Update News
recent

ဘီလီယံနာ သူေဌးမ်ား ခ်မ္းသာႂကြယ္ဝမႈ ေနာက္ကြယ္က ျမန္မာအလုပ္သမမ်ား

#Zawgyi
က်ဥ္းေျမာင္းသည့္ သစ္သားအိမ္ေလးတလံုးမွာ အထည္ခ်ဳပ္စက္႐ံုမွ အလုပ္သမားအမ်ိဳးသမီးငယ္ေလးမ်ား စုေပါင္းေနထိုင္ ၾကသည္။ အိမ္ထဲတြင္ လူမ်ားၾကိဳက္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ စတားမ်ား၏ ႐ုပ္ပံုမ်ားကို ရြာမွာ က်န္ရစ္ခဲ့သည့္ သူတို႔မိဘမ်ား၏ ဓာတ္ပံုေဘးတြင္ ေတြ႔ရသည္။ အိမ္ထဲတြင္ သန္႔ရွင္းေနေသာ္လည္း အျပင္က ၀င္လာသည့္ အနံ႔အသက္ ေတြကိုေတာ့ ေရွာင္ရွားလို႔ မရပါ။

ညီအစ္မ ၃ ဦးႏွင့္ ၀မ္းကြဲ ညီအစ္မ တဦးတို႔သည္ အေမရိကန္၊ အဂၤလန္ႏွင့္ အျခားႏိုင္ငံမ်ားအတြက္ GAP၊ Primark၊ H&M ႏွင့္ Tesco အစရွိသည့္ အ၀တ္အထည္မ်ား ထုတ္လုပ္ေပးေနသည့္ အထည္ခ်ဳပ္ စက္႐ံုမ်ားတြင္ အလုပ္လုပ္ေနသူမ်ား ျဖစ္ၾကသည္။ သူတို႔က Oxfam (ဆင္းရဲမြဲေတမႈ တိုက္ဖ်က္ေရးႏွင့္ လူမႈတရားမွ်တမႈ ရရွိေရးအတြက္ အစိုးရမ်ားကို ေတာင္းဆိုဖိအားေပးေသာ ေအာက္စ္ဖို႕ဒ္အေျခစိုက္ အျပည္ျပည္ဆိုင္ရာ အဖြဲ႕အစည္း) ႏွင့္ အတူ အလုပ္သမားတို႔၏ ဘ၀အေျခအေနတိုးတက္ေရးအတြက္ ေဆာင္ရြက္ေနေသာ အလုပ္သမားအခြင့္အေရး အဖြဲ႔အစည္းတခုႏွင့္ ပတ္သက္ေနသူမ်ားလည္း ျဖစ္ၾကသည္။

က်ေနာ္တို႔ သူတို႕ အိမ္ေလးထဲ ေရာက္လာခဲ့သည္မွာ စက္႐ံုအတြင္းမွ သူတို႔၏ အေတြ႔အႀကံဳမ်ားကို နားေထာင္ဖို႔ ျဖစ္သည္။ ျမန္မာႏိုင္ငံ၏ အထည္ခ်ဳပ္လုပ္ငန္း က႑သည္ လွ်င္လွ်င္ျမန္ျမန္ တိုးတက္လာေနၿပီး အလုပ္သမား ၃၀၀၀၀၀ ၀န္းက်င္ရွိေနသည္။ သူတို႔ထဲမွ ၉၀ ရာခိုင္ႏႈန္းမွာ အမ်ိဳးသမီးမ်ား ျဖစ္ၿပီး အမ်ားစုမွာ အသက္ ၂၅ ႏွစ္ေအာက္မ်ား ျဖစ္ၾကသည္။

ပ်မ္းမွ် တေန႔လွ်င္ အေမရိကန္ ၂.၈ ေဒၚလာခန္႔ရွိသည့္ ၀င္ေငြက ဘ၀ရပ္တည္မႈအတြက္ မလံုေလာက္ပါ။ Oxfam မွ လတ္တေလာျပဳလုပ္ခဲ့သည့္ စစ္တမ္းေကာက္ယူမႈအရ အထည္ခ်ဳပ္လုပ္သား တ၀က္နီးပါးခန္႔မွာ အေၾကြးထဲတြင္ နစ္ေနၿပီး အစားအစာ၊ ေဆး၀ါးႏွင့္ ခရီးစရိတ္ စသည့္ အေျခခံ လိုအပ္ခ်က္မ်ားအတြက္ ေငြေခ်းယူသံုးစြဲေနၾကရသည္။ သူတို႔သည္ တေန႔ အလုပ္ခ်ိန္ ၁၁ နာရီ အထိလုပ္ရၿပီး တပတ္လွ်င္ ၆ ရက္ အလုပ္ဆင္းရသည္။ နာမက်န္းခြင့္ကို တရား၀င္ သတ္မွတ္ ထားေသာ္လည္း ခံစားခြင့္ မရသေလာက္ပင္ ျဖစ္သည္။ မျဖစ္ႏိုင္သည့္ ထုတ္လုပ္ေရး သတ္မွတ္ခ်က္ကို ျပည့္မီရန္အတြက္ ညဘက္အထိ အလုပ္လုပ္ၾကရသည္ဟု အမ်ားစုက ေျပာသည္။ တခါတရံတြင္ မနက္ ၆ နာရီခြဲခန္႔ ေရာက္သည္အထိ စက္ခ်ဳပ္ၾကရၿပီး ၇ နာရီခြဲတြင္ ျပန္စၾကရသည္။ လုပ္ငန္းခြင္ အႏၲရာယ္ကင္းရွင္းေရးက အထူးပင္ စိုးရိမ္စရာျဖစ္ေနသည္။ တိုင္ၾကားမႈ ၃ ခုတြင္ လုပ္ငန္းခြင္တြင္ ထိခိုက္မႈက တခု ပါ၀င္ေနသည္။ ထြက္ေပါက္မ်ားကို ပိတ္ဆို႔ထားသည့္အတြက္ စက္႐ံုမီးေလာင္မည္ကို အမ်ားစုက စိုးရိမ္ေနၾကသည္။

က်ေနာ္တို႔ ျမန္မာႏိုင္ငံသို႔ သြားေရာက္ခဲ့သည့္ ရက္သတၱပတ္အတြင္း Oxfam ၏ “An Economy for the 1%” အမည္ရွိ အစီရင္ခံစာက ဆြစ္ဇာလန္ႏိုင္ငံ Davos တြင္ က်င္းပေသာ ကမာၻ႔စီးပြားေရးဖိုရမ္ကို လႈပ္ခတ္ေစခဲ့သည္။ ဘီလီယံနာ ၆၂ ဦးက အဆင္းရဲဆံုး ကမာၻ႔ လူဦးေရ တ၀က္၏ ပိုင္ဆိုင္မႈနီးနီး ပိုင္ဆိုင္ေနၾကသည္ကို အစီရင္ခံစာတြင္ ေဖာ္ျပခဲ့သည္။ ထို႔ျပင္ ကမာၻ႔ စီးပြားေရးစနစ္က ၁ ရာခိုင္ႏႈန္းေသာ ထိပ္တန္းပုဂၢိဳလ္မ်ားကို မ်က္ႏွာသာေပးခဲ့သည္ဟုလည္း ေဖာ္ျပထားသည္။ ၿပီးခဲ့သည့္ ၁၅ ႏွစ္အတြင္း ကမာၻ႕စီးပြားေရး တိုးတက္မႈ၏ တ၀က္ကို ၎တို႔က ခံစားခဲ့ၾကရၿပီး ေအာက္ေျခအဆင့္မွ ၅၀ ရာခိုင္ႏႈန္းက တိုးတက္မႈ ၁ ရာခိုင္ႏႈန္းမွ်သာ ရရွိခဲ့ၾကပါသည္။

ကမာၻ႔ အခ်မ္းသာဆံုး ဘီလီယံနာ ၆၂ ဦးထဲမွ ၄ ဦးမွာ ဖက္ရွင္လုပ္ငန္းျဖင့္ ႀကီးပြားခဲ့ၾကျခင္းက စိတ္၀င္စားဖြယ္ ျဖစ္သည္။ စပိန္ႏိုင္ငံမွ Amancio Ortega သည္ အေမရိကန္ေဒၚလာ ၆၄ ဘီလီယံ ခ်မ္းသာၾကြယ္၀ၿပီး အ၀တ္အထည္ လုပ္ငန္းႀကီး တခုျဖစ္သည့္ Inditex ၏ အႀကီးအကဲျဖစ္သည္။ ဆြီဒင္ႏိုင္ငံမွ Stefan Persson သည္ H&M အ၀တ္အထည္ လုပ္ငန္း၏ အစုရွယ္ယာ ၂၈ ရာခိုင္ႏႈန္းကို ပိုင္ဆိုင္ထားသည့္ ဥကၠဌျဖစ္ၿပီး သူ၏ ခ်မ္းသာၾကြယ္၀မႈက အေမရိကန္ ေဒၚလာ ၂၄ ဘီလီယံ ျဖစ္သည္။ ဂ်ပန္ႏိုင္ငံမွ Tadashi Yanai သည္ Uniqlo ကို ပိုင္ဆိုင္ၿပီး သူ၏ ၾကြယ္၀မႈက အေမရိကန္ ေဒၚ လာ ၂၀ ဘီလီယံ ရွိသည္။ နာမည္ေက်ာ္ Nike ကုမၸဏီ၏ ဥကၠဌအျဖစ္ ၂၀၁၅ ခုႏွစ္ ဇြန္လအထိ ၅၁ ႏွစ္ၾကာ တာ၀န္ယူခဲ့ေသာ Phil Knight က အေမရိကန္ေဒၚလာ ၂၁ ဘီလီယံ ပိုင္ဆိုင္ထားသည္။

H&M က ျမန္မာႏိုင္ငံရွိ စက္႐ံုမ်ားမွ အ၀တ္အထည္မ်ား ၀ယ္ယူေနၿပီး Uniqlo ကလည္း ထိုသို႔ ျပဳလုပ္ရန္ စဥ္းစားေနသည္။ Inditex သည္ ကမ႓ာ႕အထည္ခ်ဳပ္လုပ္ငန္းတြင္ ေထာက္ပံံ့မႈကြင္းဆက္မ်ားကို ပိုမိုတိုေတာင္းေစၿပီး ထုတ္လုပ္ေရး ၾကာျမင့္ခ်ိန္ကို ေလွ်ာ့ခ်သည့္ ပံုစံကို ဦးေဆာင္ခဲ့သူျဖစ္သည္။ ယခုအခါတြင္ ထိုပံုစံက ဖက္ရွင္ေလာကတြင္ စံႏႈန္း ျဖစ္ေနသည္။ သို႔ေသာ္လည္း ထိုသို႔ုျပဳလုပ္ျခင္းက ထုတ္လုပ္သူမ်ားႏွင့္ သူတို႔၏ အလုပ္သမားမ်ား အေပၚ ဖိအားႀကီးမားစြာ သက္ေရာက္ေစသည္။ အခ်ိန္ပို အတင္း ဆင္းခိုင္းျခင္း၊ လုပ္ခ လစာကို အတတ္ႏိုင္ဆံုး ေလွ်ာ့ခ်ႏိုင္ေအာင္ ဖိအားေပးျခင္းမ်ား ေပၚေပါက္လာေစသည္။

H & M က ျမန္မာႏိုင္ငံတြင္ မည္သည့္ စက္႐ံုမ်ားတြင္ ထုတ္လုပ္ခဲ့သည္ဆိုျခင္းကို ထုတ္ျပန္ေပးခဲ့သည္။ နာမည္ေက်ာ္ ကုန္အမွတ္တံဆိပ္ အမ်ားအျပားက ထိုသို႔ ျပဳလုပ္ရန္ ျငင္းဆန္ခဲ့ၾကပါသည္။ က်ေနာ္၏ လုပ္ေဖာ္ကိုင္ဖက္တဦးက “နာမည္ေက်ာ္ အမွတ္တံဆိပ္တခုက ဒီအ၀တ္အစားေတြကို ဘယ္မွာထုတ္လုပ္တယ္ ဆိုတာ ဘာေၾကာင့္ ဖံုးကြယ္ထားခ်င္ၾကသလဲလို႔ အေၾကာင္းျပခ်က္ေကာင္းတခု စဥ္းစားလို႔ ရႏိုင္မလား” ဟု ေ၀ဖန္ခဲ့သည္။ H&M ႏွင့္ Inditex ၂ ခုလံုးက လုပ္ခလစာနည္းပါးမႈႏွင့္ ပတ္သက္၍ ေျဖရွင္းရန္ စတင္ေဆာင္ရြက္ခဲ့ၾကသည္။ ကမာၻ႔အဆင့္ အလုပ္သမား အဖြဲ႔အစည္း တခု ျဖစ္သည့္ IndustriALL ႏွင့္ သေဘာတူညီခ်က္ တခုကို လက္မွတ္ေရးထိုးခဲ့ၾကသည္။ သို႔ေသာ္လည္း ၂၀၀၁ ခုႏွစ္ မွ ၂၀၁၁ ခုႏွစ္ကာလအတြင္းတြင္ ကမာၻ႔ထိပ္တန္း အ၀တ္အထည္တင္ပို႔သည့္ ႏိုင္ငံ ၁၅ ခုမွ အထည္ခ်ဳပ္လုပ္သား အမ်ားစု၏ လစာေငြမွာ အမွန္တကယ္ သတ္မွတ္ထားသည္ထက္ နည္းပါးေနဆဲ ျဖစ္သည္။

ကမာၻ႔ဆင္းရဲ ႏြမ္းပါးမႈကို ေလွ်ာ့ခ်ႏိုင္ရန္ အကူအညီေပးျခင္းထက္ စီးပြားေရးစနစ္တခုတခုအေပၚ ခဲျဖင့္ ပစ္ေပါက္ျပီး Oxfam က အရင္းရွင္စနစ္ကို ဆန္႔က်င္ေနသည္ဟု စြပ္စြဲမႈမ်ား ရွိသည္။ အမွန္တကယ္ တိုးတက္မႈမ်ားလည္း ရွိခဲ့ပါသည္။ က်ေနာ္တို႔ေတြ႔ခဲ့သည့္ အမ်ိဳးသမီးငယ္မ်ားသည္ ယခုအခါ အနိမ့္ဆံုး ၀င္ေငြသတ္မွတ္ခ်က္ ျဖစ္သည့္ တေန႔လွ်င္ ၁.၉ ေဒၚလာထက္ ပိုမို၍ ရရွိေနၾကၿပီ ျဖစ္သည္။ ထို႔ေၾကာင့္ ဆင္းရဲႏြမ္းပါးသူအျဖစ္ တရား၀င္ သတ္မွတ္ခံရျခင္း မရွိေတာ့ပါ။ သို႔ေသာ္ ဒီေလာက္ျဖင့္ အမွန္တကယ္ ေကာင္းမြန္လံုေလာက္ၿပီလား။

အရင္းရွင္စနစ္၏ စြမ္းအားက ျပည္သူတို႔၏ ဘ၀ကို အသြင္ေျပာင္းလဲႏိုင္ေၾကာင္း Oxfam က အသိအမွတ္ျပဳပါသည္။ သို႔ေသာ္လည္း ေစ်းကြက္အေပၚ လုံးလုံး အေျခခံသည့္ပံုစံက ပ်က္ယြင္းက်ဆင္းေနၿပီဟု က်ေနာ္တို႔ ယံုၾကည္သည္။ Davos တြင္ ျဖန္႕ခ်ိခဲ့ေသာ က်ေနာ္တို႔၏ အစီရင္ခံစာႏွင့္ ပတ္သက္၍ ကြန္ဆာေဗးတစ္ပါတီ၀င္ လႊတ္ေတာ္ အမတ္ေဟာင္း Matthew Paris က The Times သတင္းစာတြင္ အေကာင္းဆုံး ေရးသားခဲ့ရာ ယေန႔ ေခတ္ အရင္းရွင္စနစ္ကို ကာကြယ္ရန္ ႀကိဳးစားေနသူမ်ားကို နားေထာင္ရသည့္အခါတိုင္း ကြန္ျမဴနစ္မ်ားက ဆိုဗီယက္ျပည္ ေထာင္စုကို ကာကြယ္ရန္ ႀကိဳးစားခဲ့သည္မ်ားကို သတိရမိေစသည္ဟု ဆိုသည္။ “ေတြ႔ေနရတဲ့ အရင္းရွင္၀ါဒ ၾကီးၾကီးမားမား က်႐ႈံးတိုင္း က်ေနာ္တို႕ ေစ်းကြက္ လစ္ဘရယ္ေတြ ဘယ္ေလာက္ထိ ၾကာၾကာ ပခုံးတြန္႕ၾကဦးမွာလဲ။ လြတ္လပ္တဲ့ ေစ်းကြက္ကို ရာစုသစ္မွာ ထပ္ကာကြယ္ဖို႕ဆို ဒီမတရားခိုင္းေစခံရသူေတြဟာ အလယ္အလတ္ လက်္ာသမားေတြက လ်စ္လ်ဴ႐ႈဖို႕ထက္ ပိုျပီး ဘာမွျဖစ္လာႏိုင္မွာ မဟုတ္ဘူး”ဟု သူက ေရးသားခဲ့သည္။

သမိုင္းတေလွ်ာက္ကိုၾကည့္မည္ဆိုလွ်င္ ကေလးလုပ္သား သံုးစြဲမႈ ရပ္တန္႔ေရး၊ တေန႔လွ်င္ ၁၀ နာရီသာ အလုပ္လုပ္ေရး၊ သီတင္းပတ္ကုန္ရက္မ်ားတြင္ အလုပ္ပိတ္ေရး၊ ပိတ္ရက္မ်ားတြင္ လစာရရွိေရး၊ နာမက်န္းခြင့္ ခံစားစဥ္ လစာရရွိေရး၊ သာမန္လူတန္းစားမ်ား သင့္တင့္ေလွ်ာက္ပတ္သည့္ ဘ၀တြင္ ေနထုိင္ႏိုင္ေရးအတြက္ တိုက္ပြဲ၀င္ခဲ့သူမ်ားသည္ အရင္းရွင္ စနစ္ ကို ဆန္႔က်င္သူမ်ား မဟုတ္ခဲ့ၾကပါ။ ပိုမိုေကာင္းမြန္ေအာင္ လုပ္ေပးႏိုင္မည္ဟု ယံုၾကည္ခဲ့သူမ်ားသာ ျဖစ္ပါသည္။ ယခင္က တက္ၾကြလႈပ္ရွားသူမ်ားကို မိုက္မဲသူမ်ား သို႔မဟုတ္ ဆန္႔က်င္သူမ်ားအျဖစ္ သေဘာထားခဲ့ၾကသည္။ သို႔ေသာ္ သူတို႔က က်ေနာ္တို႔ ယခုအခါတြင္ ျမင္ေတြ႔ေနရသည့္ တိုးတက္ေသာ လူ႔အဖြဲ႔အစည္းအတြက္ တိုက္ပြဲ၀င္ခဲ့ၾကျခင္း ျဖစ္သည္။

ယခုအခါ က်ေနာ္တို႔ ဆက္လက္တိုက္ပြဲ၀င္ၾကရမည္ ျဖစ္သည္။ အရင္းရွင္းစနစ္က ထိပ္တန္း ၁ ရာခိုင္ႏႈန္းအစား လူမ်ားစုအတြက္ ျဖစ္လာရန္ က်ေနာ္တို႔ ျပဳလုပ္ဖို႔ လိုအပ္ပါသည္။ လုပ္လည္း လုပ္ႏိုင္ပါသည္။ ဥပမာျပရလွ်င္ ကုမၸဏီႀကီးမ်ား အေနျဖင့္လည္း အလုပ္သမားဥပေဒ ေကာင္းမြန္သည့္ ႏိုင္ငံမ်ားကို အေျခခံေရး၊ စက္႐ံုမ်ားက ဘ၀ရပ္တည္ေရး လုံေလာက္သည့္ လုပ္ခလစာမ်ား ေပးႏိုင္မည့္ စီးပြားေရး နည္းလမ္းမ်ား က်င့္သံုးေရးႏွင့္ အလုပ္သမားမ်ားက စီမံခန္႔ခြဲသူမ်ားႏွင့္ လြတ္လပ္စြာ ညွိႏိႈင္းတိုင္ပင္ႏိုင္ေရးမ်ားအတြက္ ကတိျပဳႏိုင္ရမည္ ျဖစ္သည္။

ပိုမို၍ လူသားဆန္သည့္ စီးပြားေရးတခု တည္ေဆာက္ရန္ က်ေနာ္တို႔တြင္ စြမ္းရည္၊ နည္းပညာ ႏွင့္ စိတ္ကူးစိတ္သန္းမ်ား ရွိပါသည္။ လူ လက္တဆုပ္စာကိုသာ အက်ိဳးစီးပြား ျဖစ္ထြန္းေစသည့္ အလြန္အကၽြံ ခ်မ္းသာၾကြယ္၀မႈမ်ား အဆံုးသတ္ကိုလည္း က်ေနာ္တို႔ ျမင္ေတြ႔ရႏိုင္ပါသည္။

ျမန္မာႏိုင္ငံမွ အမ်ိဳးသမီးငယ္ေလးမ်ားက သူတို႔၏ အခြင့္အေရးအတြက္ ေလ့လာေနသည္ကို က်ေနာ္ျမင္ရေသာအခါ၊ ထိုင္းႏိုင္ငံႏွင့္ ကေမာၻဒီးယားႏိုင္ငံမွ အထည္ခ်ဳပ္လုပ္သားမ်ား၏ တိုက္ပြဲေအာင္ျမင္ေနသည္ကို ေတြ႔ရသည့္အခါ အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္မ်ား ျပည့္လာပါသည္။ ပိုမို၍ ေကာင္းမြန္ေသာ၊ လြတ္လပ္ေသာ အနာဂတ္အတြက္ သူတို႔ တိုက္ပြဲ၀င္ၾကပါလိမ့္မည္။ သူတို႔ကို ကူညီဖို႔ က်ေနာ္လုပ္ႏိုင္တာ အားလံုး က်ေနာ္ လုပ္ေပးခ်င္ပါသည္။

(oxfamblogs.org ပါ Max Lawson ၏ From Sweatshops to Switzerland, the women in Myanmar behind the billionaires’ fortunes ကို ဘာသာျပန္ဆိုသည္။ Max Lawson သည္ Oxfam အဖြဲ႕၏ Head of Global Campaigns ျဖစ္ျပီး မၾကာေသးမီက ျမန္မာျပည္သို႕ ေလ့လာေရးခရီး လာေရာက္လည္ပတ္ခဲ့သည္။)
____________________________________________________________________
#Unicode
ကျဉ်းမြောင်းသည့် သစ်သားအိမ်လေးတလုံးမှာ အထည်ချုပ်စက်ရုံမှ အလုပ်သမားအမျိုးသမီးငယ်လေးများ စုပေါင်းနေထိုင် ကြသည်။ အိမ်ထဲတွင် လူများကြိုက် ရုပ်ရှင်သရုပ်ဆောင် စတားများ၏ ရုပ်ပုံများကို ရွာမှာ ကျန်ရစ်ခဲ့သည့် သူတို့မိဘများ၏ ဓာတ်ပုံဘေးတွင် တွေ့ရသည်။ အိမ်ထဲတွင် သန့်ရှင်းနေသော်လည်း အပြင်က ၀င်လာသည့် အနံ့အသက် တွေကိုတော့ ရှောင်ရှားလို့ မရပါ။

ညီအစ်မ ၃ ဦးနှင့် ၀မ်းကွဲ ညီအစ်မ တဦးတို့သည် အမေရိကန်၊ အင်္ဂလန်နှင့် အခြားနိုင်ငံများအတွက် GAP၊ Primark၊ H&M နှင့် Tesco အစရှိသည့် အဝတ်အထည်များ ထုတ်လုပ်ပေးနေသည့် အထည်ချုပ် စက်ရုံများတွင် အလုပ်လုပ်နေသူများ ဖြစ်ကြသည်။ သူတို့က Oxfam (ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနှင့် လူမှုတရားမျှတမှု ရရှိရေးအတွက် အစိုးရများကို တောင်းဆိုဖိအားပေးသော အောက်စ်ဖို့ဒ်အခြေစိုက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း) နှင့် အတူ အလုပ်သမားတို့၏ ဘဝအခြေအနေတိုးတက်ရေးအတွက် ဆောင်ရွက်နေသော အလုပ်သမားအခွင့်အရေး အဖွဲ့အစည်းတခုနှင့် ပတ်သက်နေသူများလည်း ဖြစ်ကြသည်။

ကျနော်တို့ သူတို့ အိမ်လေးထဲ ရောက်လာခဲ့သည်မှာ စက်ရုံအတွင်းမှ သူတို့၏ အတွေ့အကြုံများကို နားထောင်ဖို့ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်း ကဏ္ဍသည် လျှင်လျှင်မြန်မြန် တိုးတက်လာနေပြီး အလုပ်သမား ၃၀၀၀၀၀ ၀န်းကျင်ရှိနေသည်။ သူတို့ထဲမှ ၉၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ပြီး အများစုမှာ အသက် ၂၅ နှစ်အောက်များ ဖြစ်ကြသည်။

ပျမ်းမျှ တနေ့လျှင် အမေရိကန် ၂.၈ ဒေါ်လာခန့်ရှိသည့် ၀င်ငွေက ဘဝရပ်တည်မှုအတွက် မလုံလောက်ပါ။ Oxfam မှ လတ်တလောပြုလုပ်ခဲ့သည့် စစ်တမ်းကောက်ယူမှုအရ အထည်ချုပ်လုပ်သား တဝက်နီးပါးခန့်မှာ အကြွေးထဲတွင် နစ်နေပြီး အစားအစာ၊ ဆေးဝါးနှင့် ခရီးစရိတ် စသည့် အခြေခံ လိုအပ်ချက်များအတွက် ငွေချေးယူသုံးစွဲနေကြရသည်။ သူတို့သည် တနေ့ အလုပ်ချိန် ၁၁ နာရီ အထိလုပ်ရပြီး တပတ်လျှင် ၆ ရက် အလုပ်ဆင်းရသည်။ နာမကျန်းခွင့်ကို တရားဝင် သတ်မှတ် ထားသော်လည်း ခံစားခွင့် မရသလောက်ပင် ဖြစ်သည်။ မဖြစ်နိုင်သည့် ထုတ်လုပ်ရေး သတ်မှတ်ချက်ကို ပြည့်မီရန်အတွက် ညဘက်အထိ အလုပ်လုပ်ကြရသည်ဟု အများစုက ပြောသည်။ တခါတရံတွင် မနက် ၆ နာရီခွဲခန့် ရောက်သည်အထိ စက်ချုပ်ကြရပြီး ရ နာရီခွဲတွင် ပြန်စကြရသည်။ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးက အထူးပင် စိုးရိမ်စရာဖြစ်နေသည်။ တိုင်ကြားမှု ၃ ခုတွင် လုပ်ငန်းခွင်တွင် ထိခိုက်မှုက တခု ပါ၀င်နေသည်။ ထွက်ပေါက်များကို ပိတ်ဆို့ထားသည့်အတွက် စက်ရုံမီးလောင်မည်ကို အများစုက စိုးရိမ်နေကြသည်။

ကျနော်တို့ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ရက်သတ္တပတ်အတွင်း Oxfam ၏ “An Economy for the 1%” အမည်ရှိ အစီရင်ခံစာက ဆွစ်ဇာလန်နိုင်ငံ Davos တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်ကို လှုပ်ခတ်စေခဲ့သည်။ ဘီလီယံနာ ၆၂ ဦးက အဆင်းရဲဆုံး ကမ္ဘာ့ လူဦးရေ တဝက်၏ ပိုင်ဆိုင်မှုနီးနီး ပိုင်ဆိုင်နေကြသည်ကို အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ထို့ပြင် ကမ္ဘာ့ စီးပွားရေးစနစ်က ၁ ရာခိုင်နှုန်းသော ထိပ်တန်းပုဂ္ဂိုလ်များကို မျက်နှာသာပေးခဲ့သည်ဟုလည်း ဖော်ပြထားသည်။ ပြီးခဲ့သည့် ၁၅ နှစ်အတွင်း ကမ္ဘာ့စီးပွားရေး တိုးတက်မှု၏ တဝက်ကို ၎င်းတို့က ခံစားခဲ့ကြရပြီး အောက်ခြေအဆင့်မှ ၅၀ ရာခိုင်နှုန်းက တိုးတက်မှု ၁ ရာခိုင်နှုန်းမျှသာ ရရှိခဲ့ကြပါသည်။

ကမ္ဘာ့ အချမ်းသာဆုံး ဘီလီယံနာ ၆၂ ဦးထဲမှ ၄ ဦးမှာ ဖက်ရှင်လုပ်ငန်းဖြင့် ကြီးပွားခဲ့ကြခြင်းက စိတ်ဝင်စားဖွယ် ဖြစ်သည်။ စပိန်နိုင်ငံမှ Amancio Ortega သည် အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံ ချမ်းသာကြွယ်ဝပြီး အဝတ်အထည် လုပ်ငန်းကြီး တခုဖြစ်သည့် Inditex ၏ အကြီးအကဲဖြစ်သည်။ ဆွီဒင်နိုင်ငံမှ Stefan Persson သည် H&M အဝတ်အထည် လုပ်ငန်း၏ အစုရှယ်ယာ ၂၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် ဥက္ကဌဖြစ်ပြီး သူ၏ ချမ်းသာကြွယ်ဝမှုက အမေရိကန် ဒေါ်လာ ၂၄ ဘီလီယံ ဖြစ်သည်။ ဂျပန်နိုင်ငံမှ Tadashi Yanai သည် Uniqlo ကို ပိုင်ဆိုင်ပြီး သူ၏ ကြွယ်ဝမှုက အမေရိကန် ဒေါ် လာ ၂၀ ဘီလီယံ ရှိသည်။ နာမည်ကျော် Nike ကုမ္ပဏီ၏ ဥက္ကဌအဖြစ် ၂၀၁၅ ခုနှစ် ဇွန်လအထိ ၅၁ နှစ်ကြာ တာဝန်ယူခဲ့သော Phil Knight က အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံ ပိုင်ဆိုင်ထားသည်။

H&M က မြန်မာနိုင်ငံရှိ စက်ရုံများမှ အဝတ်အထည်များ ၀ယ်ယူနေပြီး Uniqlo ကလည်း ထိုသို့ ပြုလုပ်ရန် စဉ်းစားနေသည်။ Inditex သည် ကမ႓ာ့အထည်ချုပ်လုပ်ငန်းတွင် ထောက်ပံံ့မှုကွင်းဆက်များကို ပိုမိုတိုတောင်းစေပြီး ထုတ်လုပ်ရေး ကြာမြင့်ချိန်ကို လျှော့ချသည့် ပုံစံကို ဦးဆောင်ခဲ့သူဖြစ်သည်။ ယခုအခါတွင် ထိုပုံစံက ဖက်ရှင်လောကတွင် စံနှုန်း ဖြစ်နေသည်။ သို့သော်လည်း ထိုသို့ုပြုလုပ်ခြင်းက ထုတ်လုပ်သူများနှင့် သူတို့၏ အလုပ်သမားများ အပေါ် ဖိအားကြီးမားစွာ သက်ရောက်စေသည်။ အချိန်ပို အတင်း ဆင်းခိုင်းခြင်း၊ လုပ်ခ လစာကို အတတ်နိုင်ဆုံး လျှော့ချနိုင်အောင် ဖိအားပေးခြင်းများ ပေါ်ပေါက်လာစေသည်။

H & M က မြန်မာနိုင်ငံတွင် မည်သည့် စက်ရုံများတွင် ထုတ်လုပ်ခဲ့သည်ဆိုခြင်းကို ထုတ်ပြန်ပေးခဲ့သည်။ နာမည်ကျော် ကုန်အမှတ်တံဆိပ် အများအပြားက ထိုသို့ ပြုလုပ်ရန် ငြင်းဆန်ခဲ့ကြပါသည်။ ကျနော်၏ လုပ်ဖော်ကိုင်ဖက်တဦးက “နာမည်ကျော် အမှတ်တံဆိပ်တခုက ဒီအဝတ်အစားတွေကို ဘယ်မှာထုတ်လုပ်တယ် ဆိုတာ ဘာကြောင့် ဖုံးကွယ်ထားချင်ကြသလဲလို့ အကြောင်းပြချက်ကောင်းတခု စဉ်းစားလို့ ရနိုင်မလား” ဟု ဝေဖန်ခဲ့သည်။ H&M နှင့် Inditex ၂ ခုလုံးက လုပ်ခလစာနည်းပါးမှုနှင့် ပတ်သက်၍ ဖြေရှင်းရန် စတင်ဆောင်ရွက်ခဲ့ကြသည်။ ကမ္ဘာ့အဆင့် အလုပ်သမား အဖွဲ့အစည်း တခု ဖြစ်သည့် IndustriALL နှင့် သဘောတူညီချက် တခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော်လည်း ၂၀၀၁ ခုနှစ် မှ ၂၀၁၁ ခုနှစ်ကာလအတွင်းတွင် ကမ္ဘာ့ထိပ်တန်း အဝတ်အထည်တင်ပို့သည့် နိုင်ငံ ၁၅ ခုမှ အထည်ချုပ်လုပ်သား အများစု၏ လစာငွေမှာ အမှန်တကယ် သတ်မှတ်ထားသည်ထက် နည်းပါးနေဆဲ ဖြစ်သည်။

ကမ္ဘာ့ဆင်းရဲ နွမ်းပါးမှုကို လျှော့ချနိုင်ရန် အကူအညီပေးခြင်းထက် စီးပွားရေးစနစ်တခုတခုအပေါ် ခဲဖြင့် ပစ်ပေါက်ပြီး Oxfam က အရင်းရှင်စနစ်ကို ဆန့်ကျင်နေသည်ဟု စွပ်စွဲမှုများ ရှိသည်။ အမှန်တကယ် တိုးတက်မှုများလည်း ရှိခဲ့ပါသည်။ ကျနော်တို့တွေ့ခဲ့သည့် အမျိုးသမီးငယ်များသည် ယခုအခါ အနိမ့်ဆုံး ၀င်ငွေသတ်မှတ်ချက် ဖြစ်သည့် တနေ့လျှင် ၁.၉ ဒေါ်လာထက် ပိုမို၍ ရရှိနေကြပြီ ဖြစ်သည်။ ထို့ကြောင့် ဆင်းရဲနွမ်းပါးသူအဖြစ် တရားဝင် သတ်မှတ်ခံရခြင်း မရှိတော့ပါ။ သို့သော် ဒီလောက်ဖြင့် အမှန်တကယ် ကောင်းမွန်လုံလောက်ပြီလား။

အရင်းရှင်စနစ်၏ စွမ်းအားက ပြည်သူတို့၏ ဘဝကို အသွင်ပြောင်းလဲနိုင်ကြောင်း Oxfam က အသိအမှတ်ပြုပါသည်။ သို့သော်လည်း စျေးကွက်အပေါ် လုံးလုံး အခြေခံသည့်ပုံစံက ပျက်ယွင်းကျဆင်းနေပြီဟု ကျနော်တို့ ယုံကြည်သည်။ Davos တွင် ဖြန့်ချိခဲ့သော ကျနော်တို့၏ အစီရင်ခံစာနှင့် ပတ်သက်၍ ကွန်ဆာဗေးတစ်ပါတီဝင် လွှတ်တော် အမတ်ဟောင်း Matthew Paris က The Times သတင်းစာတွင် အကောင်းဆုံး ရေးသားခဲ့ရာ ယနေ့ ခေတ် အရင်းရှင်စနစ်ကို ကာကွယ်ရန် ကြိုးစားနေသူများကို နားထောင်ရသည့်အခါတိုင်း ကွန်မြူနစ်များက ဆိုဗီယက်ပြည် ထောင်စုကို ကာကွယ်ရန် ကြိုးစားခဲ့သည်များကို သတိရမိစေသည်ဟု ဆိုသည်။ “တွေ့နေရတဲ့ အရင်းရှင်ဝါဒ ကြီးကြီးမားမား ကျရှုံးတိုင်း ကျနော်တို့ စျေးကွက် လစ်ဘရယ်တွေ ဘယ်လောက်ထိ ကြာကြာ ပခုံးတွန့်ကြဦးမှာလဲ။ လွတ်လပ်တဲ့ စျေးကွက်ကို ရာစုသစ်မှာ ထပ်ကာကွယ်ဖို့ဆို ဒီမတရားခိုင်းစေခံရသူတွေဟာ အလယ်အလတ် လကျ်ာသမားတွေက လျစ်လျူရှုဖို့ထက် ပိုပြီး ဘာမှဖြစ်လာနိုင်မှာ မဟုတ်ဘူး”ဟု သူက ရေးသားခဲ့သည်။

သမိုင်းတလျှောက်ကိုကြည့်မည်ဆိုလျှင် ကလေးလုပ်သား သုံးစွဲမှု ရပ်တန့်ရေး၊ တနေ့လျှင် ၁၀ နာရီသာ အလုပ်လုပ်ရေး၊ သီတင်းပတ်ကုန်ရက်များတွင် အလုပ်ပိတ်ရေး၊ ပိတ်ရက်များတွင် လစာရရှိရေး၊ နာမကျန်းခွင့် ခံစားစဉ် လစာရရှိရေး၊ သာမန်လူတန်းစားများ သင့်တင့်လျှောက်ပတ်သည့် ဘဝတွင် နေထိုင်နိုင်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူများသည် အရင်းရှင် စနစ် ကို ဆန့်ကျင်သူများ မဟုတ်ခဲ့ကြပါ။ ပိုမိုကောင်းမွန်အောင် လုပ်ပေးနိုင်မည်ဟု ယုံကြည်ခဲ့သူများသာ ဖြစ်ပါသည်။ ယခင်က တက်ကြွလှုပ်ရှားသူများကို မိုက်မဲသူများ သို့မဟုတ် ဆန့်ကျင်သူများအဖြစ် သဘောထားခဲ့ကြသည်။ သို့သော် သူတို့က ကျနော်တို့ ယခုအခါတွင် မြင်တွေ့နေရသည့် တိုးတက်သော လူ့အဖွဲ့အစည်းအတွက် တိုက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါ ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်ကြရမည် ဖြစ်သည်။ အရင်းရှင်းစနစ်က ထိပ်တန်း ၁ ရာခိုင်နှုန်းအစား လူများစုအတွက် ဖြစ်လာရန် ကျနော်တို့ ပြုလုပ်ဖို့ လိုအပ်ပါသည်။ လုပ်လည်း လုပ်နိုင်ပါသည်။ ဥပမာပြရလျှင် ကုမ္ပဏီကြီးများ အနေဖြင့်လည်း အလုပ်သမားဥပဒေ ကောင်းမွန်သည့် နိုင်ငံများကို အခြေခံရေး၊ စက်ရုံများက ဘဝရပ်တည်ရေး လုံလောက်သည့် လုပ်ခလစာများ ပေးနိုင်မည့် စီးပွားရေး နည်းလမ်းများ ကျင့်သုံးရေးနှင့် အလုပ်သမားများက စီမံခန့်ခွဲသူများနှင့် လွတ်လပ်စွာ ညှိနှိုင်းတိုင်ပင်နိုင်ရေးများအတွက် ကတိပြုနိုင်ရမည် ဖြစ်သည်။

ပိုမို၍ လူသားဆန်သည့် စီးပွားရေးတခု တည်ဆောက်ရန် ကျနော်တို့တွင် စွမ်းရည်၊ နည်းပညာ နှင့် စိတ်ကူးစိတ်သန်းများ ရှိပါသည်။ လူ လက်တဆုပ်စာကိုသာ အကျိုးစီးပွား ဖြစ်ထွန်းစေသည့် အလွန်အကျွံ ချမ်းသာကြွယ်ဝမှုများ အဆုံးသတ်ကိုလည်း ကျနော်တို့ မြင်တွေ့ရနိုင်ပါသည်။

မြန်မာနိုင်ငံမှ အမျိုးသမီးငယ်လေးများက သူတို့၏ အခွင့်အရေးအတွက် လေ့လာနေသည်ကို ကျနော်မြင်ရသောအခါ၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံမှ အထည်ချုပ်လုပ်သားများ၏ တိုက်ပွဲအောင်မြင်နေသည်ကို တွေ့ရသည့်အခါ အနာဂတ်အတွက် မျှော်လင့်ချက်များ ပြည့်လာပါသည်။ ပိုမို၍ ကောင်းမွန်သော၊ လွတ်လပ်သော အနာဂတ်အတွက် သူတို့ တိုက်ပွဲဝင်ကြပါလိမ့်မည်။ သူတို့ကို ကူညီဖို့ ကျနော်လုပ်နိုင်တာ အားလုံး ကျနော် လုပ်ပေးချင်ပါသည်။

(oxfamblogs.org ပါ Max Lawson ၏ From Sweatshops to Switzerland, the women in Myanmar behind the billionaires’ fortunes ကို ဘာသာပြန်ဆိုသည်။ Max Lawson သည် Oxfam အဖွဲ့၏ Head of Global Campaigns ဖြစ်ပြီး မကြာသေးမီက မြန်မာပြည်သို့ လေ့လာရေးခရီး လာရောက်လည်ပတ်ခဲ့သည်။)

#Credit   Irrawaddy

aung  yein chan

aung yein chan

Powered by Blogger.