံ၏ စီးပြားေရး က႑ကုိ ဘိန္းထုတ္လုပ္ ေရာင္းခ် ရာမွ ရရိွလာသည့္ ေငြမည္းမ်ားျဖင့္ အဓိက လည္ပတ္ေနေၾကာင္း နယူးေယာက္တုိင္းမ္ သတင္းစာတြင္ ပါရိွသည့္ မူးယစ္ေဆးကုန္သြယ္မႈအက်ိဳးအျမတ္ ျဖင့္ မတည္ ထားေသာ ျမန္မာ့ စီးပြားေရး ေဆာင္းပါးတြင္ ေဆာင္းပါးရွင္ ေသာမတ္ဖူလာ က ဖြင့္ခ် ထားသည္။
ျမန္မာအပါအဝင္ ကမၻာ တြင္ မူးယစ္ေဆးဝါးထုတ္လုပ္မႈ ေလွ်ာ့ခ်ေရး ကုိ ေဆာင္ရြက္လာၾကသည္မွာ ႏွစ္ ၅၀ ပင္ ရိွလာၿပီ ျဖစ္ေသာ္လည္း ထူးထူးျခားျခား တုိးတက္လာျခင္းမရိွဘဲ သံုးစဲြသူ မ်ားသာ ပိုမို တိုးပြား လာသျဖင့္ မူ၀ါဒပုိင္းကုိ ျပန္လည္ စဥ္းစားရန္ လိုအပ္လာၿပီး ထုတ္လုပ္မႈ ေလွ်ာ့ ခ်ေရးထက္ သံုးစြဲမႈ ေလွ်ာ့ခ်ေရး ကုိ ဦးစားေပး လုပ္ေဆာင္ရန္ လိုအပ္မည္ ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံ မူးယစ္ေဆး၀ါး တုိက္ဖ်က္ေရး စီမံကိန္းဌာနမွ ဒုတိယရဲမွဴးႀကီး ေဇာ္လင္းထြန္းက မွတ္ခ်က္ခ်ထား သည္။
ရန္ကုန္ၿမိဳ႕တြင္ ဘိန္းျဖဴ အပါအဝင္ မူးယစ္ေဆး၀ါး ပ်ံ႕ႏွံ႔မႈ အရိွန္ အဟုန္ျမင့္စြာ အားေကာင္းလာေန ၿပီး ဘိန္းျဖဴသံုးစဲြသည့္ လူငယ္မ်ား လည္း တစ္ေန႔တျခား ေပါမ်ားလာ ေနသည္။ ထုိအေျခအေနကို ရြာသာႀကီး စိတ္က်န္းမာေရးေဆး႐ံုရိွ မူးယစ္ေဆးျဖတ္ေဆာင္ သုိ႔ သြားေရာက္ ေလ့လာပါက ထင္ရွားစြာ ေတြ႕ျမင္ႏုိင္ပါသည္။
‘‘အရင္က ဒီေလာက္ မမ်ားဘူး။ အခုသႀကၤန္တြင္းကလည္း လာျဖတ္တဲ့ လူမ်ားတယ္။ အခု ေမ နဲ႔ ဇြန္လဆန္း မွာတင္ ေဆးျဖတ္ အေဆာင္ Hall ႏွစ္ေဆာင္မွာ လာတက္တဲ့သူ အေယာက္ ၇၀ ေက်ာ္ ေလာက္ရိွတယ္’’ဟု ေဆးျဖတ္ ေဆာင္တြင္ တာ၀န္က် ဝန္ထမ္း တစ္ဦးက ေျပာျပသည္။
မူးယစ္ေဆး၀ါးမ်ားသံုးစဲြမႈ တြင္ WY၊ ICE၊ ေဆးေျခာက္ စသည္တုိ႔မွာ စဲြၿငိမႈမရိွသေလာက္ ပင္ျဖစ္ၿပီး ဘိန္းျဖဴကေတာ့ စြဲၿငိ တတ္ေသာ ေၾကာင့္ ေဆးလာျဖတ္သူမ်ားအားလံုးလိုလိုမွာ ဘိန္းသံုးစဲြ သူမ်ား ျဖစ္သည္ဟု သိရသည္။ အျခားမူးယစ္ေဆး၀ါးမ်ားမွာ မိမိ မသံုးစဲြ လုိပါက ရပ္လုိက္ရန္ လြယ္ကူၿပီး ဘိန္းျဖဴ စဲြၿငိသူကေတာ့ တေန႔မွ ရက္ျပတ္၍ မရဘဲ ယင္းထသည့္ ေဝဒနာကို ဆုိးရြားစြာ ခံစား ၾကရသည္ ဟု ဆုိၾကသည္။ ထို႔ေၾကာင့္ ဘိန္းျဖဴ စြဲၿငိသူမ်ားမွာ ျဖတ္ လိုပါက ရြာသာႀကီး စိတ္က်န္းမာေရး ေဆး႐ံုသုိ႔ သြားေရာက္ ၾကရၿပီး အၿပီးျဖတ္လိုပါက TO (OP) (ေခၚ) ဘိန္းမည္းကုိ တင္ခ်ာ ႏွင့္ ေဖ်ာ္စပ္ ထားသည့္ ေဆးရည္ေသာက္ကာ ျဖတ္ရ၍ မက္သာဒုန္း ေဆးရည္ကုိ ေျခာက္လခန္႔ စြဲေသာက္သြားရသည့္ နည္းႏွင့္လည္း ျဖတ္ၾကသည္။
‘‘အခုေဆး႐ံုမွာ ေဆးျဖတ္တဲ့သူေတြမ်ားလာတာက အျပင္မွာ စီမံခ်က္ နဲ႔ အဖမ္းအဆီး ၾကမ္းေနလုိ႔ လည္း ပါတယ္။ သံုးတဲ့သူေရာ၊ ေရာင္းတဲ့ သူေရာက ေဆး႐ံု အတက္ျပၿပီး လာေရွာင္ေနတာေတြ ရိွတယ္။ ဖမ္းခံရ တဲ့သူ ေတြကုိ ဒီမွာဆီးလာစစ္ရတယ္။ ေန႔တုိင္းပဲ လက္ထိတ္ တန္းလန္း နဲ႔ ရဲေတြရံၿပီး ေရာက္လာၾကတာ မနည္းဘူး’’ ဟု ၿပီးခဲ့သည့္ ရက္ပုိင္းကမွ ေဆးျဖတ္ၿပီး ျပန္ဆင္းလာသူ ကုိေက်ာ္က ေျပာသည္။
ၿပီးေတာ့ ေဆး႐ံုမွာ သူျမင္ခဲ့ ရသည့္ ျမင္ကြင္းတစ္ခုအေပၚ ကုိေက်ာ္က ဆက္လက္ေျပာျပ သည္မွာ ‘‘ေဆး႐ံုလာတက္တဲ့ ဘိန္းစားေတြထဲမွာ အသက္ ဆယ့္ေလးငါးႏွစ္ေလာက္ ေကာင္ေလး ေတြေရာ၊ အသက္ (၇၀) နီးပါး အဘိုးႀကီးေတြ ေရာပါတယ္။ ၿပီးခဲ့တဲ့ ရက္ပုိင္းကပဲ ေကာင္မေလး ႏွစ္ေယာက္ ေဆး႐ံုဆင္းသြားၾကတာ။ အဲဒီထဲက တစ္ေယာက္က ဆင္းၿပီး မၾကာဘူး။ ဟုိတစ္ေန႔က ဆီးလာစစ္ တယ္။ ရဲဖမ္းခံ လိုက္ရတာ ေလ’’ဟု ျဖစ္သည္။
‘‘ေန႔တုိင္းဖမ္းတယ္။ ဒါေပ မဲ့ ဂုိဏ္းအႀကီးႀကီးေတာ့ မဟုတ္ဘူး။ သယ္ေပးတဲ့ သူတုိ႔၊ လက္လီေရာင္းတဲ့ သူတို႔ေလာက္ပဲ’’ဟု မူးယစ္ဗဟုိမွ အရာရိွႀကီးတစ္ဦးက ေျပာသည္။ မူးယစ္ေဆး၀ါး သံုးစြဲသူမ်ားကုိ မူးယစ္တပ္ဖဲြ႕က ဖမ္း ဆီးမိပါက ရြာသာႀကီးသုိ႔ ပို႔ေဆာင္ကာ ဆီးစစ္ေလ့ရိွၿပီး ဆီးမေအာင္ ပါက ေထာင္ဒဏ္ က်ခံၾကရသည္။
မူးယစ္ေဆး၀ါးႏွင့္ စိတ္ကို ေျပာင္းလဲေစေသာ ေဆး၀ါးမ်ား ဆုိင္ရာ ဥပေဒတြင္ ဘိန္းျဖဴ သံုးဂရမ္ အထက္၊ ဘိန္းစိမ္း ၁၀၀ ဂရမ္ အထက္ ေဆးေျခာက္ ၂၅ ဂရမ္ အထက္ေက်ာ္ပါက ေရာင္းခ်ရန္ အလု႔ိငွာ လက္၀ယ္ထားရိွမႈျဖင့္ အနည္းဆံုးေထာင္ဒဏ္ ၁၀ ႏွစ္ က်ခံရမည္ ျဖစ္ကာ သံုးစြဲသူျဖစ္ပါက အနည္းဆံုး သံုးႏွစ္မွ ငါးႏွစ္အထိ က်ခံရမည္ ျဖစ္သည္။
လက္ရွိတြင္ မူးယစ္ေဆး၀ါးအမႈမ်ားကုိ စီမံခ်က္ကာလသတ္ မွတ္၍ လိုက္လံေဖာ္ထုတ္ဖမ္းဆီး လ်က္ရိွၿပီး အထူးစစ္ဆင္ေရးမ်ား ျဖင့္ ေဆာင္ရြက္လ်က္ရိွသည္။ မူးယစ္ေဆး၀ါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕အင္အားကို တုိးခ်ဲ႕ထားၿပီး ယခင္မူးယစ္တပ္ဖဲြ႕စု ၂၆ စုသာ ဖဲြ႕စည္းထားရာမွ ယခုအခါ တပ္ဖဲြ႕စု ၅၀ အထိ တိုးခ်ဲ႕ ဖြဲ႕စည္းထား ေသာေၾကာင့္ ယခင္ကထက္ အင္အား ပိုမုိမ်ားျပားလာၿပီး ဖမ္းဆီးႏုိင္မႈ နယ္ပယ္လည္း ပိုမုိက်ယ္ျပန္႔လာ သည္။
မူးယစ္ရဲမ်ားအျပင္ ျပည္သူလူထုကလည္း အမ်ားျပည္သူ ဝင္ထြက္ သြားလာ သည့္ေနရာမ်ားတြင္ မူးယစ္ေဆးဝါးသံုးစဲြေန ျခင္း၊ ေရာင္းခ် ေနျခင္းတို႔ကုိ ေတြ႕ရွိပါ က မည္သူမဆုိ ဖမ္းဆီး သိမ္းဆည္း ခြင့္ ရိွၿပီး မူးယစ္ေဆးဝါး ဆန္႔က်င္ တိုက္ဖ်က္သည့္ လုပ္ငန္းမ်ားတြင္ ပူးေပါင္း ပါဝင္ႏုိင္ေၾကာင္း ဒုတိယ ရဲမွဴးႀကီး ေရႊညာေမာင္က ေျပာၾကား ထား သည္။
လတ္တေလာ ကာလတြင္ အဖမ္းအဆီး မ်ားေန႔စဥ္ ရိွလာၿပီး ေဆးသမား အမ်ားစုမွာ ေရွာင္ရွား လုိသျဖင့္လည္းေကာင္း၊ အျမန္ဆံုး ေဆးျဖတ္ လုိသျဖင့္လည္းေကာင္း ေဆး႐ံုသုိ႔ သြားေရာက္ၾက ရသည္။
ဘိန္းျဖတ္လိုသူမ်ားသည္ ရြာသာႀကီးသုိ႔ မသြားလုိပါက အျပင္ ေဆးခန္း အခ်ိဳ႕သုိ႔ တက္ကာ က်ိတ္ျဖတ္ေလ့ လည္းရိွၾကသည္။ သုိ႔ရာ တြင္ အဆိုပါအျပင္ေဆးခန္းမ်ားတြင္ ေဆးျဖတ္ရာ၌ ဘိန္းျဖဴျပတ္ သြားေသာ္လည္း ၎တို႔တုိက္ ေကြၽးသည့္ ေဆး၀ါးမ်ားကုိ ထပ္စဲြ သြားတတ္ေၾကာင္း ဘိန္းသံုးစြဲသူမ်ားက ေျပာၾကသည္။
‘‘တစ္ရက္ကုိ အနည္းဆံုး ႏွစ္ေသာင္းခြဲကုန္တယ္။ ဘိန္းျပတ္ေပမယ့္ သူတို႔တုိက္တဲ့ေဆးကုိ စြဲသြားေရာ။ အဲဒါနဲ႔ပဲ ေန႔တုိင္းအဲဒီ ေဆးခန္းကို သြားေနရတာနဲ႔ သံသရာလည္ေနေရာ’’ဟု ဘိန္းသမား တစ္ဦးက ေျပာသည္။ ပုိက္ဆံ မ်ားမ်ားတတ္ႏိုင္သူတုိ႔သာ အျပင္ ေဆးခန္းတြင္ တက္ေရာက္ႏုိင္ ေသာေၾကာင့္ ေဆးျဖတ္လိုသူ အမ်ားစုမွာ ရြာသာႀကီး စိတ္က်န္း မာေရးေဆး႐ံုရိွ ေဆးျဖတ္ေဆာင္ သို႔သာ သြားေရာက္ၾကျခင္းျဖစ္ သည္။
ေဆးလာျဖတ္ၾကသူတုိ႔အထဲ တြင္ ဘိန္းအမႈႏွင့္ ေထာင္ဒဏ္က် ခံဖူးသူမ်ားပါ၀င္သည္။ အိမ္ေထာင္ပ်က္၍ သားကြဲ၊ မယားကြဲ ျဖစ္ရသူ မ်ားလည္း ပါ၀င္သည္။ မိသားစုက လာေရာက္ ေဆး႐ံု တင္ သြား၍သာ တက္ေနရၿပီး ဘိန္းကို စိတ္မကုန္ေသးသူတို႔လည္း ပါဝင္သည္။ မိမိ ကုိယ္တိုင္ အသိစိတ္ ရိွရိွျဖင့္ တစ္သက္စာ လာျဖတ္ ေနသူမ်ား လည္း ပါ၀င္သည္။ ဘိန္းသမားမ်ားကေတာ့ တညီတၫြတ္ တည္း စကား တစ္ခြန္းသာ ေျပာ ၾကပါသည္။
‘‘ဘိန္းကုိ ဘယ္ေတာ့မွ နည္းနည္းေလးဆိုၿပီး သြားမစမိေစနဲ႔။ အဲဒါတစ္သက္လံုး ဘ၀ပ်က္ဖုိ႔ လမ္းစပဲ’’ဟူ၍ ျဖစ္သည္။
မိသားစုထံ ဖုန္းဆက္အၿပီးမွာ ကိုေက်ာ္က အင္တာဗ်ဴး လုပ္ေနသူ ဘက္ လွည့္ၿပံဳးျပၿပီး စီးကရက္ တစ္လိပ္ကို မီးညိႇကာ မၿပီးဆံုးေသး သည့္ စကားစကုိ ျပန္ဆက္သည္။
‘‘ရန္ကုန္ေရာ၊ မႏၲေလးေရာမွာ ဘိန္းစားေတြ ေပါလာတာ ပစၥည္းေတြ အလြယ္တကူရေနလို႔ ေပါ့။ စီမံခ်က္နဲ႔ ဖမ္းေနတယ္ ဆုိတာလည္း ေအာက္က အေရာင္းအဝယ္ လုပ္တဲ့သူေတြနဲ႔ သံုးစြဲတဲ့သူေတြကုိ လိုက္ဖမ္းေနတာ။ အဓိက ေခါင္ႀကီးေတြကုိ လႊတ္ေပးထားတာ အသိသာ ႀကီးပဲေလ။ ေနာက္ဆံုးေတာ့ သံုးစဲြတဲ့လူပဲ ေထာင္ဒဏ္ေတြ ႏွစ္ခ်ီက်ၿပီး နစ္နာရတာပဲ’’ ဟု ကိုေက်ာ္က သူ၏အျမင္ကို ရင္ဖြင့္ ေလသည္။
__________________________________________________________________________
#Unicode
ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံ မူးယစ်ဆေးဖြတ်ဌာန၏ အဆောင် တစ်ခုမှ ကော်ရစ်ဒါ လျှောက် လမ်း ကို ပိတ်ကာရံ ထားသည့် သံဆန်ခါ တံခါး တစ်ချပ် ပွင့်လာပြီး အဝတ်အစားထုပ်ကို လက်မှာ ဆွဲကာ အသက် (၃၀) ကျော် အရွယ် လူငယ် တစ်ဦး လှမ်းထွက် လာသည်။ အပြင်ဘက်မှာ လာရောက် စောင့်ကြိုနေသော ညီဖြစ်သူထံ လှမ်းပြုံး ပြကာ ညာဘက် လက်မတစ်ချောင်း ကိုလည်း ထောင်ပြ လိုက်ပါသည်။
သူက ငါးနှစ်ကျော်ကြာ ဘိန်းသမားတစ်ဦးဖြစ်ခဲ့ပြီး ဘိန်းဖြူ အပါအဝင် မူးယစ်ဆေး သံသရာထဲတွင် တဝဲလည်လည် ဖြစ်ခဲ့ရာမှ ဆေးရုံ သို့ တက်ရောက် ဆေးဖြတ်ကာ သတ်မှတ်ရက် ပြည့်မြောက် ၍ ပြန်ဆင်းလာသူ တစ်ဦးပင် ဖြစ်သည်။ သူက သူ့အမည်ကို ကိုကျော် ဟုသာ သုံးစွဲရန် မေတ္တာ ရပ်ခံခဲ့သည်။
ဆေးဖြတ်ထား၍ အနည်းငယ်နုံးချည့်နေဟန်ရှိသော်လည်း ဆေးပြတ် သွား၍ ပျော်ရွှင်နေပုံပေါ်သည်။ နယ်တွင် ကျန်ရစ် ခဲ့သည့် ဇနီးနှင့် သမီး ထံသို့ သူဆေးရုံမှ ဆင်းလာပြီ ဆိုသည့် အကြောင်းနှင့် ဆေးပြတ် သွားပြီ ဖြစ်သည့် အကြောင်းကို ဖုန်းဆက်၍ ပြောပြနေလေသည်။
‘‘အခုနောက်ပိုင်း မူးယစ်ဆေးဝါးထဲမှာ ဘိန်းဖြူသုံးတဲ့ လူငယ်တွေ မယုံနိုင်လောက်အောင် များလာ တယ်။ မြန်မာနိုင်ငံမှာ ဘိန်းစားတွေ တအားပေါလာပြီ’’ဟု ကိုကျော်ကပြောသည်။ ကိုယ်တိုင် ဆေးဖြတ် ထားပြီး လူကောင်းတစ်ဦး ပြန်ဖြစ်လာသည့် ကိုကျော်က သူကျင်လည် ခဲ့ဖူးသည့် ဘိန်းဖြူလောကနှင့် ပတ်သက်၍ မေးမြန်းသမျှ ဖြေဆိုရန် အသင့်ဖြစ်နေပါသည်။
‘‘ဘိန်းဖြူက စွဲငြိသွားရင် အရမ်းဖြတ်ရခက်တယ်။ နည်းနည်းလေးမှ မစမိတာ အကောင်းဆုံးပဲ။ တစ်ခါလောက် စမိတာနဲ့ တောက်လျှောက် ပါသွားတော့တာပဲ။ နောက်ဆုံးမှာ ဘဝ ပျက်ပြီး သချႋုင်းကုန်း ရောက်တာ ပဲ’’ဟု ကိုကျော်က ဆိုသည်။
‘‘လာတက်တဲ့သူတွေထဲမှာ ရ၀ ရာခိုင်နှုန်းက ဘိန်းသုံးတဲ့ သူတွေပါ။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းက WY လို စိတ်ကြွဆေးပြား သုံးတဲ့ သူတွေနဲ့ နောက် ၂၀ ရာခိုင်နှုန်းက ဆေးခြောက်နဲ့ တခြားဆေးပြားတွေ သုံးကြ တာပါ။ မိမိ သဘောဆန္ဒနဲ့ပဲ လာရောက်ဆေးကုသမှု ခံယူကြ ပါတယ်’’ ဟု ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံ မူးယစ်ဆေးဖြတ် ဌာနမှ တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာလှဌေးကလည်း ပြောကြား သည်။
ကိုကျော်၏ အပြောအရ သူ ဘိန်းဖြူသားကောင် ဖြစ်သွားရခြင်းမှာ အပေါင်းအသင်း ကြောင့်ဟု ဆိုရမည်ဖြစ်ပြီး တစ်ကြိမ်တစ်ခါ စမ်းကြည့် မိရာမှ နှစ်နှင့် ချီအောင် စွဲငြိ သွားခြင်း ဖြစ်သည်ဟု ဆိုသည်။ ကိုကျော်က မန္တလေးသား ဖြစ်ပြီး ယာဉ်မောင်းတစ်ဦးဖြစ်ကာ ဘိန်းဖြူ နှင့် အခြား မူးယစ်ဆေးဝါးများ အလွန်ပေါများသည့် ရှမ်းပြည်နယ်၏ နယ်စပ်မြို့များကို အခေါက်ခေါက်အခါခါ ရောက်ခဲ့သည်။
တစ်နေ့တွင် သူငယ်ချင်း ယာဉ်မောင်းတစ်ဦးက ဘိန်းဖြူမှုန့် များ ရောထည့်ထားသည့် စီးကရက် တစ်လိပ်ကို တိုက်လာပြီး ထိုစီးကရက် သောက်ပြီးသည် နှင့် ခေါင်းထဲတွင် မူးယစ်ရီဝေ လာကာ ကြံုရသော ခံစားမှုကို သူကြိုက်သွားသည် ဆိုပါသည်။ နောက်နေ့များမှာလည်း ထိုစီးကရက်မျိုးကို ဆက်သောက်ဖြစ်ပြီး တစ်ပတ်ခန့်ကြာသောအခါ ကိုကျော် တစ်ယောက် ဘိန်းစွဲသွားတော့သည်။
‘‘အဲဒီနေ့က စီးကရက်ပေးတဲ့ သူငယ်ချင်းနဲ့ မတွေ့ဘူး။ မသောက်ရ တော့ လူက တစ်ကိုယ်လုံး နုံးချည့်ပြီး အကြောအခြင်တွေ ကိုက်လာ တယ်။ နှာရည်တွေယို၊ နှာတွေ ဆက်တိုက်ချေပြီး ချွေးသီးချွေးပေါက် တွေ ကျတယ်။ ဝမ်းပျော့တွေ ခဏခဏသွားတယ်။ အဲဒါ ယင်း ကိုက်တာ ပေါ့။ အဲဒီမှာပဲ ငါတော့ ဘိန်းငြိသွားပြီဆိုတာ သိလိုက် တယ်။ သိပေမယ့် မနေနိုင်ဘူး။ နီးစပ်ရာ အဆက်အသွယ်ရှာပြီး ဘိန်းရမယ့် နေရာကိုသွားပြီး ရတော့ အမြန်ရှူပစ်လိုက်တော့မှ သက်သာ သွားတယ်။ အဲဒီက စတာပဲ’’ ဟု ကိုကျော်က သူဘိန်း စငြိသည့် နေ့ရက်ကို အမှတ်ရစွာ ပြန်ပြောပြသည်။
ဘိန်းကို စွဲလမ်းလာပြီးနောက် အချို့ရက်များတွင် အလုပ်ပင် ကောင်းကောင်း မလုပ်တော့ဘဲ ဘိန်းကို သာ ထိုင်ရှူ ဖြစ်နေခဲ့ကြောင်း သူက ဆိုသည်။ ဘိန်းဖြူသုံးစွဲမိသည်နှင့် ဘိန်းဖြူတွင် ပါ၀င်သည့် ဟီးရိုးအင်း အက်စစ် များက ဘိန်းသုံးစွဲသူတို့၏ ခန္ဓာကိုယ်အတွင်း ရိုးတွင်းခြင်ဆီထိအောင် လှိုက်စား ပစ်ခြင်းဖြစ်သည်။
‘‘ယင်းကိုက်တဲ့ ဒဏ်ကို ဘယ်ဘိန်းစားမှ မခံနိုင်ကြဘူး။ ဘိန်းယင်း တွေက ခန္ဓာကိုယ်ထဲမှာ လှိုက်စား နေတော့ မလုပ်ရရင် အရမ်းကိုက် တယ်။ တကယ်တမ်း ဘာမှ မလုပ်ဘဲ ကျိတ်ခံမယ်ဆိုရင် ငါးရက် လောက် လူးလိမ့်အောင်ခံမှ ပြတ်မယ်။ ဒါပေမဲ့ ဘယ်ဘိန်းစားမှ နာရီဝက်ပြည့်အောင် မခံနိုင်ကြဘူး။ ဒါကြောင့် ယင်းကိုက်လာရင် ဘိန်းပြေးရှာ ကြတာပဲ။ ဒီလိုနဲ့ပဲ ဒီလောကထဲမှာ မပြတ်နိုင်ဘဲ သံသရာ လည်နေကြတာ’’ ဟု တောင်ဥက္ကလာပတွင် နေထိုင်သော ဘိန်းစွဲငြိသူ တစ်ဦးက ပြောပြသည်။
ဘိန်းရှူခြင်း၊ ဘိန်းထိုးခြင်းတို့ကို နေ့စဉ် ပြုလုပ်နိုင်ရန်အတွက် ဘိန်းသမား များအဖို့ ကြံုရသည့် အခက်အခဲမှာ ငွေကြေး ပိုင်း ဆိုင်ရာ ဖြစ်သည်။ ထို့ကြောင့် ဘိန်းကို စွဲလမ်းမိပါက လိုအပ် သော ငွေကြေးကို မရရအောင် ရှာကြံရာမှ စာရိတ္တ ယိုယွင်းမှု များ၊ ဒုစရိုက်မှုများပါ ကျူးလွန် လာတတ် ကြသည်။
ဘိန်းဖြူလောကတွင် အကြောတွင်းသို့ ဆေးထိုးအပ်နှင့် ထိုးသွင်းသူ က များပြားပြီး အနည်းစုက အမှုန့်ကို ခဲစက္ကူပြား ပေါ်တင်၍ မီးရှို့ကာ ထွက်လာသည့်အငွေ့ကို ရှူကြကြောင်း သုံးစွဲဖူးသူများ ကပြောသည်။
ကုလသမဂ္ဂမူးယစ်ဆေးဝါး နှင့် မှုခင်းဆိုင်ရာရုံး (UNODC) က မြန်မာနိုင်ငံ တွင် မူးယစ်ဆေးဝါး သုံးစွဲနေသူပေါင်း တစ်သိန်း ခုနစ်သောင်း ငါးထောင် ခန့်ရှိမည်ဟု ခန့်မှန်းထားသော်လည်း လက်တွေ့ ဆောင်ရွက်နေသည့် အတွေ့အကြံုများအရ တစ်နိုင်ငံလုံး တွင် ဆေးသုံးစွဲသူ ခြောက်သိန်းခန့်ရှိမည်ဟု မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့က ပြောထားသည်။
ထိုခြောက်သိန်းခန့် အရေအတွက်အရ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် နေ့စဉ် မိသားစုဝင်ငွေ ကျပ်သိန်းပေါင်း ခြောက်သိန်းခန့် ဆုံးရှုံး နေကြောင်းလည်း ထိုအဖွဲ့ က ခန့်မှန်း ထားသည်။ ဆေးသုံးစွဲသူ တစ်ဦး၏ကုန်ကျစရိတ်ကို တစ်နေ့လျှင် တစ်သောင်းကျပ်နှုန်းဖြင့် တွက်ချက် ထားခြင်း ဖြစ်သည်။
‘‘ဘိန်းစားဖြစ်သွားရင် သုံးစမှာတော့ ပိုက်ဆံတတ်နိုင်ကြပေမယ့် ကြာလာရင်တော့ သူဌေးသားလည်း မခံနိုင်တော့ဘူး။ ပိုက်ဆံရှိတဲ့ လူက ကားရောင်း၊ အိမ်ရောင်းဖြစ်ကုန်ပြီး ပိုက်ဆံမရှိလူကျတော့ ဘိန်းဖိုး ရဖို့အတွက် ဘာမဆို လုပ်တော့တဲ့ ဘဝရောက်သွားတာပဲ။ ယင်းကိုက်နေပြီ ဆိုရင် ဘာကိုမှ မျက်စိထဲ မမြင်တော့ဘူး။ ကိုယ့် နောက်က မိသားစု ကိုလည်း မမြင်တော့ဘူး။ ကိုယ်ယင်း ကိုက် တာ ပြေပျောက်ဖို့ အတွက်ပဲ ခေါင်းထဲရှိတော့တယ်။ အဲဒီမှာ နောက်ဆုံး အိမ်က ပစ္စည်းတွေ ထုတ်ရောင်း၊ မရှိတော့ရင် ခိုးဆိုးလုယက် ဆိုတာ တွေ ဖြစ်လာ တတ်တာ’’ ဟု ရန်ကင်းတွင် နေထိုင်ပြီး ကိုယ်တိုင် ဘိန်းဖြူသားကောင် ဘဝ ရောက်ရှိနေကာ အရောင်းအဝယ် လည်း လုပ်နေသူတစ်ဦးက ပြောပြသည်။
ထို့အပြင် ဘိန်းဖြူကို အကြောထဲ ထိုးသွင်း၍ ပမာဏများသွားပါက အိုဗာဖြစ်ပြီး အပ်တန်းလန်းနှင့်ပင် သေဆုံးသွားသည့် ဇာတ်လမ်း များစွာ ရှိခဲ့၊ ရှိနေဆဲပင် ဖြစ်သည်။ ‘‘ဘိန်းစားလောကမှာ ပိုက်ဆံ တတ်နိုင်လို့ ဘိန်းထိုးနိုင်တဲ့ကောင်က ဆရာမဟုတ်ဘူး။ ပမာဏ မတက်လာအောင် ထိန်းနိုင်တဲ့ ကောင်က ဆရာပဲ’’ဟု ဆေးမှုဖြင့် ထောင်ဒဏ်ခြောက်နှစ်ကျခံဖူးပြီး ယခုအခါ ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံတွင် ဆေးဖြတ်ထားသည့် မြောက်ဒဂုံ မြို့နယ်နေ ဘိန်းသမားဟောင်း တစ်ဦးက ပြောပါသည်။
ပြီးတော့ တစ်ယောက်အပ်ကို တစ်ယောက်ယူသုံးခြင်း ပြုလုပ်မိပါက လည်း အေဘီစီရောဂါများကို လျင်မြန်စွာ ကူးစက် စေနိုင်သည်။ ယနေ့ခေတ် ဘိန်းသမားများကတော့ တစ်ခါသုံး ဆေးထိုး အပ်ကို မိမိတစ်ဦးတည်း ဝယ်ယူ သုံးစွဲပြီး အခြားသူနှင့် အတူ မထိုးပါဟု ပြောကြသည်။
ထိုသို့မလိုလားအပ်သည့် ရောဂါများမဖြစ်ကြစေရန် ရန်ကုန်တွင် သင်္ဃန်းကျွန်းနှင့် ကမာရွတ် လှည်းတန်းတို့တွင် ဖွင့်လှစ်ထားသည့် အင်န်ဂျီအိုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဘားနတ် (ခေါ်) DIC ဆုံစည်းရိပ်မြံု စင်တာက ဆေးထိုးအပ်၊ အရက်ပြန်စက္ကူ၊ ကွန်ဒုံး၊ မိုးရေ စသည်တို့ကို စာအိတ်အညိုများ အတွင်း ထည့်၍ ဘိန်းသမားများထံ နေ့စဉ်ဝေငှလျက်ရှိသည်။
လူသားများကို ကောင်းကျိုး မရှိစေဘဲ ဆိုးကျိုးများသာ တန်းစီ လက်ခံ ရရှိလာစေသည့် ဘိန်းဖြူများက မည်သည့်လမ်းကြောင်းမှ ဝင်ရောက် နေပါသနည်း။ ဘိန်းသမားလောကသားတို့ကတော့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ နေပြည်တော်နှင့် ပြီးခဲ့သည့် ၂၀၁၃-၁၄ ဘိန်းစိုက် ရာသီအတွင်း မြန်မာတစ်နိုင်ငံလုံး တွင် မိသားစု နှစ်သိန်း ကျော် က ဘိန်းစိုက်ဧရိယာ ဟက်တာပေါင်း ငါးသောင်း ခုနစ်ထောင့် ရှစ်ရာကို စိုက်ပျိုးခဲ့ကြပြီး ဘိန်းစိမ်းတန်ချိန် ၈၇၀ ထွက်ရှိခဲ့သည်။ သို့သော် ၂၀၁၄ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖျက်ဆီးနိုင် သည့် ဘိန်းပမာဏ ကတော့ တစ်တန်ပင် လောက်လောက်လားလား မပြည့်ခဲ့ပေ။
အစိုးရက ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၃-၁၄ အထိ ၁၅ နှစ်စီမံကိန်း ချမှတ်ဆောင်ရွက်ခဲ့ရာတွင် ၂၀၀၆ အထိသာ ဘိန်းစိုက်ပျိုးမှုနှုန်းကျ ဆင်းခဲ့ပြီး ၂၀၀၇ မှစ၍ ပြန်လည် မြင့်တက်လာခဲ့သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က လွှတ်တော်တွင် ၀န်ခံသွားခဲ့ပါပြီ။
အာဆီယံနိုင်ငံများက ၂၀၁၅ တွင် ဘိန်းကင်းမဲ့ဇုန်ဖြစ်ရေး မဟာဗျူဟာချမှတ်ထားကြသော်လည်း မြန်မာနိုင်ငံကတော့ ဘိန်းကင်းစင် ပပျောက်ရေး စီမံကိန်းကြီးကို နောက်ထပ် ငါးနှစ် သက်တမ်း တိုး၍ ၂၀၁၉ အထိ ဆောင်ရွက်မည်ဟု ကြေညာ လိုက်ရပြီ ဖြစ်သည်။
ထို့အပြင် ဦးသိန်းစိန်အစိုးရ က ၂၀၁၄ အတွင်း မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း အောင်မြင်ရမည်ဟု ကြွေးကြော် ပါသော်လည်း UNODC အစီရင်ခံစာ တွေ့ရှိချက်တွင် ၂၀၁၂ ကထက်ပင် ထုတ်လုပ်မှု နှုန်း ၂၆ ရာခိုင်နှုန်း တိုးလာသည်ဟု ဖော်ပြခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ဘိန်းဖြူအပါအဝင် မူးယစ်ဆေးဝါးကို သုံးစွဲသူ အရေအတွက် သည် ၂၀၁၂ နောက်ပိုင်းတွင် သုံးဆမက မြင့်တက် လာခဲ့ပြီး ဖမ်းဆီးရမိမှုများသည်လည်း တစ်နှစ်ထက် တစ်နှစ် တိုးတက် များပြားလာနေသည်။
လွန်ခဲ့သည့် ၂၀၁၃ က ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖမ်းဆီး ရမိသည့် မူးယစ်ဆေးဝါးများ တန်ဖိုးမှာ ငါးဘီလီယံ ကျော်ရှိခဲ့ သော်လည်း ပြီးခဲ့သည့် ၂၀၁၄ မှာ တော့ ရှစ်လအတွင်း ဖမ်းဆီး ရမိသည့် တန်ဖိုးမှာ ငွေကျပ် ၁၁ ဘီလီယံကျော်ပင် ရှိခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းဇယား များတွင် ဖော်ပြ ထားသည်။ ရန်ကုန်တွင် မူးယစ်ဆေးဝါးအများ ဆုံး ဖမ်းဆီးရမိသည့် မြို့နယ်များ မှာ မင်္ဂလာတောင်ညွန့်နှင့် သာကေတ တို့ဖြစ်ကြောင်း လည်း ပါရှိသည်။
ဘိန်းစိုက်ပျိုးမှု များပြားသည့် ဒေသမှ တအာင်းန်(ပလောင်) အမျိုးသမီး အဖွဲ့အစည်းကတော့ ဘိန်း စိုက်ပျိုးမှု နောက်ကွယ်တွင် တရုတ်များ အပြင် အစိုးရနှင့် ပြည် တွင်းစီးပွားရေးသမား ခရိုနီများ ပါဝင် ပတ်သက် နေပါသည်ဟု စွပ် စွဲထားပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍကို ဘိန်းထုတ်လုပ် ရောင်းချ ရာမှ ရရှိလာသည့် ငွေမည်းများဖြင့် အဓိက လည်ပတ်နေကြောင်း နယူးယောက်တိုင်းမ် သတင်းစာတွင် ပါရှိသည့် မူးယစ်ဆေးကုန်သွယ်မှုအကျိုးအမြတ် ဖြင့် မတည် ထားသော မြန်မာ့ စီးပွားရေး ဆောင်းပါးတွင် ဆောင်းပါးရှင် သောမတ်ဖူလာ က ဖွင့်ချ ထားသည်။
မြန်မာအပါအဝင် ကမ္ဘာ တွင် မူးယစ်ဆေးဝါးထုတ်လုပ်မှု လျှော့ချရေး ကို ဆောင်ရွက်လာကြသည်မှာ နှစ် ၅၀ ပင် ရှိလာပြီ ဖြစ်သော်လည်း ထူးထူးခြားခြား တိုးတက်လာခြင်းမရှိဘဲ သုံးစွဲသူ များသာ ပိုမို တိုးပွား လာသဖြင့် မူဝါဒပိုင်းကို ပြန်လည် စဉ်းစားရန် လိုအပ်လာပြီး ထုတ်လုပ်မှု လျှော့ ချရေးထက် သုံးစွဲမှု လျှော့ချရေး ကို ဦးစားပေး လုပ်ဆောင်ရန် လိုအပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းဌာနမှ ဒုတိယရဲမှူးကြီး ဇော်လင်းထွန်းက မှတ်ချက်ချထား သည်။
ရန်ကုန်မြို့တွင် ဘိန်းဖြူ အပါအဝင် မူးယစ်ဆေးဝါး ပျံ့နှံ့မှု အရှိန် အဟုန်မြင့်စွာ အားကောင်းလာနေ ပြီး ဘိန်းဖြူသုံးစွဲသည့် လူငယ်များ လည်း တစ်နေ့တခြား ပေါများလာ နေသည်။ ထိုအခြေအနေကို ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံရှိ မူးယစ်ဆေးဖြတ်ဆောင် သို့ သွားရောက် လေ့လာပါက ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။
‘‘အရင်က ဒီလောက် မများဘူး။ အခုသင်္ကြန်တွင်းကလည်း လာဖြတ်တဲ့ လူများတယ်။ အခု မေ နဲ့ ဇွန်လဆန်း မှာတင် ဆေးဖြတ် အဆောင် Hall နှစ်ဆောင်မှာ လာတက်တဲ့သူ အယောက် ရ၀ ကျော် လောက်ရှိတယ်’’ဟု ဆေးဖြတ် ဆောင်တွင် တာဝန်ကျ ဝန်ထမ်း တစ်ဦးက ပြောပြသည်။
မူးယစ်ဆေးဝါးများသုံးစွဲမှု တွင် WY၊ ICE၊ ဆေးခြောက် စသည်တို့မှာ စွဲငြိမှုမရှိသလောက် ပင်ဖြစ်ပြီး ဘိန်းဖြူကတော့ စွဲငြိ တတ်သော ကြောင့် ဆေးလာဖြတ်သူများအားလုံးလိုလိုမှာ ဘိန်းသုံးစွဲ သူများ ဖြစ်သည်ဟု သိရသည်။ အခြားမူးယစ်ဆေးဝါးများမှာ မိမိ မသုံးစွဲ လိုပါက ရပ်လိုက်ရန် လွယ်ကူပြီး ဘိန်းဖြူ စွဲငြိသူကတော့ တနေ့မှ ရက်ပြတ်၍ မရဘဲ ယင်းထသည့် ဝေဒနာကို ဆိုးရွားစွာ ခံစား ကြရသည် ဟု ဆိုကြသည်။ ထို့ကြောင့် ဘိန်းဖြူ စွဲငြိသူများမှာ ဖြတ် လိုပါက ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံသို့ သွားရောက် ကြရပြီး အပြီးဖြတ်လိုပါက TO (OP) (ခေါ်) ဘိန်းမည်းကို တင်ချာ နှင့် ဖျော်စပ် ထားသည့် ဆေးရည်သောက်ကာ ဖြတ်ရ၍ မက်သာဒုန်း ဆေးရည်ကို ခြောက်လခန့် စွဲသောက်သွားရသည့် နည်းနှင့်လည်း ဖြတ်ကြသည်။
‘‘အခုဆေးရုံမှာ ဆေးဖြတ်တဲ့သူတွေများလာတာက အပြင်မှာ စီမံချက် နဲ့ အဖမ်းအဆီး ကြမ်းနေလို့ လည်း ပါတယ်။ သုံးတဲ့သူရော၊ ရောင်းတဲ့ သူရောက ဆေးရုံ အတက်ပြပြီး လာရှောင်နေတာတွေ ရှိတယ်။ ဖမ်းခံရ တဲ့သူ တွေကို ဒီမှာဆီးလာစစ်ရတယ်။ နေ့တိုင်းပဲ လက်ထိတ် တန်းလန်း နဲ့ ရဲတွေရံပြီး ရောက်လာကြတာ မနည်းဘူး’’ ဟု ပြီးခဲ့သည့် ရက်ပိုင်းကမှ ဆေးဖြတ်ပြီး ပြန်ဆင်းလာသူ ကိုကျော်က ပြောသည်။
ပြီးတော့ ဆေးရုံမှာ သူမြင်ခဲ့ ရသည့် မြင်ကွင်းတစ်ခုအပေါ် ကိုကျော်က ဆက်လက်ပြောပြ သည်မှာ ‘‘ဆေးရုံလာတက်တဲ့ ဘိန်းစားတွေထဲမှာ အသက် ဆယ့်လေးငါးနှစ်လောက် ကောင်လေး တွေရော၊ အသက် (၇၀) နီးပါး အဘိုးကြီးတွေ ရောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကောင်မလေး နှစ်ယောက် ဆေးရုံဆင်းသွားကြတာ။ အဲဒီထဲက တစ်ယောက်က ဆင်းပြီး မကြာဘူး။ ဟိုတစ်နေ့က ဆီးလာစစ် တယ်။ ရဲဖမ်းခံ လိုက်ရတာ လေ’’ဟု ဖြစ်သည်။
‘‘နေ့တိုင်းဖမ်းတယ်။ ဒါပေ မဲ့ ဂိုဏ်းအကြီးကြီးတော့ မဟုတ်ဘူး။ သယ်ပေးတဲ့ သူတို့၊ လက်လီရောင်းတဲ့ သူတို့လောက်ပဲ’’ဟု မူးယစ်ဗဟိုမှ အရာရှိကြီးတစ်ဦးက ပြောသည်။ မူးယစ်ဆေးဝါး သုံးစွဲသူများကို မူးယစ်တပ်ဖွဲ့က ဖမ်း ဆီးမိပါက ရွာသာကြီးသို့ ပို့ဆောင်ကာ ဆီးစစ်လေ့ရှိပြီး ဆီးမအောင် ပါက ထောင်ဒဏ် ကျခံကြရသည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေတွင် ဘိန်းဖြူ သုံးဂရမ် အထက်၊ ဘိန်းစိမ်း ၁၀၀ ဂရမ် အထက် ဆေးခြောက် ၂၅ ဂရမ် အထက်ကျော်ပါက ရောင်းချရန် အလို့ငှာ လက်ဝယ်ထားရှိမှုဖြင့် အနည်းဆုံးထောင်ဒဏ် ၁၀ နှစ် ကျခံရမည် ဖြစ်ကာ သုံးစွဲသူဖြစ်ပါက အနည်းဆုံး သုံးနှစ်မှ ငါးနှစ်အထိ ကျခံရမည် ဖြစ်သည်။
လက်ရှိတွင် မူးယစ်ဆေးဝါးအမှုများကို စီမံချက်ကာလသတ် မှတ်၍ လိုက်လံဖော်ထုတ်ဖမ်းဆီး လျက်ရှိပြီး အထူးစစ်ဆင်ရေးများ ဖြင့် ဆောင်ရွက်လျက်ရှိသည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အင်အားကို တိုးချဲ့ထားပြီး ယခင်မူးယစ်တပ်ဖွဲ့စု ၂၆ စုသာ ဖွဲ့စည်းထားရာမှ ယခုအခါ တပ်ဖွဲ့စု ၅၀ အထိ တိုးချဲ့ ဖွဲ့စည်းထား သောကြောင့် ယခင်ကထက် အင်အား ပိုမိုများပြားလာပြီး ဖမ်းဆီးနိုင်မှု နယ်ပယ်လည်း ပိုမိုကျယ်ပြန့်လာ သည်။
မူးယစ်ရဲများအပြင် ပြည်သူလူထုကလည်း အများပြည်သူ ဝင်ထွက် သွားလာ သည့်နေရာများတွင် မူးယစ်ဆေးဝါးသုံးစွဲနေ ခြင်း၊ ရောင်းချ နေခြင်းတို့ကို တွေ့ရှိပါ က မည်သူမဆို ဖမ်းဆီး သိမ်းဆည်း ခွင့် ရှိပြီး မူးယစ်ဆေးဝါး ဆန့်ကျင် တိုက်ဖျက်သည့် လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်နိုင်ကြောင်း ဒုတိယ ရဲမှူးကြီး ရွှေညာမောင်က ပြောကြား ထား သည်။
လတ်တလော ကာလတွင် အဖမ်းအဆီး များနေ့စဉ် ရှိလာပြီး ဆေးသမား အများစုမှာ ရှောင်ရှား လိုသဖြင့်လည်းကောင်း၊ အမြန်ဆုံး ဆေးဖြတ် လိုသဖြင့်လည်းကောင်း ဆေးရုံသို့ သွားရောက်ကြ ရသည်။
ဘိန်းဖြတ်လိုသူများသည် ရွာသာကြီးသို့ မသွားလိုပါက အပြင် ဆေးခန်း အချို့သို့ တက်ကာ ကျိတ်ဖြတ်လေ့ လည်းရှိကြသည်။ သို့ရာ တွင် အဆိုပါအပြင်ဆေးခန်းများတွင် ဆေးဖြတ်ရာ၌ ဘိန်းဖြူပြတ် သွားသော်လည်း ၎င်းတို့တိုက် ကျွေးသည့် ဆေးဝါးများကို ထပ်စွဲ သွားတတ်ကြောင်း ဘိန်းသုံးစွဲသူများက ပြောကြသည်။
‘‘တစ်ရက်ကို အနည်းဆုံး နှစ်သောင်းခွဲကုန်တယ်။ ဘိန်းပြတ်ပေမယ့် သူတို့တိုက်တဲ့ဆေးကို စွဲသွားရော။ အဲဒါနဲ့ပဲ နေ့တိုင်းအဲဒီ ဆေးခန်းကို သွားနေရတာနဲ့ သံသရာလည်နေရော’’ဟု ဘိန်းသမား တစ်ဦးက ပြောသည်။ ပိုက်ဆံ များများတတ်နိုင်သူတို့သာ အပြင် ဆေးခန်းတွင် တက်ရောက်နိုင် သောကြောင့် ဆေးဖြတ်လိုသူ အများစုမှာ ရွာသာကြီး စိတ်ကျန်း မာရေးဆေးရုံရှိ ဆေးဖြတ်ဆောင် သို့သာ သွားရောက်ကြခြင်းဖြစ် သည်။
ဆေးလာဖြတ်ကြသူတို့အထဲ တွင် ဘိန်းအမှုနှင့် ထောင်ဒဏ်ကျ ခံဖူးသူများပါ၀င်သည်။ အိမ်ထောင်ပျက်၍ သားကွဲ၊ မယားကွဲ ဖြစ်ရသူ များလည်း ပါ၀င်သည်။ မိသားစုက လာရောက် ဆေးရုံ တင် သွား၍သာ တက်နေရပြီး ဘိန်းကို စိတ်မကုန်သေးသူတို့လည်း ပါဝင်သည်။ မိမိ ကိုယ်တိုင် အသိစိတ် ရှိရှိဖြင့် တစ်သက်စာ လာဖြတ် နေသူများ လည်း ပါ၀င်သည်။ ဘိန်းသမားများကတော့ တညီတညွတ် တည်း စကား တစ်ခွန်းသာ ပြော ကြပါသည်။
‘‘ဘိန်းကို ဘယ်တော့မှ နည်းနည်းလေးဆိုပြီး သွားမစမိစေနဲ့။ အဲဒါတစ်သက်လုံး ဘဝပျက်ဖို့ လမ်းစပဲ’’ဟူ၍ ဖြစ်သည်။
မိသားစုထံ ဖုန်းဆက်အပြီးမှာ ကိုကျော်က အင်တာဗျူး လုပ်နေသူ ဘက် လှည့်ပြံုးပြပြီး စီးကရက် တစ်လိပ်ကို မီးညှိကာ မပြီးဆုံးသေး သည့် စကားစကို ပြန်ဆက်သည်။
‘‘ရန်ကုန်ရော၊ မန္တလေးရောမှာ ဘိန်းစားတွေ ပေါလာတာ ပစ္စည်းတွေ အလွယ်တကူရနေလို့ ပေါ့။ စီမံချက်နဲ့ ဖမ်းနေတယ် ဆိုတာလည်း အောက်က အရောင်းအဝယ် လုပ်တဲ့သူတွေနဲ့ သုံးစွဲတဲ့သူတွေကို လိုက်ဖမ်းနေတာ။ အဓိက ခေါင်ကြီးတွေကို လွှတ်ပေးထားတာ အသိသာ ကြီးပဲလေ။ နောက်ဆုံးတော့ သုံးစွဲတဲ့လူပဲ ထောင်ဒဏ်တွေ နှစ်ချီကျပြီး နစ်နာရတာပဲ’’ ဟု ကိုကျော်က သူ၏အမြင်ကို ရင်ဖွင့် လေသည်။
Credit : ဥကၠာကိုကို