( ဧပရယ္ ဖူးလ္ေန႔အေၾကာင္း ဗဟုသုတအေနနဲ႔ တင္ေပးလိုက္ပါတယ္ )
#Zawgyi
ဧပရယ္လ္ဖူးလ္ေန႔ကို အဘိဓာန္မွာ လက္ေတြ႔က်တဲ့
ရီစရာလုပ္တဲ့ေန႔လို႔ေရးတယ္။ ဒီေန႔သမိုင္းက အမ်ိဳးမ်ိဳးရွိတယ္။ ၁၅ဝဝ
ေက်ာ္ကတည္းကလို႔ ဆိုတာလည္းရွိတယ္။ ဒါေပမယ့္ ရွိတ္စပီးယားရ့ဲ စာေတြထဲမွာ
တစိုးတစိမွမပါဘူးလို႔ မယံုသူေတြကဆိုတယ္။
ျပကၡဒိန္ေျပာင္းသီအိုရီ ၁၅၆၄
ခုႏွစ္တံုးက ျပင္သစ္ကစတယ္လို႔ ယူဆႏိုင္တယ္။ အရင္ေခတ္ျပကၡဒိန္ေတြမွာ
ႏွစ္အစဟာမတ္လျဖစ္လာတယ္။ဂရီဂိုးရီးယန္းျပကၡဒိန္ကို ေျပာင္းလိုက္ေတာ့
ႏွစ္သစ္ကူးေန႔က ဇႏၷဝါရီလ (၁) ရက္ ျဖစ္လာတယ္။ ခရစ္ယန္ေတြက ႏွစ္သစ္ကူးေန႔ကို
တန္ဘိုးထားၾကတယ္။ တခ်ိဳ႕လူေတြက ဧျပီ (၁) ရက္မွာ ႏွစ္သစ္ကူးေန႔က်င္းပလို႔
အဲတာကို April fools ဧျပီအရူးေတြေန႔လို႔ ေျပာင္ေခၚၾကတယ္။ေက်ာင္းသားေတြက
အခ်င္းခ်င္းကို ေနာက္ေက်ာမွာ ငါးရုပ္စတာေတြကပ္ျပီး ေနာက္ေျပာင္ၾကတယ္။
စေကာ့တလန္ မွာေတာ့ ၂ ရက္ၾကာတယ္။ အရူးလုပ္ခံရသူေတြကို Gowks (Cuckoo birds)
ဥၾသငွက္ေတြလို႔ ေျပာေလ့ရွိတယ္။ ဒုတိယေန႔ကို Taily Day လို႔ေခၚတယ္။ Pranks
အရူးလုပ္သူ၊ ဒုကၡေပးသူ၊ ေနာက္ေျပာင္သူေတြက ေနာက္ဖက္ကေန လုပ္ၾကတယ္။ Kick me
signs ဆိုတာ အဲဒီကေနလာတယ္။ အဂၤလန္နဲ႔ ကေနဒါမွာ ဧျပီလ (၁) ရက္ေန႔
မနက္ခင္းမွာသာ ေနာက္ေျပာင္ၾကတယ္။
အထင္ကရ ဧပရယ္ဖူးလ္ အရူးလုပ္ျခင္းမ်ား
• ၁-၄-၁၉၅၇ တံုးက BBC ကေန Panorama အစီအစဥ္မွာ စပါဂတီ Spaghetti harvest
(အီတလီေခါက္ဆြဲ) ကို ဆြစ္ဇာလန္မွာ စိုက္ပ်ိဳးေနျပီလို႔ သတင္းေၾကညာခဲ့တယ္။
(ပံု)
• ၁-၄-၁၉၇၈ တံုးက ဆစ္ဒနီမွာ ပင္လယ္ထဲက ေရခဲေတာင္ေပၚတယ္ဆိုတဲ့သတင္း လုပ္ခဲ့တယ္။
• ၁-၄-၁၉၈၃ တံုးက ေအပီသတင္းတခုမွာ ဧပရယ္ဖူးလ္ရာဇဝင္သိျပီလို႔ ေရးခဲ့တယ္။
• ၁-၄-၁၉၈၆ တံုးက မီဒီယာၾကိဳတင္သတင္းခ်က္ အတုတခုကို နယူးေယာက္မွာ ထုတ္တယ္။
• ၁-၄-၁၉၈၉ တံုးက ပန္းကံျပားပ်ံသတင္း လန္ဒန္မွာ ထုတ္ခဲ့တယ္။
• ၁-၄-၁၉၉၃ တရုပ္လူငယ္သတင္းစာမ်က္ႏွာဖံုးမွာ တရုပ္အစိုးရရ့ဲ
ကေလးတေယာက္တည္းေပၚလစီထဲမွာ ပီအိတ္ခ်္ဒီ ဘြဲ႔ရသူေတြကို ခြ်င္းခ်က္ေပးမယ္လို႔
ေရးခဲ့တယ္။
• ၁-၄-၁၉၉၆ တံုးက Liberty Bell ကိုဝယ္ယူလိုက္ျပီး Taco Liberty Bell လို႔နာမည္ေျပာင္းတယ္လို႔ ေရးတယ္။
• ၁-၄-၂ဝဝ၈ တံုးက BBC တီဗြီကေန Miracles of Evolution ဗီဒီယိုအတုတခု ထုတ္လႊင့္တယ္။
• ၁-၄-၂ဝ၁ဝ တံုးက National Republican Senatorial Committee ကေန
သမတအိုဘားမားကို တကယ့္ကို ထူးခြ်န္ေျပာင္ေျမာက္တဲ့
ကတိစကားေတြကိုျပီးေအာင္လုပ္ႏိုင္တဲ့ သမတလို႔ ဗီဒီယိုအတုထုတ္လႊင့္တယ္။
ဧျပီ (၁) ရက္ေန႔ အထင္ကရအျဖစ္အပ်က္မ်ား
• ၁-၄-၁၈၇၆ (မေလး + ပီနန္ + စကၤာပူ) ကို ျဗိတိသွ်ကသိမ္းယူ။
• ၁-၄-၁၉၄၆ အေမရိကမွာ အလုပ္သမားေပါင္း ၄ သိန္းဆႏၵျပ။
• ၁-၄-၁၉၆ဝ ဦးႏုဝန္ၾကီးခ်ဳပ္ျပန္ျဖစ္လာ။
• ၁-၄-၁၉၆၃ ဗိုလ္ခ်ဳပ္ေနဝင္းကေန အေထြေထြ လြတ္ျငိမ္းခ်မ္းသာခြင့္ ေၾကညာ။
ဧပရယ္တစ္ရက္ေန႕ဟာ ဧပရယ္လ္္ဖူးလ္ေန႕ (April Fool’s Day ) သို႕မဟုတ္
အရူးမ်ား ေန႕ (All Fool’s Day ) လို႕ေခၚဆုိၾကပါတယ္ ။ ဒီေန႕ (April Fool’s
Day )ေပၚေပါက္လာပံု အေနနဲ႕ကေတာ့ 16 ရာစု ႏွစ္ ၀န္းက်င္ 1582 ခုႏွစ္ေလာက္မွာ
ျပင္သစ္ႏုိင္ငံ ကေန အစျပဳခဲ့တယ္လုိ႕ ေျပာရပါလိမ့္မယ္။ ဒါေပမယ့္ ဒီေန႕
ကုိသတ္မွတ္ခဲ့တာျဖင့္ သိပ္ၿပီး ေတာ့ တိက်မွဳ ရွိမယ္လုိ႕ ေျပာလုိ႕
မရခဲ့ပါဘူး။ ျပင္သစ္ေတြဟာ… အဲဒီအခ်ိန္ မ တုိင္ ခင္မွာေတာ့ ဂ်ဴလီ ယန္
ျပကၡဒိန္ (Julian calendar ) လို႕ေခၚတဲ့ ျပကၡဒိန္တစ္မ်ိဳးကို
သံုးစြဲၾကပါတယ္။ အဲဒီအခ်ိန္မွာ ျပင္သစ္ ႏုိင္ငံရဲ႕ န၀မ ေျမာက္ ဘုရင္
မင္းျမတ္ျဖစ္တဲ့ ခ်ားလ္စ္ ( Charles IX ) မင္းျမတ္ဟာ သူတုိ႕ရဲ႕ ျပကၡဒိန္
(Gregorian Calandar) ဂရီဂုိရီယန္ မွာ မတ္လ ၂၅ ရက္ကေန ဧပရယ္လ္ တစ္ရက္ေန႕အထိ
တစ္ပတ္ တိတိ က်င္းပခဲ့တဲ့ (ႏွစ္သစ္ကူးပြဲေတာ္သီတင္းပတ္ အျဖစ္ ) ေန႕ကုိ
ဇန္န၀ါရီ ၁ ရက္ေန႕ သုိ႕ ေျပာင္းလဲ သတ္မွတ္ခဲ့လုိက္ပါတယ္။ ဒီလုိ နဲ႕ပဲ
ႏွစ္တစ္ႏွစ္ရဲ႕ ႏွစ္သစ္ဆုိတာ ကို ဇန္န၀ါရီ ၁ ရက္ေန႕ အျဖစ္သတ္မွတ္ကာ အဲဒီ
ဇန္န၀ါရီ ၁ ရက္ေန႕မွာပဲ က်င္းပခဲ႕ၾကပါေတာ့တယ္။
ဒီလုိနဲ႕ ပဲ သူတုိ႕ ရဲ႕
ျပကၡဒိန္က ဇန္န၀ါရီ ၁ ရက္ေန႕မွာ ႏွစ္သစ္ကူးရက္လုိ႕ ေျပာင္းလဲ
သတ္မွတ္ခဲ့ေသာ္လည္း ပဲ ၿမိဳ႕ျပ နဲ႕ အလွမ္းေ၀းတဲ့ ဆက္သြယ္ေရးနဲ႕ ေ၀း
ကြာေနတဲ့ ေက်းလက္ေဒသေတြမွာ ေနၾကတဲ့ လယ္သမားေတြအေနနဲ႕ အဲဒီသတင္းက
မေရာက္လာေတာ့ သူတုိ႕ ရဲ႕ ႏွစ္သစ္ကူး ေန႕ ဟာ ဧပရယ္လ္ ၁ ရက္ ေန႕မွာဆုိ ၿပီး
ႏွစ္ေပါင္း မ်ားစြာ ဆက္လက္ က်င္းပေနၾကပါတယ္။ အဲဒီလုိ လ မွား ၿပီး
က်င္းပေနၾကတာကုိ ၿမိဳ႕ျပ ေဒသက လူေတြကသိသြားေတာ့ သူတုိ႕ ကုိေနာက္
ေျပာင္ခ်င္တဲ့ ဆႏၵနဲ႕ ပဲ သူတုိ႕ ဆီကုိ အေၾကာင္ရုိက္ၿပီးေတာ႕ လက္ေဆာင္ေတြ
ပုိ႕ ေပးတာ တုိ႕ ပါတီပြဲသုိ႕လာေရာက္ၾကဖုိ႕အတြက္ ေနာက္ေျပာင္ၿပီးဖိတ္
လုိက္တာ တုိ႕ လုပ္ၾကပါတယ္။ အဲဒီလုိ လုပ္လုိက္တာကုိ ေက်းလက္ေန လယ္သမားေတြက
တကယ္ အထင္မွတ္ၿပီး ေရာက္လာၾကတဲ့ အခါမွာ ၿမိဳ႕ျပေန ျပည္သူေတြက ဟား တုိက္
ရယ္ေမာၿပီးေတာ့ သူတုိ႕ ကုိ အရူးလုပ္လုိက္ၾကပါတယ္။ အဲဒီအခ်ိန္က စလုိ႕
ဧပရယ္လ္ တစ္ရက္ေန႕ ဟာ ဧပရယ္လ္္ ဖူးလ္ ေန႕ ဆုိၿပီး သူတုိ႕ ရဲ႕ အေလ့ အထ ေတြ
ျဖစ္လာခဲ့ၾကပါတယ္။
ဒီလုိနဲ႕ပဲ သူတုိ႕ရဲ႕ ျပင္သစ္ႏိုင္ငံမွာ
ဧပရယ္လ္ဖူးလ္ အလုပ္ခံရတဲ့လူေတြကို ဧပရယ္လ္ ငါး (“poisson d’avril” or
“April fish” )လို႕ေခၚၾကတယ္ သတဲ့။ သူတုိ႕ ျပင္သစ္ဘာသာနဲ႕ Poisson ဆိုတာကုိ
ငါးကိုေခၚပါတယ္။ Avril ကေတာ့ ဧပရယ္ လပါ။ အဲဒီလုိ ပဲ ဧပရယ္လ္ ငါး
လုပ္ၾကတာေတြ ကို ျပင္သစ္မွာ ေတာ့ ကေလးအမ်ားစုက ျပဳလုပ္ေလ့ရွိၾကပါသတဲ့။
ၿပီးေတာ့ အဲဒီ ငါးရုပ္ ပံုေလးေတြကို သူငယ္ခ်င္းေတြရဲ႕ ေနာက္ေက်ာမွာ သူတုိ႕
မသိေအာင္ လုိက္ကပ္ၾကတာမ်ိဳး လုပ္ ၿပီးေတာ့ အဲဒီလို အကပ္ခံလုိက္ရတဲ့ သူကုိ
အရူးလုပ္ခံရတဲ့လူလုိ႕ သတ္မွတ္ၿပီး ေတာ့ ေအာ္ႀကီး ဟစ္ က်ယ္ ရယ္ ၿပီး
ေနာက္ေျပာင္ ၾကပါသတဲ့။ အဲဒါနဲ႕ပဲ ဧပရယ္လ္ ဖူးလ္ ေန႕ဟာ ေပ်ာ္ရႊင္စရာ
ေန႕ေလးတစ္ေန႕ ျဖစ္လာခဲ့တာေပါ့။
အဲဒီလုိ ဧပရယ္လ္ ၁ ရက္ေန႕ ကုိ
ဧပရယ္လ္ဖူးလ္ ေန႕ အျဖစ္ ျပင္သစ္ႏုိင္ငံ ကေန စတင္ က်င္းပလာခဲ့ ရာမွာ ၁၈ ရာစု
ႏွစ္ ပုိင္းသုိ႕ ေရာက္တဲ့ အခါမွာေတာ့ ၿဗိတိန္ တုိ႕ စေကာ့တလန္တုိ႕ သုိ႕
ပ်ံ႕ႏွံ႕ လာၿပီးေတာ့ သူတုိ႕ ဆီမွာလည္း ဧပရယ္လ္ ဖူးလ္ ေန႕ အျဖစ္
က်င္းပလာခဲ့ၾကပါတယ္။ ထုိ႕ေနာက္မွာေတာ့ အေမရိက တုိ႕ အျပင္ ကမာၻ အရပ္ရပ္ရွိ
ႏုိင္ငံ အသီးသီး သုိ႕ ပ်ံႏွံ႕ လာခဲဲ႕ ၿပီးေတာ့ ဒီေန႕ ဒီ ရက္မွာ အားလပ္ရက္ (
Holiday) အျဖစ္သတ္မွတ္ၾကကာ… ေပ်ာ္ရႊင္ဖုိ႕ရာ အတြက္ ဟာသတစ္ခု အေနနဲ႕
က်င္းပျပဳလလုပ္လာခဲ့ ၾကပါတယ္။ အဲဒီက စလုိ႕ ကၽြန္ေတာ္တုိ႕
ျမန္မာႏုိင္ငံမွာလည္း အတူတူပါပဲ။ ဧပရယ္လ္ တစ္ရက္ေန႕မွာ ဧပရယ္လ္ ဖူးလ္ ေန႕
အျဖစ္ မသိၾက ေသာ ၊ သိထားေသာ္လည္းပဲ အမွတ္မထင္ ေနမိၾကေသာ သူမ်ားအေနျဖင့္
ဧပရယ္လ္ဖူးလ္ လုပ္ျခင္း ကုိ ခံလုိက္ၾကရပါေၾကာင္း ဧပရယ္လ္ ဖူးလ္ေန႕ အေၾကာင္း
အမွတ္တရ ေရးဖြဲ႕ လုိက္ရပါတယ္ ။
___________________________________________________________________________
#Unicode
ဧပရယ်လ်ဖူးလ်နေ့ကို အဘိဓာန်မှာ လက်တွေ့ကျတဲ့ ရီစရာလုပ်တဲ့နေ့လို့ရေးတယ်။ ဒီနေ့သမိုင်းက အမျိုးမျိုးရှိတယ်။ ၁၅ဝဝ ကျော်ကတည်းကလို့ ဆိုတာလည်းရှိတယ်။ ဒါပေမယ့် ရှိတ်စပီးယားရဲ့ စာတွေထဲမှာ တစိုးတစိမှမပါဘူးလို့ မယုံသူတွေကဆိုတယ်။
ပြက္ခဒိန်ပြောင်းသီအိုရီ ၁၅၆၄ ခုနှစ်တုံးက ပြင်သစ်ကစတယ်လို့ ယူဆနိုင်တယ်။ အရင်ခေတ်ပြက္ခဒိန်တွေမှာ နှစ်အစဟာမတ်လဖြစ်လာတယ်။ဂရီဂိုးရီးယန်းပြက္ခဒိန်ကို ပြောင်းလိုက်တော့ နှစ်သစ်ကူးနေ့က ဇန္နဝါရီလ (၁) ရက် ဖြစ်လာတယ်။ ခရစ်ယန်တွေက နှစ်သစ်ကူးနေ့ကို တန်ဘိုးထားကြတယ်။ တချို့လူတွေက ဧပြီ (၁) ရက်မှာ နှစ်သစ်ကူးနေ့ကျင်းပလို့ အဲတာကို April fools ဧပြီအရူးတွေနေ့လို့ ပြောင်ခေါ်ကြတယ်။ကျောင်းသားတွေက အချင်းချင်းကို နောက်ကျောမှာ ငါးရုပ်စတာတွေကပ်ပြီး နောက်ပြောင်ကြတယ်။ စကော့တလန် မှာတော့ ၂ ရက်ကြာတယ်။ အရူးလုပ်ခံရသူတွေကို Gowks (Cuckoo birds) ဥသြငှက်တွေလို့ ပြောလေ့ရှိတယ်။ ဒုတိယနေ့ကို Taily Day လို့ခေါ်တယ်။ Pranks အရူးလုပ်သူ၊ ဒုက္ခပေးသူ၊ နောက်ပြောင်သူတွေက နောက်ဖက်ကနေ လုပ်ကြတယ်။ Kick me signs ဆိုတာ အဲဒီကနေလာတယ်။ အင်္ဂလန်နဲ့ ကနေဒါမှာ ဧပြီလ (၁) ရက်နေ့ မနက်ခင်းမှာသာ နောက်ပြောင်ကြတယ်။
အထင်ကရ ဧပရယ်ဖူးလ် အရူးလုပ်ခြင်းများ
• ၁-၄-၁၉၅၇ တုံးက BBC ကနေ Panorama အစီအစဉ်မှာ စပါဂတီ Spaghetti harvest (အီတလီခေါက်ဆွဲ) ကို ဆွစ်ဇာလန်မှာ စိုက်ပျိုးနေပြီလို့ သတင်းကြေညာခဲ့တယ်။ (ပုံ)
• ၁-၄-၁၉၇၈ တုံးက ဆစ်ဒနီမှာ ပင်လယ်ထဲက ရေခဲတောင်ပေါ်တယ်ဆိုတဲ့သတင်း လုပ်ခဲ့တယ်။
• ၁-၄-၁၉၈၃ တုံးက အေပီသတင်းတခုမှာ ဧပရယ်ဖူးလ်ရာဇဝင်သိပြီလို့ ရေးခဲ့တယ်။
• ၁-၄-၁၉၈၆ တုံးက မီဒီယာကြိုတင်သတင်းချက် အတုတခုကို နယူးယောက်မှာ ထုတ်တယ်။
• ၁-၄-၁၉၈၉ တုံးက ပန်းကံပြားပျံသတင်း လန်ဒန်မှာ ထုတ်ခဲ့တယ်။
• ၁-၄-၁၉၉၃ တရုပ်လူငယ်သတင်းစာမျက်နှာဖုံးမှာ တရုပ်အစိုးရရဲ့ ကလေးတယောက်တည်းပေါ်လစီထဲမှာ ပီအိတ်ချ်ဒီ ဘွဲ့ရသူတွေကို ချွင်းချက်ပေးမယ်လို့ ရေးခဲ့တယ်။
• ၁-၄-၁၉၉၆ တုံးက Liberty Bell ကိုဝယ်ယူလိုက်ပြီး Taco Liberty Bell လို့နာမည်ပြောင်းတယ်လို့ ရေးတယ်။
• ၁-၄-၂ဝဝ၈ တုံးက BBC တီဗွီကနေ Miracles of Evolution ဗီဒီယိုအတုတခု ထုတ်လွှင့်တယ်။
• ၁-၄-၂ဝ၁ဝ တုံးက National Republican Senatorial Committee ကနေ သမတအိုဘားမားကို တကယ့်ကို ထူးချွန်ပြောင်မြောက်တဲ့ ကတိစကားတွေကိုပြီးအောင်လုပ်နိုင်တဲ့ သမတလို့ ဗီဒီယိုအတုထုတ်လွှင့်တယ်။
ဧပြီ (၁) ရက်နေ့ အထင်ကရအဖြစ်အပျက်များ
• ၁-၄-၁၈၇၆ (မလေး + ပီနန် + စင်္ကာပူ) ကို ဗြိတိသျှကသိမ်းယူ။
• ၁-၄-၁၉၄၆ အမေရိကမှာ အလုပ်သမားပေါင်း ၄ သိန်းဆန္ဒပြ။
• ၁-၄-၁၉၆ဝ ဦးနုဝန်ကြီးချုပ်ပြန်ဖြစ်လာ။
• ၁-၄-၁၉၆၃ ဗိုလ်ချုပ်နေဝင်းကနေ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာ။
ဧပရယ်တစ်ရက်နေ့ဟာ ဧပရယ်လ််ဖူးလ်နေ့ (April Fool’s Day ) သို့မဟုတ် အရူးများ နေ့ (All Fool’s Day ) လို့ခေါ်ဆိုကြပါတယ် ။ ဒီနေ့ (April Fool’s Day )ပေါ်ပေါက်လာပုံ အနေနဲ့ကတော့ 16 ရာစု နှစ် ၀န်းကျင် 1582 ခုနှစ်လောက်မှာ ပြင်သစ်နိုင်ငံ ကနေ အစပြုခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ ဒါပေမယ့် ဒီနေ့ ကိုသတ်မှတ်ခဲ့တာဖြင့် သိပ်ပြီး တော့ တိကျမှု ရှိမယ်လို့ ပြောလို့ မရခဲ့ပါဘူး။ ပြင်သစ်တွေဟာ… အဲဒီအချိန် မ တိုင် ခင်မှာတော့ ဂျူလီ ယန် ပြက္ခဒိန် (Julian calendar ) လို့ခေါ်တဲ့ ပြက္ခဒိန်တစ်မျိုးကို သုံးစွဲကြပါတယ်။ အဲဒီအချိန်မှာ ပြင်သစ် နိုင်ငံရဲ့ နဝမ မြောက် ဘုရင် မင်းမြတ်ဖြစ်တဲ့ ချားလ်စ် ( Charles IX ) မင်းမြတ်ဟာ သူတို့ရဲ့ ပြက္ခဒိန် (Gregorian Calandar) ဂရီဂိုရီယန် မှာ မတ်လ ၂၅ ရက်ကနေ ဧပရယ်လ် တစ်ရက်နေ့အထိ တစ်ပတ် တိတိ ကျင်းပခဲ့တဲ့ (နှစ်သစ်ကူးပွဲတော်သီတင်းပတ် အဖြစ် ) နေ့ကို ဇန်နဝါရီ ၁ ရက်နေ့ သို့ ပြောင်းလဲ သတ်မှတ်ခဲ့လိုက်ပါတယ်။ ဒီလို နဲ့ပဲ နှစ်တစ်နှစ်ရဲ့ နှစ်သစ်ဆိုတာ ကို ဇန်နဝါရီ ၁ ရက်နေ့ အဖြစ်သတ်မှတ်ကာ အဲဒီ ဇန်နဝါရီ ၁ ရက်နေ့မှာပဲ ကျင်းပခဲ့ကြပါတော့တယ်။
ဒီလိုနဲ့ ပဲ သူတို့ ရဲ့ ပြက္ခဒိန်က ဇန်နဝါရီ ၁ ရက်နေ့မှာ နှစ်သစ်ကူးရက်လို့ ပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း ပဲ မြို့ပြ နဲ့ အလှမ်းဝေးတဲ့ ဆက်သွယ်ရေးနဲ့ ဝေး ကွာနေတဲ့ ကျေးလက်ဒေသတွေမှာ နေကြတဲ့ လယ်သမားတွေအနေနဲ့ အဲဒီသတင်းက မရောက်လာတော့ သူတို့ ရဲ့ နှစ်သစ်ကူး နေ့ ဟာ ဧပရယ်လ် ၁ ရက် နေ့မှာဆို ပြီး နှစ်ပေါင်း များစွာ ဆက်လက် ကျင်းပနေကြပါတယ်။ အဲဒီလို လ မှား ပြီး ကျင်းပနေကြတာကို မြို့ပြ ဒေသက လူတွေကသိသွားတော့ သူတို့ ကိုနောက် ပြောင်ချင်တဲ့ ဆန္ဒနဲ့ ပဲ သူတို့ ဆီကို အကြောင်ရိုက်ပြီးတော့ လက်ဆောင်တွေ ပို့ ပေးတာ တို့ ပါတီပွဲသို့လာရောက်ကြဖို့အတွက် နောက်ပြောင်ပြီးဖိတ် လိုက်တာ တို့ လုပ်ကြပါတယ်။ အဲဒီလို လုပ်လိုက်တာကို ကျေးလက်နေ လယ်သမားတွေက တကယ် အထင်မှတ်ပြီး ရောက်လာကြတဲ့ အခါမှာ မြို့ပြနေ ပြည်သူတွေက ဟား တိုက် ရယ်မောပြီးတော့ သူတို့ ကို အရူးလုပ်လိုက်ကြပါတယ်။ အဲဒီအချိန်က စလို့ ဧပရယ်လ် တစ်ရက်နေ့ ဟာ ဧပရယ်လ်် ဖူးလ် နေ့ ဆိုပြီး သူတို့ ရဲ့ အလေ့ အထ တွေ ဖြစ်လာခဲ့ကြပါတယ်။
ဒီလိုနဲ့ပဲ သူတို့ရဲ့ ပြင်သစ်နိုင်ငံမှာ ဧပရယ်လ်ဖူးလ် အလုပ်ခံရတဲ့လူတွေကို ဧပရယ်လ် ငါး (“poisson d’avril” or “April fish” )လို့ခေါ်ကြတယ် သတဲ့။ သူတို့ ပြင်သစ်ဘာသာနဲ့ Poisson ဆိုတာကို ငါးကိုခေါ်ပါတယ်။ Avril ကတော့ ဧပရယ် လပါ။ အဲဒီလို ပဲ ဧပရယ်လ် ငါး လုပ်ကြတာတွေ ကို ပြင်သစ်မှာ တော့ ကလေးအများစုက ပြုလုပ်လေ့ရှိကြပါသတဲ့။ ပြီးတော့ အဲဒီ ငါးရုပ် ပုံလေးတွေကို သူငယ်ချင်းတွေရဲ့ နောက်ကျောမှာ သူတို့ မသိအောင် လိုက်ကပ်ကြတာမျိုး လုပ် ပြီးတော့ အဲဒီလို အကပ်ခံလိုက်ရတဲ့ သူကို အရူးလုပ်ခံရတဲ့လူလို့ သတ်မှတ်ပြီး တော့ အော်ကြီး ဟစ် ကျယ် ရယ် ပြီး နောက်ပြောင် ကြပါသတဲ့။ အဲဒါနဲ့ပဲ ဧပရယ်လ် ဖူးလ် နေ့ဟာ ပျော်ရွှင်စရာ နေ့လေးတစ်နေ့ ဖြစ်လာခဲ့တာပေါ့။
အဲဒီလို ဧပရယ်လ် ၁ ရက်နေ့ ကို ဧပရယ်လ်ဖူးလ် နေ့ အဖြစ် ပြင်သစ်နိုင်ငံ ကနေ စတင် ကျင်းပလာခဲ့ ရာမှာ ၁၈ ရာစု နှစ် ပိုင်းသို့ ရောက်တဲ့ အခါမှာတော့ ဗြိတိန် တို့ စကော့တလန်တို့ သို့ ပျံ့နှံ့ လာပြီးတော့ သူတို့ ဆီမှာလည်း ဧပရယ်လ် ဖူးလ် နေ့ အဖြစ် ကျင်းပလာခဲ့ကြပါတယ်။ ထို့နောက်မှာတော့ အမေရိက တို့ အပြင် ကမ္ဘာ အရပ်ရပ်ရှိ နိုင်ငံ အသီးသီး သို့ ပျံနှံ့ လာခဲဲ့ ပြီးတော့ ဒီနေ့ ဒီ ရက်မှာ အားလပ်ရက် ( Holiday) အဖြစ်သတ်မှတ်ကြကာ… ပျော်ရွှင်ဖို့ရာ အတွက် ဟာသတစ်ခု အနေနဲ့ ကျင်းပပြုလလုပ်လာခဲ့ ကြပါတယ်။ အဲဒီက စလို့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အတူတူပါပဲ။ ဧပရယ်လ် တစ်ရက်နေ့မှာ ဧပရယ်လ် ဖူးလ် နေ့ အဖြစ် မသိကြ သော ၊ သိထားသော်လည်းပဲ အမှတ်မထင် နေမိကြသော သူများအနေဖြင့် ဧပရယ်လ်ဖူးလ် လုပ်ခြင်း ကို ခံလိုက်ကြရပါကြောင်း ဧပရယ်လ် ဖူးလ်နေ့ အကြောင်း အမှတ်တရ ရေးဖွဲ့ လိုက်ရပါတယ် ။
#Credit TH!t P!N