တယ်လီနောက သူ့ SIM ကတ်တွေကို #USIM ကတ်တွေနဲ့ လဲပေးနေပါတယ်..
အရင်သုံးနေတဲ့ SIM ကတ်ထက် အခု USIM ကတ်က ဘာပိုကောင်းလာသလဲ သိချင်သူများအတွက်ပါ...

တကယ်တော့ USIM ကတ်ဆိုတာ
Universal Subscriber Identity Module
/ အလုပ်လုပ်နိုင်တဲ့software ပါဝင်နေသော SIM ကတ် (technically now called a UICC (Universal Integrated Circuit Card) ကိုခေါ်တာဖြစ်သလို ....
အရင်က သုံးနေတဲ့ ကတ်ထက် အရွယ်အစားပိုသေးသွားတဲ့ uSIM ( micro SIM)လို့ခေါ်တဲ့ ကတ်ဆိုလည်း မှန်ပါတယ်...

SIM ကတ်ဆိုတာ ခေတ်အောက်သွားပါပြီ..
USIM ဆိုတာက UMTS မျိုးဆက်( 3G/ 4G/ LTE) အတွက် ရည်ရွယ်ပြီး ဒီဇိုင်းလုပ်ထားတာပါ..
SIM ကတ်အဟောင်းတွေကလည်း 3G မှာ အသုံးပြုလို့ရနေပေမယ့် ...
USIM ကတ်က သူ့ထက်အများကြီးသာပါတယ်....

(၁) 3G /တတိယမျိုးဆက် ရုပ်သံခေါ်ဆိုမှု
( video call) လုပ်လို့ရမယ်..ဖုန်းကလည်း 3G ဖြစ်ပြီး လိုင်းကလည်း 3G ဖြစ်ရင်ပေါ့လေ..
SIM ကတ်က ဖုန်းရော လိုင်းရော 3G ဖြစ်လည်း မရဘူး.. အင်တာနက်သုံးတာလည်း ပိုမြန်လာမယ်...

(၂) ဖုန်းလိုင်းလုံခြုံမှုပိုကောင်းလာတယ်.. ဖုန်းကို ကြားဖြတ်ဖမ်းယူဖို့ ပိုခက်ခဲသွားစေတဲ့ တွက်ချက်မှုစနစ်ကို အဆင့်မြှင့်ထားတယ်..
ဖုန်းဆက်တဲ့အခါ.. အင်တာနက်အသုံးပြုတဲ့အခါမှာ ပိုလုံခြုံစိတ်ချရစေတယ်..
ဘဏ်ငွေပို့/လွှဲတာမျိုးကို မပူရသလို...
ဖုန်းပွားပြီး သုံးတာတို့... တခြားလူကြောင့် ကိုယ့် ဖုန်းဘေလ်ကုန်သွားမှာတို့ကို စိုးရိမ်ဖို့ လောလောဆယ် မလိုတော့ဘူး...

(၃) ဖုန်းနံပါတ်နဲ့ လိပ်စာတွေကို ဖုန်းကတ်ထဲမှာ ပမာဏပိုများအောင် သိမ်းလို့ရလာမယ်..
SIM ကတ်ဟာ ၂၅၅ ယောက်စာ နံပါတ်ပဲ သိမ်းလို့ရပေမယ့် USIM ကတော့ နံပါတ်ပေါင်း ထောင်နဲ့ချီပြီး သိမ်းထားလို့ရမယ့်အပြင် တဦးစီရဲ့ အီးမေးလ်လိပ်စာတွေနဲ့ ဖုန်းနံပါတ် ၂ ခု ၃ ခု သိမ်းလို့ရမယ်...
USIM က မှတ်ဥာဏ်ပိုကောင်းလာတယ်ပေါ့..

(၄) USIM ကတ်ဟာ မှတ်ဥာဏ်အပြင် တချို့ application ( apk) တွေကို သွသူ လုပ်ဆောင်နိုင်လာတယ်.. ဥပမာ.. အသေးစားကွန်ပျူတာ တစ်လုံး လို လုပ်ဆောင်နိုင်မယ်...အခုဖုန်းထဲမှာ install လုပ်ပြီး သုံးနေရတဲ့ ဖုန်းဘေလ်ဖြည့်တာ၊ Mobile shopping လုပ်တာ..မြေအောက်ရထားစီးတဲ့အခါ လက်မှတ်ဖြတ်တာ...ဘဏ်နဲ့ငွေလွှဲတာ ငွေပို့တာ စတဲ့ application တွေဟာ ကတ်ထဲမှာ တပါတည်း ပါလာပြီး လုပ်ဆောင်နိုင်မှာဖြစ်တယ်...
---
လဲလိုသူများ အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုကာ တယ်လီနော် မြန်မာ မှ ဆိုင်များတွင် လဲလှယ်နိုင်ပါသည်။