ကြုံရဆုံရပရလောက
ဘယ်ကနေ စပြောရမလဲဆိုတော့ ... ပထမဆုံး အနော့်အကြောင်းကို ပြောပြရဦးမယ် ... ကံကပဲအမြဲနိမ့်နေလို့လား သရဲတွေနဲ့ပဲ ဖူးစာပါလာတာလားတော့မသိဘူး အခုအနော့် အသက် ၁၉ နှစ်ရောက်လာတဲ့အထိ အခြောက်ခံလိုက်ရတဲ့သရဲ ရေတွက်လို့တောင်မကုန်နိုင်ဘူးရယ် ဂယ် ဂယ်... သရဲထီးတွေရော သရဲမတွေရော သရဲပေါက်စတွေရော အိုစုံနေတာပါပဲဗျာ... အဲ့ ထူးဆန်းတာတစ်ခုက အနော့်ရင်ဘတ် လည်ပင်းအောက်နားမှာ အနာရွတ်တစ်ခု မွေးကတည်းက ပါလာတာဗျ(ကျည်ဆံတစ်လုံးစာ အနာရွတ်ပါ) ... ထပ်ပြီးထူးဆန်းတာက အနော့် အမေရယ် ညီမလေးရယ် မှာလည်း အနော့်လိုပဲ ရင်ဘတ်မှာ အနာရွတ်တွေ တူညီစွာရှိနေတာပဲဗျ....
အိမ်မှာ အလူုလုပ်တုန်းကတော့ ဘဘုန်းကပြောပါတယ် ဒကာတို့ မိသားစုက အရင်ဘွက တော်လှန်ရေးရဲဘော်တွေဆိုလားပဲ .. အါ့ ဂျပန်စစ်သားတွေရဲ့ ကွက်မျက်ခြင်းကိုခံခဲ့ရပြီး ဒီဘွမှာ အတူတူလူလာဖြစ်တာတဲ့လေ .. ဟီး ဟီး .. ဘာပဲပြောပြော အနော်ကတော့ သွေးနထင်ရောက်သွားတာဗျ .. ဟီး ဟီး အာ့ကြောင့်အနော်က အမျိုးချစ်စိတ်အပြည့်ရှိတာနေမှာ တစ်မျိုးမထင်ပါနဲ့ အမျိုးတွေကိုပြောတာ ဒါပေ့မယ့် အမျိုးတွေကတော့ အနော့်ကိုမချစိပါဘူး ဆိုးလွန်းလို့ မျောက်ရူံးအောင်ဆော့လို့ ထင်ပါရဲ့ ... သူငယ်ချင်းတွေရှေ့မှာဆို အဲ့တာပဲ အနော်က လိုက်ကြွားနေတာ ငါက တော်လှန်ရေးရဲဘော်ကွ ဆိုပြီးတော့ ငိငိ... ဒါပေမယ့် သီဟတင်စိုးတို့ကတော့ ခုထိတော်လှန်နေတုန်းရယ် လွပ်လပ်ရေးရသေးဘူး ဟီး... ထားပါ အနော်လေပန်းနေတာနဲ့ စာဖတ်သူတွေ ကျိန်ဆဲနေလောက်ပြီ .. အနော် ပထမဆုံး ကြုံခဲ့ရတဲ့ သရဲကတော့......... "ဟေ့ကောင် ညှပ်ကြီး ဒေါ်လှမြင့်တို့ခြံက မာလကာသီးတွေက ဟဲဗီးကြီးတွေကွာ စားလိုက်ရလို့ကတော့ ဟင်း ဟင်း .." ပါးစပ်းကကျလာတဲ့ သရေတွေကို လျှာနဲ့ပြန်သပ်လိုက်ရင်း အနော်က ညှပ်ကြီးရဲ့အခြေအနေကို တစ်ချက်အကဲခပ်လိုက်တယ် ...
ညှပ်ကြီး ဒီကောင်က အနော်နဲ့ဆိုးဖော်ဆိုးဖက်တွေ သူ့နာမည်က ခပ်ဆန်းဆန်း ဆန်းဆို သူ့အမေသူ့ကိုမွေးတုန်းက အပြင်မထွက်ချင်ဘူး အထဲမှာပဲ နေမယ်ဆိုလို့ ဆရာဝန်တွေက သူ့ကို ညှပ်နဲ့အတင်းဆွဲထုတ်မှ ထွက်လာတဲ့ကောင် .. အာ့ကြောင့်သူ့အမေက သောက်မြင်ကပ်ပြီး ညှပ်ကြီးဆိုပြီး နာမည်ပေးထားတာ... ထားပါ အဲ့ဒါနဲ့ "ငါစားတော့စားချင်တာပေါ့ကွ ဒါပေမယ့် ဒေါ်ကြီးလှမြင့်အကြောင်းလဲ မင်းမသိတာလဲမဟုတ်ဘူး သူကဒီလောက်ကပ်စေးနဲကော်တရာနိုင်တာ ဘယ်လိုလုပ်ပြီး တောင်းစားလို့ရမှာလဲကွ " ညှပ်ကြီးက ညှင်းသိုးသိုးမျက်နှာဖြင့် ပြန်ပြောလာသည်.... "တုံးလိုက်တာ ညှပ်ကြီးရာ .. ငါနဲ့ပေါင်းပြီး အဲ့လောက်မတုံးစမ်းပါနဲ့.... ဒေါ်ကြီးလှမြင့်ဆီက သွားတောင်းစားရင် တသက်လုံးစားရမှာ မဟုတ်ဘူး ငါသိတာပေါ့... တောင်းစားလို့မရမှတော့ တစ်နည်းပဲရှိတယ် ခိုးစားမှာပေါ့ကွ " အနော်က ဆရာကြီးလေသံဖြင့်ပြောသည်ကို မျက်လုံးလေးပေကလပ်ပေကလပ်လုပ်ပြီး "ဟုတ်မှလဲလုပ်ပါ ငပေရာ ခနဒေါ်ကြီးလှမြင့်ရဲ့ ဓားမစာမိပြီး အိုးစားကွဲနေပါဦးမယ် ... ""ကြောက်တက်ရန်ကော ညှပ်ကြီးရာ ငပေတဲ့ကွ မပိုင်ရင် ခြင်တောင်မရိုက်ဘူး ငရုပ်သီးတောင်အစိမ်းစားရဲတာ မင်းလည်းသိနေတာပဲ ...
ဘာလဲ မင်းကငါ့ကို မယုံလို့လား ..ပြီးမှ ငါခိုးလာတဲ့ မာလကာသီးတွေလာတောင်းစားရင် လဥပဲရမယ် "... အနော်က မကျေမချမ်းဖြင့် ပြောလိုက်မှပဲ "အေးပါကွာ ဒါဆိုလည်းသွားခိုးကြမယ် ဒါပေမယ့် ငါခြံထဲတော့မလိုက်ရဲဘူး အပြင်ကပြေီး လူရိပ်လူခြေကြည့်ပေးမယ်လေ" ဘယ်လိုလဲဆိုတဲ့ အကြည့်နဲ့ ညှပ်ကြီးက အနော့်ကို မေးငေါ့ပြသည်... အမှန်တော့အနော်လဲ ဒေါ်ကြီးလှမြင့်ကို ခပ်ကြောက်ကြောက်ရယ်ပါ ... သူက ကပ်စေးနည်းရုံတင်မကဘူး ပါးစပ်ကလည်းကြမ်းသေးတယ် ဒေါသကလည်းကြီးမှကြီး .. သူ့ယောကျာင်္း ကိုလှမောင်ကတော့ အနေအေးပါတယ် သဘောလည်းကောင်းပါတယ်ဗျာ ဒါပေမယ့် ခက်တာက သူ့မိန်းမကို အသေကြောက်တာဗျ ... သူ့မိန်းမကလည်း နိုင်တာ နိုင်တာ သူ့ယောကျာင်္းကိုတော့ချစ်ရှာပါတယ် ..
သူ့ခြံမှာ မာလကာသီးလာဝယ်တဲ့မိန်းမတွေ သူ့ယောကျာင်္းနဲ့စကားပြောနေတာမြင်ကြည့် ဘာရယ်မသိဘူး ကလော်တုတ်တော့တာပဲ ... အဲ့လိုကြီး ....ချစ်တော့လည်း သဝန်တိုမှာပေါ့ဗျာ နော့ .. ကဲထားပါ အဲ့ဒါနဲ့ လိုရင်းကိုမရောက်တော့ဘူး ... အါ့နဲ့ပဲ ဒီနေ့ညနေ သွားခိုးမယ်လို့ အနော်ဆုံးဖြတ်လိုက်တယ် ... ......။ "ညှပ်ကြီး ခြံအပြင်က လူလာရင် လေချွန်ပြီးအချက်ပေးနော် ကြားလား" ... "အေးပါကွာ ငါသိပါတယ် မင်းသာဒေါ်ကြီးလှမြင့်နဲ့မတိုးအောင် ဂရုစိုက် ဟုတ်ပြီလား" ညှပ်ကြီးကပြေားရင်း တောင်ကြည့်မြောက်ကြည့်နဲ့ လူအခြေနေအကဲခပ်နေတယ် ..
ကဲ.. စပြီ အနော်က လျှို့ဝှက်တာဝန်ထမ်းဆောင်ရမယ့် အထူးကွန်မန်ဒို စစ်သားလိုမျိုး ပုဆိုးကို နင်ဂျာလို လုပ်ပြီးတာနဲ့ ... ခြံမှာပတ်ပတ်လည်ခတ်ထားတဲ့ ဆူးခြုံတွေနားကပ်သွားလိုက်တယ် ... ဆူးတွေကို အသာအယာဖြဲပြီး အနော့်တစ်ကိုယ်ဝင်စာလောက် လုပ်လိုက်တယ် ပြီးတာနဲ့ ခြံထဲကို အကဲခပ်ကြည့်လိုက်တော့ ဒေါ်ကြီးလှမြင့်က သူ့တို့တဲဘေးမှာ အဝတ်တွေလျှော်နေတယ် ကိုလှမောင်ကိုတော့မတွေ့ရဘူး .. အဲ့တာနဲ့အနော်လည်း တွားသွားပြီး ခြံထဲဝင်လာလိုက်တာပေါ့ .. နောက်ဆုံးက မာလကာပင်နား အနော်ကပ်သွားလိုက်ပြီး လက်လှမ်းမီသမျှ အလုံးတွေကို ပါလာတဲ့ ကျန်ကျောင်းအိပ်ထဲ ခူးထည့်တော့တာပဲ ...
ပြီးတာနဲ့ နောက်တစ်ပင် အဲ့မှာပြသနာကစတက်တော့တာပဲ အနော်လေးဘက်ထောက်ပြီး နောက်အပင်ကိုချဉ်းကပ်နေတုန်းမှာပဲ အဲ့ကောင်က အနော့်ကိုမြင်သွားတယ် ... အဲ့ကောင်ဆိုတာက ဒေါ်ကြီးလှမြင့်တို့ခြံမှာမွေးထားတဲ့ ငနီဆိုတဲ့ ခွေးကြီး ... သေပြီဆရာ လူမိရင် တောင်းပန်လို့ရသေးတယ် ခွေးကလူစကားနားမလည်တော့ အကိုက်ခံရမှာလေဗျာ ... ဒီကောင်က အနော့်ကိုမြင်းမြင်းခြင်း မဟောင်သေးဘူးဗျ သေချာရိုးနေတာ... ဘယ်လိုသတ္တဝါလဲဆိုပြီးတော့ အနော်ကလဲ လေးဘက်ကုန်းကြီးလေ မျက်နှာကလည်း နင်ဂျာလို လုပ်ထားသေးတယ်ဆိုတော့ ခွေးလည်း ကြောင်သွားမှာပေါ့ ... သေပြီ .. အနော်သိလိုက်ပြီ ပြေးမှရတော့မယ်ဆိုတာကိုလေ ... အာ့နဲ့ ခိုးထားတဲ့မာလကာသီးတွေထည့်တဲ့အိတ်ကို ခါးမှသေချာချည်လိုက်တယ် ... ပြီးမှ နောက်ကိုတစ်လှမ်းခြင်း ဆုတ်ပြီး ထပြေးတော့တာပဲ .. အဲ့တော့မှ သကောင့်သားခွေးက အထာနပ်ပြီး ထဟောင်တော့တာ ....ဟောင်လဲဟောင် အနော့်နောက်ကိုလည်း လိုက်လာပါလေရော....
အဲ့မှာ ဒေါ်ကြီးလှမြင့်လည်း ခွေးဟောင်သံကြားလို့ထင်ပါရဲ့ အဝတ်လျှော်နေရာက ထပြီးကြည့်မှ သူ့ခြံထဲသူခိုးဝင်တာသိသွားတာ .. ဘယ်ပြောကောင်းမလဲ ထင်းပုံက ဓားမကြီးဆွဲပြီး ထမိန်ရင်လျှားကြီးနဲ့လိုက်လာတာ ... ပါးစပ်ကလည်း ဂါထာတွေရွတ်လို့ .. အနော်လည်း နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ပဲဆိုပြီး ပြေးတာ မော်တာတပ်ထားသလားအောက်မေ့ရတယ် ... ခွေးကလည်း အသားကုန်လိုက်လာတာ မိရင်တော့ အသေကိုက်မယ်ဆိုပြီး ခဲထားတယ်ထင်တယ်.. ဒေါ်ကြီးလှမြင့်ကတော့ "သေနာလေး ပြေးထား မိရင်တော့ နုတ်နုတ်စင်းပြစ်မယ် .. အငတ်လေး... သူခိုးလေး... ငါနဲ့တွေ့မယ် .." ... မိရင်နုတ်နုတ်စင်းမယ်ဆိုတော့ ကျက်သီးတွေ တဖြန်းဖြန်းတောင်ထသွားတာ .. အာ့နဲ့ ခြံစည်းရိုးနဲ့ နီးလာတော့ ဝင်လာတဲ့အပေါက်က ပျောက်နေပြန်ရော ... ဒုက္ခပဲ ခြံစည်းရိုးကလည်း အနော့်ရင်ဆို့လောက်ရှိတယ် မထူးတော့ပါဘူးဆိုပြီး ခုန်ကျော်ပစ်တာ တကယ်တကယ် ပြန်ပြောရင်ယုံမှာမဟုတ်ဘူး ကျန်ကျောင်းတောင် အနော့်ကိုကြည့်ပြီး ထိုင်ငိုသွားမှာ .. အါ့နဲ့ပဲ ခြံပြင်ရောက်သွားမှ ရင်ထဲကအလုံးကြီးကျသွားတော့တယ်...
အနော်လဲ ဒဏ်ရာတွေတော့ရသွားတာပေါ့ .. ခြံထဲကနေပြီးတော့ဗျာ .. မေတ္တာတွေလှမ်းပို့နေတာ နေဝင်ရီတရောမှာဗျာ ထမိန်ရင်လျှားကြီးနဲ့ ဓားမကြီးကိုင်ထားတာ ပြန်တွေးကြည့်ရင် ကျက်သီးတောင်ထတယ် .. ထားပါဗျာ အဲ့တာပြီးတော့မှ သရဲလာတော့မှာ ... အဲ့ဒီနေ့ကပေါ့.... ။ "ဗျို့... မသီတာရေ ... ကိုလှမောင် မိန်းမ မလှမြင့်ကြီးရေချိုးအပြီး ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးပြီတဲ့ဗျ ..." .... အနော့်တို့်အိမ်ဘေးက လူကြီးက အနော့်အမေကို လာပြောတာဗျ ... "အဲ့ဒါ ရပ်ကွက်ထုံးစံအတိုင်း လုပ်စရာရှိတာ ကူညီစရာကူညီရအောင် သွားကြစို့ဗျာ... " ... "ဪ .. ဖြစ်ရလေဗျာ မနက်ကတောင် ဈေးမှာတွေ့လို့ နုတ်ဆက်လိုက်သေးတယ် စိတ်မကောင်းစရာဗျာ ... ကွေးသောလက်မဆန့်မှီ ဆန်သောလက်မကွေးမှီတဲ့ ... " အမေကတော့ ဘာတွေရေရွတ်နေလဲ အနော်နားမလည် ... အနော်နားလည်တာက ဒေါကြီးလှမြင့်မရှိတော့ဘူးဆိုတော့ သူ့ခြံက မာလကာသီးတွေ မျက်စိထဲမြင်ယောင်ပြီး သရေတွေကျလာပြီ ... အာ့နဲ့ပဲ အဖေနဲ့အတူ ဒေါ်ကြီးလှမြင့်တို့ခြံကို ချီတက်လာတာပေါ့... "မိန်းမရေ ငါ့ကိုတစ်ယောက်တည်းထားသွားပြီလားဟာ... နင်သိပ်ချစ်တယ်ဆိုတဲ့ ဟောဒီကလှမောင်ကြီးကို ထကြည့်ပါဦး ... ဖြစ်ဆိုးလှချည်လား လှမြင့်ရယ် အီး...ဟီး.ဟီး...." ကိုလှမောင်ကြီးကတော့ အော်ငိုလို့ကောင်းတုန်း ... အနော်ကတော့ မာလကာသီးစားရဖို့ပဲ ခေါင်းထဲမှာတွေးနေမိသည်။ ...
အာ့နဲ့. အနော်လည်း အမေလစ်တုန်း အသာလေးခြံထဲကိုလစ်ထွက်လာလိုက်တယ် ... တွေ့ပါပြီဗျာ ဆူးဖြိုးပြီးဝင်းနေအသီးတွေနဲ့တဲ့ မာလကာပင်ကြီး အနော်လည်းဘယ်ပြောကောင်းမတုံး အပင်ပေါ်မျောက်လိုတက်ပြီး တစ်လုံးပြီးတစ်လုံးကိုဆွဲတော့တာပဲ... အဲ့ စားလို့ကောင်းတုန်းရှိသေးတယ် ဟိုခွေးစုတ် ငနီက အနော့်ကိုထိုးဟောင်တော့တာပဲ ... အါ့နဲ့ အနော်လည်းအမြန်ဆင်းပြီး အမေနားကိုပြန်လိုက်ရတယ် ... အမေတို့ကလည်း ကိုလှမောင်ကြီးကိုနားချ လုပ်စရာရှိတာကူလုပ်ပြီးပြန်လာခဲ့ကြတယ်.......။ "မသီတာရေ ကျွန်တော် ခင်များသား ငပေကို ဒီညကျွန်တော်နဲ့အတူ တစ်ညနှစ်ညလောက် အိပ်ပေးဖို့လာခွင့်တောင်းတာပါ.. သူတစ်ယောက်တည်းမဟုတ်ပါဘူးဗျ... မနီလာသား ညှပ်ကြီးတို့ရောပါပါတယ် ဘယ်လိုလဲ ရတယ်မဟုတ်လားဗျာ"....
ဒေါကြီးလှမြင့်ဆုံးပြီး ရက်လည်ပြီးတော့ ကိုလှမောင်ကြီးလဲ သူတစ်ယောက်တည်းမအိပ်ရဲလို့ထင်ပါတယ်ဗျာ ... အနော်တို့ကို အဖော်လာခေါ်နေတာ... ရက်မလည်ခင်ကတော့ ရက်ကွက်က ကာလသားတွေနဲ့ ဖဲဝိုင်းတွေလည်းရှိတော့ သူလည်းသိပ်မကြောက်ဘူးပေါ့ဗျာ ... အခုကျတော့ ရက်လည်ပြီးပြီဆိုတော့ ဘယ်သူမှမရှိတော့ဘူးလေ ... "ဪ...ရပါတယ်ရှင် ကိုလှမောင်ကြီးကလည်း ပြောရမယ့်လူတွေမှမဟုတ်တာ... ငပေကဆိုးတော့ အားနာနေတာ .. သူ့ကိုပဲမေးကြည့်လိုက်ပါတော့"... အမေက အနော့်သဘောဆိုတဲ့ အထာနဲ့ ကိုလှမောင်ကြီးကိုပြန်ပြောလိုက်တာ... "ငပေ ဘယ်လိုလဲကွ ငါနဲ့လိုက်အိပ်မယ်မလား.. မင်းကြိုက်တဲ့ မာလကာသီးတွေအများကြီး ငါကျွေးပါ့မယ်ကွာ... " ကိုလှမောင်ကြီးက မာလကာသီးဗန်းပြပြီး အညှာလာကိုင်နေတာ... အနော်ကလည်း အစထဲက စားချင်နေတာဆိုတော့ နှစ်ခါမပြောရဘူး ... "လိုက်မှာပေါ့ဗျ ဦးကြီးလှမောင်ရ ဦးကြီးသာ ကတိတည်ပါစေ" ... အဲ့ဒါနဲ့ပဲ အနော်လည်း ဒီည ကိုလှမောင်တို့ခြံမှာ သွားအိပ်ဖြစ်တော့တာပဲ ...
ဇာတ်လမ်းက အဲ့မှာစတာပေါ့.... ညနေ၆နာရီလောက်တည်းက ညှပ်ကြီးရယ်အနော်ရယ် ကိုလှမောင်ကြီးခြံမှာရောက်နေတာဗျ ... ရောက်ကတည်းက ကိုလှမောင် ကျွေးတဲ့မာလကာသီးတွေ အသားကုန်ဆွဲနေတာ ... ဟီး အဲ့ဒါနဲ့ပဲ ညရောက်တော့ အိပ်ကြမယ်ပေါ့ .. ပြောရဦးမယ် ကိုလှမောင်တို့က ခြံထဲမှာတဲထိုးထားတာဗျ ... တဲအခင်းက ဝါးခြမ်းပြားတွေပေါ့ဗျာ ကျိုးတို့ကျဲတဲပေါ့ .. ညှပ်ကြီးက အလည်မှာအိပ်တယ် ..အနော်က သူ့ဘေးကဘယ်ဘက်အစွန်မှာ ..ကိုလှမောင်က ညာဖက်ကအစွန်ပေါ့ ... အိပ်လဲအိပ်ရော ညသန်းခေါင်ကျော်လောက်မှာ တဲအခင်းအောက်ကနေပြီး အနော့်ကို အုန်းဆံ တံမျက်စည်းအကြမ်းသိတယ်မလား အဲ့ဒီက ဟာနဲ့ အောက်ကနေထိုးတာဗျာ အနော်လဲပထမတော့ မသိသေးဘူး ဝါးအခင်းတွေက စူးတာဖြစ်မှာထင်နေတာ.. ဟုတ်ဖူးရယ် ... တခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် ... တော်တော့ကို ခံရခက်တာပါဗျာ .. သိတော့သိလိုက်ပြီ တစ်ခုခုတော့ တစ်ခုခုပဲလို့ ကြောက်စိတ်တွေလည်းဝင်လာပြီလေ... ဒေါကြီးလှမြင့်မျက်နှာကြီး မြင်ယောင်လာတော့ပိုဆိုး ... ကြာတော့ပိုဆိုးလာတယ်ဗျ ကြောက်လို့ ငြမ်နေပါတယ်ဆို သရဲက ဒီကောင် မနာဘူးထင်နေလားမသိပါဘူးဗျာ ... အသေကိုထိုးတော့တာပဲ ..
အနော်လဲငိုပါလေရော... အနော်ငိုတော့မှ .. ညှပ်ကြီးလဲအနော့်ကိုဖက်ပြီးငိုတော့တာပဲ သူဆိုတစ်ကိုယ်လုံးတုန်နေပြီ .. ညှပ်ကြီး ဘာဖြစ်လို့လဲဆိုတော့ ငါ့ကိုအောက်ကနေ တုတ်နဲ့ထိုးလို့တဲ့ .. ၂ယောက်လုံးအတူတူဖြစ်တာဆိုတော့ သိလိုက်ပြီ ဒါဒေါ်ကြီးလှမြင့်လက်ချက်ဆိုတာ ...အါ့နဲ့ အနော်လဲ ကိုလှမောင်ကြီးကို ကြည့်လိုက်တော့ ဟောက်တာများသိုးလို့ ... အနော်လဲ ထအော်တော့တာပဲ ဟုတ်တယ်လေ လွယ်ဖူးရယ် ကြာရင် ကျောတစ်ခုလုံး ဇကာပေါက်ဖြစ်သွားမှာလေ... "ဦးလေးလှမောင် ကယ်ပါဦး ... ဦးလေးမိန်းမ အနော်တို့ကို အောက်ကနေပြီးတုတ်နဲ့ထိုးနေတယ်"... အီး... ဟီးး..ဟီးး.. ငိုလဲငို အော်လဲအော် ... သူကတော့ တုတ်တုတ်တောင်မလူပ်ဘူးဗျာ.... အါ့နဲ့ပဲ အတင်းထုရိုက်တော့မှ ... ဘာဖြစ်တာလဲ ဘာဖြစ်တာလဲဆိုပြီးတော့ အတင်းထလာတာ... အနော်တို့ကတော့ပြောပြတာပေါ့ .... သူလဲမျက်နှာတွေပျက်လို့ ... "မဟုတ်ပါဘူး ငပေရာ ဘာတွေလျှောက်ပြောနေတာလဲ ... ဝါးစူးတာဖြစ်မှာပါကွ .. " သူကတော့ အနော်တို့နှစ်ယောက်ကြောက်မှာစိုးလို့ ပြောရှာပါတယ် ... "ဟာဗျာ ဦးလှမောင်ကြီးကလဲ ဝါးစူးတာမဟုတ်ဘူးဗျ မယုံရင် ညှပ်ကြီးကိုမေးကြည့်ပါလား" အနော်လဲ ညှပ်ကြီးကို စစ်ကူလှမ်းတောင်းတာပေါ့... "ဟုတ်တယ် ဦးလေးမိန်းမ တဲအောက်ကနေပြီးတော့ ကျွန်တော်တို့၂ယောက်ကို တံမျက်စည်းကြမ်းကဟာနဲ့ ထိုးနေတာ...
ဦးလေးကျတော့ ဘာလို့ဝါးမစူးတာလဲ ဟောက်တာများ သိုးနေတာပဲ" အီး...ဟီး..ဟီး...အခုအိမ်ကိုပြန်ပို့ပေး...အိမ်ပြန်မယ် ညှပ်ကြီးလဲ ငိုလဲငိုပြောလဲပြောပေါ့... အါ့နဲ့ပဲ ..."ဒါဆိုဒီလိုလုပ်ကွာ အခုမှ ည၂နာရီကျော်ပဲရှိသေးတာ မင်းတို့ပြန်အိပ်ကြ ဟုတ်ပြီလား ပြန်ပို့လို့လဲမရဘူးလေကွာ... မိုးလင်းရင် ဦးပြန်ပို့ပေးမယ် ... အခုပြန်အိပ်ကြနော် မငိုပါနဲ့ကွာ ယောကျာင်္းတွေမဟုတ်တာကြနေတာပဲ... ဦးထိုင်စောင့်ပေးမယ် မကြောက်နဲ့ ဟုတ်ပြီလား ရော့ ရော့ မင်းတို့၂ယောက်ဒါလေးခင်းအိပ်".....ကိုလှမောင်ကြီးက သင်ဖြူးဖျာလေးထုတ်ပေးတယ်ဗျ..။ အဲဒါနဲ့ပဲ အနော်နဲ့ ညှပ်ကြီးလဲ စောဒကမတက်တော့ပဲ ပြန်အိပ်လိုက်တော့တယ်....။ အိပ်သာအိပ်ရတာ မျက်လုံးကကြောင်နေတာ ဦးလှမောင်ကိုလဲ ထိုင်ရောစောင့်ပေးရဲ့လား ခဏခဏခိုးကြည့်နေရသေးတယ်...
ဟုတ်တယ်လေ သူအိပ်သွားရင် သူ့မိန်းမကြီးက တုတ်နဲ့ထပ်ထိုးရင်ဘယ်လိုလုပ်မလဲ ..ကျောတစ်ခုလုံးလည်းအီစိမ့်နေပြီ.. မိုးမြန်မြန်လင်းပါစေ ဆုတောင်းနေရတာအမော..ဟိုကောင်ညှပ်ကြီးကို ရိုးကြည့်လိုက်တော့ အစောက သူမဟုတ်သလိုပဲ တခေါခေါနဲ့ ပြန်အိပ်နေပြီ ... ခဏကြာတော့ အနော်လည်း မဟန်နိုင်တော့ဘူး မျက်လုံးကစင်းလာတာပဲ .. ဘယ်လိုအိပ်ပျော်သွားမှန်းတောင်မသိလိုက်ပါဘူးဗျာ............။ "ဟဲ့ သေနာလေး ထစမ်း "... အိပ်ကောင်းနေတုန်း ခေါ်သံကြားလို့ မျက်လုံးဖွင့်ကြည့်မိပါတယ် မှားတာပဲ ... မကြည့်မိရင်အကောင်းသား .. ဒေါ်ကြီးလှမြင့်ရယ်ပါ ခါးကြီးထောက် အံကြိတ်ပြီး အနော့်ကို မိုးပြီးကြည့်နေတာဗျာ ... အခုစာရေးရင်းတောင်ပြန်မြင်ယောင်တယ် အမငီး... အနော်လဲ ဒေါ်ကြီးလှမြင့်မျက်နှာကြီးမြင်တာနဲ့ သရဲ သရဲဆိုပြီး ကျုံးအော်တော့တာပဲ .. ဒါပေမယ့် အကြောက်လွန်သွားလို့လားမသိပါဘူးဗျာ အသံကလည်ချောင်းမှာ တစ်နေတာ အပြင်ကိုထွက်မလာဘူး... ဘယ်ပြောကောင်းမလဲ "နင်တို့လား ငါ့ခြံက မာလကာသီးတွေစားတာ ဟမ်.. ငတ်ကြီးကျတွေ နင်တို့ကိုနုတ်နုတ်စင်းပြစ်မယ် ဆိုပြီးတော့ သရဲမကြီးက အနော့်ခြေထောက်နဲ့ ညှပ်ကြီးခြေထောက်ကို တဲပေါ်ကနေ ဆွဲချတာဗျာ ဒရွတ်တိုက်ကြီးပါသွားတာ .. ဟိုကောင်လဲ သူ့ခြေထောက်ဆွဲတော့မှပဲ နိုးလာတာ ...
ဒေါ်ကြီးလှမြင့်ကိုမြင်တာနဲ့ ပါးစပ်က ပူစီပေါင်းတွေထွက်ပြီး တစ်ခါတည်းတက်သွားတာပဲ ... ကိုယ်က အသံမထွက်လို့ သူ့အားကိုးရမလားမှတ်ပါတယ် .. သူကပိုဆိုးနေတော့ လေတာပေါ့လို့... အနော်လဲ တဲအောက်ရောက်တာနဲ့ တဲဘေးမှာထောင်ထားတဲ့ သံတူရွင်းကိုမပြီး တဲကိုအားကုန်လွဲရိုက်တော့တာပဲ ... ဟိုကောင်ကတော့ မြေကြီးပေါ်မှာ တဂစ်ဂစ်နဲ့ ပူစီပေါင်းတွေ ပါးစပ်ကလွှတ်နေတာ.. အဲ့တော့မှ ငါထိုင်စောင့်ပေးပါ့မယ်ကွာဆိုတဲ့ ကိုလှမောင်ကြီးထလာပါလေရောလားဗျာ... "ငပေ ဘာဖြစ်တာလဲဟ ဘာလို့တဗုန်းဗုန်းနဲ့ ရိုက်နေတာလဲဟ ... တဲပေါ်မှာမနေပဲ အောက်ကိုဘာဆင်းလုပ်ကြတာတုန်း ... ဟိုကောင်က ဘာဖြစ်နေတာတုန်း" သူလဲအနော်တို့အဖြစ်ကိုတွေ့ပြီး ကြောင်သွားတယ်ထင်ပါတယ် .. "ဘာပြုရမှာတုန်း ဦးလေးမိန်းမ သရဲမကြီး အနော်တို့ကို တဲအောက်ဆွဲချလို့ပေါ့ဗျ".... အီး...ဟီး.. ဟီး.... ဟာကွာ ..."ကဲ ငါတောင်းပန်ပါတယ် မလှမြင့်ရယ် ဘာမှနားမလည်တဲ့ ကလေးတွေကို ဒုက္ခမပေးပါနဲ့ကွာ ဟုတ်ပြီလား... ငါ့ကိုချစ်တယ်ဆိုရင် ငါ့ပြောတာနားထောင်ပါကွာ " ကိုလှမြင့်ကြီးကတော့ တဲအပြင်ထွက်ပြီး တောင်းပန်နေလေရဲ့... သူ့မိန်းမ သူတွေ့ရင် သူပါ ဂစ်သွားမှ ဒုက္ခ .. အဲဒါနဲ့ပဲ မိုးလင်းတဲ့အထိ ငုတ်တုတ်ထိုင်ပြီး ခြောက်ခြားဖွယ်ရာ ညဆိုးကြီးကို ကျော်ဖြတ်ခဲ့ရပါကြောင်း... ဒါပေမယ့် တဲနောက်ဖေးကတော့ ထမင်းအိုးတွေ ဒန်အိုးဒန်ခွက်တွေ ပန်းကန်တွေ ကျကွဲသံကိုတော့ ကြားရတုန်းပါဗျာ...
ဇာတ်ပေါင်းချုပ်လိုက်တော့ အနော်က အိမ်ပြန်ရောက်ပြီး ၂ရက်လောက်ဖျားသွားတယ် .. ဟိုကောင်ကတော့ ကြောင်တောင်တောင်ဖြစ်နေလို့ မနည်းကုယူလိုက်ရတယ်... နောက်ဆို အဲ့ခြံဖက်ကို မာလကာသီးသွားခိုးစားဖို့နေနေသာသာ ခြေဦးတောင်မလှည့်ရဲတော့ပါဘူးဗျာ ... တခါတလေတော့ ကိုလှမောင်တို့ ခြံရှေ့ကဖြတ်သွားတဲ့ လူတိုင်း ဒေါကြီးလှမြင့်ကို ထမိန်ရင်လျှားကြီးနဲ့ ခြံထဲမှာ တွေ့ရတက်ကြောင်းတော့ ကြားမိသေးတယ်... နောက်တော့ ကိုလှမောင်လည်း အဲ့ခြံကိုရောင်းလိုက်တယ် ဝယ်လိုက်တဲ့ လူတွေကလည်း ဘုန်ကြီးတွေနဲ့ ပရိတ်တွေရွတ်ဘာတွေလုပ်လိုက်တော့ နောက်တော့ အဲ့ခြံမှာ ထမိန်ရင်လျှားကြီးနဲ့ သရဲမကြီးဒေါ်ကြီးလှမြင့်ကိုမတွေ့ရတော့ပါကြောင်း.................။