ျမန္မာနိုင္ငံနွင့္ ေက်ာက္ေခတ္
#Zawgyi
ေက်ာက္ေခတ္ဆိုသည္မွာ လူသားတို႔ေက်ာက္တုံးအမ်ိဳးမ်ိဳးအား လက္နက္ကိရိယာမ်ားအျဖစ္ အသုံးႃပုခဲ့ေသာ သမိုင္းမတုိင္မွီေခတ္ကို ေခၚသည္။ ေက်ာက္ေခတ္၌ ေက်ာက္လက္နက္ ပစၥည္းမ်ား ႏွင့္ကိရိယာမ်ားအား မတူညီေသာေက်ာက္အမ်ိဳးမ်ိဳးအား အသုံးႃပု၍ ႃပုလုပ္ခဲ့ၾကသည္။ သစ္၊ အရိုး၊ တိရစၧာန္အခြံမ်ားအားလည္း အသုံးျပဳခဲ့ၾကသည္။ အခ်ိဳ႕ ေဒသမ်ား၌ ရႊံ႔ကဲ့သို႔ေသာ ေျမမ်ားအသုံးႃပူ၍ အိုး၊ခြက္စေသာ ပစၥည္းမ်ားလည္း ထုတ္လုပ္ခဲ့ၾကသည္။
ေက်ာက္ေခတ္မွ တီထြင္မူ႔တစ္ခ်ိဳ႔သည္ ေနာက္ထပ္ေပၚလာသည့္ ေၾကးနီ၊ေၾကး၀ါ ေခတ္ႏွင့္ သံေခတ္မ်ားအတြက္ အေထာက္အကူ ျဖစ္ခဲ့သည္။ ေက်ာက္ေခတ္သည္ လြန္ခဲ့ေသာႏွစ္ေပါင္း ၂.၅သန္းမွ အစႃပု၍ လြန္ခဲ့ေသာႏွစ္ေပါင္း ၅၀၀၀ ခန္႔က ကမၻာ့ေနရာအႏွံ႔အျပားတြင္ ကုန္ဆုံးခဲ့သည္။ သမိုင္းသုေတသနပညာရွင္မ်ားက ထိုကဲ့သို႔အဆိုႃပုထားေသာေၾကာင့္လူသားစတင္ျဖစ္ေပၚလာေသာ အခ်ိန္မွစတင္တြက္ေသာ္ ၉၉.၈% မွ်ေသာအခ်ိန္၌ လူတို႔သည္ လက္နက္ကိရိယာ မ်ားႃပုလုပ္ျခင္းျဖင့္သာ အခ်ိန္ကုန္ခဲ့သည္ဟု အဆိုရွိသည္။
ထိုအခ်ိန္သည္ ေက်ာက္ေခတ္အတြင္း၌ ျဖစ္ေသာေၾကာင့္ ေက်ာက္ေခတ္သည္ အျခားေသာ ေၾကးေခတ္၊သံေခတ္မ်ားထက္ လူ႕သမိုင္းတြင္သက္တမ္းအရွည္ဆုံးျဖစ္သည္။ စိုက္ပ်ိဳးေမြးျမဳေရးထြန္းကားလာၿပီး ေၾကး၀ါကဲ့သုိ႔ေသာ သတၱဳမ်ားအား အသုံးခ်လာႏိုင္ေသာ အခ်ိန္တြင္ေက်ာက္ေခတ္ကုန္ဆုံးခဲ့သည္။ ထိုအခ်ိန္အား သမိုင္းဦးေခတ္ဟုေခၚသည္။ ကမ ၻာ့ေနရာအခ်ိဳ႔၌မူ ေက်ာက္ေခတ္သည္ ထို႔ထက္ေနာက္က်၍ အဆုံးသတ္ခဲ့သည္။
ျမန္မာႏိုင္ငံႏွင့္ ေက်ာက္ေခတ္သမိုင္း
ေက်ာက္ေခတ္ႏွင့္ပတ္သတ္၍ ျမန္မာႏိုင္ငံတြင္ ၁၈၄၅ ခုႏွစ္၌ ေက်ာက္လက္နက္မ်ားေတြ႔ရွိခဲ့သည္။ ထိုအခ်ိန္ကေတြ႔ ရွိခ်က္မ်ားအရ လြန္ခဲ့ေသာႏွစ္ေပါင္း ၁၁သန္းႏွင့္ ၂၅သန္းၾကား မိုင္ယုိဆင္းယုဂ္ကပ္ကာလတြင္ လူရွိေနမည္ဟုခန္႔မွန္းခဲ့ၾကသည္။
သို႔ေသာ္ ၁၈၉၅ ခုႏွစ္ေရာက္မွ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂ သန္းက ပလိုင္စတိုဆင္းယုဂ္ကပ္ အတြင္းလူေနထိုင္ခဲ့မည္ဟု ျပတ္သားစြာ ဆုံးျဖတ္ခဲ့ၾကသည္။ ထို႔ေနာက္ဆက္လက္၍ သုေတသနႃပုလုပ္ရန္ ျမန္မာႏိုင္ငံအထက္အညာေဒသ မ်ားမွ ေက်ာက္လက္နက္မ်ားရရွိခဲ့သည္။ အေစာပိုင္းရရွိခဲ့ေသာ ေက်ာက္ေခတ္ကိရိယာမ်ားသည္ စနစ္တက်တူးေဖၚရာမွ ရရွိလာျခင္းမဟုတ္ပဲ ေဒသခံမ်ားကလာပို႔ျခင္း၊ ေရတိုက္စားျခင္းႏွင့္ စီမံကိန္းႀကီးမ်ားအတြက္ေျမတူးေဖၚရာမွ ရရွိခဲ့ျခင္းျဖစ္သည္။
ေတာင္ႀကီးခရိုင္ ရြာငံျမို႔နယ္ ေညာင္ၾကတ္-ေရပုတ္သြားၿမဲလမ္းေဘးရွိ ျပဒါးလင္းဂူ၌ ေက်ာက္ေခတ္လူသားမ်ား၏ လက္ရာ နံရံပန္းခ်ီမ်ားအား ၁၉၆၀ တြင္ေတြ႔ရွိခဲ့သည္။ သို႔ေသာ္ ၁၉၆၈ ခုႏွစ္ေရာက္မွ သြားေရာက္ေလ့လာႏိုင္ခဲ့ၾကသည္။
ပန္းခ်ီဆြဲရာ၌ ေျမနီကို ပန္းခ်ီေဆးအျဖစ္အသုံးႃပုခဲ့ၾကသည္။ နံရံပန္းခ်ီကားမ်ားမွာ လက္၀ါးႏွစ္ဖက္ဟု ယူဆရေသာပုံ၊ ေနဟုယူဆထားေသာပုံႏွင့္ တိရစ ၧာန္ပုံမ်ားျဖစ္ၾကသည္။ ထိုပုံမ်ားအားလုံးအား လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၅၀၀၀ ႏွင့္ ၁၀၀၀၀ ၾကားေနထိုင္သြားၾကေသာ ေက်ာက္ေခတ္မုဆိုးမ်ား၏ လက္ရာမ်ား ျဖစ္မည္ဟု ခန္႔မွန္းထားသည္။
ေက်ာက္ေခတ္အပုိင္းအျခားမ်ား
လြန္ခဲ့ေသာ ႏွစ္ေပါင္း ၆၀၀ ၀၀၀ မွ ၁၂၀၀၀ ၾကားအား ေက်ာက္ေဟာင္းေခတ္ ေက်ာက္ေခတ္ေဟာင္းဟုလည္းေကာင္း၊ ႏွစ္ေပါင္း ၁၂၀၀၀ မွ ၉၀၀၀ ၾကားအား ေက်ာက္လယ္ဟုလည္းေကာင္း၊ ႏွစ္ေပါင္း ၉၀၀၀ မွ ၅၀၀၀ၾကားအား ေက်ာက္သစ္ေခတ္ေက်ာက္ေခတ္သစ္ဟုလည္းေကာင္း ေခၚေ၀ၚသတ္မွတ္ခဲ့ၾကသည္။
သို႔ေသာ္ ထိုအေခၚအေ၀ၚမ်ားမွာ အေနာက္ အာရွေဒသအတြက္သာျဖစ္၍ အျခားေနရာေဒသမ်ားအတြက္မူ သီးျခားႏွစ္အပိုင္းအျခားမ်ားလည္း ရွိမည္ဟု ယူဆထားၾကသည္။
ျမန္မာႏိုင္ငံအပါအ၀င္ အေ႔ရွေတာင္အာရွ ႏိုင္ငံမ်ားအတြက္မူ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၆၀၀၀၀၀ မွ ၄၂၀၀၀ ထိအား ေက်ာက္ေခတ္ကာလဟ ုေခၚသင့္၍ ႏွစ္ေပါင္း ၄၂၀၀၀ မွ ၂၂၀၀၀ ထိကာလာအား သစ္သား ကာလဟုေခၚသင့္ေၾကာင္း သမိုင္းဆရာႀကီး ေဒါက္တာသန္းထြန္းက ေျပာခဲ့သည္။
ထိုသစ္သားကာလ၌ ေရွးေက်ာက္ေခတ္ လူသားမ်ားသည္ သစ္၊၀ါး ႏွင့္ ေက်ာက္လက္နက္ကိရိယာမ်ားအား ေပါင္းစပ္၍ အသုံးႃပုလာတတ္ၾကသည္။
သို႔ေသာ္ရာသီဥတု တိုက္စားေသာဒဏ္ေၾကာင့္ သစ္ႏွင့္ေပါင္းစပ္ ထားေသာ
ေက်ာက္လက္နက္ အနည္းငယ္မွ်သာ အေထာက္အထားျဖစ္ က်န္ရစ္ခဲ့သည္။ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၂၀၀၀ မွ ၁၁၀၀၀ ထိကာလအား ေဒသစြဲကာလဟုေခၚသင့္ေၾကာင္းလည္း ဆရာႀကီး ကေျပာၾကားခဲ့သည္။
ထိုေခတ္ကာလ၌ လူတို႔သည္ မိမိတို႔၏ ေဒသအတြင္းတြင္သာေန၍ အျခားမ်ိဳးႏြယ္စု မ်ားႏွင့္ အဆက္ျဖတ္ထားေသာေၾကာင့္ျဖစ္သည္။ ထိုေခတ္ကာလတြင္ လူတို႔သည္ စိုက္ပ်ိဳးေရးလုပ္ငန္းအား အနည္းငယ္လုပ္ကိုင္လာၾကသည္။ ေက်ာက္လက္နက္ကိရိယာမ်ားအားလည္း အနည္းငယ္ေခ်ာေအာင္ ေသြးတတ္လာၾကသည္။ အိုးမ်ားအားလည္း စတင္ႃပုလုပ္လာၾကသည္။
သို႔ေသာ္ဂူအတြင္း၌သာ ဆက္လက္ေနထိုင္၍ အမဲလုိက္ျခင္း ကိုပင္
ဆက္လက္လုပ္ကိုင္ခဲ့ၾကသည္။
လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၀၀၀၀ ေလာက္မွ စတင္ကာ ေျမၾသဇာေကာင္းေသာ လြင္ျပင္မ်ားသို႔ ေက်ာက္ေခတ္ လူသားမ်ား ဆင္းသက္လာၾကသည္။
ထိုအခ်ိန္မွစတင္၍ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားအားေကာင္းလာၿပီး
ေရွးဦး သမိုင္းကာလအထိ ယဥ္ေက်းမူ႔မ်ားတိုးတက္လာခဲ့သည္။
ဤသည္တို႔မွာ ျမန္မာႏိုင္ငံ ႏွင့္ သက္ဆိုင္ဆီေလ်ာ္ေသာ
ေက်ာက္ေခတ္ကာလ အပိုင္းအျခားမ်ားျဖစ္သည္။
________________________________________________________________________
#Unicode
ကျောက်ခေတ်ဆိုသည်မှာ လူသားတို့ကျောက်တုံးအမျိုးမျိုးအား လက်နက်ကိရိယာများအဖြစ် အသုံးပြုခဲ့သော သမိုင်းမတိုင်မှီခေတ်ကို ခေါ်သည်။ ကျောက်ခေတ်၌ ကျောက်လက်နက် ပစ္စည်းများ နှင့်ကိရိယာများအား မတူညီသောကျောက်အမျိုးမျိုးအား အသုံးပြု၍ ပြုလုပ်ခဲ့ကြသည်။ သစ်၊ အရိုး၊ တိရစ္ဆာန်အခွံများအားလည်း အသုံးပြုခဲ့ကြသည်။ အချို့ ဒေသများ၌ ရွှံ့ကဲ့သို့သော မြေများအသုံးပြူ၍ အိုး၊ခွက်စသော ပစ္စည်းများလည်း ထုတ်လုပ်ခဲ့ကြသည်။
ကျောက်ခေတ်မှ တီထွင်မူ့တစ်ချို့သည် နောက်ထပ်ပေါ်လာသည့် ကြေးနီ၊ကြေးဝါ ခေတ်နှင့် သံခေတ်များအတွက် အထောက်အကူ ဖြစ်ခဲ့သည်။ ကျောက်ခေတ်သည် လွန်ခဲ့သောနှစ်ပေါင်း ၂.၅သန်းမှ အစပြု၍ လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ခန့်က ကမ္ဘာ့နေရာအနှံ့အပြားတွင် ကုန်ဆုံးခဲ့သည်။ သမိုင်းသုတေသနပညာရှင်များက ထိုကဲ့သို့အဆိုပြုထားသောကြောင့်လူသားစတင်ဖြစ်ပေါ်လာသော အချိန်မှစတင်တွက်သော် ၉၉.၈% မျှသောအချိန်၌ လူတို့သည် လက်နက်ကိရိယာ များပြုလုပ်ခြင်းဖြင့်သာ အချိန်ကုန်ခဲ့သည်ဟု အဆိုရှိသည်။
ထိုအချိန်သည် ကျောက်ခေတ်အတွင်း၌ ဖြစ်သောကြောင့် ကျောက်ခေတ်သည် အခြားသော ကြေးခေတ်၊သံခေတ်များထက် လူ့သမိုင်းတွင်သက်တမ်းအရှည်ဆုံးဖြစ်သည်။ စိုက်ပျိုးမွေးမြုရေးထွန်းကားလာပြီး ကြေးဝါကဲ့သို့သော သတ္တုများအား အသုံးချလာနိုင်သော အချိန်တွင်ကျောက်ခေတ်ကုန်ဆုံးခဲ့သည်။ ထိုအချိန်အား သမိုင်းဦးခေတ်ဟုခေါ်သည်။ ကမ ္ဘာ့နေရာအချို့၌မူ ကျောက်ခေတ်သည် ထို့ထက်နောက်ကျ၍ အဆုံးသတ်ခဲ့သည်။
မြန်မာနိုင်ငံနှင့် ကျောက်ခေတ်သမိုင်း
ကျောက်ခေတ်နှင့်ပတ်သတ်၍ မြန်မာနိုင်ငံတွင် ၁၈၄၅ ခုနှစ်၌ ကျောက်လက်နက်များတွေ့ရှိခဲ့သည်။ ထိုအချိန်ကတွေ့ ရှိချက်များအရ လွန်ခဲ့သောနှစ်ပေါင်း ၁၁သန်းနှင့် ၂၅သန်းကြား မိုင်ယိုဆင်းယုဂ်ကပ်ကာလတွင် လူရှိနေမည်ဟုခန့်မှန်းခဲ့ကြသည်။
သို့သော် ၁၈၉၅ ခုနှစ်ရောက်မှ လွန်ခဲ့သော နှစ်ပေါင်း ၂ သန်းက ပလိုင်စတိုဆင်းယုဂ်ကပ် အတွင်းလူနေထိုင်ခဲ့မည်ဟု ပြတ်သားစွာ ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက်ဆက်လက်၍ သုတေသနပြုလုပ်ရန် မြန်မာနိုင်ငံအထက်အညာဒေသ များမှ ကျောက်လက်နက်များရရှိခဲ့သည်။ အစောပိုင်းရရှိခဲ့သော ကျောက်ခေတ်ကိရိယာများသည် စနစ်တကျတူးဖေါ်ရာမှ ရရှိလာခြင်းမဟုတ်ပဲ ဒေသခံများကလာပို့ခြင်း၊ ရေတိုက်စားခြင်းနှင့် စီမံကိန်းကြီးများအတွက်မြေတူးဖေါ်ရာမှ ရရှိခဲ့ခြင်းဖြစ်သည်။
တောင်ကြီးခရိုင် ရွာငံမြို့နယ် ညောင်ကြတ်-ရေပုတ်သွားမြဲလမ်းဘေးရှိ ပြဒါးလင်းဂူ၌ ကျောက်ခေတ်လူသားများ၏ လက်ရာ နံရံပန်းချီများအား ၁၉၆၀ တွင်တွေ့ရှိခဲ့သည်။ သို့သော် ၁၉၆၈ ခုနှစ်ရောက်မှ သွားရောက်လေ့လာနိုင်ခဲ့ကြသည်။
ပန်းချီဆွဲရာ၌ မြေနီကို ပန်းချီဆေးအဖြစ်အသုံးပြုခဲ့ကြသည်။ နံရံပန်းချီကားများမှာ လက်ဝါးနှစ်ဖက်ဟု ယူဆရသောပုံ၊ နေဟုယူဆထားသောပုံနှင့် တိရစ ္ဆာန်ပုံများဖြစ်ကြသည်။ ထိုပုံများအားလုံးအား လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀၀ နှင့် ၁၀၀၀၀ ကြားနေထိုင်သွားကြသော ကျောက်ခေတ်မုဆိုးများ၏ လက်ရာများ ဖြစ်မည်ဟု ခန့်မှန်းထားသည်။
ကျောက်ခေတ်အပိုင်းအခြားများ
လွန်ခဲ့သော နှစ်ပေါင်း ၆၀၀ ၀၀၀ မှ ၁၂၀၀၀ ကြားအား ကျောက်ဟောင်းခေတ် ကျောက်ခေတ်ဟောင်းဟုလည်းကောင်း၊ နှစ်ပေါင်း ၁၂၀၀၀ မှ ၉၀၀၀ ကြားအား ကျောက်လယ်ဟုလည်းကောင်း၊ နှစ်ပေါင်း ၉၀၀၀ မှ ၅၀၀၀ကြားအား ကျောက်သစ်ခေတ်ကျောက်ခေတ်သစ်ဟုလည်းကောင်း ခေါ်ဝေါ်သတ်မှတ်ခဲ့ကြသည်။
သို့သော် ထိုအခေါ်အဝေါ်များမှာ အနောက် အာရှဒေသအတွက်သာဖြစ်၍ အခြားနေရာဒေသများအတွက်မူ သီးခြားနှစ်အပိုင်းအခြားများလည်း ရှိမည်ဟု ယူဆထားကြသည်။
မြန်မာနိုင်ငံအပါအဝင် အေ့ရှတောင်အာရှ နိုင်ငံများအတွက်မူ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀၀၀ မှ ၄၂၀၀၀ ထိအား ကျောက်ခေတ်ကာလဟ ုခေါ်သင့်၍ နှစ်ပေါင်း ၄၂၀၀၀ မှ ၂၂၀၀၀ ထိကာလာအား သစ်သား ကာလဟုခေါ်သင့်ကြောင်း သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းက ပြောခဲ့သည်။
ထိုသစ်သားကာလ၌ ရှေးကျောက်ခေတ် လူသားများသည် သစ်၊၀ါး နှင့် ကျောက်လက်နက်ကိရိယာများအား ပေါင်းစပ်၍ အသုံးပြုလာတတ်ကြသည်။
သို့သော်ရာသီဥတု တိုက်စားသောဒဏ်ကြောင့် သစ်နှင့်ပေါင်းစပ် ထားသော
ကျောက်လက်နက် အနည်းငယ်မျှသာ အထောက်အထားဖြစ် ကျန်ရစ်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၂၀၀၀ မှ ၁၁၀၀၀ ထိကာလအား ဒေသစွဲကာလဟုခေါ်သင့်ကြောင်းလည်း ဆရာကြီး ကပြောကြားခဲ့သည်။
ထိုခေတ်ကာလ၌ လူတို့သည် မိမိတို့၏ ဒေသအတွင်းတွင်သာနေ၍ အခြားမျိုးနွယ်စု များနှင့် အဆက်ဖြတ်ထားသောကြောင့်ဖြစ်သည်။ ထိုခေတ်ကာလတွင် လူတို့သည် စိုက်ပျိုးရေးလုပ်ငန်းအား အနည်းငယ်လုပ်ကိုင်လာကြသည်။ ကျောက်လက်နက်ကိရိယာများအားလည်း အနည်းငယ်ချောအောင် သွေးတတ်လာကြသည်။ အိုးများအားလည်း စတင်ပြုလုပ်လာကြသည်။
သို့သော်ဂူအတွင်း၌သာ ဆက်လက်နေထိုင်၍ အမဲလိုက်ခြင်း ကိုပင်
ဆက်လက်လုပ်ကိုင်ခဲ့ကြသည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀ လောက်မှ စတင်ကာ မြေသြဇာကောင်းသော လွင်ပြင်များသို့ ကျောက်ခေတ် လူသားများ ဆင်းသက်လာကြသည်။
ထိုအချိန်မှစတင်၍ စိုက်ပျိုးရေးလုပ်ငန်းများအားကောင်းလာပြီး
ရှေးဦး သမိုင်းကာလအထိ ယဉ်ကျေးမူ့များတိုးတက်လာခဲ့သည်။
ဤသည်တို့မှာ မြန်မာနိုင်ငံ နှင့် သက်ဆိုင်ဆီလျော်သော
ကျောက်ခေတ်ကာလ အပိုင်းအခြားများဖြစ်သည်။
#Credit Tin Maung Hlaing